【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာသားသမီး များ နှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း စိတ်က ဟိုဟာ လုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုနဲ့ ဗျာများ နေ တတ်သလို ကြားတွေ သူများကိစ္စတွေ ဝင်တတ်လို့ ပြဿနာတွေ တစ်ခုပြီးတစ်ခုရှင်း နေရတတ်ပါတယ်။ ဒီရက် တွေမှာ အဝေးက မိတ်ဆွေကောင်း တွေ နိုင်ငံရပ်ခြားက အကူအညီတွေရတတ်ပါတယ်။ ယခင်အလုပ် ဟောင်း နေရာဟောင်းကသူငယ်ချင်းတွေနဲ့ ပြန်ဆုံကိန်းရှိသလို ဆုံးရှုံးသွားပြီထင်တဲ့ အခွင့်အရေးနဲ့ ငွေကြေး၊ပစ္စည်း တွေ ပြန်ရတတ်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ၊ဆောက်လုပ်ရေးလုပ်ငန်းတွေ ကောင်းတတ်ပြီး စားသုံးကုန်လုပ်ကိုင်သူတွေ အထူးစီးပွားဖြစ်မယ့်ကာလပါ။  စပ်တူကိစ္စတွေ ၊စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေသတိထားပါ။  ကျန်းမာရေးကတော့ ခါး၊ဝမ်း၊ အစာအိမ် ရောဂါတွေကို ဖြစ်တတ်လို့ ဂရုစိုက် သင့်ပါတယ်။ ပညာရေးကတော့ ကံကောင်းနေသလို နဂိုက ရည်ရွယ်ထားတဲ့ ပညာ သင်ခွင့်တွေရ တတ်ပါတယ်။ အိမ်ထောင်ရှင်များ အဆင်မပြေတာတွေ ပြန်ပြေလည်ပြီး ချစ်သူတွေကတော့ ကြားလူတွေ ကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ရှင်သီဝလိဂါထာ ၉ ခေါက်ကို ဘုရားရှိခိုးတိုင်း အာရုံပြု၍ ယုံယုံကြည်ကြည် ရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ မိမိသွားလိုသောအရပ်ထောင့်ရှိ နေထိုင်သူ သက်ကြီးရွယ်အိုကို နေရာထိုင်ခင်း တစ်ခုခုလှူဒါန်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်တွင် ထား အိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အချစ်ရေးအဆင်မပြေပါက ရေသတ္တဝါအရုပ်ပါသည့် အဆောင်၊ရင်ထိုးကို ဆောင်ထားပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။စေတီရင်ပြင်ရှိ ပန်းခြောက်များ၊သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ငါး၊လိပ် စသည် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ။ ။ သောကြာနံထီဆိုင်တွင် ၄/၆ ဂဏန်းများများပါသောထီကို ထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာသားသမီး မ်ား ႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း စိတ္က ဟိုဟာ လုပ္ရမလိုလို ဒီဟာလုပ္ရမလိုလိုနဲ႔ ဗ်ာမ်ား ေန တတ္သလို ၾကားေတြ သူမ်ားကိစၥေတြ ဝင္တတ္လို႔ ျပႆနာေတြ တစ္ခုၿပီးတစ္ခုရွင္း ေနရတတ္ပါတယ္။ ဒီရက္ ေတြမွာ အေဝးက မိတ္ေဆြေကာင္း ေတြ ႏိုင္ငံရပ္ျခားက အကူအညီေတြရတတ္ပါတယ္။ ယခင္အလုပ္ ေဟာင္း ေနရာေဟာင္းကသူငယ္ခ်င္းေတြနဲ႔ ျပန္ဆုံကိန္းရွိသလို ဆုံးရႈံးသြားၿပီထင္တဲ့ အခြင့္အေရးနဲ႔ ေငြေၾကး၊ပစၥည္း ေတြ ျပန္ရတတ္တဲ့ အခ်ိန္အခါလည္း ျဖစ္ပါတယ္။ ခရီးသြားလုပ္ငန္းေတြ၊ေဆာက္လုပ္ေရးလုပ္ငန္းေတြ ေကာင္းတတ္ၿပီး စားသုံးကုန္လုပ္ကိုင္သူေတြ အထူးစီးပြားျဖစ္မယ့္ကာလပါ။  စပ္တူကိစၥေတြ ၊စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြသတိထားပါ။  က်န္းမာေရးကေတာ့ ခါး၊ဝမ္း၊ အစာအိမ္ ေရာဂါေတြကို ျဖစ္တတ္လို႔ ဂ႐ုစိုက္ သင့္ပါတယ္။ ပညာေရးကေတာ့ ကံေကာင္းေနသလို နဂိုက ရည္႐ြယ္ထားတဲ့ ပညာ သင္ခြင့္ေတြရ တတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား အဆင္မေျပတာေတြ ျပန္ေျပလည္ၿပီး ခ်စ္သူေတြကေတာ့ ၾကားလူေတြ ေၾကာင့္ အဆင္မေျပျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ ၉ ေခါက္ကို ဘုရားရွိခိုးတိုင္း အာ႐ုံျပဳ၍ ယုံယုံၾကည္ၾကည္ ႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား။ ။ မိမိသြားလိုေသာအရပ္ေထာင့္ရွိ ေနထိုင္သူ သက္ႀကီး႐ြယ္အိုကို ေနရာထိုင္ခင္း တစ္ခုခုလႉဒါန္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္တြင္ ထား အိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အခ်စ္ေရးအဆင္မေျပပါက ေရသတၱဝါအ႐ုပ္ပါသည့္ အေဆာင္၊ရင္ထိုးကို ေဆာင္ထားေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ငါး၊လိပ္ စသည္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ေသာၾကာနံထီဆိုင္တြင္ ၄/၆ ဂဏန္းမ်ားမ်ားပါေသာထီကို ထိုးပါ။