【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ငွေဝင်ကောင်းနေသလို လာဘ်လာဘပေါများတဲ့ အချိန်အခါပါ။ယခင်အလုပ်ဟောင်း နေရာဟောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံကိန်းရှိသလို အကူအညီလည်း ရတတ်ပါတယ်။ဒီရက်ပိုင်း စီးပွားရေးကံ ကောင်းနေလို့ လုပ်ငန်းသစ်တွေ၊ အလုပ်အကိုင်တွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။မိသားစုအတွင်း သားသမီးညီအစ်ကိုမောင်နှမများရဲ့ ကောင်းစကား ကြားရတတ်ပါတယ်။သင့်ကံဇာတာ ပွင့်လန်းတာကြောင့် အတိုက်အခိုက်တွေ ပေါများနေသလို ရန်စနှောင့်ယှက်တာတွေကို ခံရကိန်းရှိပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်း မြင်ပါတယ်။အိမ်ထောင်ရှင်၊ ချစ်သူများအကြား အပြန်အလှန်ယုံကြည်မှုတွေ တိုးလာမယ့် အခါသမယပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ယာဂုဆွမ်း ကပ်လှူကာ  ရှင်သီဝလိဂါထာဖြင့်  ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို နိုင်သလောက် အာရုဏ်ဆွမ်း ကပ်လှူပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္ဂနွေနံပါ စေတီများ၊ ဘုရားများတွင်  နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိအိမ်ထောင်ဘက်အား ရည်စူးကာ ဘုရားတွင် နံနက်စောစော ကောက်ညှင်းပြန်ပေါင်း ကပ်လှူပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ မေတ္တာသုတ်ကို နေ့စဉ် သက်စေ့ရွတ်ဆိုပေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ညောင်ထောက်ပေးပါ။
ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင်  ၈ ဂဏန်းကို များများပါအောင် ထိုးပါ။
( Zawgyi )