【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ငွေရွှင်နေတဲ့ သင့်အနားမှာ ချစ်သူခင်သူတွေဝိုင်းနေတတ်တာ ဒီအချိန်ပါ။မိသားစုအတွင်း အလှူမင်္ဂလာတွေ လုပ်ရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း အင်္ဂါ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ဒီရက်ပိုင်း ပြည်တွင်းခရီး ထွက်ရင် ကောင်းပါတယ်။ရပ်ဝေးကနေ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ လာတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။အိမ်ခြံမြေနဲ့ စပ်တူကိစ္စတွေ၊ စာချုပ်ကိစ္စတွေမှာ အောင်မြင်ပါမယ်။မိတ်ရင်းဆွေရင်းတွေနဲ့ လမ်းခွဲရတတ်ပါတယ်။ပညာရေးကံ ကောင်းနေသလို ယခင်ကတက်ဖို့မဖြစ်ခဲ့တဲ့ သင်တန်းတွေ တက်ဖြစ်ပါလိမ့်မယ်။အိမ်ထောင်ရှင်များ ဘာမဟုတ်တာနဲ့ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။သမီးရည်းစားများ ချစ်သူဆီက လက်ဆောင်ရတတ်ပါတယ်။ကျန်းမာရေးမှာ အစာအိမ်၊ ဆီး ဒုက္ခပေးတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ဘုရားအား ယခုတစ်ပတ်လုံး ဗုဒ္ဓဟူးနံ ပန်း၊ သစ်သီး စသည်တို့ဖြင့် မပြတ်ကပ်လှူပူဇော်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ သင့်အိမ်ရှေ့ရောက်လာသည့် အလှူခံများကို နိုင်သလောက်လှူပြီးသည်နှင့် စိတ်ကထွက်ပြီထွက်ပြီဟုရွတ်ပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ မွေးနေ့တိုင်း ဘုရားစေတီများတွင် အဓိဋ္ဌာန်ပုတီးစိပ်ကာ လိုချင်သည့်အလုပ်ကို အာရုံပြုမေတ္တာပို့ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်၊ သမီးရည်းစားနှစ်ဦး၏ နေ့နံပန်းကို အိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ အိမ်တွင်းစင်တွင် ပူဇော်ပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းကသာ သင့်အတွက် အကောင်းဆုံးအကာအကွယ် ဖြစ်ပါတယ်။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားကျောင်းကန်များသို့ သွားရာလမ်းတွင် လမ်းခင်းပေးခြင်း၊ တံတားထိုးပေးခြင်းများ ဆောင်ရွက်ပေးပါ။
ထီကံကောင်းလိုသူများ ။ ။ အင်္ဂါနေ့တွင် ၄ ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရှာထိုးပါ။
( Zawgyi )