【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်အတွင်း အဘက်ဘက်က အခြေအနေကောင်းတွေကြုံရတဲ့ သင့်အတွက် လုပ်လက်စလုပ်ငန်းတွေအပြင် အခြားစီစဉ်ထားတဲ့ အလုပ်တွေကိုပါ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေကံကတော့ ဘာသာရေးလုပ်သလောက် ငွေကံကောင်းနေလို့ ဒါကိုတော့ သတိထားပြီးလုပ်ရမှာဖြစ်ပါတယ်။ယခုကာလအတွင်း ရပ်ဝေးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရတတ်ပါတယ်။ခရီးကံကောင်းနေလို့ မကြာခဏခရီးထွက်ရကိန်းရှိပါတယ်။အိမ်မြေ စတဲ့ ယခင်ကစီစဉ်ထားတဲ့ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တတ်ပါတယ်။စပ်တူအလုပ်တွေ ကောင်းပါတယ်။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲ ကောင်းပါတယ်။ပညာသင်နေတဲ့သူတွေကတော့ ပညာရေးကတော့ ငယ်ရွယ်သူများ စိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေဖြစ်ပြီး ငယ်ရွယ်သူများကတော့ သတင်းကောင်းကြားရကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ပုတီးစိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များ ကိုရှာပြီး အိမ်ဝန်းအပြင်ရောက်အောင် လွှတ်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုန်းကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ မနက်စောစော လိပ်၊ ငါး စသည့် ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။ ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် ၂/၄ ဂဏန်းများများပါသည့် ထီကို ထိုးပါ။

( Zawgyi )

ယခုတစ္ပတ္အတြင္း အဘက္ဘက္က အေျခအေနေကာင္းေတြႀကဳံရတဲ့ သင့္အတြက္ လုပ္လက္စလုပ္ငန္းေတြအျပင္ အျခားစီစဥ္ထားတဲ့ အလုပ္ေတြကိုပါ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကံကေတာ့ ဘာသာေရးလုပ္သေလာက္ ေငြကံေကာင္းေနလို႔ ဒါကိုေတာ့ သတိထားၿပီးလုပ္ရမွာျဖစ္ပါတယ္။ယခုကာလအတြင္း ရပ္ေဝးမိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ အကူအညီရတတ္ပါတယ္။ခရီးကံေကာင္းေနလို႔ မၾကာခဏခရီးထြက္ရကိန္းရွိပါတယ္။အိမ္ေျမ စတဲ့ ယခင္ကစီစဥ္ထားတဲ့ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ျပန္ျဖစ္တတ္ပါတယ္။စပ္တူအလုပ္ေတြ ေကာင္းပါတယ္။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲ ေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြကေတာ့ ပညာေရးကေတာ့ ငယ္႐ြယ္သူမ်ား စိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလျဖစ္ၿပီး ငယ္႐ြယ္သူမ်ားကေတာ့ သတင္းေကာင္းၾကားရကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒိဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကို သက္ေစ့ပုတီးစိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ား ကိုရွာၿပီး အိမ္ဝန္းအျပင္ေရာက္ေအာင္ လႊတ္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ မနက္ေစာေစာ လိပ္၊ ငါး စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ ခရီးသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၄ ဂဏန္းမ်ားမ်ားပါသည့္ ထီကို ထိုးပါ။