【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း ကံအညံ့လေးတွေရှိပေမယ့် ခရီးထွက်ရတာလေးတွေက သင်ကံညံ့နေတာကို ဆယ်သွားပါလိမ့်မယ်။မိတ်ရင်းဆွေရင်းများ၊ လူရင်းများနဲ့ ပြဿနာတက်တတ်သလို စိတ်ဒုက္ခပေးမယ့် ဧည့်သည်တွေ ရောက်လာတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း စနေ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်ရာသစ်ကိစ္စတွေ ကောင်းပါတယ်။စပ်တူလုပ်ရတဲ့အလုပ်တွေ၊ အိမ်ခြံမြေကိစ္စတွေ သတိထားပါ။ပြည်တွင်း ပြည်ပ ခရီးတွေ မရည်ရွယ်ဘဲ သွားရကိန်းရှိပါတယ်။
စက်မှုလုပ်ငန်းတွေ၊ စက်ပစ္စည်းတွေကြောင့် အဆင်မပြေတတ်ပေမယ့် ကုန်ခြောက်လုပ်ငန်းတွေကတော့ အကျိုးပေးမယ့်အချိန်ပါ။ငွေဝင်ကောင်းပေမယ့် ငွေက ဆီလိုအပေါက်ရှာထွက်နေမယ့် အချိန်အခါပါ။ပညာရေးက ကောင်းနေတတ်ပါတယ်။အိမ်ထောင်ရှင်များ သမီးရည်းစားများ ခဏတာခွဲခွာရကိန်းရှိပါတယ်။ကျန်းမာရေးမှာ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား စနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သင့်အိမ်နှင့် အနီးဆုံးစေတီရှိ ဗုဒ္ဓဟူးထောင့်အရပ်တွင် အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ပြီးဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက် ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းအား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စနေနံထီဆိုင်တွင် ၄/၇/၉ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )
ဒီရက္ပိုင္းအတြင္း ကံအညံ့ေလးေတြရွိေပမယ့္ ခရီးထြက္ရတာေလးေတြက သင္ကံညံ့ေနတာကို ဆယ္သြားပါလိမ့္မယ္။မိတ္ရင္းေဆြရင္းမ်ား၊ လူရင္းမ်ားနဲ႔ ျပႆနာတက္တတ္သလို စိတ္ဒုကၡေပးမယ့္ ဧည့္သည္ေတြ ေရာက္လာတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း စေန သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္ရာသစ္ကိစၥေတြ ေကာင္းပါတယ္။စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ အိမ္ၿခံေျမကိစၥေတြ သတိထားပါ။ျပည္တြင္း ျပည္ပ ခရီးေတြ မရည္႐ြယ္ဘဲ သြားရကိန္းရွိပါတယ္။
စက္မႈလုပ္ငန္းေတြ၊ စက္ပစၥည္းေတြေၾကာင့္ အဆင္မေျပတတ္ေပမယ့္ ကုန္ေျခာက္လုပ္ငန္းေတြကေတာ့ အက်ိဳးေပးမယ့္အခ်ိန္ပါ။ေငြဝင္ေကာင္းေပမယ့္ ေငြက ဆီလိုအေပါက္ရွာထြက္ေနမယ့္ အခ်ိန္အခါပါ။ပညာေရးက ေကာင္းေနတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား သမီးရည္းစားမ်ား ခဏတာခြဲခြာရကိန္းရွိပါတယ္။က်န္းမာေရးမွာ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား စေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ ဗုဒၶဟူးေထာင့္အရပ္တြင္ အဓိ႒ာန္ျဖင့္ ပုတီးစိပ္ၿပီးဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္ ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းအား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စေနနံထီဆိုင္တြင္ ၄/၇/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။