【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း မိတ်ကောင်းဆွေကောင်းတွေနဲ့ ကြုံရတတ်ပါတယ်။ငွေကံကောင်းသလို အလုပ်အကိုင် အခွင့်အလမ်းတွေလဲ ပေါ်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်မှာရှိနေလို့ ကိုယ်လုပ်ချင်တာကို ဆထပ်တံပိုးလုပ်သင့်တဲ့ အချိန်အခါပါ။လုပ်ငန်းခွင်မှာ အလုပ်အပြောင်းအလဲရှိပါတယ်။တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရမှာပါ။မနာလိုသူတွေ အပြိုင်အဆိုင်တွေ ရှိပါတယ်။ဘုရားတရားမြဲပါ။ပြည်တွင်းခရီးကောင်းတွေ သွားရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ သတိထားပါ။လူမျိုးခြား အကျိုးမပေးသေးပါ။ပညာရေးကံကကောင်းနေလို့ အားစိုက်မှုလျော့ကျနေတတ်ပါတယ်။သတိထားပါ။ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ အစာအိမ် စတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။ချစ်သူရည်းစားတွေ အတိတ်ဟောင်းက အချစ်ဟောင်းကြောင့် လက်ရှိချစ်သူက အချစ်ပိုနေလို့ နေရခက်နေပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအတွက် သတင်းကောင်းတွေ ကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ဆွမ်းကပ်ရာတွင် မာလာဟင်းဖြင့် ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ တစ်ရက်တည်း တန်ခိုးကြီးစေတီသုံးဆူအား ဖူးမြှော်ကာ စေတီတိုင်း၏ သောကြာထောင့်တွင် စံပယ်ပန်းဖြင့် ပူဇော်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နံနက်စောစောကို ခွေးအား ထန်းညက်သုံးခဲကိုကျွေးကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိမိအိမ်ထဲ ကွဲနေသည့် ဖန်ပုလင်း၊ မှန်ကွဲ စသည်တို့ကို ရှာဖွေရှင်းလင်းပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ မွေးနေ့တိုင်း ဘုရားကျောင်းကန်များသို့သွားကာ သန့်ရှင်းရေးလုပ်ပေးပါ။ကုဋီဆေးကြောပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲသွားကာ ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲ ရေပြင်ကျယ်သည့်နေရာသို့ လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။ ။ သောကြာသားသမီး ကလေးငယ်ကိုချီကာ ၅ အစ ၆ အဆုံး ထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ၾကာသပေတး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ႀကဳံရတတ္ပါတယ္။ေငြကံေကာင္းသလို အလုပ္အကိုင္ အခြင့္အလမ္းေတြလဲ ေပၚလာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္မွာရွိေနလို႔ ကိုယ္လုပ္ခ်င္တာကို ဆထပ္တံပိုးလုပ္သင့္တဲ့ အခ်ိန္အခါပါ။လုပ္ငန္းခြင္မွာ အလုပ္အေျပာင္းအလဲရွိပါတယ္။တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရမွာပါ။မနာလိုသူေတြ အၿပိဳင္အဆိုင္ေတြ ရွိပါတယ္။ဘုရားတရားၿမဲပါ။ျပည္တြင္းခရီးေကာင္းေတြ သြားရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ သတိထားပါ။လူမ်ိဳးျခား အက်ိဳးမေပးေသးပါ။ပညာေရးကံကေကာင္းေနလို႔ အားစိုက္မႈေလ်ာ့က်ေနတတ္ပါတယ္။သတိထားပါ။က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ အစာအိမ္ စတဲ့ေနရာေတြမွာ ျဖစ္တတ္ပါတယ္။ခ်စ္သူရည္းစားေတြ အတိတ္ေဟာင္းက အခ်စ္ေဟာင္းေၾကာင့္ လက္ရွိခ်စ္သူက အခ်စ္ပိုေနလို႔ ေနရခက္ေနပါလိမ့္မယ္။အိမ္ေထာင္ရွင္ေတြအတြက္ သတင္းေကာင္းေတြ ၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ဆြမ္းကပ္ရာတြင္ မာလာဟင္းျဖင့္ ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ တစ္ရက္တည္း တန္ခိုးႀကီးေစတီသုံးဆူအား ဖူးေျမႇာ္ကာ ေစတီတိုင္း၏ ေသာၾကာေထာင့္တြင္ စံပယ္ပန္းျဖင့္ ပူေဇာ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ နံနက္ေစာေစာကို ေခြးအား ထန္းညက္သုံးခဲကိုေကြၽးကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိမိအိမ္ထဲ ကြဲေနသည့္ ဖန္ပုလင္း၊ မွန္ကြဲ စသည္တို႔ကို ရွာေဖြရွင္းလင္းပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေမြးေန႔တိုင္း ဘုရားေက်ာင္းကန္မ်ားသို႔သြားကာ သန္႔ရွင္းေရးလုပ္ေပးပါ။ကုဋီေဆးေၾကာေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲသြားကာ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲ ေရျပင္က်ယ္သည့္ေနရာသို႔ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ ေသာၾကာသားသမီး ကေလးငယ္ကိုခ်ီကာ ၅ အစ ၆ အဆုံး ထီလက္မွတ္ကို ရွာထိုးေပးပါ။