【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်ကတော့ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေးနေတဲ့အတွက်  ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ကိုယ့်ဘက်မှာ ကောင်းတဲ့ကံရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲ့တာတွေ၊ အမွေ၊ အိမ်၊ ခြံမြေ စတဲ့ ဆိုင်းထားတဲ့အလုပ်တွေ ဒီတစ်ပတ်အတွင်း လုပ်သင့်ပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာအကောင်းဆုံးပါဘဲ။စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။တိုးတက်အောင်မြင်မှုနဲ့အတူ သူတပါးက ကိုယ့်အပေါ် မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်ပါတယ်။
ခရီးထွက်ဖို့ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့နည်းပါတယ်။အလုပ်ထဲမှာ အတိုက်အခံပေါ်နေပေမယ့် လက်အောက်ငယ်သားကြောင့် ဂုဏ်တက်ပါမယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးပေါ်ရင်မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ပညာရေးကတော့ အကောင်းဘက်ပါ။အိမ်ထောင်ရှင် များ စကားများစိတ်ဝမ်းကွဲတတ်ပေမယ့် ချစ်သူတွေအတွက် သတင်းကောင်းကြားရတတ်တဲ့ အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့်အရပ်သို့ စိတ်ကမေတ္တာပို့ကာ နံနက်ဖက်တွင် ကျီး၊ စာကလေး စသည့်သတ္တဝါများကို အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ကြံပန်းခိုင် ကပ်လှူကာ  ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အလှပြင်ပစ္စည်းအစုတ်များ၊ အင်္ဂါနံပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅-၆ ဂဏန်းများပါသည့် ထီထိုးလိုက်ပါ။
( Zawgyi )
သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပးေနတဲ့အတြက္  ဒီအခြင့္အေရးကို မိမိရရဆုပ္ကိုင္ရမွာ ျဖစ္ပါတယ္။ကိုယ့္ဘက္မွာ ေကာင္းတဲ့ကံရွိေနတဲ့အတြက္ လုပ္ငန္းတိုးခ်ဲ႕တာေတြ၊ အေမြ၊ အိမ္၊ ၿခံေျမ စတဲ့ ဆိုင္းထားတဲ့အလုပ္ေတြ ဒီတစ္ပတ္အတြင္း လုပ္သင့္ပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာအေကာင္းဆုံးပါဘဲ။စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။တိုးတက္ေအာင္ျမင္မႈနဲ႔အတူ သူတပါးက ကိုယ့္အေပၚ မနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။
ခရီးထြက္ဖို႔ကိစၥေတြကေတာ့ ဒီတစ္ပတ္အတြင္း ေအာင္ျမင္ဖို႔နည္းပါတယ္။အလုပ္ထဲမွာ အတိုက္အခံေပၚေနေပမယ့္ လက္ေအာက္ငယ္သားေၾကာင့္ ဂုဏ္တက္ပါမယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးေပၚရင္မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ပညာေရးကေတာ့ အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္ မ်ား စကားမ်ားစိတ္ဝမ္းကြဲတတ္ေပမယ့္ ခ်စ္သူေတြအတြက္ သတင္းေကာင္းၾကားရတတ္တဲ့ အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္အရပ္သို႔ စိတ္ကေမတၱာပို႔ကာ နံနက္ဖက္တြင္ က်ီး၊ စာကေလး စသည့္သတၱဝါမ်ားကို အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ႀကံပန္းခိုင္ ကပ္လႉကာ  ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အလွျပင္ပစၥည္းအစုတ္မ်ား၊ အဂၤါနံပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။ပန္းအိုးမွ ပန္းေျခာက္မ်ား သန႔္ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၅-၆ ဂဏန္းမ်ားပါသည့္ ထီထိုးလိုက္ပါ။