ယခုရက်ပိုင်းအတွင်း လုပ်ကိုင်သမျှ ကြံစည်သမျှ အောင်မြင်ထွန်းပေါက်ခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။ကံကြမ္မာက မိမိဘက်မှာ ရပ်တည်နေပါတယ်။ငွေကြေးကံလဲ မြင့်မားနေချိန်ပါပဲ။လာဘ်ရွှင်မဲ့ကာလ ဖြစ်နေပါတယ်။ရစရာရှိတဲ့ ငွေကြေးတွေ ရလာပါလိမ့်မယ်။မှန်းထားသည်ထက် ငွေပိုဝင်ပါလိမ့်မယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။တဇွတ်ထိုးမလုပ်ပါနဲ့။အမှားကြုံတတ်ပါတယ်။လူကြီးတွေ မိမိအပေါ် ငြိုငြင်တာမျိုး မဖြစ်ပါစေနဲ့။အလုပ်ကံမဆိုးပါ။စာချုပ်စာတမ်းကိစ္စတွေကြောင့် စိတ်ရှုပ်ရတတ်ပေယ့် အောင်မြင်ပါလိမ့်မယ်။ခါး၊ ခြေ၊ သွားကိုက် စတာတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကံကောင်းပါတယ်။အနှောင့်အယှက်တွေကို ရှောင်လိုက်ပါ။သေချာပေါက် လိုရာရောက်ပါလိမ့်မယ်။လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စကားများ ကွဲကွာရကိန်း ရှိပါတယ်။စိတ်လျှော့ထားသင့်ပါတယ်။ငယ်ရွယ်သူများ အချစ်ရေးကံကတော့ အလွန်ကောင်းနေပါတယ်။ချစ်သူသစ်ရခြင်း၊ ချစ်သူဆီက တန်ဖိုးထားစရာ လက်ဆောင်ရခြင်းမျိုး ကြုံရတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား တစ်လလုံး ပန်းပေါင်းစုံ ပူဇော်ကာ လိုရာဆုတောင်းပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစောထကာ သံဃာများကို တန်းဆွမ်းလောင်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားတွင် ကံ့ကော်နှင့် အောင်သပြေ ၉ ညွှန့်စီ ကပ်လှူကာ မိမိလျှောက်ထားသည့် အလုပ်အား အာရုံပြု ဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိုးလင်းနှင့် မိုးချုပ် (သို့မဟုတ်) အပြင်ထွက်တိုင်း စိတ်ကောင်းမွေးကာ မေတ္တာသုတ် သတိရတိုင်း ရွတ်ဆိုပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ နေ့စဉ် အရဟံဂုဏ်တော်ကို သတိရတိုင်း ရွတ်ဆိုပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ထုံးသင်္ကန်းကပ်လှူပေးပါ။
ထီကံကောင်းလိုသူများ ။ ။ သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၃ အစ ၇ အဆုံး ဂဏန်းကို ရွေးထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း လုပ္ကိုင္သမွ် ႀကံစည္သမွ် ေအာင္ျမင္ထြန္းေပါက္ျခင္းကို ျဖစ္ေပၚေစပါလိမ့္မယ္။ကံၾကမၼာက မိမိဘက္မွာ ရပ္တည္ေနပါတယ္။ေငြေၾကးကံလဲ ျမင့္မားေနခ်ိန္ပါပဲ။လာဘ္႐ႊင္မဲ့ကာလ ျဖစ္ေနပါတယ္။ရစရာရွိတဲ့ ေငြေၾကးေတြ ရလာပါလိမ့္မယ္။မွန္းထားသည္ထက္ ေငြပိုဝင္ပါလိမ့္မယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။တဇြတ္ထိုးမလုပ္ပါနဲ႔။အမွားႀကဳံတတ္ပါတယ္။လူႀကီးေတြ မိမိအေပၚ ၿငိဳျငင္တာမ်ိဳး မျဖစ္ပါေစနဲ႔။အလုပ္ကံမဆိုးပါ။စာခ်ဳပ္စာတမ္းကိစၥေတြေၾကာင့္ စိတ္ရႈပ္ရတတ္ေပယ့္ ေအာင္ျမင္ပါလိမ့္မယ္။ခါး၊ ေျခ၊ သြားကိုက္ စတာေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကံေကာင္းပါတယ္။အေႏွာင့္အယွက္ေတြကို ေရွာင္လိုက္ပါ။ေသခ်ာေပါက္ လိုရာေရာက္ပါလိမ့္မယ္။လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စကားမ်ား ကြဲကြာရကိန္း ရွိပါတယ္။စိတ္ေလွ်ာ့ထားသင့္ပါတယ္။ငယ္႐ြယ္သူမ်ား အခ်စ္ေရးကံကေတာ့ အလြန္ေကာင္းေနပါတယ္။ခ်စ္သူသစ္ရျခင္း၊ ခ်စ္သူဆီက တန္ဖိုးထားစရာ လက္ေဆာင္ရျခင္းမ်ိဳး ႀကဳံရတတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား တစ္လလုံး ပန္းေပါင္းစုံ ပူေဇာ္ကာ လိုရာဆုေတာင္းပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာထကာ သံဃာမ်ားကို တန္းဆြမ္းေလာင္းပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားတြင္ ကံ့ေကာ္ႏွင့္ ေအာင္သေျပ ၉ ၫႊန႔္စီ ကပ္လႉကာ မိမိေလွ်ာက္ထားသည့္ အလုပ္အား အာ႐ုံျပဳ ဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိုးလင္းႏွင့္ မိုးခ်ဳပ္ (သို႔မဟုတ္) အျပင္ထြက္တိုင္း စိတ္ေကာင္းေမြးကာ ေမတၱာသုတ္ သတိရတိုင္း ႐ြတ္ဆိုေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေန႔စဥ္ အရဟံဂုဏ္ေတာ္ကို သတိရတိုင္း ႐ြတ္ဆိုပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္ပါ။ထုံးသကၤန္းကပ္လႉေပးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃ အစ ၇ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။