【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများ နှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း လူမှုရေးလုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေမှာ  သင့်အချိန်ကုန် နေရတတ်ပါတယ်။ စေတနာထားသလောက် အကျိုးထူးမယ် အချိန်ဖြစ်သလို  ဒီအချိန်မှာ ဘာသာရေးပုံမှန်လုပ်ဖို့ လိုပါ တယ်။ ခရီးကောင်းများကြုံရတတ်တဲ့ အချိန်ပါ။ဒီရက်တွေမှာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါတယ်။စပ်တူ ကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ အောင်မြင်မှုပါလိမ့်မယ်။ ဘာကိစ္စမဆို အထစ်အငေါ့ အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကို သောက်တော်ရေချမ်းကပ်ပါ။လုပ်ငန်းခွင်အတွင်း စိတ်ပန်းကိုယ် ပန်းဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင်စတဲ့ လေရောဂါတွေ၊ဒူးနာခါးနာစတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ အဆင်မပြဖြစ်တတ်ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွားပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားစေတီများတွင် ရှင်သီဝလီဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်းဇော်ကျားပန်းကို စပယ်ပန်းနှင့် ရောထိုးပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ။    ။ ကိုယ်သွားလိုသောအရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်း သို့ သွားကာနေရာထိုင်ခင်းလှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် ကိုယ်လျှောက်ထား သည့်အလုပ်ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။  ။အချစ်ရေးအဆင်မပြေပါက တနင်္လာနံ သတ္တဝါများကိုကိုယ်လက်နှင့် ကိုင်ကာ အစာကျွေးပေးပါ။  
 
လူမှုရေးအတိုက်အခံများသူများ။  ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိ ခဲများကို ဖယ်ပေးခြင်းက  အကောင်းဆုံးဖြစ်သည်။
 
ကျန်းမာရေးမကောင်းသူများ ။  ။ လမ်းနှင့် ချောင်းအကူးများတွင်  တံတားထိုးပေးပါ။ 
 
ထီကံကောင်းလိုသူများ။  ။ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၂ /၃ ဂဏန်းထိုးပေးပါ။ 
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ား ႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း လူမႈေရးလုပ္ငန္းေတြ ပရဟိတလုပ္ငန္းေတြမွာ  သင့္အခ်ိန္ကုန္ ေနရတတ္ပါတယ္။ ေစတနာထားသေလာက္ အက်ိဳးထူးမယ္ အခ်ိန္ျဖစ္သလို  ဒီအခ်ိန္မွာ ဘာသာေရးပုံမွန္လုပ္ဖို႔ လိုပါ တယ္။ ခရီးေကာင္းမ်ားႀကဳံရတတ္တဲ့ အခ်ိန္ပါ။ဒီရက္ေတြမွာ မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါတယ္။စပ္တူ ကိစၥေတြ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ေအာင္ျမင္မႈပါလိမ့္မယ္။ ဘာကိစၥမဆို အထစ္အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကို ေသာက္ေတာ္ေရခ်မ္းကပ္ပါ။လုပ္ငန္းခြင္အတြင္း စိတ္ပန္းကိုယ္ ပန္းျဖစ္တတ္ပါတယ္။ က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင္စတဲ့ ေလေရာဂါေတြ၊ဒူးနာခါးနာစတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ ပညာသင္ေနတဲ့သူေတြတဲ့ ပညာရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ အဆင္မျပျဖစ္တတ္ေပမယ့္ ျပန္ေျပလည္ကာ ပိုခ်စ္သြားပါလိမ့္မယ္။

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားေစတီမ်ားတြင္ ရွင္သီဝလီဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္းေဇာ္က်ားပန္းကို စပယ္ပန္းႏွင့္ ေရာထိုးေပးပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ကိုယ္သြားလိုေသာအရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္း သို႔ သြားကာေနရာထိုင္ခင္းလႉေပးပါ။

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီမ်ားရွိ အဂၤါေထာင့္တြင္ ကိုယ္ေလွ်ာက္ထား သည့္အလုပ္ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။ 

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။  ။အခ်စ္ေရးအဆင္မေျပပါက တနလၤာနံ သတၱဝါမ်ားကိုကိုယ္လက္ႏွင့္ ကိုင္ကာ အစာေကြၽးေပးပါ။  

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိ ခဲမ်ားကို ဖယ္ေပးျခင္းက  အေကာင္းဆုံးျဖစ္သည္။

 

က်န္းမာေရးမေကာင္းသူမ်ား ။  ။ လမ္းႏွင့္ ေခ်ာင္းအကူးမ်ားတြင္  တံတားထိုးေပးပါ။ 

 

ထီကံေကာင္းလိုသူမ်ား။  ။ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၂ /၃ ဂဏန္းထိုးေပးပါ။