【နိုင်ငံတကာ】ဂျာမဏီနိုင်ငံ Bole-တရုတ်တေးသံစုံအဖွဲ့(Choir)၏ ဆရာ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် ဖုန်လိယွမ် တွေ့ဆုံ

【နိုင်ငံတကာ】ဂျာမဏီနိုင်ငံ  Bole-တရုတ်တေးသံစုံအဖွဲ့(Choir)၏ ဆရာ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် ဖုန်လိယွမ် တွေ့ဆုံ

ပေကျင်း၊ မတ် ၂၉ 

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်၏ ဇနီး ဖုန်လိယွမ်သည် ပေကျင်းမြို့ အမှတ် ၃၅ အလယ်တန်းကျောင်း၌ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျာမဏီနိုင်ငံ Bole-တရုတ်တေးသံစုံအဖွဲ့၏ ဆရာနှင့် ကျောင်းသူကျောင်းသားကိုယ်စားလှယ်များနှင့် မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ 
ဖုန်လိယွမ်သည် ၎င်းတို့ တရုတ်နိုင်ငံသို့ ထပ်မံလာရောက်ခြင်းအပေါ် နွေးထွေးစွာ ကြိုဆိုပြီး ဆယ်နှစ်တာကာလအတွင်း ချစ်ကြည်ရင်းနှီးမှုကိုသီဆိုကာ အောင်မြင်မှုများ သယ်ဆောင်ပေးခဲ့သည့် တေးသံစုံအဖွဲ့ အား ချီးကျူးဂုဏ်ပြုခဲ့ပြီး အားလုံး၏ ကြိုးပမ်းအားထုတ်မှုများဖြင့် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ယဉ်ကျေးမှုဖလှယ်ရန်  ပေါင်းကူးတံတား တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
 
Choir Association ဥက္ကဋ္ဌ မီလ်မန်က တရုတ်သီချင်းဆိုခြင်းဖြင့် တရုတ်ဘာသာစကားကို သင်ယူခြင်း မှတစ်ဆင့် ပိုမိုများပြားသည့် ဂျာမဏီလူငယ်များသည် တရုတ်နိုင်ငံကို သိရှိနားလည်ချစ်မြတ်နိုးလာကြောင်း၊ မိမိတို့သည် ဂီတနှင့် တရုတ်ဘာသာဖြင့် ဖလှယ်ရေး ပေါင်းကူးတံတားကို ဆက်လက်တည် ဆောက်ပြီး ဂျာမဏီနှင့် တရုတ်လူငယ်များအကြားအပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။