မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းအနီးမှ တရားမဝင်သစ် ၂၇ တန်ခန့် ဖမ်းဆီးရမိ

မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းအနီးမှ တရားမဝင်သစ် ၂၇ တန်ခန့် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံကျွန်းကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ချင်းတွင်းမြစ် အနီးမှ တရားမဝင် ကညင်သစ် ၂၇ တန်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၁ ရက် နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည် တရားမဝင်သစ် စုံစမ်းရှာဖွေဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်၊ ရတနာပုံကျွန်းကျေးရွာ၏ အနောက်တောင်ဘက် (၂) မိုင်ခန့်အကွာ ချင်းတွင်းမြစ်ကမ်းအနီး ကိုင်းတောအတွင်းမှ တရားမဝင် ကညင်သစ် (၂၆.၉၃၈၀) တန်အား ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးရမိ သစ်များနှင့် ပတ်သက်၍ ဆက်စပ်ပတ်သက်သူများကို ဥပဒေနှင့် တရားစွဲဆိုနိုင်ရေးအတွက် စုံစမ်းဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မုံရွာ၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ ရတနာပုံကြၽန္းေက်း႐ြာ၏ အေနာက္ေတာင္ဘက္ ၂ မိုင္ခန႔္အကြာရွိ ခ်င္းတြင္းျမစ္ အနီးမွ တရားမဝင္ ကညင္သစ္ ၂၇ တန္ခန႔္ ဖမ္းဆီးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၁ ရက္ ေန႔က စစ္ကိုင္းတိုင္းေဒသႀကီး၊ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ားသည္ တရားမဝင္သစ္ စုံစမ္းရွာေဖြေဖာ္ထုတ္ျခင္း ေဆာင္႐ြက္ခဲ့ရာ မုံ႐ြာၿမိဳ႕နယ္၊ ရတနာပုံကြၽန္းေက်း႐ြာ၏ အေနာက္ေတာင္ဘက္ (၂) မိုင္ခန႔္အကြာ ခ်င္းတြင္းျမစ္ကမ္းအနီး ကိုင္းေတာအတြင္းမွ တရားမဝင္ ကညင္သစ္ (၂၆.၉၃၈၀) တန္အား ဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါ ဖမ္းဆီးရမိ သစ္မ်ားႏွင့္ ပတ္သက္၍ ဆက္စပ္ပတ္သက္သူမ်ားကို ဥပေဒႏွင့္ တရားစြဲဆိုႏိုင္ေရးအတြက္ စုံစမ္းေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
မုံ႐ြာ၊ ဒီဇင္ဘာ - ၁၄