【နိုင်ငံတကာဆောင်းပါး】“တွေးခေါ်မှုစွမ်းအား” တရုတ်နိုင်ငံစီးပွားရေးဘယ်ဆီသွားမလဲ။

【နိုင်ငံတကာဆောင်းပါး】“တွေးခေါ်မှုစွမ်းအား” တရုတ်နိုင်ငံစီးပွားရေးဘယ်ဆီသွားမလဲ။ 

နှစ်စဉ် နှစ်ကုန်တွင်ကျင်းပသည့် တရုတ်နိုင်ငံဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးမှာ ပြည်တွင်း  ပြည်ပလူပုဂ္ဂိုလ်များက တရုတ်နိုင်ငံစီးပွားရေးအလားအလာကို စောင့်ကြည့်လေ့လာသည့် အရေးပါပြတင်းပေါက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးကို ပေကျင်းမှာ ကျင်းပစဉ်အတိုင်းကျင်းပခဲ့ရာမှာ ရှီကျင့်ဖျင်က အရေးပါမိန့်ခွန်းပြောကြားခဲ့ပါတယ်။ 
၂၀၂၃ ခုနှစ်သည် တရုတ်နိုင်ငံက တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံစိတ်ဓာတ်ကို ဘက်စုံစတင်ဖော်ဆောင်သည့်နှစ်ဖြစ်ပြီး သုံးနှစ်ကြာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်သည့်ကာလ ကျော်ဖြတ်ပြီးနောက် စီးပွားရေးပြန်လည် ဦးမော့လာတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။  ယခုအကြိမ်ကျင်းပသည့် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် ချမှတ်သည့် အခြေခံဆုံးဖြတ်ချက်များမှာ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် ရင်ဆိုင်ရသည့် အကျိုးရှိသောအခြေအနေများသည် အကျိုးမရှိသော အခြေအနေများထက် ပိုများသဖြင့် စီးပွားရေးပြန်လည်ဦးမော့လာမှုကောင်းမွန်ကာ ရေရှည်ကောင်းမွန်သည့် အခြေခံအလားအလာသည် မပြောင်းလဲသောကြောင့် ယုံကြည်ချက်ကို မြှင့်တင်ရမှာပင်ဖြစ်ပါတယ်။
 
ယခုအကြိမ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးသည် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်း အဓိကအချက်များကို အထွေထွေစီမံရေးဆွဲမှုနှင့် အသေးစိတ်နေရာချထားမှုများလုပ်ဆောင်ခဲ့ပြီး “တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည်” ဟူသောအမှတ်တံဆိပ်ကို တည်ဆောက်ရမည်ဟု ပထမဆုံးအကြိမ် အဆိုပြုခဲ့ပါတယ်။  ပြည်ပနိုင်ငံသားများ တရုတ် နိုင်ငံသို့လာရောက်၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ လေ့လာသင်ယူခြင်း၊ ခရီးသွားခြင်းအတွက် ပိတ်ဆို့နေသောအချက်များကို လက်တွေ့ကျကျရှင်းလင်းရမည် ဖြစ်ပြီး မြို့ပြဖော်ဆောင်ရေး၊ တရားဥပဒေစိုးမိုးသော၊ နိုင်ငံတကာဆန်သော ထိပ်တန်းစီးပွားရေး လုပ်ကိုင်ရန် ပတ်ဝန်းကျင်အား စဉ်ဆက်မပြတ် တည်ဆောက်ရန်လည်း အဆိုပြုခဲ့ပါတယ်။ 
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံကလည်း ဆက်သွယ်ရေး၊ ကုသရေးစသည့် ဝန်ဆောင်မှုလုပ်ငန်းသို့ ဝင်ရောက်ရန် ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးပြီး “Belt and Road” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးလှုပ်ရှားမှု (၈ )ချက်အား အကောင်အထည်ဖော်ဆောင်မှုကို ပံ့ပိုးပေးကာ အရေးပါ ပြယုဂ်စီမံကိန်းနှင့် “သေးငယ်သော်လည်း ကောင်းမွန်သည့်” ပြည်သူ့အကျိုးပြု စီမံကိန်းများကို စီမံဖော်ဆောင်သွားမှာဖြစ်ပါတယ်။ 
ထို့ပြင် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် အိမ်ခြံမြေ၊ ဒေသန္တရကြွေးမြီ၊ အသေးစား၊ အလတ်စား ဘဏ္ဍာရေးအဖွဲ့အစည်း စသည့်ဆုံးရှုံးနိုင်ခြေများကို စီမံဖြေရှင်းကာ တရားမဝင် ဘဏ္ဍာရေးလှုပ်ရှားမှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး စနစ်ပိုင်းဆိုင်ရာ အန္တရာယ် မဖြစ်ပွားစေရေးဟူသော ကျော်လွန်၍ မရသောမျဉ်းကို ပြတ်သားစွာထိန်းသိမ်းထားမည်ဖြစ်ပါတယ်။ 
ထို့ပြင် အစည်းအဝေး၌ စိုက်ပျိုးရေးအင်အားကြီးနိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်အတွက်လည်းအသေးစိတ်နေရာချထားမှုလုပ်ဆောင်ခဲ့ပါတယ်။ ၎င်းမှာ ကျေးလက်ဘက်စုံ ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုအား ထိရောက်စွာဖော်ဆောင်ခြင်း၊ ကျေးလက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းနှင့် ကျေး လက်တည်ဆောက်မှု အဆင့်အတန်းအားမြှင့်တင်ခြင်း၊ တောင်သူများဝင်ငွေတိုးစေသည့် အစီအမံများအား တိုးမြှင့်ခြင်း၊ နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ကောင်းမွန်သင့်တော်သော သာယာလှပသောကျေးရွာ တည်ဆောက်ခြင်း၊ မြို့ပြနှင့် ကျေးလက်ပေါင်းစပ်ခြင်း၊ ဒေသတွင်းညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းတို့ပင်ဖြစ်ပါတယ်။ 
ရှီကျင့်ဖျင်စီးပွားရေးအတွေးအခေါ်၏ အဓိကအချက်များအနက်တစ်ခုမှာ တရုတ်နိုင်ငံသည် နိုင်ငံကြီးဖြစ်သောကြောင့် စစ်မှန်သောစီးပွားရေး (Real Economy) ကိုထောက်ကန်ထားသည့် ခေတ်မီလုပ်ငန်းစနစ်ကို မဖြစ်မနေအရှိန်အဟုန်မြှင့်တည်ဆောက်ခြင်းပင်ဖြစ်ပါတယ်။ တစ်ချိန်တည်းတွင် ရှီကျင့်ဖျင်က အခမ်းအနားအစည်းအဝေးများစွာတွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲ တံခါးဖွင့်သည့်မူဝါဒသည် ရေရှည်ပြောင်းလဲမည်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေး အတူတကွစည်ပင်ဝပြောရန် ဖော်ဆောင်သွားလိုသဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများထံ တိုက်တွန်း ခဲ့ပါတယ်။ ရှီကျင့်ဖျင်က “လူသားတို့က အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲကိုဖြေရှင်းရာတွင် ယခင် မည်သည့်အချိန်ထက်မဆို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် တံခါးဖွင့် အတူမျှဝေမှုကို ပိုလိုအပ်သည်။ မည်သည့်နိုင်ငံကမျှ လွတ်လပ်သော ဆန်းသစ်တီထွင်မှုစင်တာ သို့မဟုတ် ဆန်းသစ် တီထွင်မှု ရလဒ်ကို တစ်ကိုယ်တည်း မျှဝေခံစားခြင်းမလုပ်နိုင်ပေ” ဟုအကြိမ်များစွာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
ကမ္ဘာကြီးအတွက် တရုတ်ပြည်သူပေါင်း သန်း ၁၄၀၀ ကျော် ခေတ်မီမှုသို့ချီတက်၍ ပိုမိုကောင်းမွန် သောလူနေမှုဘဝဖော်ဆောင်ခြင်းသည်တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် သယ်ဆောင်လာသော အကြီးမားဆုံးအခွင့်အလမ်းဖြစ်ပါတယ်။