【 နိုင်ငံတကာဆောင်းပါး 】 မှောင်မိုက်ခဲ့သော စီးပွားရေးကို အလင်းဆောင်စေခဲ့သည့် တရုတ်၏ ပြုပြင်ပြောင်းလဲရေး

【 နိုင်ငံတကာဆောင်းပါး 】 မှောင်မိုက်ခဲ့သော စီးပွားရေးကို အလင်းဆောင်စေခဲ့သည့် တရုတ်၏ ပြုပြင်ပြောင်းလဲရေး

တစ်ခေတ်တစ်ခါက ကမ္ဘာကြီးသည် မှောင်မိုက်သော စီးပွားရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့ရပြီး အမေရိကန်တစ်ဦးတည်း၏ ချုပ်ကိုင်မှုအောက်တွင်သာရှိခဲ့သည်။

ထိုခေတ်အခါက အမေရိကန်၏ လွတ်လပ်သော ဈေးကွက်ရင်းနှီးမြှုပ်နှံမှု မူဝါဒသည် ကြီးမားစွာ လွှမ်းမိုးခဲ့ပြီး အောင်မြင်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် တည်ရှိခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် အမေရိကန်ဗဟိုပြုစနစ်ကို လိုက်ပါလုပ်ဆောင်ရပြီး ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးစနစ်တို့ကို အမေရိကန်က တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။သို့သော် တရုတ်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအပြီးတွင် ကမ္ဘာကြီး၌ စီးပွားရေးဆိုင်ရာ ရွေးချယ်စရာများ ပေါ်ပေါက်လာပြီး တစ်ခုတည်းသော လွှမ်းမိုးမှုရှိခြင်းကို ပယ်ဖျက်နိုင်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် တရုတ်သည် သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို စတင်ခဲ့ပြီး အမေရိကန်၏ လမ်းကြောင်းနောက်ကို မျက်စိစုံမှိတ်မလိုက်ဘဲ သတ္တိရှိစွာဖြင့် ကိုယ့်လမ်းကြောင်းကိုယ် ပုံဖော်ခဲ့သည်။ထိုရဲရင့်မှုသည် စီးပွားရေးအခွင့်အလမ်းများ၏ ခေတ်သစ်ကို မီးအလင်းရောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

တရုတ်သည် အစိုးရဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ပြုပြင်ရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ဗဟိုက တင်းကျပ်စွာ စီစဉ်သော စနစ်ကို ရှောင်ရှားသောကြောင့် စီးပွားရေးတိုးတက်မှုအတွက် တစ်ခုထက်မကသော လမ်းကြောင်းများ ပေါ်ပေါက်လာရသည်။

နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တံခါးဖွင့်ပေးလိုက်ပြီးနောက်တွင် တရုတ်သည် ၂၀၁၀ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာကာ နှစ်စဉ် ဂျီဒီပီ ကြီးထွားနှုန်းသည် ဒေါ်လာ ၁၈ ထရီလီယံခန့်ရှိသည်။ထို့ကြောင့်ပင် ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး ပြည်သူပေါင်း သန်း ၈၀၀ ကျော်ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး တင်ပို့သူဖြစ်သော တရုတ်သည် အနောက်နိုင်ငံများ၏ စီးပွားရေးပုံစံနှင့် ကွဲလွဲသော လမ်းကြောင်းများကို ကမ်းလှမ်းလျက်ရှိပြီး အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းရှိ နိုင်ငံများအပါအဝင် နိုင်ငံများစွာ၏ တိုးတက်မှုနှင့် သင့်လျော်သော ရွေးချယ်စရာများကို ပေးနိုင်ခဲ့သည်။

တရုတ်က ကမ္ဘာ့စီးပွားရေးစနစ်ကို ကိုင်လှုပ်လိုက်သောအခါ ဗဟိုချက်အဖြစ် ခံယူထားသော အနောက်နိုင်ငံများသည်လည်း ပြောင်းလဲခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။တရုတ်၏ ကြီးထွားလာမှုက အနောက်နိုင်ငံများကို လှုပ်ခါစေသည့်အရာ ဖြစ်စေခဲ့သည်။ထို့ကြောင့်ပင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများသည်လည်း မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေပြီး ဖွံ့ဖြိုးတိုးတက်ရေး ရရှိစေရန်အတွက် တွန်းအားများ ဖြစ်ပေါ်လာရသည်။

ထိုသို့ အနောက်နိုင်ငံများ၏ ဗဟိုချက်ဖြစ်သော အခန်းကဏ္ဍ ပြိုပျက်သွားသောအခါ စိုးရိမ်မှုနှင့် ဒေါသထွက်မှုများကြောင့် အနောက်နိုင်ငံများသည် ပြင်းထန်စွာ ကန့်ကွက် တုံ့ပြန်ခဲ့သည်။သြဇာလွှမ်းမိုးမှုကို လက်မလွှတ်လိုသော အနောက်နိုင်ငံများသည် ကာကွယ်ရေးနည်းလမ်းများဟုဆိုကာ တရုတ်၏ နည်းလမ်းစနစ်ကို ထိခိုက်စေရန် ပုံရိပ်ဖျက်ခဲ့သည်။သို့သော်လည်း တရုတ်၏ ပြန်လည်ပြုပြင်ရေး မီးတောက်သည် လောင်ကျွမ်းလျက်ရှိပြီး အိုဟောင်းနေသော စီးပွားရေးမူဝါဒများက အနိုင်မယူနိုင်ခဲ့ပေ။

ယခုအခါတွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ စတင်ပြီး နှစ်ပေါင်း ၄၅ နှစ်အကြာတွင် တရုတ်သည် တစ်ခုတည်းသာ တည်ရှိသော စီးပွားရေးစနစ်ကို ပယ်ဖျက်နိုင်ခဲ့ပြီး ကြွယ်ဝချမ်းသာမှုကို အမျိုးမျိုးသော ကိုယ်ပိုင်နည်းလမ်းများဖြင့် ရရှိနိုင်ကြောင်း ကမ္ဘာကြီးအား သက်သေပြနိုင်ခဲ့သည်။ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ဘက်ပေါင်းစုံပါဝင်သော စနစ်သို့ ကူးပြောင်းလာပြီး အမျိုးမျိုးသော စီးပွားရေးပုံစံများ တည်ရှိအောင်မြင်လာပြီဖြစ်သည်။

တရုတ်၏ စီးပွားရေးကူးပြောင်းမှုသည် နမူနာယူစရာဖြစ်နေပြီး ပိုပြီးဟန်ချက်ညီကာ မျှတသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် မျှော်လင့်ချက်လည်းဖြစ်သည်။အောင်မြင်မှုသည် တစ်ခုတည်းသော တင်းကျပ်သည့် မူဘောင်တွင် မမူတည်ဘဲ အမျိုးမျိုးသော မဟာဗျူဟာများဖြင့် ဖော်ဆောင်နိုင်ကြောင်း ဖော်ပြလျက်ရှိသည်။တရုတ်၏ မီးတောက်သည် တောက်ပစွာ လောင်ကျွမ်းလျက်ရှိပြီး ကမ္ဘာ့နိုင်ငံများကိုလည်း ကိုယ်ပိုင်စီးပွားရေးမီးတောက် ထွန်းညှိရန် တွန်းအားဖြစ်စေသည်။

စီးပွားရေးဆိုင်ရာ ကွဲပြားခြားနားမှုများ၏ ခေတ်သစ်တွင် ကမ္ဘာကြီးသည် တစ်ခုတည်းသာရှိသော ယုံကြည်မှုစနစ်မှ ရုန်းထွက်လာပြီဖြစ်သည်။ယခုအခါတွင် အနာဂတ်သည် အမျိုးမျိုးသော စီးပွားရေးပုံစံများနှင့် ပြည့်နှက်နေပြီဖြစ်ပြီး တစ်ခုချင်းစီသည် ပို၍ကောင်းမွန်သော၊ အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအနာဂတ်အတွက် အထောက်အပံ့များဖြစ်လာပြီဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG| China's 45 years of reform: Banishing economic darkness with the fire of Prometheus