【 ဆောင်းပါး 】 ငြိမ်သက်နေတဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြို

【 ဆောင်းပါး 】 ငြိမ်သက်နေတဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြို

(သုံးသပ်ချက် - ၃)

 

အခု၂၀၂၀ခုနှစ်ကိုရောက်လာခဲ့ပါပြီ။ငါးနှစ်တစ်ကြိမ်ပြုလုပ်ကျင်းပနေတဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲဟာလည်း၂၀၂၀ခုနှစ်မှာတတိယအကြိမ်ပြန်ပြုလုပ်ကျင်းပရတော့မှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲကိုပြန်ဝင်ပြီး အခြားပါတီတွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ၂၀၁၅ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲကလိုပြတ်ပြတ်သားသားနိုင်ခဲ့မယ်ဆိုရင်နောက်ထပ်ငါးနှစ်သက်တမ်းအတွက်အစိုးရ ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလွတ်လွတ်လပ်လပ်ဖွဲ့စည်းနိုင်ပါလိမ့်မယ်။၂၀၁၅ခုနှစ်ကလိုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြတ်ပြတ်သားသားအနိုင်မရခဲ့ရင်တော့၊အာဏာရပါတီအနေအထားကို စွန့်လွှတ် လိုက်ရပါလိမ့်မယ်။ဒီဖြစ်စဉ်တွေဟာ၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲကအဖြေပေးပါလိမ့်မယ်။အခု ၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအခြေအနေကိုသုံးသပ်ကြည့်ရမယ်ဆိုရင်၊ ၂၀၁၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြီးနှစ်ခုသာအဓိကယှဉ်ပြိုင်ခဲ့ရပါတယ်။အခု၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှစ်ခု အပြင်ပြည်နယ်အသီးသီးမှာတည်ရှိနေတဲ့ တိုင်းရင်းသားပါတီတွေကိုလည်း အဓိကထားယှဉ်ပြိုင်ရတော့ မှာဖြစ်ပါတယ်။

ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီ အနေအထား

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ အာဏာရပါတီဖြစ်နေပါတယ်။
၂၀၁၀ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတစ်ပါတီထဲသာပြိုင်ခဲ့ရသလိုဖြစ်ပြီးအစိုးရတာဝန်ကို စစ်အာဏာရှင်အစိုးရဆီမှ လွှဲပြောင်းယူခဲ့ရပြီးအရပ်သားအသွင်ပြောင်းလဲအုပ်ချုပ်ခဲ့ပေမယ့်ပြည်သူတိုင်းရင်းသားအများစုရဲ ထောက်ခံမှုကို မရယူနိုင်ခဲ့ပါဘူး။ ပထမဦးဆုံးအရပ်သားအစိုးရ မှာလည်းပြည်ထောင်စုအဆင့်ဝန်ကြီးတွေ၊ တိုင်းပြည်နယ် အစိုးရ အဖွဲ့ရဲ့ဝန်ကြီးချုပ်တွေနဲ့ဝန်ကြီးတွေဟာ ကိုယ်ကျိုးစီးပွားကိုကြည့်ခဲ့တဲ့လူများခဲ့တာကြောင့် ပြည်သူတွေရဲ့ ထောက်ခံမှုကိုမရရှိခဲ့တာပါ။
    
ဒီလိုအရပ်သားအစိုးရအနေနဲ့တပ်မေတာ်ကိုနောက်ခံအားပြုပြီးအုပ်ချုပ်နိုင်ခဲ့ပေမယ့်၊၂၀၁၅ခုနှစ်ပါတီစုံအထွေထွေရေးကောက်ပွဲမှာပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအရှုံးပေးလိုက်ရပါတယ်။အခု၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာဝင်ပြိုင်နိုင်ဖို့အတွက်ကိုယ်စားလှယ်လောင်းတွေလျာထားပြီးပြီဆိုတာတွေ့နေရပါတယ်။ပြည်ခိုင်ဖြိုးပါတီအနေနဲ့တရားဝင်မကြေညာပေးပေမယ့်၊ပြည်မကမဲဆန္ဒနယ်ေတွရဲ့ကျေးလက်ဒေသတွေကိုအဓိကထားစည်းရုံးနေကြပါတယ်။ပြည်မကမြို့ပေါ်တွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမယှဉ်နိုင်ပေမယ့်ကျေးလက်ဒေသတွေမှာဘာသာရေး၊လူမှုရေးကိုအခြေပြုပြီးပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဆောင် ရွက်နေကြပါတယ်။

ဒီအခြေအနေကိုကြည့်မယ်ဆိုရင်၊၂၀၁၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော်မှာ၆%အနိုင်ရရှိထားတာထက်ပိုပြီးရာခိုင်နှုန်းများလာနိုင်ပါတယ်။

အဓိကပြိုင်ဘက် ဖြစ်လာနိုင်မယ့် တိုင်းရင်းသားပါတီများ

၂၀၁၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတိုင်းရင်းသားပါတီတွေအနေနဲ့ပြည်ထောင်စုလွှတ်တော်မှာ၉%လွှတ်တော်ကိုယ်စားလှယ်နေရာရခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်တိုင်းရင်းသားဒေသတွေကိုအနှံ့သွားရောက်ခဲ့ပြီးပြည်တွင်းငြိမ်းချမ်းရေးကိုပထမဦး စားပေးဆောင်ရွက်မယ်ဆိုပြီး ကတိပေးစည်းရုံးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ကတိကို တိုင်းရင်း သား ပြည်သူတွေအနေ နဲ့ယုံကြည်အားကိုးပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စား လှယ်လောင်း တွေကိုမဲပေးခဲ့ကြတယ်။

အခုအချိန်မှာတော့တိုင်းရင်းသားပြည်သူတွေအနေနဲ့သူတို့ကိုပေးထားခဲ့တဲ့ကတိတွေကိုမဆောင်ရွက်ပေးနိုင်မှန်းသိနေကြသလို၊မျှော်လင့်ယုံကြည်မှုတွေလည်းလျှော်ပါးလာခဲ့ပါတယ်။ပြည်နယ်အသီးသီးမှာရှိတဲ့တိုင်းရင်းသားပါတီတွေကလည်းပြန်ပေါင်းစည်းပြီးဖွဲ့စည်းနေကြပါပြီ။၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာပြန် လည်ပေါင်းစည်းထားကြတဲ့တိုင်းရင်းသားပါတီတွေကိုတိုင်းရင်းသားပြည်သူတွေမဲအများဆုံးပေးကြမှာခန့်မှန်းနိုင်ပါပြီ။၂၀၁၇ခုနှစ်နဲ့၂၀၁၈ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွေမှာတိုင်းရင်းသားပါတီတွေအနိုင်ရခဲ့တာကိုကြည့်ရင်မှန်းဆနိုင်ပါလိမ့်မယ်။

နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တခြားဘယ်ပါတီကိုမှာမှ မိတ်ဘက်ပါတီအဖြစ် မသတ်မှတ် ဘူးဆိုတဲ့ ပြောဆိုချက်ကြောင့်၊တိုင်းရင်းသားပါတီခေါင်းဆောင်တွေရဲ့တုန့်ပြန်ပြောဆိုမှုတွေကို သိနေရပါပြီ။ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲနိုင်တိုင်းရင်းသားပါတီလွှတ်တော်ကိုယ်စားလှယ်တွေကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ထောက်ခံပူးပေါင်းခဲကြပေမယ့် ၊၂၀၂၀ခုနှစ်ပါတီစုံအထွေထွေေရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီလွှတ်တော်ကိုယ်စားလှယ်တွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့မပူးပေါင်း နိုင်တော့တာကိုတွေ့နေရပါတယ်။ ၂၀၂၀ခုနှစ်ပါတီစုံအထွေထွေေရွးကောက်ပွဲမှာပြည်နယ် လွှတ် တော်ကိုယ်စား တွေနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအလွန်အရေးပါ လာမယ့်နေရာ ရောက်လာ မယ် လို့ထင်ပါတယ်။ဒီတိုင်းရင်းသားပါတီတွေကေနအနိုင်ရရှိတဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘယ်ပါတီကိုထောက်ခံမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။အလိုအလျောက်(၂၅)%ရရှိထားတဲ့စစ် ဘက်ကိုယ်စားလှယ်တွေကလည်းအရေးပါနေပါသေးတယ်။ပြည်ခိုင်ဖြိုးပါတီနဲ့တိုင်းရင်းသားပါတီတွေက(၂၆)%အနိုင်ရသွားပြီးစစ်ဘက်(၂၅)%နဲ့ပူးပေါင်းခဲ့မယ်ဆိုရင်လည်းအရပ်ဘက်စစ်ဘက်ညွန့်ပေါင်းအစိုးရဆိုတာမျိုး လည်းဖြစ်လာနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေထောက်ခံမှု အခြေအနေ

အခုအာဏာရအင်အယ်ဒီပါတီရဲ့ငါးနှစ်တာသက်တမ်းအတွင်းမှာဘာတွေအောင်မြင်မှုကိုရယူနိုင်ခဲ့သလဲ။ဘာတွေဆုတ်ယုတ်ခဲ့သလဲဆိုတဲ့သတ်မှတ်ချက်တွေကအရေးကြီးပါတယ်။အင်အယ်ဒီပါတီကြီးစိုးထားတဲ့လွှတ် တော်ကဏ္ဍတွေအသီးသီးကိုဦးဆောင်နေကြတဲ့သူတွေအနေ နဲ့လည်းငါးနှစ်တာ သက်တမ်းအတွင်းမှာ တိုင်းပြည် မှာ နေထိုင်ကြတဲ့တိုင်းရင်းသားပြည်သူတွေအတွက်ထူးထူးခြားခြားမလုပ်ဆောင်နိုင်ခဲ့တာကို တော့ငြင်း ဆန်နိုင် မယ်မထင်ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရအဖွဲ့မှာပါဝင်ဦးဆောင်နေကြတဲ့ပြည်ထောင်စုဝန်ကြီးတွေ၊တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ဝန်ကြီးတွေရဲ့လုပ်ဆောင်မှုအမှားတွေ၊ပြောဆိုချက်အမှားတွေများခဲ့ပါတယ်။တိုင်းရင်းသားပြည်သူတွေရဲ့အကျိုးကိုပြုလုပ်ပေးမှုထက်တိုင်းရင်းသားပြည်သူတွေရဲ့လှောင်ေြပာင်ကဲ့ရဲ့ခြင်းကိုခံနေကြရတာတွေ့ရပါတယ်။မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တိုင်းရင်းသားပြည်သူတွေအကျိုးဆောင်ရွက်မှုတွေမှာလည်းအလွန်အားနည်းနေတာအခုအချိန်ထိဖြစ်နေပါတယ်။

၂၀၁၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတိုင်းရင်းသားပြည်သူတွေအနေနဲ့ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲကိုထောက်ခံအားပေးခဲ့ကြတာလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။အခု၂၀၂၀ခုနှစ်နီးလာတဲ့အချိန်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံအားပေးမှုအနေအထားကိုကြည့်မယ်ဆိုရင်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံအားပေး ခဲ့ကြတဲ့ဒီမိုကရေစီနိုင်ငံရေးအင်အားစုတွေပိုမိုတိုးပွားမလာဘဲ လျော့ပါး သွားတာတော့အမှန်ပါလို့ပြောရပါလိမ့်မယ်။တိုင်းရင်းသားြပည်သူတွေရဲ့ထောက်ခံအားပေးမှုတွေက တော့အင်မတန်ဆုတ်ယုတ်သွားတယ်ပြောရမှာပါ။သာမန်ပြည်သူတွေနဲ့တိုင်းပြည်တာဝန်တွေကိုထမ်းဆောင်     နေကြတဲ့ပြည်သူတွေကိုကြည့်ရင်လည်းစားဝတ်နေရေးတွေပိုခက်ခဲစွာရုန်းကန်နေကြရပါတယ်။ဒီအပြင်မီတာခွန်တွေအခြားခွန်တွေဆောင်နေကြရတာလည်း၀င်ငွေနဲ့မမျှအောင်တိုးပြီးကောက်ယူနေတာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စိတ်ပျက်သွားစေပါတယ်။

အခုအချိန်ထိရွေးကောက်ပွဲဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမရွေးချယ်နိုင်သေးတဲ့အပြင်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ပြဿနာပေါင်းစုံဖြစ်နေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်းအခြေအေနတွေကလည်းပွင့်လင်းမှုမရှိသေးတာကိုတွေ့နေရပါတယ်။အခုအချိန်ထိဒေါ်အောင်ဆန်း စုကြည်ရဲ့အရှိန်အဝါစန်းကိုတခြားပါတီတွေမယှဉ်နိုင်သေးဘူးဆိုတာတော့လက်ခံထားကြရပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၀၂၀ အလွန်မှာ အစိုးရဖွဲ့နိုင်ပါ့မလား

အခုအချိန်အခုအခြေအနေမှာတော့ဒီမေးခွန်းဟာလည်းအင်မတန်စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာရွေးကောက်ခံအရပ်သားလွှတ်တော်ကိုယ်စားလှယ်(၄၉၈)နေရာအပြည့်ရှိမှ(၇၅)% ဖြစ်မှာပါ။တပ်ကိုယ်စားလှယ်က(၂၅)%အလိုအလျှောက်နေရာယူထားပြီးသားဖြစ်နေပါသေးတယ်။အရပ်သားရွေးကောက်ခံကိုယ်စားလှယ်(၅၀)%ကျော်နိုင်မှပြည်ထောင်စုလွှတ်တော်မှာအစိုးရဖွဲ့နိုင်ပါလိမ့်မယ်။ အခုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က(၅၉)%အနိုင်ရတဲ့အထဲကအနည်းဆုံး(၁၀)%လောက်ရှုံးနိမ့်သွားခဲ့ရင်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီတစ်ခုထဲအနေနဲ့အစိုးရမဖွဲ့နိုင်တော့ပါဘူး။စောစောကထောက်ပြတဲ့ပြည်ခိုင်ဖြိုးပါတီနဲ့တိုင်းရင်း သားပါတီတွေကလက်ရှိပြည်ထောင်စုလွှတ်တော်နေရာတွေထက်ပိုနိုင်ခဲ့ရင်ညွှန့်ပေါင်းအစိုးရတစ်ခု ပေါ်ထွက် လာမှာပါ။

ဘာဖြစ်ဖြစ်၊အခုအချိန်ထိငြိမ်သက်နေတဲ့၂၀၂၀ခုနှစ်ပါတီစုံအထွေထွေေရွးကောက်ပွဲမှာဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ၂၀၁၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရသလို၊အနိုင်ရဖို့တော့ခက်ခဲသွားပါလိမ့်မယ်။

မြတ်လှိုင်း
ဇန်န၀ါရီ - ၃၁

( Zawgyi )

(သုံးသပ္ခ်က္ - ၃)

အခု၂၀၂၀ခုႏွစ္ကိုေရာက္လာခဲ့ပါၿပီ။ငါးႏွစ္တစ္ႀကိမ္ျပဳလုပ္က်င္းပေနတဲ့ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲဟာလည္း၂၀၂၀ခုႏွစ္မွာတတိယအႀကိမ္ျပန္ျပဳလုပ္က်င္းပရေတာ့မွာျဖစ္ပါတယ္။ေျပာရမယ္ဆိုရင္ေဒၚေအာင္ ဆန္းစုၾကည္ဦးေဆာင္တဲ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုျပန္ဝင္ၿပီး အျခားပါတီေတြနဲ႔ ယွဥ္ၿပိဳင္ရေတာ့မွာပါ။၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ၂၀၁၅ခုႏွစ္ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကလိုျပတ္ျပတ္သားသားႏိုင္ခဲ့မယ္ဆိုရင္ေနာက္ထပ္ငါးႏွစ္သက္တမ္းအတြက္အစိုးရ ကိုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကလြတ္လြတ္လပ္လပ္ဖြဲ႕စည္းႏိုင္ပါလိမ့္မယ္။၂၀၁၅ခုႏွစ္ကလိုအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ျပတ္ျပတ္သားသားအႏိုင္မရခဲ့ရင္ေတာ့၊အာဏာရပါတီအေနအထားကို စြန႔္လႊတ္ လိုက္ရပါလိမ့္မယ္။ဒီျဖစ္စဥ္ေတြဟာ၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကအေျဖေပးပါလိမ့္မယ္။အခု ၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအေျခအေနကိုသုံးသပ္ၾကည့္ရမယ္ဆိုရင္၊ ၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႀကီးႏွစ္ခုသာအဓိကယွဥ္ၿပိဳင္ခဲ့ရပါတယ္။အခု၂၀၂၀ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ ျပည္ခိုင္ၿဖိဳးပါတီနဲ႔အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွစ္ခု အျပင္ျပည္နယ္အသီးသီးမွာတည္ရွိေနတဲ့ တိုင္းရင္းသားပါတီေတြကိုလည္း အဓိကထားယွဥ္ၿပိဳင္ရေတာ့ မွာျဖစ္ပါတယ္။

ၿပိဳင္ဘက္ ျပည္ခိုင္ၿဖိဳးပါတီ အေနအထား

၂၀၁၅ ခုႏွစ္ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီဟာ အာဏာရပါတီျဖစ္ေနပါတယ္။
၂၀၁၀ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲမွာတစ္ပါတီထဲသာၿပိဳင္ခဲ့ရသလိုျဖစ္ၿပီးအစိုးရတာဝန္ကို စစ္အာဏာရွင္အစိုးရဆီမွ လႊဲေျပာင္းယူခဲ့ရၿပီးအရပ္သားအသြင္ေျပာင္းလဲအုပ္ခ်ဳပ္ခဲ့ေပမယ့္ျပည္သူတိုင္းရင္းသားအမ်ားစုရဲ ေထာက္ခံမႈကို မရယူႏိုင္ခဲ့ပါဘူး။ ပထမဦးဆုံးအရပ္သားအစိုးရ မွာလည္းျပည္ေထာင္စုအဆင့္ဝန္ႀကီးေတြ၊ တိုင္းျပည္နယ္ အစိုးရ အဖြဲ႕ရဲ႕ဝန္ႀကီးခ်ဳပ္ေတြနဲ႔ဝန္ႀကီးေတြဟာ ကိုယ္က်ိဳးစီးပြားကိုၾကည့္ခဲ့တဲ့လူမ်ားခဲ့တာေၾကာင့္ ျပည္သူေတြရဲ႕ ေထာက္ခံမႈကိုမရရွိခဲ့တာပါ။
    
ဒီလိုအရပ္သားအစိုးရအေနနဲ႔တပ္ေမတာ္ကိုေနာက္ခံအားျပဳၿပီးအုပ္ခ်ဳပ္ႏိုင္ခဲ့ေပမယ့္၊၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေရးေကာက္ပြဲမွာၿပိဳင္ဘက္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုအရႈံးေပးလိုက္ရပါတယ္။အခု၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္ႏိုင္ဖို႔အတြက္ကိုယ္စားလွယ္ေလာင္းေတြလ်ာထားၿပီးၿပီဆိုတာေတြ႕ေနရပါတယ္။ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔တရားဝင္မေၾကညာေပးေပမယ့္၊ျပည္မကမဲဆႏၵနယ္ေတြရဲ႕ေက်းလက္ေဒသေတြကိုအဓိကထားစည္း႐ုံးေနၾကပါတယ္။ျပည္မကၿမိဳ႕ေပၚေတြမွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုမယွဥ္ႏိုင္ေပမယ့္ေက်းလက္ေဒသေတြမွာဘာသာေရး၊လူမႈေရးကိုအေျချပဳၿပီးျပည္သူေတြရဲ႕လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေဆာင္ ႐ြက္ေနၾကပါတယ္။

ဒီအေျခအေနကိုၾကည့္မယ္ဆိုရင္၊၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာျပည္ခိုင္ၿဖိဳးပါတီက ျပည္ေထာင္စုလႊတ္ေတာ္မွာ၆%အႏိုင္ရရွိထားတာထက္ပိုၿပီးရာခိုင္ႏႈန္းမ်ားလာႏိုင္ပါတယ္။

အဓိကၿပိဳင္ဘက္ ျဖစ္လာႏိုင္မယ့္ တိုင္းရင္းသားပါတီမ်ား

၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာတိုင္းရင္းသားပါတီေတြအေနနဲ႔ျပည္ေထာင္စုလႊတ္ေတာ္မွာ၉%လႊတ္ေတာ္ကိုယ္စားလွယ္ေနရာရခဲ့ပါတယ္။၂၀၁၅ခုႏွစ္မွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ေဒၚ ေအာင္ဆန္းစုၾကည္ကိုယ္တိုင္တိုင္းရင္းသားေဒသေတြကိုအႏွံ႔သြားေရာက္ခဲ့ၿပီးျပည္တြင္းၿငိမ္းခ်မ္းေရးကိုပထမဦး စားေပးေဆာင္႐ြက္မယ္ဆိုၿပီး ကတိေပးစည္း႐ုံးခဲ့ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ေပးတဲ့ကတိကို တိုင္းရင္း သား ျပည္သူေတြအေန နဲ႔ယုံၾကည္အားကိုးၿပီးအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း ေတြကိုမဲေပးခဲ့ၾကတယ္။

အခုအခ်ိန္မွာေတာ့တိုင္းရင္းသားျပည္သူေတြအေနနဲ႔သူတို႔ကိုေပးထားခဲ့တဲ့ကတိေတြကိုမေဆာင္႐ြက္ေပးႏိုင္မွန္းသိေနၾကသလို၊ေမွ်ာ္လင့္ယုံၾကည္မႈေတြလည္းေလွ်ာ္ပါးလာခဲ့ပါတယ္။ျပည္နယ္အသီးသီးမွာရွိတဲ့တိုင္းရင္းသားပါတီေတြကလည္းျပန္ေပါင္းစည္းၿပီးဖြဲ႕စည္းေနၾကပါၿပီ။၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာျပန္ လည္ေပါင္းစည္းထားၾကတဲ့တိုင္းရင္းသားပါတီေတြကိုတိုင္းရင္းသားျပည္သူေတြမဲအမ်ားဆုံးေပးၾကမွာခန႔္မွန္းႏိုင္ပါၿပီ။၂၀၁၇ခုႏွစ္နဲ႔၂၀၁၈ခုႏွစ္ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြမွာတိုင္းရင္းသားပါတီေတြအႏိုင္ရခဲ့တာကိုၾကည့္ရင္မွန္းဆႏိုင္ပါလိမ့္မယ္။

ေနာက္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔တျခားဘယ္ပါတီကိုမွာမွ မိတ္ဘက္ပါတီအျဖစ္ မသတ္မွတ္ ဘူးဆိုတဲ့ ေျပာဆိုခ်က္ေၾကာင့္၊တိုင္းရင္းသားပါတီေခါင္းေဆာင္ေတြရဲ႕တုန႔္ျပန္ေျပာဆိုမႈေတြကို သိေနရပါၿပီ။ ၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲႏိုင္တိုင္းရင္းသားပါတီလႊတ္ေတာ္ကိုယ္စားလွယ္ေတြကအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ေထာက္ခံပူးေပါင္းခဲၾကေပမယ့္ ၊၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေေ႐ြးေကာက္ပြဲႏိုင္ တိုင္းရင္းသားပါတီလႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔မပူးေပါင္း ႏိုင္ေတာ့တာကိုေတြ႕ေနရပါတယ္။ ၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာျပည္နယ္ လႊတ္ ေတာ္ကိုယ္စား ေတြနဲ႔ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ေတြအလြန္အေရးပါ လာမယ့္ေနရာ ေရာက္လာ မယ္ လို႔ထင္ပါတယ္။ဒီတိုင္းရင္းသားပါတီေတြေကနအႏိုင္ရရွိတဲ့ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေတြဟာ ဘယ္ပါတီကိုေထာက္ခံမလဲဆိုတာစိတ္ဝင္စားစရာေကာင္းေနပါတယ္။အလိုအေလ်ာက္(၂၅)%ရရွိထားတဲ့စစ္ ဘက္ကိုယ္စားလွယ္ေတြကလည္းအေရးပါေနပါေသးတယ္။ျပည္ခိုင္ၿဖိဳးပါတီနဲ႔တိုင္းရင္းသားပါတီေတြက(၂၆)%အႏိုင္ရသြားၿပီးစစ္ဘက္(၂၅)%နဲ႔ပူးေပါင္းခဲ့မယ္ဆိုရင္လည္းအရပ္ဘက္စစ္ဘက္ၫြန႔္ေပါင္းအစိုးရဆိုတာမ်ိဳး လည္းျဖစ္လာႏိုင္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ျပည္သူေတြေထာက္ခံမႈ အေျခအေန

အခုအာဏာရအင္အယ္ဒီပါတီရဲ႕ငါးႏွစ္တာသက္တမ္းအတြင္းမွာဘာေတြေအာင္ျမင္မႈကိုရယူႏိုင္ခဲ့သလဲ။ဘာေတြဆုတ္ယုတ္ခဲ့သလဲဆိုတဲ့သတ္မွတ္ခ်က္ေတြကအေရးႀကီးပါတယ္။အင္အယ္ဒီပါတီႀကီးစိုးထားတဲ့လႊတ္ ေတာ္က႑ေတြအသီးသီးကိုဦးေဆာင္ေနၾကတဲ့သူေတြအေန နဲ႔လည္းငါးႏွစ္တာ သက္တမ္းအတြင္းမွာ တိုင္းျပည္ မွာ ေနထိုင္ၾကတဲ့တိုင္းရင္းသားျပည္သူေတြအတြက္ထူးထူးျခားျခားမလုပ္ေဆာင္ႏိုင္ခဲ့တာကို ေတာ့ျငင္း ဆန္ႏိုင္ မယ္မထင္ပါ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအစိုးရအဖြဲ႕မွာပါဝင္ဦးေဆာင္ေနၾကတဲ့ျပည္ေထာင္စုဝန္ႀကီးေတြ၊တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြနဲ႔ဝန္ႀကီးေတြရဲ႕လုပ္ေဆာင္မႈအမွားေတြ၊ေျပာဆိုခ်က္အမွားေတြမ်ားခဲ့ပါတယ္။တိုင္းရင္းသားျပည္သူေတြရဲ႕အက်ိဳးကိုျပဳလုပ္ေပးမႈထက္တိုင္းရင္းသားျပည္သူေတြရဲ႕ေလွာင္ေျပာင္ကဲ့ရဲ႕ျခင္းကိုခံေနၾကရတာေတြ႕ရပါတယ္။ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕တိုင္းရင္းသားျပည္သူေတြအက်ိဳးေဆာင္႐ြက္မႈေတြမွာလည္းအလြန္အားနည္းေနတာအခုအခ်ိန္ထိျဖစ္ေနပါတယ္။

၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာတိုင္းရင္းသားျပည္သူေတြအေနနဲ႔ေဒၚေအာင္ဆန္းစုၾကည္တစ္ေယာက္ထဲကိုေထာက္ခံအားေပးခဲ့ၾကတာလို႔ဆိုရင္လည္းမွားမယ္မထင္ပါဘူး။အခု၂၀၂၀ခုႏွစ္နီးလာတဲ့အခ်ိန္မွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကိုတိုင္းရင္းသားျပည္သူေတြရဲ႕ ေထာက္ခံအားေပးမႈအေနအထားကိုၾကည့္မယ္ဆိုရင္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုေထာက္ခံအားေပး ခဲ့ၾကတဲ့ဒီမိုကေရစီႏိုင္ငံေရးအင္အားစုေတြပိုမိုတိုးပြားမလာဘဲ ေလ်ာ့ပါး သြားတာေတာ့အမွန္ပါလို႔ေျပာရပါလိမ့္မယ္။တိုင္းရင္းသားျပည္သူေတြရဲ႕ေထာက္ခံအားေပးမႈေတြက ေတာ့အင္မတန္ဆုတ္ယုတ္သြားတယ္ေျပာရမွာပါ။သာမန္ျပည္သူေတြနဲ႔တိုင္းျပည္တာဝန္ေတြကိုထမ္းေဆာင္     ေနၾကတဲ့ျပည္သူေတြကိုၾကည့္ရင္လည္းစားဝတ္ေနေရးေတြပိုခက္ခဲစြာ႐ုန္းကန္ေနၾကရပါတယ္။ဒီအျပင္မီတာခြန္ေတြအျခားခြန္ေတြေဆာင္ေနၾကရတာလည္း၀င္ေငြနဲ႔မမွ်ေအာင္တိုးၿပီးေကာက္ယူေနတာေတြကလည္း ေဒၚေအာင္ဆန္းစုၾကည္အစိုးရကို စိတ္ပ်က္သြားေစပါတယ္။

အခုအခ်ိန္ထိေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုမေ႐ြးခ်ယ္ႏိုင္ေသးတဲ့အျပင္၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရအေနနဲ႔ျပႆနာေပါင္းစုံျဖစ္ေနပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီတြင္းအေျခေအနေတြကလည္းပြင့္လင္းမႈမရွိေသးတာကိုေတြ႕ေနရပါတယ္။အခုအခ်ိန္ထိေဒၚေအာင္ဆန္း စုၾကည္ရဲ႕အရွိန္အဝါစန္းကိုတျခားပါတီေတြမယွဥ္ႏိုင္ေသးဘူးဆိုတာေတာ့လက္ခံထားၾကရပါလိမ့္မယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ၂၀၂၀ အလြန္မွာ အစိုးရဖြဲ႕ႏိုင္ပါ့မလား

အခုအခ်ိန္အခုအေျခအေနမွာေတာ့ဒီေမးခြန္းဟာလည္းအင္မတန္စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္မွာေ႐ြးေကာက္ခံအရပ္သားလႊတ္ေတာ္ကိုယ္စားလွယ္(၄၉၈)ေနရာအျပည့္ရွိမွ(၇၅)% ျဖစ္မွာပါ။တပ္ကိုယ္စားလွယ္က(၂၅)%အလိုအေလွ်ာက္ေနရာယူထားၿပီးသားျဖစ္ေနပါေသးတယ္။အရပ္သားေ႐ြးေကာက္ခံကိုယ္စားလွယ္(၅၀)%ေက်ာ္ႏိုင္မွျပည္ေထာင္စုလႊတ္ေတာ္မွာအစိုးရဖြဲ႕ႏိုင္ပါလိမ့္မယ္။ အခုအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က(၅၉)%အႏိုင္ရတဲ့အထဲကအနည္းဆုံး(၁၀)%ေလာက္ရႈံးနိမ့္သြားခဲ့ရင္အမ်ိဳးသားဒီမိုကေရ စီအဖြဲ႕ခ်ဳပ္ပါတီတစ္ခုထဲအေနနဲ႔အစိုးရမဖြဲ႕ႏိုင္ေတာ့ပါဘူး။ေစာေစာကေထာက္ျပတဲ့ျပည္ခိုင္ၿဖိဳးပါတီနဲ႔တိုင္းရင္း သားပါတီေတြကလက္ရွိျပည္ေထာင္စုလႊတ္ေတာ္ေနရာေတြထက္ပိုႏိုင္ခဲ့ရင္ၫႊန႔္ေပါင္းအစိုးရတစ္ခု ေပၚထြက္ လာမွာပါ။

ဘာျဖစ္ျဖစ္၊အခုအခ်ိန္ထိၿငိမ္သက္ေနတဲ့၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာေဒၚေအာင္ဆန္းစု ၾကည္ဦးေဆာင္တဲ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အျပတ္ အသတ္အႏိုင္ရသလို၊အႏိုင္ရဖို႔ေတာ့ခက္ခဲသြားပါလိမ့္မယ္။

ျမတ္လႈိင္း
ဇန္န၀ါရီ - ၃၁