【 ဆောင်းပါး 】 လွတ်ငြိမ်းခွင့်ကြောင့် ထောင်ဆူဦးမှာလား

【 ဆောင်းပါး 】 လွတ်ငြိမ်းခွင့်ကြောင့် ထောင်ဆူဦးမှာလား

စစ်အစိုးရလက်ထက်ထောင်နှင့် ယခုထောင် ဘာကွာသွားပြီလဲဟု ယနေ့ထိတိုင် ထောင်နှင့်သိပ်မဝေးသေးသည့် မိတ်ဆွေနိုင်ကျဉ်းဟောင်းတချို့ထံ စပ်စုကြည့်မိသည်။ကျနော်စပ်စုကြည့်ဖူးသော နိုင်ကျဉ်းဟောင်းများက အထိုက်အလျောက်ကွာခြားသွားပြီဟု ဆိုကြသည်။

ယခင်စစ်အစိုးရလက်ထက်က ရိုက်ဟယ်နှက်ဟယ် ခြိမ်းခြောက်နည်းမျိုးစုံရယ်ဖြင့် ဓားပြတိုက်နေသည့်နှယ် အဂတိလိုက်စားမှုကို ထောင်အာဏာပိုင်တို့က အကျဉ်းသားအရာရှိများအား အသုံးချကာ ဗြောင်ကျူးလွန်ကြ သည်။ယခုအခါမှာတော့ ထိုသို့အရိုက်အနှက်ဇယားများက လျော့ပါးသွားပြီဖြစ်သော်လည်း အဂတိလိုက်စားမှုမှာမူ ကျန်နေသေးမြဲဟုယူဆကြောင်း မိတ်ဆွေတို့ကဆိုသည်။

ယနေ့ကာလ ထောင်အာဏာပိုင်တို့၏ ထောင်တွင်းအဂတိလိုက်စားမှုမှာ သိသာသိစေ၊ မမြင်စေနဲ့ ပုံစံမျိုးလေလားမသိ။ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အတန်အသင့်လျော့ပါးလာသည်။ထောင်တွင်း စားရေးသောက်ရေးဘ၀ အတန်ငယ်ကောင်းလာသည်။သို့သော်၊ ထောင်များတွင် လူကြပ်တည်းမှုမှာ ယနေ့ထိတိုင်ရှိနေဆဲဟု ဆိုကြသည်။

ဘယ်လောက်ထိအောင် ကြပ်နေသေးသလဲဟုထပ် မေးကြည့်တော့ ကိုယ်တွေတုန်းကလိုပဲဟု ဖြေကြသည်။ကျနော်မေးကြည့်သော နိုင်ကျဉ်းဟောင်းတို့မှာ အသွင်ကူးပြောင်းရေးကာလ ထောင်ကိုမြည်းစမ်းကြည့်ဖူးခြင်းမရှိသော်လည်း မြည်းစမ်းဖူးသော လူငယ်များနှင့် အနေနီးသူများဖြစ်၍ သူတို့၏ကောက်ချက်မှာ အမှားမများနိုင်။

ထောင်ထဲ လူကြပ်ခြင်းအရသာကို ခံစားမိတာက ၁၉၉၀ ပြည့်နှစ် ကျနော် မုံရွာထောင်ထဲရောက်ပြီး နည်းနည်းကြာကတည်းကဖြစ်သည်။မုံရွာထောင်ထဲ စရောက်ခါစ ၁၉၉၀ ပြည့်နှစ် ဧပြီလကုန်ပိုင်းတွင် တောင်ယာဆောင်ဟု အမည်ရသော အဆောင်၌ နိုင်ကျဉ်း ၁၀ ယောက်ကျော်သာ ထားသဖြင့် ကြိုက်သလောက် လူးနိုင်လိမ့်နိုင်ခဲ့သည်။နောက်ထပ် ၃ လပင်မကြာ ထောင်မကြီး အချုပ်ဆောင်တွင် လူသိပ်များလာသဖြင့် မူးယစ်ပုဒ်မအချုပ်သားများကို တောင်ယာဆောင်သို့ရွှေ့။၁၀ ယောက်ကျော်နေခဲ့သော အခန်းတွင် လူ ၇၀၊ ၈၀ မက နေခဲ့ရသည်မှာ ထောင်ကျ၍ ထောင်ကျဆောင်ပြောင်းသည့်အချိန်ထိ။ထောင်ကျပြီးမကြာမီ မန္တလေးထောင် ရောက်တော့လည်း လူကြပ်လိုက်တာမှ တစ်ယောက်နှင့် တစ်ယောက် ထပ်အိပ်ရမတတ်။ပက်လက်အိပ်ရင်း ဘေးစောင်းဖို့ပင်ခက်ရ။သို့သော်၊ မည်သည့်ထောင်တွင်မဆို အိပ်စရာ လူတိုင်းကြပ်နေတာတော့မဟုတ်။

မန္တလေး နန်းတွင်းထောင်ရှိ ထောင်ကျအခန်းများမှာ သံမံတလင်းပေါ် ပေါင်လယ်လောက်ထိမြင့်သော သစ်သားကွပ်ပစ်ရှည် အခန်းအစမှ အဆုံးထိ။အခန်း၏ခေါင်းရင်း ဘုရားစင်ရှိသောနေရာတွင် တန်းစီးကဲ့သို့၊ စည်းကမ်းထိန်းသိမ်းရေးကဲ့သို့သော အကျဉ်းသားအရာရှိများ အိပ်ကြသည်။သူတို့အိပ်သောနေရာမှာ အကျယ်ကြီး။သူတို့ပြီးလျှင် လိုင်းကြေးကောင်းကောင်းပေးထားသော အကျဉ်းသားများ၊ သူတို့အိပ်ရသည့် အကျယ်အဝန်းမှာလည်း နည်းနည်းခပ်ကျယ်ကျယ်။သူတို့ပြီးလျှင် ငွေတစ်ပြားမှမရသော်လည်း မျက်နှာနာရသော ကျနော်တို့နိုင်ကျဉ်းများနေရာ။
ကျနော်တို့နေရာသည်လည်း အရမ်းမကျယ်သော်လည်း မကြပ်သဖြင့် မဆိုး။ကျနော်တို့ပြီးလျှင်တော့ ငွေပေးနိုင်မှု အများ၊ အနည်းအလိုက် နေရာကကြပ်သွားသည်။တစ်ပြားမှမပေးနိုင်သူများမှာ အိမ်သာနား ကွပ်ပစ်ပေါ်နှင့် သံမံတလင်းပေါ် အသားချင်းထိ လှုပ်မရအနေအထားဖြင့်အိပ်။

ထိုသို့လူကြပ်တာကလည်းမပြောနဲ့၊ မကြာခဏဆိုသလို မှောင်ရိပ်ခိုမှုဖြင့် ထောင်တစ်ပတ်ကျသူက   မနည်းလှ။ယင်းအမှုဖြင့် ထောင်ကျသူတို့၏ သုံးပုံနှစ်ပုံခန့်မှာ ဘူတာရုံတွင် ရထားစောင့်နေသူများနှင့် ကောင်းရောင်းကောင်းဝယ်များသာဖြစ်သည်။ဘာ့ကြောင့် သူတို့ကိုဖမ်းဆီးအမှုဖွင့်သလဲဆိုတာ ထားတော့။မှောင်ရိပ်ခိုဆိုလျှင် တရားသူကြီးက ဘာမှစစ်မနေ၊ စွပ်စွဲခံဘက်ကလည်း ခုခံချေပခွင့်မရှိ။ မည်သူ့ကိုမဆို ထောင်တစ်ပတ်ကျခံစေ။

ဒီဘက်နှစ်များတွင်တော့ ကြုံရာလူကို မှောင်ရိပ်ခိုမှုဖြင့် မဖမ်းတာသေချာသည်။သို့သော်၊ ကျနော့မိတ်ဆွေ၏ သားဆိုလျှင် သူ့သူငယ်ချင်းနှင့်အတူ လမ်းလျှောက်လာရင်း ရဲကဖမ်းသည်။စစ်ကြည့်တော့ သူ့သူငယ်ချင်းထံတွင် ဆေးပေါ့လိပ်တစ်ဝက်စာမျှရှိသော ဆေးခြောက်မိသည်။
သူတို့နှစ်ယောက်စလုံး အမှုရင်ဆိုင်၊ ထောင်ထဲရောက်။တရားသူကြီးက စီရင်ချက်ချတော့ ဆေးခြောက်မိသူက ထောင် ၁၁ နှစ်၊ ဘာမှမမိသော မိတ်ဆွေ၏သားက ထောင်ဒဏ် ၅ နှစ်။သူတို့နှစ်ဦးစလုံးမှာ အသက် ၂၀ ၀န်းကျင်။၂၀၁၉ ခုနှစ်ကမှ စီရင်ချက်ချခြင်းဖြစ်သည်။
မြန်မာ့မူးယစ်သုံးစွဲဥပဒေများတွင် ပညာပေးအစီအစဉ်ဆိုသည်မှာ ယနေ့ထိတိုင်ရှိရန် ကြံဆဆဲအခြေအနေမို့ သူတို့လူလိုတွေက ထောင်ထဲတွင်သောက်သောက်လဲ။

ထို့ကြောင့် ထောင်တွင်း လူကြပ်ခြင်းပြဿနာမှာ စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့သော်လည်း အော်လို့ရသော ယခုလိုအချိန်မျိုးကျမှ အသံမြည်လာရသည်။တချို့ကလည်း NLD အစိုးရလက်ထက်ကျမှပဲ ထောင်တွင်းလူကြပ်သလိုလို အတည်ပေါက်လုပ်တာမျိုးလည်းရှိသည်။

မည်သို့ပင်ဆိုစေ၊ ထောင်တွင်း လူကြပ်ခြင်းသည် မည်သည့်အချိန်တွင်မဆို ကောင်းသည့်ကိစ္စမဟုတ်တာ သေချာသည်။ယခုလို ကမ္ဘာနှင့်ချီ အကြပ်အတည်းတွေ့နေသောကာလ၊ လူလူချင်း ၃ ပေအကွာမှ ဆက်ဆံပါဆိုသည့် COVID-19 ကာလတွင် ထောင်တွင်း လူကြပ်ခြင်းသည် ပို၍မကောင်းသောကိစ္စဖြစ်သည်။

ထောင်ထဲတွင် ၃ ပေအကွာမှ ဆက်ဆံရန်မှာ မည်သို့မျှမဖြစ်နိုင်ကြောင်း ထောင်ကျဖူးသူတိုင်း သိကြသည်။အထူးသဖြင့် ပူးကပ်တိုးဝှေ့အိပ်ရသော ညလိုအချိန်မျိုးတွင် လုံးဝမဖြစ်နိုင်။ထို့ကြောင့် မတ်လ ၂၃ ရက်နေ့ COVID-19 အတည်ပြုလူနာ စတွေ့ပြီဆိုသောအချိန်ကတည်းက အကျဉ်းသားများခမျာ ကြောက်နေကြသည်ဟု ထောင်ကျနေသောသားကို အင်းစိန်ထောင်တွင် ထောင်ဝင်စာသွားတွေ့သော ကျနော့်မိတ်ဆွေထံမှ သိရသည်။

'အခုဆို ပိုးတွေ့တာနည်းနည်းများလာတော့ ပိုဆိုးလာတာပေါ့။လူသစ်တွေဝင်လာရင် ပိုးပါလာမလားလို့ ကြောက်ကြတယ်။' ဟု မိတ်ဆွေကဆိုသည်။

ထောင်ကျဆောင်မှာရော အချုပ်ဆောင်မှာပါ ရုံးပိတ်ရက်ကလွဲလို့ နေ့စဉ် လူသစ်များဝင်မြဲဖြစ်သည်။ထို့ပြင် ထောင်ဝင်စာလာတွေ့သူများမှတစ်ဆင့်လည်း ကူးစက်နိုင်သဖြင့် ထောင်အာဏာပိုင်များကလည်း ကူးနိုင်စက်နိုင်မည့်လမ်းကြောင်းများနှင့် ကာကွယ်ရေးအစီအစဉ်ကို ကျန်းမာရေးဌာန၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်နေသည်ဟု သိရသည်။

COVID-19 ၏ ကူးစက်နှုန်းက ကူးပြီဟေ့ဆိုလျှင် ပြင်ပကမ္ဘာတွင်ပင် ထိန်းမနိုင်သိမ်းမရဆိုတော့ ထောင်ထဲလို ကျဉ်းကျဉ်းကြပ်ကြပ်ဖြင့် အစစအရာရာချို့တဲ့သော နေရာမျိုးတွင်ဆို တော်တော့်ကိုမလွယ်ကိန်း။

ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (AAPP) က လွတ်ငြိမ်းခွင့် အမြန်ဆုံးပေးရန် နိုင်ငံတော်သမ္မတထံ တောင်းဆိုခဲ့သည်။မြန်မာနှစ်ဆန်း (၁) ရက်နေ့ရောက်တိုင်း လွတ်ငြိမ်းခွင့်ပေးနေကျလို ဖြစ်နေခြင်းကြောင့် ယခုလိုအရေးပေါ်အခြေအနေတွင် ထောင်တွင်းလူလျှော့ချနိုင်ရန်အလို့ငှာ နှစ်ဆန်း (၁) ရက် မစောင့်ဘဲပေးရန် ပြောခြင်းဖြစ်သည်။(သို့သော်၊ သင်္ကြန်ပိတ်ရက်နီးအထိ လွတ်ငြိမ်းချမ်းသာ အသံမကြားရသေးသလို သင်္ကြန်ပိတ်ရက်ရှည် ၁၀ ရက်မှ ၁၉ ရက်အတွင်း အိမ်ပြင်မထွက်ရ ညွှန်ကြားချက်ကလည်း ရှိနေပြန်သည်။နှစ်ဆန်း ၁ ရက်နေ့သည် ဧပြီ ၁၇ ရက်နေ့မို့ အိမ်ပြင်မထွက်ရကာလထဲ ရောက်နေပြန်သဖြင့် လွတ်ငြိမ်းခွင့်ပြုသည့်တိုင် နှစ်ဆန်း ၁ ရက်နေ့ ကျော်မည်ဟုထင်၏။)

ထို့ပြင် အကျဉ်းသားဦးရေ လျှော့ချခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှုကို ကန့်သတ်ထိန်းချုပ်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း ဧပြီ ၄ ရက်တွင် ကြေညာချက်ထုတ် တိုက်တွန်းခဲ့သည်။

နှစ်ဆန်း (၁) ရက်သို့ ရောက်တော့မှာလည်း မကြာတော့သလို လွတ်ငြိမ်းခွင့်ပြုရန် အထက်ပါအဖွဲ့များ၏ အသံတို့ကလည်းရှိလာပြန်၊ COVID-19 အကျပ်အတည်းကာလသို့လည်း ရောက်နေပြန်သဖြင့် ထောင်တိုင်းနှင့် အကျဉ်းသားတိုင်းတွင် လွတ်ငြိမ်းချမ်းသာဆိုသည့်အသံက ဆူညံပွက်နေမှာသေချာသည်။သို့သော်၊ သေချာတာက လွတ်ငြိမ်းခွင့်ပြုသည့်တိုင် အကျဉ်းသားတိုင်းကို လွတ်ငြိမ်းခွင့်ပြုမည်တော့မဟုတ်။ထို့ကြောင့် အကျဉ်းသားတိုင်း လွတ်ငြိမ်းခွင့်မရသဖြင့် ထောင်ဆူဦးမှာလားဟု မေးရပေမည်။ဘာကြောင့် ထိုသို့မေးရတာလဲဆိုတော့ ပြီးခဲ့သည့်နှစ်၊ နှစ်ဆန်း (၁) ရက်ကစလို့ လူရွေးချယ် လွတ်ငြိမ်းခွင့်ပြုခဲ့ရာ မြန်မာ့အကျဉ်းထောင်များရာဇဝင်တွင် တစ်ခါမျှမဖြစ်ဖူးသော ထောင်တွင်းဆူပူမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

၂၀၁၉ ဧပြီ ၂၀ ရက်တွင် စစ်တွေထောင် စဆူသည်။ဆက်တိုက်ဆိုသလို ရွှေဘိုထောင်နှင့် မုပ္ပလင်ရဲဘက်စခန်း။မေ ၇ ရက်နေ့ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်ငြိမ်းခွင့်ရပြီးနောက် မေ ၈ ရက်မှ စတင်ကာ ကလေးထောင်၊ ဘားအံထောင်နှင့် ရွှေဘိုထောင်။မေ ၉ ရက်တွင် ရွှေဘိုထောင်၊ မြစ်ကြီးနားထောင်၊ သာယာဝတီထောင်၊ ပုသိမ်ထောင်နှင့် သာယာဝတီထောင်။ရွှေဘိုထောင်တွင် ပစ်ခတ်ထိန်းသိမ်းရသည့်အဆင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့သည်။ရွှေဘိုထောင် ဆူပူမှုကို Live လွှင့်သဖြင့် ပြည်သူများကြား ကျော်ကြားခဲ့သေးသည်။

ပြောရလျှင် ၂၀၁၉ ခုနှစ် တစ်ထောင်ပြီး တစ်ထောင် ဆူပူမှုများမှာ နောက်ကွယ်မှ အချက်ပြမှုတစ်ခုခုဖြင့် အစီအစဉ်တကျဆောင်ရွက်သော လုံးဝရိုးသားမှုမရှိသည့် ဆူပူမှုများဖြစ်ကြောင်း နိုင်ကျဉ်းဟောင်းတိုင်းက ယုံကြည်ခဲ့ကြသည်။၂၀၁၉ ထောင်ဆူပူမှုအကြောင်းမှန်ကို မသိရသော်လည်း ထောင်ဆူခြင်းသည် ထောင်အာဏာပိုင်တို့၏ စီမံခန့်ခွဲမှုအားနည်းချက်ပင်ဖြစ်သည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ COVID-19 ကြောင့် ကမ္ဘာနှင့်ချီ အကျပ်အတည်းတွေ့နေချိန်တွင် လွတ်ငြိမ်းခွင့်ကြောင့် ယမန်နှစ်ကလို ထောင်ဆူပူမှုများမဖြစ်အောင် မည်သို့သောအစီအမံများ ရေးဆွဲထားသနည်း။ယခုလို အကျပ်အတည်းကာလတွင် တစ်ပူပေါ် နှစ်ပူမဆင့်မိစေရန် ထောင်အာဏာပိုင်များ အလေးအနက်ပြုမိလိမ့်မည်ဟု ယူဆပါသည်။

တစ်နေ့ရွှေပြီး တစ်နေ့ငွေနိုင်သော မရေရာသည့် COVID-19 အခြေအနေအရ အကန့်အသတ်ဖြင့် လွတ်ငြိမ်းခွင့်မြန်မြန်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်သလို လွတ်ငြိမ်းခွင့်ကြောင့် ထောင်မဆူရန်မှာ ထောင်အာဏာပိုင်တို့၏ တာဝန်ဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
ဧပြီ - ၁၆
( Zawgyi )
စစ္အစိုးရလက္ထက္ေထာင္ႏွင့္ ယခုေထာင္ ဘာကြာသြားၿပီလဲဟု ယေန႔ထိတိုင္ ေထာင္ႏွင့္သိပ္မေဝးေသးသည့္ မိတ္ေဆြႏိုင္က်ဥ္းေဟာင္းတခ်ိဳ႕ထံ စပ္စုၾကည့္မိသည္။က်ေနာ္စပ္စုၾကည့္ဖူးေသာ ႏိုင္က်ဥ္းေဟာင္းမ်ားက အထိုက္အေလ်ာက္ကြာျခားသြားၿပီဟု ဆိုၾကသည္။

ယခင္စစ္အစိုးရလက္ထက္က ႐ိုက္ဟယ္ႏွက္ဟယ္ ၿခိမ္းေျခာက္နည္းမ်ိဳးစုံရယ္ျဖင့္ ဓားျပတိုက္ေနသည့္ႏွယ္ အဂတိလိုက္စားမႈကို ေထာင္အာဏာပိုင္တို႔က အက်ဥ္းသားအရာရွိမ်ားအား အသုံးခ်ကာ ေျဗာင္က်ဴးလြန္ၾက သည္။ယခုအခါမွာေတာ့ ထိုသို႔အ႐ိုက္အႏွက္ဇယားမ်ားက ေလ်ာ့ပါးသြားၿပီျဖစ္ေသာ္လည္း အဂတိလိုက္စားမႈမွာမူ က်န္ေနေသးၿမဲဟုယူဆေၾကာင္း မိတ္ေဆြတို႔ကဆိုသည္။

ယေန႔ကာလ ေထာင္အာဏာပိုင္တို႔၏ ေထာင္တြင္းအဂတိလိုက္စားမႈမွာ သိသာသိေစ၊ မျမင္ေစနဲ႔ ပုံစံမ်ိဳးေလလားမသိ။ေထာင္တြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား အတန္အသင့္ေလ်ာ့ပါးလာသည္။ေထာင္တြင္း စားေရးေသာက္ေရးဘ၀ အတန္ငယ္ေကာင္းလာသည္။သို႔ေသာ္၊ ေထာင္မ်ားတြင္ လူၾကပ္တည္းမႈမွာ ယေန႔ထိတိုင္ရွိေနဆဲဟု ဆိုၾကသည္။

ဘယ္ေလာက္ထိေအာင္ ၾကပ္ေနေသးသလဲဟုထပ္ ေမးၾကည့္ေတာ့ ကိုယ္ေတြတုန္းကလိုပဲဟု ေျဖၾကသည္။က်ေနာ္ေမးၾကည့္ေသာ ႏိုင္က်ဥ္းေဟာင္းတို႔မွာ အသြင္ကူးေျပာင္းေရးကာလ ေထာင္ကိုျမည္းစမ္းၾကည့္ဖူးျခင္းမရွိေသာ္လည္း ျမည္းစမ္းဖူးေသာ လူငယ္မ်ားႏွင့္ အေနနီးသူမ်ားျဖစ္၍ သူတို႔၏ေကာက္ခ်က္မွာ အမွားမမ်ားႏိုင္။

ေထာင္ထဲ လူၾကပ္ျခင္းအရသာကို ခံစားမိတာက ၁၉၉၀ ျပည့္ႏွစ္ က်ေနာ္ မုံ႐ြာေထာင္ထဲေရာက္ၿပီး နည္းနည္းၾကာကတည္းကျဖစ္သည္။မုံ႐ြာေထာင္ထဲ စေရာက္ခါစ ၁၉၉၀ ျပည့္ႏွစ္ ဧၿပီလကုန္ပိုင္းတြင္ ေတာင္ယာေဆာင္ဟု အမည္ရေသာ အေဆာင္၌ ႏိုင္က်ဥ္း ၁၀ ေယာက္ေက်ာ္သာ ထားသျဖင့္ ႀကိဳက္သေလာက္ လူးႏိုင္လိမ့္ႏိုင္ခဲ့သည္။ေနာက္ထပ္ ၃ လပင္မၾကာ ေထာင္မႀကီး အခ်ဳပ္ေဆာင္တြင္ လူသိပ္မ်ားလာသျဖင့္ မူးယစ္ပုဒ္မအခ်ဳပ္သားမ်ားကို ေတာင္ယာေဆာင္သို႔ေ႐ႊ႕။၁၀ ေယာက္ေက်ာ္ေနခဲ့ေသာ အခန္းတြင္ လူ ၇၀၊ ၈၀ မက ေနခဲ့ရသည္မွာ ေထာင္က်၍ ေထာင္က်ေဆာင္ေျပာင္းသည့္အခ်ိန္ထိ။ေထာင္က်ၿပီးမၾကာမီ မႏၲေလးေထာင္ ေရာက္ေတာ့လည္း လူၾကပ္လိုက္တာမွ တစ္ေယာက္ႏွင့္ တစ္ေယာက္ ထပ္အိပ္ရမတတ္။ပက္လက္အိပ္ရင္း ေဘးေစာင္းဖို႔ပင္ခက္ရ။သို႔ေသာ္၊ မည္သည့္ေထာင္တြင္မဆို အိပ္စရာ လူတိုင္းၾကပ္ေနတာေတာ့မဟုတ္။

မႏၲေလး နန္းတြင္းေထာင္ရွိ ေထာင္က်အခန္းမ်ားမွာ သံမံတလင္းေပၚ ေပါင္လယ္ေလာက္ထိျမင့္ေသာ သစ္သားကြပ္ပစ္ရွည္ အခန္းအစမွ အဆုံးထိ။အခန္း၏ေခါင္းရင္း ဘုရားစင္ရွိေသာေနရာတြင္ တန္းစီးကဲ့သို႔၊ စည္းကမ္းထိန္းသိမ္းေရးကဲ့သို႔ေသာ အက်ဥ္းသားအရာရွိမ်ား အိပ္ၾကသည္။သူတို႔အိပ္ေသာေနရာမွာ အက်ယ္ႀကီး။သူတို႔ၿပီးလွ်င္ လိုင္းေၾကးေကာင္းေကာင္းေပးထားေသာ အက်ဥ္းသားမ်ား၊ သူတို႔အိပ္ရသည့္ အက်ယ္အဝန္းမွာလည္း နည္းနည္းခပ္က်ယ္က်ယ္။သူတို႔ၿပီးလွ်င္ ေငြတစ္ျပားမွမရေသာ္လည္း မ်က္ႏွာနာရေသာ က်ေနာ္တို႔ႏိုင္က်ဥ္းမ်ားေနရာ။
က်ေနာ္တို႔ေနရာသည္လည္း အရမ္းမက်ယ္ေသာ္လည္း မၾကပ္သျဖင့္ မဆိုး။က်ေနာ္တို႔ၿပီးလွ်င္ေတာ့ ေငြေပးႏိုင္မႈ အမ်ား၊ အနည္းအလိုက္ ေနရာကၾကပ္သြားသည္။တစ္ျပားမွမေပးႏိုင္သူမ်ားမွာ အိမ္သာနား ကြပ္ပစ္ေပၚႏွင့္ သံမံတလင္းေပၚ အသားခ်င္းထိ လႈပ္မရအေနအထားျဖင့္အိပ္။

ထိုသို႔လူၾကပ္တာကလည္းမေျပာနဲ႔၊ မၾကာခဏဆိုသလို ေမွာင္ရိပ္ခိုမႈျဖင့္ ေထာင္တစ္ပတ္က်သူက   မနည္းလွ။ယင္းအမႈျဖင့္ ေထာင္က်သူတို႔၏ သုံးပုံႏွစ္ပုံခန႔္မွာ ဘူတာ႐ုံတြင္ ရထားေစာင့္ေနသူမ်ားႏွင့္ ေကာင္းေရာင္းေကာင္းဝယ္မ်ားသာျဖစ္သည္။ဘာ့ေၾကာင့္ သူတို႔ကိုဖမ္းဆီးအမႈဖြင့္သလဲဆိုတာ ထားေတာ့။ေမွာင္ရိပ္ခိုဆိုလွ်င္ တရားသူႀကီးက ဘာမွစစ္မေန၊ စြပ္စြဲခံဘက္ကလည္း ခုခံေခ်ပခြင့္မရွိ။ မည္သူ႔ကိုမဆို ေထာင္တစ္ပတ္က်ခံေစ။

ဒီဘက္ႏွစ္မ်ားတြင္ေတာ့ ႀကဳံရာလူကို ေမွာင္ရိပ္ခိုမႈျဖင့္ မဖမ္းတာေသခ်ာသည္။သို႔ေသာ္၊ က်ေနာ့မိတ္ေဆြ၏ သားဆိုလွ်င္ သူ႔သူငယ္ခ်င္းႏွင့္အတူ လမ္းေလွ်ာက္လာရင္း ရဲကဖမ္းသည္။စစ္ၾကည့္ေတာ့ သူ႔သူငယ္ခ်င္းထံတြင္ ေဆးေပါ့လိပ္တစ္ဝက္စာမွ်ရွိေသာ ေဆးေျခာက္မိသည္။
သူတို႔ႏွစ္ေယာက္စလုံး အမႈရင္ဆိုင္၊ ေထာင္ထဲေရာက္။တရားသူႀကီးက စီရင္ခ်က္ခ်ေတာ့ ေဆးေျခာက္မိသူက ေထာင္ ၁၁ ႏွစ္၊ ဘာမွမမိေသာ မိတ္ေဆြ၏သားက ေထာင္ဒဏ္ ၅ ႏွစ္။သူတို႔ႏွစ္ဦးစလုံးမွာ အသက္ ၂၀ ၀န္းက်င္။၂၀၁၉ ခုႏွစ္ကမွ စီရင္ခ်က္ခ်ျခင္းျဖစ္သည္။
ျမန္မာ့မူးယစ္သုံးစြဲဥပေဒမ်ားတြင္ ပညာေပးအစီအစဥ္ဆိုသည္မွာ ယေန႔ထိတိုင္ရွိရန္ ႀကံဆဆဲအေျခအေနမို႔ သူတို႔လူလိုေတြက ေထာင္ထဲတြင္ေသာက္ေသာက္လဲ။

ထို႔ေၾကာင့္ ေထာင္တြင္း လူၾကပ္ျခင္းျပႆနာမွာ စစ္အစိုးရလက္ထက္ကတည္းက ရွိခဲ့ေသာ္လည္း ေအာ္လို႔ရေသာ ယခုလိုအခ်ိန္မ်ိဳးက်မွ အသံျမည္လာရသည္။တခ်ိဳ႕ကလည္း NLD အစိုးရလက္ထက္က်မွပဲ ေထာင္တြင္းလူၾကပ္သလိုလို အတည္ေပါက္လုပ္တာမ်ိဳးလည္းရွိသည္။

မည္သို႔ပင္ဆိုေစ၊ ေထာင္တြင္း လူၾကပ္ျခင္းသည္ မည္သည့္အခ်ိန္တြင္မဆို ေကာင္းသည့္ကိစၥမဟုတ္တာ ေသခ်ာသည္။ယခုလို ကမာၻႏွင့္ခ်ီ အၾကပ္အတည္းေတြ႕ေနေသာကာလ၊ လူလူခ်င္း ၃ ေပအကြာမွ ဆက္ဆံပါဆိုသည့္ COVID-19 ကာလတြင္ ေထာင္တြင္း လူၾကပ္ျခင္းသည္ ပို၍မေကာင္းေသာကိစၥျဖစ္သည္။

ေထာင္ထဲတြင္ ၃ ေပအကြာမွ ဆက္ဆံရန္မွာ မည္သို႔မွ်မျဖစ္ႏိုင္ေၾကာင္း ေထာင္က်ဖူးသူတိုင္း သိၾကသည္။အထူးသျဖင့္ ပူးကပ္တိုးေဝွ႔အိပ္ရေသာ ညလိုအခ်ိန္မ်ိဳးတြင္ လုံးဝမျဖစ္ႏိုင္။ထို႔ေၾကာင့္ မတ္လ ၂၃ ရက္ေန႔ COVID-19 အတည္ျပဳလူနာ စေတြ႕ၿပီဆိုေသာအခ်ိန္ကတည္းက အက်ဥ္းသားမ်ားခမ်ာ ေၾကာက္ေနၾကသည္ဟု ေထာင္က်ေနေသာသားကို အင္းစိန္ေထာင္တြင္ ေထာင္ဝင္စာသြားေတြ႕ေသာ က်ေနာ့္မိတ္ေဆြထံမွ သိရသည္။

'အခုဆို ပိုးေတြ႕တာနည္းနည္းမ်ားလာေတာ့ ပိုဆိုးလာတာေပါ့။လူသစ္ေတြဝင္လာရင္ ပိုးပါလာမလားလို႔ ေၾကာက္ၾကတယ္။' ဟု မိတ္ေဆြကဆိုသည္။

ေထာင္က်ေဆာင္မွာေရာ အခ်ဳပ္ေဆာင္မွာပါ ႐ုံးပိတ္ရက္ကလြဲလို႔ ေန႔စဥ္ လူသစ္မ်ားဝင္ၿမဲျဖစ္သည္။ထို႔ျပင္ ေထာင္ဝင္စာလာေတြ႕သူမ်ားမွတစ္ဆင့္လည္း ကူးစက္ႏိုင္သျဖင့္ ေထာင္အာဏာပိုင္မ်ားကလည္း ကူးႏိုင္စက္ႏိုင္မည့္လမ္းေၾကာင္းမ်ားႏွင့္ ကာကြယ္ေရးအစီအစဥ္ကို က်န္းမာေရးဌာန၏ လမ္းၫႊန္မႈအတိုင္း ေဆာင္႐ြက္ေနသည္ဟု သိရသည္။

COVID-19 ၏ ကူးစက္ႏႈန္းက ကူးၿပီေဟ့ဆိုလွ်င္ ျပင္ပကမာၻတြင္ပင္ ထိန္းမႏိုင္သိမ္းမရဆိုေတာ့ ေထာင္ထဲလို က်ဥ္းက်ဥ္းၾကပ္ၾကပ္ျဖင့္ အစစအရာရာခ်ိဳ႕တဲ့ေသာ ေနရာမ်ိဳးတြင္ဆို ေတာ္ေတာ့္ကိုမလြယ္ကိန္း။

ထို႔ေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအသင္း (AAPP) က လြတ္ၿငိမ္းခြင့္ အျမန္ဆုံးေပးရန္ ႏိုင္ငံေတာ္သမၼတထံ ေတာင္းဆိုခဲ့သည္။ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔ေရာက္တိုင္း လြတ္ၿငိမ္းခြင့္ေပးေနက်လို ျဖစ္ေနျခင္းေၾကာင့္ ယခုလိုအေရးေပၚအေျခအေနတြင္ ေထာင္တြင္းလူေလွ်ာ့ခ်ႏိုင္ရန္အလို႔ငွာ ႏွစ္ဆန္း (၁) ရက္ မေစာင့္ဘဲေပးရန္ ေျပာျခင္းျဖစ္သည္။(သို႔ေသာ္၊ သၾကၤန္ပိတ္ရက္နီးအထိ လြတ္ၿငိမ္းခ်မ္းသာ အသံမၾကားရေသးသလို သၾကၤန္ပိတ္ရက္ရွည္ ၁၀ ရက္မွ ၁၉ ရက္အတြင္း အိမ္ျပင္မထြက္ရ ၫႊန္ၾကားခ်က္ကလည္း ရွိေနျပန္သည္။ႏွစ္ဆန္း ၁ ရက္ေန႔သည္ ဧၿပီ ၁၇ ရက္ေန႔မို႔ အိမ္ျပင္မထြက္ရကာလထဲ ေရာက္ေနျပန္သျဖင့္ လြတ္ၿငိမ္းခြင့္ျပဳသည့္တိုင္ ႏွစ္ဆန္း ၁ ရက္ေန႔ ေက်ာ္မည္ဟုထင္၏။)

ထို႔ျပင္ အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ျခင္းျဖင့္ ဗိုင္းရပ္စ္ကူးစက္ႏိုင္မႈကို ကန႔္သတ္ထိန္းခ်ဳပ္ရန္ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) ကလည္း ဧၿပီ ၄ ရက္တြင္ ေၾကညာခ်က္ထုတ္ တိုက္တြန္းခဲ့သည္။

ႏွစ္ဆန္း (၁) ရက္သို႔ ေရာက္ေတာ့မွာလည္း မၾကာေတာ့သလို လြတ္ၿငိမ္းခြင့္ျပဳရန္ အထက္ပါအဖြဲ႕မ်ား၏ အသံတို႔ကလည္းရွိလာျပန္၊ COVID-19 အက်ပ္အတည္းကာလသို႔လည္း ေရာက္ေနျပန္သျဖင့္ ေထာင္တိုင္းႏွင့္ အက်ဥ္းသားတိုင္းတြင္ လြတ္ၿငိမ္းခ်မ္းသာဆိုသည့္အသံက ဆူညံပြက္ေနမွာေသခ်ာသည္။သို႔ေသာ္၊ ေသခ်ာတာက လြတ္ၿငိမ္းခြင့္ျပဳသည့္တိုင္ အက်ဥ္းသားတိုင္းကို လြတ္ၿငိမ္းခြင့္ျပဳမည္ေတာ့မဟုတ္။ထို႔ေၾကာင့္ အက်ဥ္းသားတိုင္း လြတ္ၿငိမ္းခြင့္မရသျဖင့္ ေထာင္ဆူဦးမွာလားဟု ေမးရေပမည္။ဘာေၾကာင့္ ထိုသို႔ေမးရတာလဲဆိုေတာ့ ၿပီးခဲ့သည့္ႏွစ္၊ ႏွစ္ဆန္း (၁) ရက္ကစလို႔ လူေ႐ြးခ်ယ္ လြတ္ၿငိမ္းခြင့္ျပဳခဲ့ရာ ျမန္မာ့အက်ဥ္းေထာင္မ်ားရာဇဝင္တြင္ တစ္ခါမွ်မျဖစ္ဖူးေသာ ေထာင္တြင္းဆူပူမႈမ်ား ျဖစ္ေပၚခဲ့ျခင္းေၾကာင့္ျဖစ္သည္။

၂၀၁၉ ဧၿပီ ၂၀ ရက္တြင္ စစ္ေတြေထာင္ စဆူသည္။ဆက္တိုက္ဆိုသလို ေ႐ႊဘိုေထာင္ႏွင့္ မုပၸလင္ရဲဘက္စခန္း။ေမ ၇ ရက္ေန႔ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး လြတ္ၿငိမ္းခြင့္ရၿပီးေနာက္ ေမ ၈ ရက္မွ စတင္ကာ ကေလးေထာင္၊ ဘားအံေထာင္ႏွင့္ ေ႐ႊဘိုေထာင္။ေမ ၉ ရက္တြင္ ေ႐ႊဘိုေထာင္၊ ျမစ္ႀကီးနားေထာင္၊ သာယာဝတီေထာင္၊ ပုသိမ္ေထာင္ႏွင့္ သာယာဝတီေထာင္။ေ႐ႊဘိုေထာင္တြင္ ပစ္ခတ္ထိန္းသိမ္းရသည့္အဆင့္ အက်ဥ္းသား ၄ ဦး ေသဆုံးခဲ့သည္။ေ႐ႊဘိုေထာင္ ဆူပူမႈကို Live လႊင့္သျဖင့္ ျပည္သူမ်ားၾကား ေက်ာ္ၾကားခဲ့ေသးသည္။

ေျပာရလွ်င္ ၂၀၁၉ ခုႏွစ္ တစ္ေထာင္ၿပီး တစ္ေထာင္ ဆူပူမႈမ်ားမွာ ေနာက္ကြယ္မွ အခ်က္ျပမႈတစ္ခုခုျဖင့္ အစီအစဥ္တက်ေဆာင္႐ြက္ေသာ လုံးဝ႐ိုးသားမႈမရွိသည့္ ဆူပူမႈမ်ားျဖစ္ေၾကာင္း ႏိုင္က်ဥ္းေဟာင္းတိုင္းက ယုံၾကည္ခဲ့ၾကသည္။၂၀၁၉ ေထာင္ဆူပူမႈအေၾကာင္းမွန္ကို မသိရေသာ္လည္း ေထာင္ဆူျခင္းသည္ ေထာင္အာဏာပိုင္တို႔၏ စီမံခန႔္ခြဲမႈအားနည္းခ်က္ပင္ျဖစ္သည္။

ယခု ၂၀၂၀ ျပည့္ႏွစ္၊ COVID-19 ေၾကာင့္ ကမာၻႏွင့္ခ်ီ အက်ပ္အတည္းေတြ႕ေနခ်ိန္တြင္ လြတ္ၿငိမ္းခြင့္ေၾကာင့္ ယမန္ႏွစ္ကလို ေထာင္ဆူပူမႈမ်ားမျဖစ္ေအာင္ မည္သို႔ေသာအစီအမံမ်ား ေရးဆြဲထားသနည္း။ယခုလို အက်ပ္အတည္းကာလတြင္ တစ္ပူေပၚ ႏွစ္ပူမဆင့္မိေစရန္ ေထာင္အာဏာပိုင္မ်ား အေလးအနက္ျပဳမိလိမ့္မည္ဟု ယူဆပါသည္။

တစ္ေန႔ေ႐ႊၿပီး တစ္ေန႔ေငြႏိုင္ေသာ မေရရာသည့္ COVID-19 အေျခအေနအရ အကန႔္အသတ္ျဖင့္ လြတ္ၿငိမ္းခြင့္ျမန္ျမန္ေပးရန္မွာ အစိုးရ၏တာဝန္ျဖစ္သလို လြတ္ၿငိမ္းခြင့္ေၾကာင့္ ေထာင္မဆူရန္မွာ ေထာင္အာဏာပိုင္တို႔၏ တာဝန္ျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
ဧၿပီ - ၁၆