【 ဆောင်းပါး 】 “ကိုဗစ် - ၁၉ ပေးတဲ့ အဆိုးထဲမှ အကောင်းများ”

【 ဆောင်းပါး 】 “ကိုဗစ် - ၁၉ ပေးတဲ့ အဆိုးထဲမှ အကောင်းများ”

ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ကင်ပွန်းတပ်ခံရတဲ့ မျက်စိနဲ့မမြင်ရတဲ့ ပိုးကောင်လေးတွေ မွှေချက်က တစ်ကမ္ဘာလုံးကို ဗြောင်းဆန်သွားစေပါတယ်။ဒင်းတို့ဟာ မျက်စိနဲ့မမြင်ရတဲ့ထိ သေးငယ်ပေလို့သာ သက်သာနေတာ၊ လူတွေမျက်စိနဲ့ မြင်ရလောက်တဲ့ အကောင်တွေဆို လူတွေလက်ချက်နဲ့ ခုလောက်ဆို ဒင်းတို့တတွေ စိစိညက်ညက်ကြေလောက် သေလောက်ပြီ။အခုတော့ ဒင်းက အင်္ဂလန်အိမ်ရှေ့မင်းသား ချာလ်းစ်နဲ့ ဝန်ကြီးချုပ်ကိုလဲ မလွတ်စေရ၊ အာဏာသက်တမ်းကို တစ်ဆက်ပြီးတစ်ဆက် အပြတ်အလပ်မရှိ ဆက်ပြီးယူထားလို့ရတဲ့အထိ ဉာဏ်များတဲ့ ရုရှားက သမ္မတပူတင်ကိုလည်း ချမ်းသာမပေးဆိုတော့ လူသာမန်တွေ ဒင်းတို့ကိုထိတ်လန့်မယ်ဆိုလည်း ထိတ်လန့်လောက်ပါပေတယ်။ WHO ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒင်းကလေးရဲ့ နာမည်အရှည်ကိုခေါ်နေရရင် ကမ္ဘာ့လူသားတွေ ပင်ပန်းချည်ရဲ့လို့ တွေးဟန်တူပါတယ်။ဒင်းကြောင့်ဖြစ်တဲ့ ရောဂါဆိုးကြီးကို ကိုဗစ် - ၁၉ လို့ တိုတိုတုတ်တုတ် အမည်နာမပေးလိုက်လေရဲ့။

ဒင်းတို့က စိနတိုင်းလို့ ရွှေမြန်မာတွေ ရှေးအခါကခေါ်တဲ့ တရုတ်တို့ရဲ့ တိုင်းဌာနကြီးက စထွက်လာတာဆိုပေမဲ့၊ ဘာမှမကြာတဲ့ ၃ လကျော် ၄ လဆိုတဲ့ အချိန်အတွင်း တစ်ကမ္ဘာလုံးကိုပတ်ပြီး ရောဂါကူးစေပါရောလား။ဒင်းတို့ပေးတဲ့ ရောဂါဆိုးကူးစက်ခံရတဲ့ လူထုရဲ့အသက်ကို ကယ်တင်ဖို့အတွက်၊ မကူးစက်သေးတဲ့ လူထုကို ကာကွယ်ဖို့အတွက် တိုင်းပြည်အသီးသီးက တာဝန်ရှိသူအစိုးရတွေ မျက်ကလဲဆန်ပြာဖြစ်နေကြတုန်း၊ ရောဂါဆိုးကို အကြောင်းပြုပြီး ကုန်သွယ်ရေးတိုက်ပွဲကနေ ဗိုင်းရပ်စ်တိုက်ပွဲအဖြစ် ပြောင်းဆင်နွှဲလိုက်သူတွေက လင်းယုန်တို့ရဲ့သခင် အန်ကယ်ဆန်နိုင်ငံကို အုပ်စိုးနေတဲ့ နာမည်ကြီးသမ္မတ ထရမ့်နဲ့ စိန တရုတ်ခေါင်းဆောင်တွေပါပဲ။ကိုဗစ် မလာခင်တုန်းက ကုန်သွယ်ရေးစစ်ပွဲ အကြီးအကျယ်ဆင်နွှဲနေတဲ့ အမေရိကန်နဲ့ တရုတ်ဟာ ကိုဗစ်အရေးပေါ်လာတော့ သူတို့ဖြစ်လက်စ စစ်ပွဲကို ခေါင်းစဉ်ပြောင်းလိုက်ကြပါတယ်။
ကမ္ဘာ့နံပတ် ၂ ဖြစ်လာတဲ့ တရုတ်ဟာ ဇီဝလက်နက်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ပိုး မွေးမြူဖြန့်ဖြူးသူလို့ အမေရိကန်နဲ့ အနောက်အုပ်စုက စွပ်စွဲလိုက်ကြပါတယ်။ဆတ်ဆတ်ထိမခံတဲ့ တရုတ်ကလည်း ပြန်ငြင်းဆန်ပြီး ထုံးစံအတိုင်း လေသံမာမာနဲ့ အနောက်အုပ်စုကို တုန့်ပြန်ပါတယ်။အင်အားကြီး ၂ နိုင်ငံဟာ ရောဂါပျောက်ရေး ပူးပေါင်းလုပ်ဆောင်ကြရမယ့်အစား တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လက်ညှိုးထိုး အပြစ်တင်ကြရင်း နာမည်ကြီးလှတဲ့ ထရမ့် က WHO ဟာ တရုတ်ဘက်ကို ဘက်လိုက်တယ် စွပ်စွဲပြီး ထောက်ပံ့နေတဲ့ ငွေကြေးကိုပါဖြတ်ချလိုက်တဲ့အထိ ကြမ်းပြရမ်းပြလိုက်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါကို အကြောင်းပြုပြီး ကမ္ဘာ့ထိပ်သီး  ၂ နိုင်ငံ စောင်နေကြတာကို အားကျမခံ အမှီလိုက်နေတဲ့ အုပ်စု ၂ စုဟာ အချိန်နဲ့တပြေးညီ စကြာဝဌာကြီးရဲ့ တစ်နေရာမှာ ပေါ်ပေါက်လာပါတယ်။လားလား ဒီအုပ်စု ၂ စုကတော့ ဇမ္ဗူဒီပါ လကျာ်တောင်စွန်းက ဩဘာနမိတ်ထွန်းတယ်ဆိုတဲ့ ရွှေမြန်မာနိုင်ငံကြီးထဲမှာ ပေါ်ပေါက်လာကြတာပါ။ကိုရိုနာဗိုင်းရပ်စ်က မျက်နှာသာပေးပြီး ရွှေမြန်မာတို့ရဲ့ စံဌာနီဆီ မတ် ၂၃ ရောက်မှ ငါရောက်နေပြီဟေ့လို့ ထအော်ဟစ်အသိပေးခဲ့တာပါ။ငါကမ္ဘာပတ်လာတာ ၃ လကျော်မှ မင်းတို့ဆီလာတာနော်လို့ ကျန်းမာရေးကြိုတင်ကာကွယ်မှုနည်းပြီး နေချင်သလိုနေ စားချင်သလိုစားကြသူ အများစုနေထိုင်ရာ ရွှေမြန်မာပြည်ကြီးကို လေပြေသွေးသလိုလိုနဲ့ သွားဖြဲပြလိုက်ပါတယ်။

ဒီကစပြီး ရွှေမြန်မာတို့ကြားမှာ အုပ်စု ၂ စု စစ်ပွဲဖြစ်ကြတော့တာပါ။နေရာကတော့ ဖွဘုတ်ကြီးဆိုတဲ့ စစ်မြေတလင်းပေါ်မှာပါ။အမေစုချစ်သူများအုပ်စုနဲ့ မွေမွေကိုကြည့်မရသူများအုပ်စုဟာ အပြန်အလှန် ကလောင်လက်နက်အသီးသီး ကိုင်စွဲပြီး ကိုဗစ်ကြောင့် ဖွဘုတ်ကြီးပေါ်မှာ ထွက်လာလိုက်ကြတာ နေ့စဉ်လိုလိုပါပဲ။ဒီချုပ်အစိုးရကြီးခမျာလည်း ရန် - ငါ အုပ်စုကြီး ၂ စုရဲ့ စစ်ပွဲကို ပေါလောကြီး မြင်ခွင့်ရသွားပါတော့တယ်။အားလုံးသိတဲ့ အတိုင်းပြည်တွင်းမှာသာ ၂၀၀၈ - ဘုတ်အုပ်စိမ်းကြီးအရ မွေမွေဟာအ တိုင်ပင်ခံဆိုတဲ့ ရာထူးကို ဥပဒေမဲ့ရယူထားသူလို့ ပုတ်ခတ်ခံနေရပေမဲ့၊ ကမ္ဘာဆိုတဲ့ဟာကြီးက မွေမွေကို မြန်မာနိုင်ငံ၏ အဓိပတိကြီးလို့ လက်ခံထားတာပါကလား။ဒီနေရာမှာ စကားချပ်အနေနဲ့ပြောချင်တာက စစ်ပွဲရှောင် ကြားနေအုပ်စုလည်း ရှိပါသေးတယ်။သူတို့က ဟိုအုပ်စု ၂ စုလို ဘာလုပ်လုပ် အပြစ်ရှာပြမယ်ဆိုတဲ့ အုပ်စုလည်းမဟုတ်၊ ဘာလုပ်လုပ် ထောက်ခံမယ်ဆိုတဲ့ အုပ်စုလည်းမဟုတ်တဲ့ အလယ်အလတ်လမ်းစဉ် အုပ်စုပါ။

မွေမွေဆိုတာက မြန်မာ့အခေါ် နိုင်ငံတော်၏အတိုင်ပင်ခံ၊ ကမ္ဘာ့အခေါ် မြန်မာ့အဓိပတိကြီးကို ရန်အုပ်စုက လှောင်ပြောင်ခေါ်ဝေါ်တဲ့ အမည်ပါ။လက်ရှိအစိုးရကြီး ဘာလုပ်လုပ် ရပ်တည်နေတဲ့ ငါအုပ်စုနဲ့ ကြားနေအုပ်စုကတော့ အတိုင်ပင်ခံကို အမေစုလို့ ချစ်စနိုးခေါ်ကြတာ အားလုံးအသိမဟုတ်လား။အဲ ကိုဗစ်လာရင်ဆိုပြီး ကြိုတင်ကာကွယ်ဖို့ အချိန် ၃ လ ရခဲ့ပါရဲ့နဲ့၊ ဒီမွေမွေဆိုတဲ့ မိန်းမကြီး လူစုလူဝေးတွေလုပ်၊ ဟိုလူထုနဲ့တွေ့ ဒီလူထုနဲ့တွေ့ အလုပ်ကောင်းနေတာ ခု ကိုဗစ်လာပြီဆိုတော့ အားလုံးသေကုန်တော့မှာပဲဆိုတဲ့ အရေးအသားတွေ ဖွဘုတ်ကြီးပေါ် စတက်လာပါတယ်။၂၀၂၀ မတ် ၂၃ မှာ ကိုဗစ်ပိုး ကူးခံထားရသူ ၂ ယောက် စတွေ့ရာကနေ ပြင်သစ်တိုးဂိုက်နဲ့ ပြင်သစ် ၃ ယောက်ပါ ဒီရောဂါကူးကြပြီဆိုတော့ ရွှေမြန်မာတို့ နည်းနည်းစထိတ်လန့်လာကြပါပြီ။ပြင်သစ်တိုးဂိုက် သွားခဲ့နေရာတွေက အများကြီး။တည်းခိုခဲ့တဲ့ ဟိုတယ်ကလည်း တစ်ခုမကဆိုတော့ ဖွဘုတ်ကြီးပေါ်မှာ မွေမွေကို အပြစ်တင်သူတွေများလာပါပြီ။

ဒီအချိန်မှာ ဆရာဝန်အသိုင်းအဝိုင်းထဲက တချို့ကလည်း ကျွန်တော့ဆေးရုံမှာ ဘာမရှိပါဘူး။ကျွန်မဆေးရုံမှာ ဘာမရှိပါဘူးဆိုတဲ့စာတွေ ဖွဘုတ်ပေါ်တက်လာတော့ ဒီတခါ ရန်အုပ်စုအတွက် အလှည့်ကျလာသူကတော့ ကျန်းမာရေးဝန်ပါ။လွန်ခဲ့တဲ့ ၃ လလောက်တုန်းက ကျန်းဝန်က ကျွန်တော်တို့ ကိုဗစ်ရောဂါကာကွယ်ဖို့ လုပ်ထားတာတွေကို နိုင်ငံခြားကလူတွေမြင်ရင် ဖျားတောင်သွားမယ်ဆိုတဲ့ စကားကို ဖွဘုတ်ပေါ်ပြန်တင်ကြ လှောင်ကြပြောင်ကြ၊ ကျန်းဝန်ပုံကို ကာတွန်းဆွဲကြနဲ့ ဖွဘုတ်ကြီးပေါ်မှာ ပွဲဆူသွားပါတယ်။ဖွဘုတ်ရဲ့ ထက်မြက်တဲ့အာနိသင်ကို သတိထားလာမိပုံရတဲ့ အတိုင်ပင်ခံဟာ ဧပြီ ၁ ရက်နေ့မှာ ဖွဘုတ်စသုံးပြီလို့ ရွှေမြန်မာလူထုကို အသိပေးလိုက်ပါတယ်။

အမေစုချစ်သူများက မေမေဆိုပြီး တမေထဲမေကြ၊ အမေစု အမေစုဆိုပြီး တစုထဲစုကြပြီး၊ အတိုင်ပင်ခံရဲ့ ဖွဘုတ်အဖွဲ့ဝင်များ (Follower) အဖြစ် ဝင်လာလိုက်ကြတာ ဖွဘုတ်ရာဇဝင်မှာ ဒီလောက်ဖော်လိုဝါအများကြီးရတဲ့အကောင့် မရှိဘူး။အတိုင်ပင်ခံတစ်ဦးသာရှိဆိုပဲ။ဒီသတင်းကို ပြန်ဖောက်သည်ချတဲ့ သတင်းဌာနတစ်ခုရဲ့ အစီအစဉ်ကြေညာသူ မိန်းကလေးက အမေစုရဲ့ ဖွဘုတ်ထဲမှာ ညစ်ညမ်းတဲ့အသုံးအနှုန်းသုံးသူတွေ ဆဲဆိုသူတချို့ရှိနေပြီး အတိုင်ပင်ခံအပေါ် မုဒိတာမပွားနိုင်တဲ့ စိတ်ပုတ်စိတ်ထားညံ့သူတွေ ရောဂါဆိုးကြီးကြောင့် လွင့်စင်သွားပါစေ ဆုတောင်းပေးလိုက်တာကြောင့် အံမယ် သတင်းမီဒီယာကျင့်ဝတ် မစောင့်စည်းသူလို့ မွေမွေအုပ်စုက ဆိုပါလေရော။

ကိုဗစ်ရောဂါကို ရဲရဲဝံ့ဝံ့ စိန်ခေါ်သူတစ်ဦးလည်း မြန်မာ့မြေမှာပေါ်လာပါပြီ။သူကတော့ ဘာသာတစ်ခုရဲ့ တရားဟောဆရာပါ။သူက ရွှေမြန်မာပြည်ကြီးဆီ ၂ လ ခဏလာသူဆိုပဲ။ဒီ ၂လ အတွင်း အေးအေးမနေဘဲ နှုတ်ကပါတ်တော်အမိန့်နဲ့ ကိုဗစ်ကို နှင်နိုင်တယ်လို့ လေလုံးထွားရာက ပြဿနာစတော့တာပါ။တရားဟောဆရာ လာလာဆိုသူက လူလတ်ပိုင်းအရွယ်ပါ။လူပုံကလည်းသိပ်မဆိုး။ဟန်နဲ့ပန်နဲ့ လူကျလောက်အောင် ဘာသာရေးတရား ဟောနိုင်သူမို့၊ ဒီဘာသာကို ယုံကြည်သက်ဝင်သူတချို့ကြားမှာ လာလာဆိုတဲ့ တရားဟောဆရာဟာ ပေါ်ပြူလာဖြစ်ပုံပါပဲ။

လာလာ က ဦးဆောင်ပြီး ဟောပြောပွဲကျင်းပတာက ၂၀၂၀ မတ် ၁၄ နဲ့ ၁၅။ဘာသာရေးသီချင်းတွေ လိုက်ဖ်လွှင့်တာက ဧပြီလဆန်းပိုင်းလို့ ဆိုပါတယ်။ဒီပွဲကို တက်သူတွေထဲက တချို့ကို ကိုဗစ်ကူးပြီဆိုတာ လူထုစသိရတာက ဧပြီ ၁၂ရက်နေ့။ဧပြီ ၁၄ ရောက်တော့ အဲဒီပွဲမှာ ပါဝင်တီးခတ်သီဆိုခဲ့တဲ့ နာမည်ကြီးအဆိုတော်နဲ့ ဒီပွဲကိုတက်ရောက်သူ အတော်များများ ရောဂါကူးပြီဆိုတော့၊ လာလာ က ကျော်ဟိန်းပို့စ်နဲ့ ဟန်ပါပါမိုက်ခွက်ကိုင် တရားဟောရင်း၊ ဒီနှုတ်ကပါတ်ကို တကယ်ရပ်တည်ပြီးသွားတဲ့သူမှန်ရင် ဘုရားသခင်ကို ဗဟိုပြုတဲ့ အသင်းတော်မှန်ရင် ရောဂါမဝင်လာစေရဘူး၊ ကျွန်တော်အာမခံတယ်၊ ဗိုင်းရပ်စ်ထွက်သွား  . . . နှုတ်ကပါတ်တော်နဲ့ အမိန့်ပေးတယ် စသဖြင့် အိုက်တင်အပြည့်နဲ့ ပြောဟောနေပုံတွေကို ဖွဘုတ်ပေါ် ပြန်တင်ပေးကြပါတယ်။ဒါတင်မက လာလာနဲ့ အတူတွဲထိုင်နေတဲ့ နိုင်ငံရဲ့ အဓိကရာထူးနံပါတ် ၃ ယူထားသူတို့ ဆက်စပ်မှုရှိပါတယ်ဆိုပြီး ဖွဘုတ်ပေါ် ပို့စ်တွေတစ်ခုပြီးတစ်ခု တက်လာပါတော့တယ်။ဒီတော့ ရန်ကုန်တိုင်းအစိုးရက ၁၄.၄.၂၀၂၀ ရက်နေ့မှာ တရားဟောဆရာနဲ့ အပေါင်းပါ ၄ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမယ်ဆိုတဲ့ စာကိုထုတ်ပြန်သလို၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ထွက်လာပြီး နိုင်ငံရဲ့ နံပါတ် ၃ တစ်မိသားစုလုံးကို ကိုဗစ် ရှိ၊ မရှိ ဆေးစစ်မည်ဖြစ်ကြောင်း ပြောရပါတော့တယ်။

တစ်ဘက်က ဘယ်နေပါ့မလဲ။ဘယ်နေရာမှာ ဘုန်းကြီးပျံကျင်းပတဲ့သူတွေကိုတော့ ဘာကြောင့် တရားမစွဲတာလဲဆိုတဲ့စာတွေ ထုံးစံအတိုင်း ဖွဘုတ်ကြီးပေါ် တက်လာပါတော့တယ်။ဒီတော့ အတိုင်ပင်ခံက “အင်းစိန်မှာ လူတစုရောဂါပိုးရှိကြောင်း သိရှိရမှုက အစချီပြီး ရန်ကုန်တိုင်းအစိုးရရဲ့ ထပ်ဆင့်လုပ်ဆောင်ချက်ကြောင့် ပြည်သူတွေကြား စိတ်ဝမ်းကွဲရတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်” လို့ သူ့ရဲ့ဖွဘုတ်ပေါ်မှာရေးပြီး ဒီကိစ္စကို မှန်ကန်မျှတအောင် ဆောင်ရွက်မယ်လို့ ဆိုလိုက်ပါတယ်။ဒီမှာတင် ရန်ကုန်တိုင်းအစိုးရ အရေးယူမယ်ဆိုတဲ့စာက ရန်ကုန်အစိုးရရဲ့ စာမျက်နှာပေါ်က ဖြုတ်ချလိုက်တော့ ဥပဒေအထက်မှာ မွေမွေရှိနေတယ်ဆိုတဲ့ အရေးအသားတွေ ဖွဘုတ်ပေါ် ပလူပျံလာပါတော့တယ်။

မွေမွေဟာ ပါတီခေါင်းဆောင်ဖြစ်နေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတာကို တဖွဖွရွတ်ခဲ့ပေမဲ့ အတိုင်ပင်ခံဖြစ်လာချိန်မှာ ဥပဒေထက် တက်ထိုင်နေသူဖြစ်လာတယ်လို့ သဘောရတဲ့ အရေးအသားတွေဟာ စက်နဲ့လှည့်ထုတ်သလို ထွက်လာပါတော့တယ်။ရန်ကုန်အစိုးရအဖွဲ့ဝင်တစ်ဦးက လာလာတို့အုပ်စုကို အရေးယူမယ်ဆိုတာကို မရုတ်သိမ်းထားကြောင်း ထွက်ဖြေရှင်းရပါတော့တယ်။အတိုင်ပင်ခံကလည်း ကိုဗစ် - ၁၉ နဲ့ ပတ်သက်လို့ ဥပဒေအရအရေးယူခြင်းနဲ့ စပါမယ်။ဘယ်ဥပဒေအရ ဘာလုပ်သူကို ဘယ်လိုအရေးယူမယ်ဆိုတာ ဒီညထုတ်ပြန်ပါမယ်။အားလုံးအတွက် တပြေးညီမှန်ကန်မျှတစေဖို့ ဖြစ်ပါတယ်လို့ ဧပြီ ၁၆ ရက်နေ့မှာ သူ့ရဲ့ဖွဘုတ်ပေါ် ရေးတင်လိုက်ပါတယ်။ည ၈ နာရီ သတင်းစတော့ သမ္မတကြီးက ရွှေမြန်မာလူထုကို နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောပြီး နံပါတ်စဉ်လိုက် ရာထူးယူထားသူများက ဆက်လက်နှုတ်ခွန်းစကား ပြောကြားကြပါတယ်။နောက်ပြီး နှစ်သစ်ကူးဆုလာဘ်အဖြစ် အကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာပါတယ်။အဲဒီနောက် လူငါးယောက်ထက် ပိုမစုရဆိုတဲ့အချက် အပါအဝင် ကိုဗစ် - ၁၉ နဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့ ကျန်းဝန်က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁၆ ရက်နေ့ ည ၈ နာရီ သတင်းဟာ အတိုင်ပင်ခံက ရှေ့တန်းတိုက်စစ် နေရာယူထားပြီး၊ သမ္မတကြီးက နောက်တန်းခံစစ်မှာနေလျက် အလယ်တန်းမှာ ဝန်ကြီးတွေကိုထားပြီး ကစားနေကြောင်း ပြသလိုက်တာမို့၊ မွေမွေဟာ တယောက်ထဲထင်ပေါ်ရေးအတွက် သူချည်းထွက်နေတာပဲဆိုသူတွေ ခဏကြောင်အသွားကြပါတယ်။နောက်တနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ပြန်လွတ်တဲ့ အကျဉ်းသားတွေကလည်း ထောင်ထဲကစုပြုံထွက်လာကြ၊ အပြင်ကစောင့်သူတွေကလည်း လူစုလူဝေးနဲ့။ထွက်လာသူနဲ့ စောင့်ကြိုသူ ပွေ့ကြဖက်ကြဆိုတော့ မနေ့ကထုတ်ထားတဲ့ ၅ ယောက်ထက် ပိုမစုရကြီးက ပလုံပြန်ပါရော။

နှစ်ဆန်းတစ်ရက်နေ့မှာ အတိုင်ပင်ခံနဲ့ ဝေဘာဂီဆေးရုံက ဆေးရုံအုပ်ဆရာဝန်မကြီး၊ သူနာပြုတစ်ယောက်နဲ့ ဘော်လန်တီယာ လူငယ်လေးတို့ ပါဝင်တဲ့ နည်းပညာသုံးစကားဝိုင်း (ဗီဒီယိုကွန်ဖရင့်) ကတော့ အတိုင်အဖောက်ညီလှပါတယ်။အတိုင်ပင်ခံဟာ သိလိုတဲ့လိုအပ်ချက်တွေကို ရယူတတ်သူဖြစ်ပြီး ဆရာဝန်မကြီး၊ သူနာပြုနဲ့ ဘော်လန်တီယာ လူငယ်လေးတို့ဟာ တာဝန်ကျေပွန်လွန်းကြကြောင်း နှစ်ဆန်းတစ်ရက်နေ့မှာ လူထုမြင်သိလိုက်ကြရပါတယ်။ဘာပဲဖြစ်ဖြစ် အကျဉ်းထောင်တွေရှေ့မှာ ခဏတာ လူတရုန်းရုန်းဖြစ်သွားတာကလွဲလို့ နှစ်ဆန်းတစ်ရက်နေ့မှာ ကိုဗစ်ကူးစက်ခံရသူ တစ်ယောက်မှမရှိတာကြောင့် ရွှေမြန်မာတို့ မင်္ဂလာရှိစွာ နှစ်သစ်ကူးနိုင်ခဲ့ကြပါတယ်။

ကိုဗစ်ကြောင့် စိတ်ဆတ်နေတဲ့ လူထုကြီးနဲ့ မွေမွေအုပ်စုရဲ့ ဆီလိုအပေါက်ရှာ အပြစ်တင်မှုတွေကို အစိုးရကြီးခမျာ အချိန်နဲ့တပြေးညီ အမောတကော နောက်ကလိုက်ပြီးဖြေရှင်းနေတာဖြစ်လို့ အဆိုးထဲက အကောင်းဖြစ်လာပြီး လူထုက ပြန်တည်ငြိမ်သွားပါတယ်။အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ ထုတ်လိုက်တဲ့အမိန့်ကို နာရီမဆိုင်း ဖောက်ဖျက်တတ်တဲ့လူထုနဲ့ ဒီလိုဖေါက်ဖျက်ဖို့ ဟာကွက်ယိုကွက် စီမံခန့်ခွဲမှုကျွမ်းလှတဲ့ အစိုးရအဖွဲ့ဝင်တချို့ ဝန်ကြီးဌာနတချို့လည်း ရှိနေသေးကြောင်း နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းထောင်များရှေ့ မြင်ကွင်းတွေက ပြသသွားပါတယ်။

မည်သို့ဆိုစေ မြန်မာနှစ်သစ် ၁၃၈၂ ရောက်လာချိန်ထိ ကိုဗစ်ပေးတဲ့ အဆိုးတွေထဲက အကောင်းဖြစ်လာစေဖို့ ရွှေမြန်မာတို့ ပြောင်းယူနိုင်စွမ်းရှိကြောင်း ပြသရင်း နှစ်သစ်ကူးခဲ့ကြပါပြီ။၁၃၈၂ တစ်နှစ်ပတ်လုံး ဒီအကောင်းတွေကို ဆက်လက်သယ်ဆောင်နိုင်ကြပါစေ။

ခင်နှင်းဦး
ဧပြီ - ၂၂
( Zawgyi )
ကို႐ိုနာဗိုင္းရပ္စ္လို႔ အမည္ကင္ပြန္းတပ္ခံရတဲ့ မ်က္စိနဲ႔မျမင္ရတဲ့ ပိုးေကာင္ေလးေတြ ေမႊခ်က္က တစ္ကမာၻလုံးကို ေျဗာင္းဆန္သြားေစပါတယ္။ဒင္းတို႔ဟာ မ်က္စိနဲ႔မျမင္ရတဲ့ထိ ေသးငယ္ေပလို႔သာ သက္သာေနတာ၊ လူေတြမ်က္စိနဲ႔ ျမင္ရေလာက္တဲ့ အေကာင္ေတြဆို လူေတြလက္ခ်က္နဲ႔ ခုေလာက္ဆို ဒင္းတို႔တေတြ စိစိညက္ညက္ေၾကေလာက္ ေသေလာက္ၿပီ။အခုေတာ့ ဒင္းက အဂၤလန္အိမ္ေရွ႕မင္းသား ခ်ာလ္းစ္နဲ႔ ဝန္ႀကီးခ်ဳပ္ကိုလဲ မလြတ္ေစရ၊ အာဏာသက္တမ္းကို တစ္ဆက္ၿပီးတစ္ဆက္ အျပတ္အလပ္မရွိ ဆက္ၿပီးယူထားလို႔ရတဲ့အထိ ဉာဏ္မ်ားတဲ့ ႐ုရွားက သမၼတပူတင္ကိုလည္း ခ်မ္းသာမေပးဆိုေတာ့ လူသာမန္ေတြ ဒင္းတို႔ကိုထိတ္လန႔္မယ္ဆိုလည္း ထိတ္လန႔္ေလာက္ပါေပတယ္။ WHO ဆိုတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ဒင္းကေလးရဲ႕ နာမည္အရွည္ကိုေခၚေနရရင္ ကမာၻ႔လူသားေတြ ပင္ပန္းခ်ည္ရဲ႕လို႔ ေတြးဟန္တူပါတယ္။ဒင္းေၾကာင့္ျဖစ္တဲ့ ေရာဂါဆိုးႀကီးကို ကိုဗစ္ - ၁၉ လို႔ တိုတိုတုတ္တုတ္ အမည္နာမေပးလိုက္ေလရဲ႕။

ဒင္းတို႔က စိနတိုင္းလို႔ ေ႐ႊျမန္မာေတြ ေရွးအခါကေခၚတဲ့ တ႐ုတ္တို႔ရဲ႕ တိုင္းဌာနႀကီးက စထြက္လာတာဆိုေပမဲ့၊ ဘာမွမၾကာတဲ့ ၃ လေက်ာ္ ၄ လဆိုတဲ့ အခ်ိန္အတြင္း တစ္ကမာၻလုံးကိုပတ္ၿပီး ေရာဂါကူးေစပါေရာလား။ဒင္းတို႔ေပးတဲ့ ေရာဂါဆိုးကူးစက္ခံရတဲ့ လူထုရဲ႕အသက္ကို ကယ္တင္ဖို႔အတြက္၊ မကူးစက္ေသးတဲ့ လူထုကို ကာကြယ္ဖို႔အတြက္ တိုင္းျပည္အသီးသီးက တာဝန္ရွိသူအစိုးရေတြ မ်က္ကလဲဆန္ျပာျဖစ္ေနၾကတုန္း၊ ေရာဂါဆိုးကို အေၾကာင္းျပဳၿပီး ကုန္သြယ္ေရးတိုက္ပြဲကေန ဗိုင္းရပ္စ္တိုက္ပြဲအျဖစ္ ေျပာင္းဆင္ႏႊဲလိုက္သူေတြက လင္းယုန္တို႔ရဲ႕သခင္ အန္ကယ္ဆန္ႏိုင္ငံကို အုပ္စိုးေနတဲ့ နာမည္ႀကီးသမၼတ ထရမ့္နဲ႔ စိန တ႐ုတ္ေခါင္းေဆာင္ေတြပါပဲ။ကိုဗစ္ မလာခင္တုန္းက ကုန္သြယ္ေရးစစ္ပြဲ အႀကီးအက်ယ္ဆင္ႏႊဲေနတဲ့ အေမရိကန္နဲ႔ တ႐ုတ္ဟာ ကိုဗစ္အေရးေပၚလာေတာ့ သူတို႔ျဖစ္လက္စ စစ္ပြဲကို ေခါင္းစဥ္ေျပာင္းလိုက္ၾကပါတယ္။
ကမာၻ႔နံပတ္ ၂ ျဖစ္လာတဲ့ တ႐ုတ္ဟာ ဇီဝလက္နက္အျဖစ္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေမြးျမဴျဖန႔္ျဖဴးသူလို႔ အေမရိကန္နဲ႔ အေနာက္အုပ္စုက စြပ္စြဲလိုက္ၾကပါတယ္။ဆတ္ဆတ္ထိမခံတဲ့ တ႐ုတ္ကလည္း ျပန္ျငင္းဆန္ၿပီး ထုံးစံအတိုင္း ေလသံမာမာနဲ႔ အေနာက္အုပ္စုကို တုန႔္ျပန္ပါတယ္။အင္အားႀကီး ၂ ႏိုင္ငံဟာ ေရာဂါေပ်ာက္ေရး ပူးေပါင္းလုပ္ေဆာင္ၾကရမယ့္အစား တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္လက္ညႇိဳးထိုး အျပစ္တင္ၾကရင္း နာမည္ႀကီးလွတဲ့ ထရမ့္ က WHO ဟာ တ႐ုတ္ဘက္ကို ဘက္လိုက္တယ္ စြပ္စြဲၿပီး ေထာက္ပံ့ေနတဲ့ ေငြေၾကးကိုပါျဖတ္ခ်လိုက္တဲ့အထိ ၾကမ္းျပရမ္းျပလိုက္ပါတယ္။

ကိုဗစ္ - ၁၉ ေရာဂါကို အေၾကာင္းျပဳၿပီး ကမာၻ႔ထိပ္သီး  ၂ ႏိုင္ငံ ေစာင္ေနၾကတာကို အားက်မခံ အမွီလိုက္ေနတဲ့ အုပ္စု ၂ စုဟာ အခ်ိန္နဲ႔တေျပးညီ စၾကာဝဌာႀကီးရဲ႕ တစ္ေနရာမွာ ေပၚေပါက္လာပါတယ္။လားလား ဒီအုပ္စု ၂ စုကေတာ့ ဇမၺဴဒီပါ လက်ာ္ေတာင္စြန္းက ဩဘာနမိတ္ထြန္းတယ္ဆိုတဲ့ ေ႐ႊျမန္မာႏိုင္ငံႀကီးထဲမွာ ေပၚေပါက္လာၾကတာပါ။ကို႐ိုနာဗိုင္းရပ္စ္က မ်က္ႏွာသာေပးၿပီး ေ႐ႊျမန္မာတို႔ရဲ႕ စံဌာနီဆီ မတ္ ၂၃ ေရာက္မွ ငါေရာက္ေနၿပီေဟ့လို႔ ထေအာ္ဟစ္အသိေပးခဲ့တာပါ။ငါကမာၻပတ္လာတာ ၃ လေက်ာ္မွ မင္းတို႔ဆီလာတာေနာ္လို႔ က်န္းမာေရးႀကိဳတင္ကာကြယ္မႈနည္းၿပီး ေနခ်င္သလိုေန စားခ်င္သလိုစားၾကသူ အမ်ားစုေနထိုင္ရာ ေ႐ႊျမန္မာျပည္ႀကီးကို ေလေျပေသြးသလိုလိုနဲ႔ သြားၿဖဲျပလိုက္ပါတယ္။

ဒီကစၿပီး ေ႐ႊျမန္မာတို႔ၾကားမွာ အုပ္စု ၂ စု စစ္ပြဲျဖစ္ၾကေတာ့တာပါ။ေနရာကေတာ့ ဖြဘုတ္ႀကီးဆိုတဲ့ စစ္ေျမတလင္းေပၚမွာပါ။အေမစုခ်စ္သူမ်ားအုပ္စုနဲ႔ ေမြေမြကိုၾကည့္မရသူမ်ားအုပ္စုဟာ အျပန္အလွန္ ကေလာင္လက္နက္အသီးသီး ကိုင္စြဲၿပီး ကိုဗစ္ေၾကာင့္ ဖြဘုတ္ႀကီးေပၚမွာ ထြက္လာလိုက္ၾကတာ ေန႔စဥ္လိုလိုပါပဲ။ဒီခ်ဳပ္အစိုးရႀကီးခမ်ာလည္း ရန္ - ငါ အုပ္စုႀကီး ၂ စုရဲ႕ စစ္ပြဲကို ေပါေလာႀကီး ျမင္ခြင့္ရသြားပါေတာ့တယ္။အားလုံးသိတဲ့ အတိုင္းျပည္တြင္းမွာသာ ၂၀၀၈ - ဘုတ္အုပ္စိမ္းႀကီးအရ ေမြေမြဟာအ တိုင္ပင္ခံဆိုတဲ့ ရာထူးကို ဥပေဒမဲ့ရယူထားသူလို႔ ပုတ္ခတ္ခံေနရေပမဲ့၊ ကမာၻဆိုတဲ့ဟာႀကီးက ေမြေမြကို ျမန္မာႏိုင္ငံ၏ အဓိပတိႀကီးလို႔ လက္ခံထားတာပါကလား။ဒီေနရာမွာ စကားခ်ပ္အေနနဲ႔ေျပာခ်င္တာက စစ္ပြဲေရွာင္ ၾကားေနအုပ္စုလည္း ရွိပါေသးတယ္။သူတို႔က ဟိုအုပ္စု ၂ စုလို ဘာလုပ္လုပ္ အျပစ္ရွာျပမယ္ဆိုတဲ့ အုပ္စုလည္းမဟုတ္၊ ဘာလုပ္လုပ္ ေထာက္ခံမယ္ဆိုတဲ့ အုပ္စုလည္းမဟုတ္တဲ့ အလယ္အလတ္လမ္းစဥ္ အုပ္စုပါ။

ေမြေမြဆိုတာက ျမန္မာ့အေခၚ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ၊ ကမာၻ႔အေခၚ ျမန္မာ့အဓိပတိႀကီးကို ရန္အုပ္စုက ေလွာင္ေျပာင္ေခၚေဝၚတဲ့ အမည္ပါ။လက္ရွိအစိုးရႀကီး ဘာလုပ္လုပ္ ရပ္တည္ေနတဲ့ ငါအုပ္စုနဲ႔ ၾကားေနအုပ္စုကေတာ့ အတိုင္ပင္ခံကို အေမစုလို႔ ခ်စ္စႏိုးေခၚၾကတာ အားလုံးအသိမဟုတ္လား။အဲ ကိုဗစ္လာရင္ဆိုၿပီး ႀကိဳတင္ကာကြယ္ဖို႔ အခ်ိန္ ၃ လ ရခဲ့ပါရဲ႕နဲ႔၊ ဒီေမြေမြဆိုတဲ့ မိန္းမႀကီး လူစုလူေဝးေတြလုပ္၊ ဟိုလူထုနဲ႔ေတြ႕ ဒီလူထုနဲ႔ေတြ႕ အလုပ္ေကာင္းေနတာ ခု ကိုဗစ္လာၿပီဆိုေတာ့ အားလုံးေသကုန္ေတာ့မွာပဲဆိုတဲ့ အေရးအသားေတြ ဖြဘုတ္ႀကီးေပၚ စတက္လာပါတယ္။၂၀၂၀ မတ္ ၂၃ မွာ ကိုဗစ္ပိုး ကူးခံထားရသူ ၂ ေယာက္ စေတြ႕ရာကေန ျပင္သစ္တိုးဂိုက္နဲ႔ ျပင္သစ္ ၃ ေယာက္ပါ ဒီေရာဂါကူးၾကၿပီဆိုေတာ့ ေ႐ႊျမန္မာတို႔ နည္းနည္းစထိတ္လန႔္လာၾကပါၿပီ။ျပင္သစ္တိုးဂိုက္ သြားခဲ့ေနရာေတြက အမ်ားႀကီး။တည္းခိုခဲ့တဲ့ ဟိုတယ္ကလည္း တစ္ခုမကဆိုေတာ့ ဖြဘုတ္ႀကီးေပၚမွာ ေမြေမြကို အျပစ္တင္သူေတြမ်ားလာပါၿပီ။

ဒီအခ်ိန္မွာ ဆရာဝန္အသိုင္းအဝိုင္းထဲက တခ်ိဳ႕ကလည္း ကြၽန္ေတာ့ေဆး႐ုံမွာ ဘာမရွိပါဘူး။ကြၽန္မေဆး႐ုံမွာ ဘာမရွိပါဘူးဆိုတဲ့စာေတြ ဖြဘုတ္ေပၚတက္လာေတာ့ ဒီတခါ ရန္အုပ္စုအတြက္ အလွည့္က်လာသူကေတာ့ က်န္းမာေရးဝန္ပါ။လြန္ခဲ့တဲ့ ၃ လေလာက္တုန္းက က်န္းဝန္က ကြၽန္ေတာ္တို႔ ကိုဗစ္ေရာဂါကာကြယ္ဖို႔ လုပ္ထားတာေတြကို ႏိုင္ငံျခားကလူေတြျမင္ရင္ ဖ်ားေတာင္သြားမယ္ဆိုတဲ့ စကားကို ဖြဘုတ္ေပၚျပန္တင္ၾက ေလွာင္ၾကေျပာင္ၾက၊ က်န္းဝန္ပုံကို ကာတြန္းဆြဲၾကနဲ႔ ဖြဘုတ္ႀကီးေပၚမွာ ပြဲဆူသြားပါတယ္။ဖြဘုတ္ရဲ႕ ထက္ျမက္တဲ့အာနိသင္ကို သတိထားလာမိပုံရတဲ့ အတိုင္ပင္ခံဟာ ဧၿပီ ၁ ရက္ေန႔မွာ ဖြဘုတ္စသုံးၿပီလို႔ ေ႐ႊျမန္မာလူထုကို အသိေပးလိုက္ပါတယ္။

အေမစုခ်စ္သူမ်ားက ေမေမဆိုၿပီး တေမထဲေမၾက၊ အေမစု အေမစုဆိုၿပီး တစုထဲစုၾကၿပီး၊ အတိုင္ပင္ခံရဲ႕ ဖြဘုတ္အဖြဲ႕ဝင္မ်ား (Follower) အျဖစ္ ဝင္လာလိုက္ၾကတာ ဖြဘုတ္ရာဇဝင္မွာ ဒီေလာက္ေဖာ္လိုဝါအမ်ားႀကီးရတဲ့အေကာင့္ မရွိဘူး။အတိုင္ပင္ခံတစ္ဦးသာရွိဆိုပဲ။ဒီသတင္းကို ျပန္ေဖာက္သည္ခ်တဲ့ သတင္းဌာနတစ္ခုရဲ႕ အစီအစဥ္ေၾကညာသူ မိန္းကေလးက အေမစုရဲ႕ ဖြဘုတ္ထဲမွာ ညစ္ညမ္းတဲ့အသုံးအႏႈန္းသုံးသူေတြ ဆဲဆိုသူတခ်ိဳ႕ရွိေနၿပီး အတိုင္ပင္ခံအေပၚ မုဒိတာမပြားႏိုင္တဲ့ စိတ္ပုတ္စိတ္ထားညံ့သူေတြ ေရာဂါဆိုးႀကီးေၾကာင့္ လြင့္စင္သြားပါေစ ဆုေတာင္းေပးလိုက္တာေၾကာင့္ အံမယ္ သတင္းမီဒီယာက်င့္ဝတ္ မေစာင့္စည္းသူလို႔ ေမြေမြအုပ္စုက ဆိုပါေလေရာ။

ကိုဗစ္ေရာဂါကို ရဲရဲဝံ့ဝံ့ စိန္ေခၚသူတစ္ဦးလည္း ျမန္မာ့ေျမမွာေပၚလာပါၿပီ။သူကေတာ့ ဘာသာတစ္ခုရဲ႕ တရားေဟာဆရာပါ။သူက ေ႐ႊျမန္မာျပည္ႀကီးဆီ ၂ လ ခဏလာသူဆိုပဲ။ဒီ ၂လ အတြင္း ေအးေအးမေနဘဲ ႏႈတ္ကပါတ္ေတာ္အမိန႔္နဲ႔ ကိုဗစ္ကို ႏွင္ႏိုင္တယ္လို႔ ေလလုံးထြားရာက ျပႆနာစေတာ့တာပါ။တရားေဟာဆရာ လာလာဆိုသူက လူလတ္ပိုင္းအ႐ြယ္ပါ။လူပုံကလည္းသိပ္မဆိုး။ဟန္နဲ႔ပန္နဲ႔ လူက်ေလာက္ေအာင္ ဘာသာေရးတရား ေဟာႏိုင္သူမို႔၊ ဒီဘာသာကို ယုံၾကည္သက္ဝင္သူတခ်ိဳ႕ၾကားမွာ လာလာဆိုတဲ့ တရားေဟာဆရာဟာ ေပၚျပဴလာျဖစ္ပုံပါပဲ။

လာလာ က ဦးေဆာင္ၿပီး ေဟာေျပာပြဲက်င္းပတာက ၂၀၂၀ မတ္ ၁၄ နဲ႔ ၁၅။ဘာသာေရးသီခ်င္းေတြ လိုက္ဖ္လႊင့္တာက ဧၿပီလဆန္းပိုင္းလို႔ ဆိုပါတယ္။ဒီပြဲကို တက္သူေတြထဲက တခ်ိဳ႕ကို ကိုဗစ္ကူးၿပီဆိုတာ လူထုစသိရတာက ဧၿပီ ၁၂ရက္ေန႔။ဧၿပီ ၁၄ ေရာက္ေတာ့ အဲဒီပြဲမွာ ပါဝင္တီးခတ္သီဆိုခဲ့တဲ့ နာမည္ႀကီးအဆိုေတာ္နဲ႔ ဒီပြဲကိုတက္ေရာက္သူ အေတာ္မ်ားမ်ား ေရာဂါကူးၿပီဆိုေတာ့၊ လာလာ က ေက်ာ္ဟိန္းပို႔စ္နဲ႔ ဟန္ပါပါမိုက္ခြက္ကိုင္ တရားေဟာရင္း၊ ဒီႏႈတ္ကပါတ္ကို တကယ္ရပ္တည္ၿပီးသြားတဲ့သူမွန္ရင္ ဘုရားသခင္ကို ဗဟိုျပဳတဲ့ အသင္းေတာ္မွန္ရင္ ေရာဂါမဝင္လာေစရဘူး၊ ကြၽန္ေတာ္အာမခံတယ္၊ ဗိုင္းရပ္စ္ထြက္သြား  . . . ႏႈတ္ကပါတ္ေတာ္နဲ႔ အမိန႔္ေပးတယ္ စသျဖင့္ အိုက္တင္အျပည့္နဲ႔ ေျပာေဟာေနပုံေတြကို ဖြဘုတ္ေပၚ ျပန္တင္ေပးၾကပါတယ္။ဒါတင္မက လာလာနဲ႔ အတူတြဲထိုင္ေနတဲ့ ႏိုင္ငံရဲ႕ အဓိကရာထူးနံပါတ္ ၃ ယူထားသူတို႔ ဆက္စပ္မႈရွိပါတယ္ဆိုၿပီး ဖြဘုတ္ေပၚ ပို႔စ္ေတြတစ္ခုၿပီးတစ္ခု တက္လာပါေတာ့တယ္။ဒီေတာ့ ရန္ကုန္တိုင္းအစိုးရက ၁၄.၄.၂၀၂၀ ရက္ေန႔မွာ တရားေဟာဆရာနဲ႔ အေပါင္းပါ ၄ ဦးကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒအရ အေရးယူမယ္ဆိုတဲ့ စာကိုထုတ္ျပန္သလို၊ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ထြက္လာၿပီး ႏိုင္ငံရဲ႕ နံပါတ္ ၃ တစ္မိသားစုလုံးကို ကိုဗစ္ ရွိ၊ မရွိ ေဆးစစ္မည္ျဖစ္ေၾကာင္း ေျပာရပါေတာ့တယ္။

တစ္ဘက္က ဘယ္ေနပါ့မလဲ။ဘယ္ေနရာမွာ ဘုန္းႀကီးပ်ံက်င္းပတဲ့သူေတြကိုေတာ့ ဘာေၾကာင့္ တရားမစြဲတာလဲဆိုတဲ့စာေတြ ထုံးစံအတိုင္း ဖြဘုတ္ႀကီးေပၚ တက္လာပါေတာ့တယ္။ဒီေတာ့ အတိုင္ပင္ခံက “အင္းစိန္မွာ လူတစုေရာဂါပိုးရွိေၾကာင္း သိရွိရမႈက အစခ်ီၿပီး ရန္ကုန္တိုင္းအစိုးရရဲ႕ ထပ္ဆင့္လုပ္ေဆာင္ခ်က္ေၾကာင့္ ျပည္သူေတြၾကား စိတ္ဝမ္းကြဲရတာ အလြန္ဝမ္းနည္းစရာေကာင္းပါတယ္” လို႔ သူ႔ရဲ႕ဖြဘုတ္ေပၚမွာေရးၿပီး ဒီကိစၥကို မွန္ကန္မွ်တေအာင္ ေဆာင္႐ြက္မယ္လို႔ ဆိုလိုက္ပါတယ္။ဒီမွာတင္ ရန္ကုန္တိုင္းအစိုးရ အေရးယူမယ္ဆိုတဲ့စာက ရန္ကုန္အစိုးရရဲ႕ စာမ်က္ႏွာေပၚက ျဖဳတ္ခ်လိုက္ေတာ့ ဥပေဒအထက္မွာ ေမြေမြရွိေနတယ္ဆိုတဲ့ အေရးအသားေတြ ဖြဘုတ္ေပၚ ပလူပ်ံလာပါေတာ့တယ္။

ေမြေမြဟာ ပါတီေခါင္းေဆာင္ျဖစ္ေနတုန္းက တရားဥပေဒစိုးမိုးေရးဆိုတာကို တဖြဖြ႐ြတ္ခဲ့ေပမဲ့ အတိုင္ပင္ခံျဖစ္လာခ်ိန္မွာ ဥပေဒထက္ တက္ထိုင္ေနသူျဖစ္လာတယ္လို႔ သေဘာရတဲ့ အေရးအသားေတြဟာ စက္နဲ႔လွည့္ထုတ္သလို ထြက္လာပါေတာ့တယ္။ရန္ကုန္အစိုးရအဖြဲ႕ဝင္တစ္ဦးက လာလာတို႔အုပ္စုကို အေရးယူမယ္ဆိုတာကို မ႐ုတ္သိမ္းထားေၾကာင္း ထြက္ေျဖရွင္းရပါေတာ့တယ္။အတိုင္ပင္ခံကလည္း ကိုဗစ္ - ၁၉ နဲ႔ ပတ္သက္လို႔ ဥပေဒအရအေရးယူျခင္းနဲ႔ စပါမယ္။ဘယ္ဥပေဒအရ ဘာလုပ္သူကို ဘယ္လိုအေရးယူမယ္ဆိုတာ ဒီညထုတ္ျပန္ပါမယ္။အားလုံးအတြက္ တေျပးညီမွန္ကန္မွ်တေစဖို႔ ျဖစ္ပါတယ္လို႔ ဧၿပီ ၁၆ ရက္ေန႔မွာ သူ႔ရဲ႕ဖြဘုတ္ေပၚ ေရးတင္လိုက္ပါတယ္။ည ၈ နာရီ သတင္းစေတာ့ သမၼတႀကီးက ေ႐ႊျမန္မာလူထုကို ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားေျပာၿပီး နံပါတ္စဥ္လိုက္ ရာထူးယူထားသူမ်ားက ဆက္လက္ႏႈတ္ခြန္းစကား ေျပာၾကားၾကပါတယ္။ေနာက္ၿပီး ႏွစ္သစ္ကူးဆုလာဘ္အျဖစ္ အက်ဥ္းသား ၂ ေသာင္းေက်ာ္ကို လြတ္ၿငိမ္းခြင့္ေပးေၾကာင္း ေၾကညာပါတယ္။အဲဒီေနာက္ လူငါးေယာက္ထက္ ပိုမစုရဆိုတဲ့အခ်က္ အပါအဝင္ ကိုဗစ္ - ၁၉ နဲ႔ ပတ္သက္လို႔ ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူမယ္လို႔ က်န္းဝန္က ထုတ္ျပန္လိုက္ပါတယ္။

ဧၿပီ ၁၆ ရက္ေန႔ ည ၈ နာရီ သတင္းဟာ အတိုင္ပင္ခံက ေရွ႕တန္းတိုက္စစ္ ေနရာယူထားၿပီး၊ သမၼတႀကီးက ေနာက္တန္းခံစစ္မွာေနလ်က္ အလယ္တန္းမွာ ဝန္ႀကီးေတြကိုထားၿပီး ကစားေနေၾကာင္း ျပသလိုက္တာမို႔၊ ေမြေမြဟာ တေယာက္ထဲထင္ေပၚေရးအတြက္ သူခ်ည္းထြက္ေနတာပဲဆိုသူေတြ ခဏေၾကာင္အသြားၾကပါတယ္။ေနာက္တေန႔ ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့ ျပန္လြတ္တဲ့ အက်ဥ္းသားေတြကလည္း ေထာင္ထဲကစုၿပဳံထြက္လာၾက၊ အျပင္ကေစာင့္သူေတြကလည္း လူစုလူေဝးနဲ႔။ထြက္လာသူနဲ႔ ေစာင့္ႀကိဳသူ ေပြ႕ၾကဖက္ၾကဆိုေတာ့ မေန႔ကထုတ္ထားတဲ့ ၅ ေယာက္ထက္ ပိုမစုရႀကီးက ပလုံျပန္ပါေရာ။

ႏွစ္ဆန္းတစ္ရက္ေန႔မွာ အတိုင္ပင္ခံနဲ႔ ေဝဘာဂီေဆး႐ုံက ေဆး႐ုံအုပ္ဆရာဝန္မႀကီး၊ သူနာျပဳတစ္ေယာက္နဲ႔ ေဘာ္လန္တီယာ လူငယ္ေလးတို႔ ပါဝင္တဲ့ နည္းပညာသုံးစကားဝိုင္း (ဗီဒီယိုကြန္ဖရင့္) ကေတာ့ အတိုင္အေဖာက္ညီလွပါတယ္။အတိုင္ပင္ခံဟာ သိလိုတဲ့လိုအပ္ခ်က္ေတြကို ရယူတတ္သူျဖစ္ၿပီး ဆရာဝန္မႀကီး၊ သူနာျပဳနဲ႔ ေဘာ္လန္တီယာ လူငယ္ေလးတို႔ဟာ တာဝန္ေက်ပြန္လြန္းၾကေၾကာင္း ႏွစ္ဆန္းတစ္ရက္ေန႔မွာ လူထုျမင္သိလိုက္ၾကရပါတယ္။ဘာပဲျဖစ္ျဖစ္ အက်ဥ္းေထာင္ေတြေရွ႕မွာ ခဏတာ လူတ႐ုန္း႐ုန္းျဖစ္သြားတာကလြဲလို႔ ႏွစ္ဆန္းတစ္ရက္ေန႔မွာ ကိုဗစ္ကူးစက္ခံရသူ တစ္ေယာက္မွမရွိတာေၾကာင့္ ေ႐ႊျမန္မာတို႔ မဂၤလာရွိစြာ ႏွစ္သစ္ကူးႏိုင္ခဲ့ၾကပါတယ္။

ကိုဗစ္ေၾကာင့္ စိတ္ဆတ္ေနတဲ့ လူထုႀကီးနဲ႔ ေမြေမြအုပ္စုရဲ႕ ဆီလိုအေပါက္ရွာ အျပစ္တင္မႈေတြကို အစိုးရႀကီးခမ်ာ အခ်ိန္နဲ႔တေျပးညီ အေမာတေကာ ေနာက္ကလိုက္ၿပီးေျဖရွင္းေနတာျဖစ္လို႔ အဆိုးထဲက အေကာင္းျဖစ္လာၿပီး လူထုက ျပန္တည္ၿငိမ္သြားပါတယ္။အခ်ိန္နဲ႔တေျပးညီ သတင္းထုတ္ျပန္ေပးဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာနဲ႔ ထုတ္လိုက္တဲ့အမိန႔္ကို နာရီမဆိုင္း ေဖာက္ဖ်က္တတ္တဲ့လူထုနဲ႔ ဒီလိုေဖါက္ဖ်က္ဖို႔ ဟာကြက္ယိုကြက္ စီမံခန႔္ခြဲမႈကြၽမ္းလွတဲ့ အစိုးရအဖြဲ႕ဝင္တခ်ိဳ႕ ဝန္ႀကီးဌာနတခ်ိဳ႕လည္း ရွိေနေသးေၾကာင္း ႏွစ္ဆန္းတစ္ရက္ေန႔ အက်ဥ္းေထာင္မ်ားေရွ႕ ျမင္ကြင္းေတြက ျပသသြားပါတယ္။

မည္သို႔ဆိုေစ ျမန္မာႏွစ္သစ္ ၁၃၈၂ ေရာက္လာခ်ိန္ထိ ကိုဗစ္ေပးတဲ့ အဆိုးေတြထဲက အေကာင္းျဖစ္လာေစဖို႔ ေ႐ႊျမန္မာတို႔ ေျပာင္းယူႏိုင္စြမ္းရွိေၾကာင္း ျပသရင္း ႏွစ္သစ္ကူးခဲ့ၾကပါၿပီ။၁၃၈၂ တစ္ႏွစ္ပတ္လုံး ဒီအေကာင္းေတြကို ဆက္လက္သယ္ေဆာင္ႏိုင္ၾကပါေစ။

ခင္ႏွင္းဦး
ဧၿပီ - ၂၂