【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ဘေးနဲ့ သဘာ၀ဘေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ဘေးနဲ့ သဘာ၀ဘေး

နိုင်ငံတကာစိတ်ဝင်စားတဲ့သူတွေ စောင့်ကြည့်ရတဲ့ သတင်း အချို့ယခုရက်အတွင်း ဖြစ်ခဲ့ပါတယ်။နိုင်ငံတကာ ကျန်းမာရေးပညာရှင်တွေ ခန့်မှန်းခဲ့တဲ့အတိုင်း  ကမ္ဘာတစ်ဝန်းပြန်အရှိန်ပြန်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက် ရောဂါသတင်းတွေနဲ့ ယခုရက်သတ္တပတ်ထဲမှာ ရာသီဥတုဘေးတွေ ဖြစ်လို့အသေအပျောက်ရှိလာတဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

ဒီစိတ်ဝင်စားစရာသတင်းတွေထဲက ပထမဆုံးအနေနဲ့ ကမ္ဘာတစ်ဝန်း အရှိန်ပြန်တက်လာတဲ့ ကိုဗစ် ၁၉ ကူးစက်ရောဂါနဲ့ ကပ်ရောဂါဘေးကနေ စီးပွားရေးလုပ်ငန်းတွေ ပြန်စဖို့ လုပ်နေတဲ့ သတင်းတွေကို ဖော်ပြချင်ပါတယ်။

အရှိန်တက်လာတဲ့ ကိုဗစ် -၁၉ နဲ့ စီးပွားရေးကျဆင်းမှု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်တယ်လို့ ကြေညာခဲ့တဲ့ ဗီယက်နမ်မှာ ပထမဆုံး ဗိုင်းရပ် ကြောင့် သေဆုံးသူရှိလာတဲ့အချိန်မှာတော့ ဒုတိယလှိုင်းဂယက်အတွက် စိုးရိမ်မှုတွေ ကမ္ဘာတစ်ဝန်းမြင့်တက်လာခဲ့ ပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ကပ်ဘေးလို့ ဇန်နဝါရီ ၃၀ ရက်မှာ သတ်မှတ်ပြီး နိုင်ငံတကာကို ထုတ် ပြန်ခဲ့တဲ့ နှစ်ဝက်အကြာ ဩဂုတ် ၂ ရက်မှာတော့ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၂၁၅ နိုင်ငံကို  ဗိုင်းရပ်က ကူးစက်ခဲ့ပြီး ကူးစက်ခံရသူအရေအတွက် ၁၈ သန်း ကျော်နဲ့ သေဆုံးသူ ၇ သိန်းနီးပါးထိဦးရှိလာခဲ့ပါတယ်။ ဒီထဲမှာ  ပြန်လည် ကောင်းမွန်လာသူ ၁၁ သန်းခွဲနီးပါးရှိခဲ့တယ်ဆိုပေမယ့် တိတိကျကျပြောရရင် ထပ်မံမကူးစက်နိုင်တော့ဘူးလို့ အာမခံလို့ရတဲ့ အနေအထားမဟုတ်ပါဘူး။

ဗိုင်းရပ်ကူးစက်မှု ပျံနှံလာတဲ့အချိန်ကစပြီး ကမ္ဘာနဲ့ထီးတည်းခွဲထွက်ခဲ့တဲ့မြောက်ကိုရီးယားလို ကမ္ဘာနဲ့ အဆက်အသွယ်နည်းလွန်းတဲ့ နိုင်ငံမှာတောင် ကူးစက်ခံရမှုကနေ မလွတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ တောင်ကိုရီးယားကနေ ပြန်ခိုးဝင်လာတဲ့သူထံကနေ ကူးစက်ခံရသူလို့ သံသယဖွယ် ပထမဆုံးတွေ့ပြီးနောက် မှာ အလျင်အမြန်ဘဲ ပြည်တွင်းကူးစက်မှုကို ကာကွယ်ဖို့ တောင်ကိုရီးယားနဲ့ထိစပ်နေတဲ့ နယ်စပ်ကို စတင်ပိတ် ခဲ့ပြီး ကေဆောင်မြို့ကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ ဗီယင်နမ်ကတော့ တစ်မျိုးတစ်ဘာသာပါ။ အစော ပိုင်းက ဗိုင်းရပ်ကင်းစင်တယ်၊ကူးစက်မှုကို သူနည်းသူဟန်နဲ့ထိန်းချုပ်နိုင်တယ်ဆိုပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခဲ့ပေမယ့် ဒါနန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အနည်းဆုံး ၁၄ ဦးကို အစုလိုက်အပြုံလိုက်တွေ့ပြီး နောက် မှာတော့ ပြည်တွင်းကူးစက်မှုဖြစ်လာမှာကိုလန့်ဖျန့်ပြီး ဒါနန်းကိုရောက်နေတဲ့  ပြည်တွင်းခရီးသွား ၈၀၀၀၀ ခန့်ကို ဘေးကင်းရာ အလျင်အမြန် ပြောင်းရွှေ့ခဲ့သလို  ဒါနန်းမြို့အဝင်အထွက် လေယာဉ်ခရီးစဉ်တွေကို ဇူလိုင် ၂၈ ရက် ကစပြီး ဆိုင်းငံ့လိုက်ပါတယ်။

အိန္ဒိယကတော့ အစောပိုင်းက ကူးစက်ရောဂါကို ကမ္ဘာအတင်းကျပ်ဆုံးပုံစံနဲ့ ကိုင်တွယ်ခဲ့ပေမယ့် နောက် ပိုင်းမှာ စီးပွားရေးပြိုလဲမှာ စိုးရိမ်တဲ့အတွက် စည်းကမ်းတွေကို လျော့ချခဲ့ရာကနေ  ကမ္ဘာ့တတိယ အများဆုံး ကူး စက်ခံရတဲ့ နိုင်ငံအထိ ဖြစ်လာခဲ့သလို သေဆုံးမှုကလည်း ထိုးတက်လာခဲ့ပါတယ်။ စာရင်းတွေအရဆိုရင် ဩဂုတ် ၂ ရက် အထိ အိန္ဒိယမှာ ကူးစက်ခံရသူ ၁ဒသမ ၇ သန်းထိရှိပြီး သေဆုံးသူအရေအတွက်က သုံးသောင်းခုနှစ်ထောင် ကျော်အထိရှိခဲ့ပါတယ်။ အိန္ဒိယမှာ ဒီလောက်ထိထိုးတက်လာခဲ့ရတာကလည်း အကြောင်းအရင်းတစ်ခုက ရှိပါ တယ်။နိုင်ငံအများစုက  သံသယရှိဖွယ်ရှိမှ စစ်ဆေးတာဖြစ်ပေမယ့် အိန္ဒိယကတော့ လူအင်အားကောင်းကောင်းနဲ့ တစ်ရက်ကို လူ၄၄၀၀၀၀ အထိစစ်ခဲ့တဲ့အတွက် ကူးစက်ခံရသူအရေအတွက်က တက်လာခဲ့တာလည်းဖြစ်ပါတယ်။ အိန္ဒိယမှာ ကူးစက်ခံရမှု အဆိုးဆုံးက လူဦးရေထူထပ်တဲ့ အနောက်ပိုင်းပြည်နယ်တွေပါ။ဒီကြားထဲ  ကူးစက်ကပ် ရောဂါကြောင့် အရက်ဆိုင်တွေ ပိတ်ထားလို့ဆိုပြီး လက်သန့်ဆေးတွေကို ယမကာအဖြစ်သောက်ခဲ့ကြလို့ သေတဲ့ အဖြစ်အပျက်တွေလည်း အိန္ဒိယမှာ ရှိပါသေးတယ်။

လူဦးရေများတဲ့ အိန္ဒိယလိုဘဲ နောက်ထပ် တစ်နိုင်ငံဖြစ်တဲ့ လူဦးရေသန်း ၂၇၀ နီးပါးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ ကတော့  ကန့်သတ်တာတွေ ဖြေလျှော့ပေးလိုက်ပြီးနောက်မှာ နေ့စဉ် ကူးစက်ခံရမှုနှုန်းက ၁၀၀၀ ဝန်းကျင် ပုံမှန်ရှိ လာခဲ့ပါတယ်။ ဩဂုတ် ၂ ရက်အထိ စာရင်း အရဆိုရင်  အင်ဒိုနိုင်ငံတစ်ဝန်း ကူးစက်ခံရသူအရေအတွက် တစ်သိန်း ကျော်နဲ့ သေဆုံးသူက ငါးထောင်နှစ်ရာကျော်အထိပါ။ မြန်မာနဲ့ကပ်လျှက် ဘင်္ဂလားဒေ့ရှ်မှာလည်း ပုဂ္ဂလိကဆေးရုံ တွေရဲ့ ဗိုင်းရပ်မရှိကြောင်း ဆေးစစ်ချက်အတုတွေကြောင့် ကူးစက်ခံရသူ နှစ်သိန်းလေးသောင်းကျော်နေပြီး ဩ ဂုတ် ၂ ရက်အထိ သေဆုံးသူ သုံးထောင်ကျော်နေပါပြီ။အစောပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရမှုကို ထိန်းချုပ် နိုင်ခဲ့ ပြီး သေဆုံးမှုကို မရှိသလောက် ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်၊ လာအိုတို့လို တခြားသော ဥရောပနိုင်ငံတွေနဲ့ ကူး စက်ခံရမှုနူန်းမြင့်မားခဲ့ပြီး ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတဲ့ တောင်ကိုရီးယား၊ ဂျာမနီစတဲ့ နိုင်ငံတွေလည်း ကိုဗစ် ဒုတိယလှိုင်းပြန်အစမှာ အလူးအလဲထိန်းချုပ်နေရတဲ့ အနေအထားပါ။

ဟောင်ကောင်မှာ ဆိုရင် အာဏာပိုင်တွေက အများပြည်သူနှင့် သက်ဆိုင်တဲ့ နေရာကို သွား ရင် နှာခေါင်း စည်းကို မဖြစ်မနေ တပ်ဆင်ဖို့ ထုတ်ပြန်ခဲ့ပြီး လူနှစ်ဦးထက်ပိုပြီး စုဝေးခွင့်မပေးခဲ့ပါဘူး။ စားသောက်ဆိုင် တွေမှာ လည်း ယခုထိ  ပါဆယ်စနစ်ကိုသာ ခွင့်ပြုထားသေးပါတယ်။ ကိုဗစ်၁၉ ပထမကာလမှာ အာရှ၊ဥရောပနဲ့ အမေရိ ကမှာ ထိန်းမနိုင်သိမ်းမရဖြစ်ချိန်မှာ ငြိမ်သက်နေခဲ့တဲ့ အာဖရိကတိုက်က နိုင်ငံတွေကတော့ ယခုချိန်မှာ  ကူးစက် နူန်းတွေ မြင့်တက်နေပြီး လူတစ်သန်းကျော် ကူးစက်ခံထားရပါတယ်။ ဒီအတွက် စည်းမျည်းတွေကို တင်းတင်း ကျပ် ကျပ်ထိန်းချုပ်နေသလို ယူဂန္ဓာမှာဆိုရင် အစိုးရက ချမှတ်ထားတဲ့ အသွားအလာကန့် သတ်မှုကို ချိုးဖောက် ပြီး ပါတီပွဲတက်ခဲ့တဲ့ လူ ၁၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။လက်ရှိမှာ  ယူဂန္ဓာနိုင်ငံတစ်ဝန်း ကူးစက်ခံရသူအရေအတွက်က တစ်ထောင်ကျော်နဲ့ သေဆုံးသူက ၄ ဦးဘဲရှိပါသေးတယ်။ ဒါပေမယ့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ အာဖရိက မှာ ကျန်းမာရေးကန့်သတ်မှုကို အာဏာပိုင်တွေက အသေ အလဲကို လုပ်နေရတဲ့ အနေအထားပါ။ တောင်ကိုရီးယားလည်း ပြီးခဲ့တဲ့ မတ်လက အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားစေခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် ခရစ်ယာန် တရားဟောဆရာကို ယခုရက်ထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီတရားဟောဆရာကြောင့် ဆက်နွယ်ပြီး ကူးစက်ခဲ့တာ လူ ငါးထောင်ကျော်ပါ။ ဒီအရေအတွက် က တောင်ကိုရီးယားမှာ ကူးစက်ခံရတဲ့ အရေအတွက်စုစုပေါင်း ၁၄၃၆၆ ဦးရဲ့ သုံးပုံတစ်ပုံလောက် ရှိပါတယ်။ ဖိလစ်ပိုင်ဆိုရင် တင်းကျပ်မှုတွေ ပြန်လျော့ချခဲ့တဲ့ အတွက် ဆေးရုံတွေမှာ ကိုဗစ် -၁၉ ကူးစက်ခံရသူလူနာများ များပြားလာလို့ ဆရာဝန်အုပ်စု အချို့က သမ္မတ ဒူတာတေးကို ကိုဗစ်-၁၉ တိုက် ပွဲမှာ ဖိလစ်ပိုင် ရှုံးနိမ့်နေပြီဆိုပြီး သတိပေးတာတွေတောင် ဖြစ်ခဲ့ပါတယ်။ ဒါ ကြောင့်လည်း တင်းကျပ်တဲ့ စည်းကမ်းတွေကို နိုင်ငံတိုင်းက ကိုဗစ် ၁၉ ဒုတိယလှိုင်းကို တားဆီးဖို့အတွက် ပြန်ချ မှတ်နေသလို ကျန်းမာရေးဝန်ထမ်းတွေက ပြန်သတ်မှတ်ကျင့်သုံး စေချင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာကျန်းမာရေးအဖွဲ့က ကိုဗစ်၁၉ ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီး ဒီ ရောဂါက ထင်ထားတာတက်ပိုကြာရှည်နိုင်တဲ့ အတွက် နိုင်ငံတိုင်းက စီးပွားရေးနဲ့လူမှုရေးမှာ လိုက်နာနိုင်မှု နည်း လာနိုင်တဲ့အတွက် ပိုသတိထားကြဖို့ နိုင်ငံတိုင်းကို သတိပေးခဲ့ပါတယ်။ တစ်ကယ်လည်း နိုင်ငံတိုင်းအတွက် ကြာ ရှည်လာတဲ့ ကျန်းမာရေးဆိုင်ရာ မဖြစ်မနေလိုက်နာရမယ့်ကန့်သတ်ချက်တွေအောက်မှာ နိုင်ငံစီးပွားရေးတွေ ယိုင်နဲ့စပြုလာလို့ ကန့်သတ်မှုတွေ တဖက်မှာ လွှတ်စပြုနေသလို တစ်ဖက်မှာလည်း ကာကွယ်ဆေးပေါ် ထွက်လာ ဖို့ အတွက် အားစိုက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ ကာကွယ်ဆေးဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ကာကွယ်ဆေးဖော်ထုတ်ရာမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံတွေ အံအားသင့်ခဲ့ရတဲ့အထိဖြစ်ခဲ့ရတဲ့ ကာကွယ်ဆေးဖော်ထုတ်နိုင်ကြောင်း ကမ္ဘာမှာ အစောဆုံးကြေညာနိုင်ခဲ့တဲ့ ရုရှားက ယခုရက်သတ္တပတ် ဩဂုတ် ၁ရက်မှာတော့ သူနိုင်ငံကလူတွေကို အောက်တိုဘာက စပြီး အသုတ်လိုက် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးတွေ  ထိုးပေးတော့မယ်ဆိုပြီး ကြေညာတာကိုတွေ့ခဲ့ရပါတယ်။ ရုရှားလိုဘဲ ကာကွယ်ဆေးထုတ်ရာမှာ ဦးဆောင်နေတဲ့ ပြင်သစ်ဆေးကုမ္ပဏီဆနိုဖီရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ခါသောက်ဆေးကို အီးယူက သန်း ၃၀၀ အထိဝယ်ဖို့ သဘောတူညီချက်တွေ ယခုရက်ထဲမှာ ရယူခဲ့ပါတယ်။ ဒီဆေးက စမ်းသပ်နေတာမှာ အတော်ခရီးပေါက်နေပြီး ဘေးကင်းတယ်ဆိုတာ ပြနိုင်တာနဲ့ စျေးကွက်ထဲ ရောက်လာမယ်သဘောပါ။ အမေရိကန်ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာ ရှင် ဒေါက်တာအန်ထော်နီဖော်စီကတော့ လာမည့်နှစ်အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကာ ကွယ်ဆေးတစ်မျိုး အဆင်သင့်ဖြစ်နေမယ်လို့ ဆိုထားတာရှိပါတယ်။

ဒါပေမယ့် ကမ္ဘာနိုင်ငံအများစုရဲ့ စီးပွားရေးက အဲဒီကာလအထိ မတောင့်ခံနိုင်ပါဘူး။ နည်းပညာကုမ္ပဏီ တွေ ဆက်သွယ်ရေးကုမ္ပဏီတွေသာ ကိုဗစ် ၁၉ ကာလမှာ အမြတ်ထွက်ခဲပြီး လုပ်ငန်းအတော်များများ ပြိုလဲခဲ့ပါ တယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့လေကြောင်းလိုင်းတွေပါ။ နာမည်ကြီးကမ္ဘာလေ ကြောင်း ကုမ္ပဏီတွေ ဆိုရင် ပြိုလဲတာတွေ စံချိန်တင်အရှုံးပေါ်တာတွေ ဖြစ်နေပါပြီ။ ကမ္ဘာ့နာမည်ကြီးလေယာဉ်ထုတ် လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့ အဲဘတ်စ်ကုမ္ပဏီတောင် လေယာဉ်အမှာစာတွေ ထိုးကျခဲ့လို့ ယခုနှစ် ပထမခြောက်လအတွင်း ယူရို ၁ ဒသမ ၉ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) အသားတင် ဆုံးရှုံးခဲ့ပါတယ်။ ဒါက ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းတွေ ပြေးဆွဲမှုတွေရပ် ဆိုင်းခဲ့ရတဲ့ အတွက်ပါ။

WHO ကလည်းကိုဗစ်-၁၉ က ကြာရှည်ဖွယ်ရှိပြီး ဆိုးကျိုးသက်ရောက်တာက ဆယ်စုနှစ် အတော်ကြာ ခံစားရ ဦးမယ်လို့ ပြောခဲ့တဲ့အတွက် တချို့နိုင်ငံတွေက လုပ်ငန်းတွေအထူးသဖြင့် ခရီးသွားလုပ်ငန်းတွေကို ပြန်ဖွင့်တာတွေရှိခဲ့ပါတယ်။ တောင်တက်ကနေ ပြည်ပဝင်ငွေကို အဓိကရတဲ့ နီပေါဆိုရင် ယခုရက်အတွင်းမှာဘဲ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ပိတ်ထားခဲ့ရတဲ့ ဧဝရက်တောင်နဲ့ အခြားတောင် တက် ခရီးစဉ်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ဒီအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေကို ဩဂုတ် ၁၇ ရက်က စတင် ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုမည် ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။ခရီးသွားမှာ နာမည်ကျော်တဲ့ ဂရိကတော့ ကိုဗစ်- ၁၉ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အဓိကဆိပ်ကမ်းကြီး ခြောက်ခုကို ဇူလိုင် ၃၁ ရက်မှာ ပြန်လည် ဖွင့်လှစ် ပေးခဲ့ပါတယ်။ဒါပေမယ့် အပျော်စီးသင်္ဘောကြီးတွေကို ဩဂုတ် ၂၀ ရက် နောက်ပိုင်းမှ သာ ပြန်လည်လက်ခံမှာပါ။ အစ္စရေးနိုင်ငံကတော့ စက်တင်ဘာ ၁ ရက်မတိုင်ခင် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်း ပြေးဆွဲမှုကို တဖြည်းဖြည်း ပြန်လည်စတင်ရန် စီစဉ်နေပါတယ်။ဂျပန်ကတော့ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့် တက်နေပေမယ့် နိုင်ငံစီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ပြည်တွင်းခရီး သွားလုပ်ငန်းနဲ့ ဆွဲတင်ဖို့ စီစဉ်နေပြီး နိုင်ငံသားတွေကို  ခရီးသွားကြစို့ လှုပ်ရှားမှုနဲ့ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုရေးစရိတ်များကို ၃၅ ရာခိုင်နှုန်း လျှော့ချပေးပြီး ဆွဲဆောင်ဖို့ စီစဉ်နေပါတယ်။

လူသားတွေနဲ့ ကပ်ဘေးတိုက်ပွဲက စိတ်ဝင်စားစရာကောင်းအောင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင် နေကြ တာပါ။ ခုချိန်မှာ ဖြစ်ကာစလို ဗိုင်းရပ်ကူးစက်ပုံသဘောသဘာ၀ကို မသိသေးတာမဟုတ်ဘဲ အခြေအနေအရ စွန့် စားသွားလာလုပ်ကိုင်ကြရတဲ့ အခါ သတိနဲ့ယှဉ်ပြီး နိုင်ငံတိုင်းက ဆောင်ရွက်ကြတဲ့ အတွက် ကိုဗစ် ၁၉ ဒုတိယ လှိုင်းကို အတန်အသင့်အထိ ထိန်းချုပ်ကျော်လွှားနိုင်ပါလိမ့်မယ်။ကာကွယ်ကုသဆေးကလည်း လက်တကမ်း ရောက်နေပြီဖြစ်တဲ့ အတွက် သာမန်လူနေထိုင်မှုပုံစံရောက်အောင် လူသားတွေ ကြံဆနိုင်မလားဆို တာစောင့် ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ကပ်ဘေးအပြိုင် သဘာ၀ဘေး

ကိုရိုနာဗိုင်းရပ်ကြောင့် နေရေးထိုင်ရေးနဲ့ အခက်တွေနေချိန်မှာ သဘာ၀ဘေးတွေက ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။မုတ်သုံအစကတည်းက ဖြစ်လာခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် တောင်အာရှနဲ့ အရှေ့အာရှတစ်ခွင်လုံးက ရေကြီးရေလွှမ်းမှုတွေနဲ့ အထိအခိုက်ရှိခဲ့ပါတယ်။ တောင်အာရှဒေသက နိုင်ငံတစ်ခု ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးရေလွှမ်းမှုတွေ ဖြစ်နေတာ ကြာပါပြီ။ နိုင်ငံအကျယ်အဝန်းရဲ့ထက်ဝက် နီးပါး ခရိုင် ၆၄ ခရိုင်အနက် ခရိုင် ၂၁ ခရိုင်မှာ ရေဘေးကြောင့် လူ ၁၁၉ ဦး သေဆုံးခဲ့ပါတယ်။ပြီးခဲ့သည့် သီတင်းပတ် နောက်ပိုင်း အဓိကမြစ်ကြီးများ မြစ်ရေလျှံခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မြေဧရိယာ အများအပြား ရေနစ် မြုပ်ခဲ့ပြီး သီးနှံ စိုက်ခင်းများ၊ လမ်းမကြီးများနှင့် အဝေးပြေးလမ်းမကြီးများ ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ကပ်လျှက် အိန္ဒိယမှာလည်း ရေကြီးမှုတွေက ဆိုးလာပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက် ဘက် အာသံပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၀၂ ဦး ရှိလာသလို  ပြည်သူ ၅ ဒသမ ၆ သန်းကျော် ရေဘေးဒုက္ခခံစားနေရပါတယ်။အဆိုပါပြည်နယ်မှာ ရေဘေးက မေလကတည်းက ဖြစ်နေတာပါ။အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှာတော့  ခရိုင် ၁၄ ခုမှာ  ပြည်သူ ၃ ဒသမ ၉ သန်းကျော် ရေဘေးသင့်ခဲ့ပါတယ်။ ပါကစ္စ တန်မှာ ဆိုရင် ယခုရက်သတ္တပတ်ထဲ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ကရာချိရဲ့ လမ်းများ မှာပါ ရေဖုံး လွှမ်းခဲ့ ကာ လူ ၅ ဦး အနည်းဆုံးသေဆုံးခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ဘက် နန်ဂါဟာ ပြည်နယ် ကော့ဇ်ကူနာခရိုင်မှာဆိုရင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့လို့  လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး လူနေအိမ်အများ အပြား ပျက်စီးခဲ့ပါတယ်။တရုတ်မှာဆိုရင် အလယ်ပိုင်း ဟူပေပြည်နယ်၌ ယခုသီတင်းပတ် အတွင်း မိုး သည်း ထန်စွာ ရွာသွန်းမှုကြောင့် ငါးဦးသေဆုံး ခဲ့ပြီး တစ်ဦးပျောက်ဆုံးခဲ့ပါတယ်။ ဒီအရင်ကတည်းက မြစ်တွေမှာ စံချိန်တင် ရေကြီးခဲ့တဲ့ အတွက် ဇူလိုင် ၂၃ ရက်အထိ စာရင်းအရဆိုရင် ရေဘေးကြောင့် သေဆုံး (သို့မဟုတ်) ပျောက် ဆုံးသူ ၂၃၁၄၂ဦးနှင့် အိမ်ခြေပေါင်း ၃၅၀၀၀အထိ ပျက်ဆီးခဲ့တယ်ဆိုပါတယ်။နာမည်ကြီး လျှိုမြှောင် သုံးသွယ်ဆည်ကြီးကို စီးဝင်တဲ့ မြစ်တွေမှာ ရေကြီးမှုတွေ ရေလျှံမှု တွေ ရှိခဲ့တဲ့ အတွက် တမံကြီး ပြိုကျတော့ မလားထင်ရအောင် စိုးရိမ်ခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

ရာသီဥတုဘေးက တရုတ်၊အိန္ဒိယနဲ့ တောင်အာရှမှာ တွင်မဟုတ်ပါဘူး။  အမေရိကမှာလည်း ဟန်နာ ဟာရီကိန်းမုန်တိုင်းက အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် တောင်ပိုင်းဒေသထဲဝင်ရောက်လို့ တောင်ပိုင်း ဒေသတွေမှာ မိုးကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်နေသလို တစ်နာရီမိုင် ၉၀ နဲ့အထက်ရှိတဲ့ ဒေါက်ဂလပ်စ် ဟာရီကိန်း မုန်တိုင်းကလည်း ဟာဝိုင်အီကျွန်းနားကို ကပ်လာနေပါတယ်။ အရှေ့အလယ်ပိုင်းက ယီမင်မှာ ဆိုရင် အဆက် မပြတ်မိုးရွာသွန်းမှုပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ခဲ့လို့ နိုင်ငံ အနောက်မြောက်ပိုင်းမှာ ၄၈ နာရီအတွင်း အနည်းဆုံး လူ ၁၆ ဦးသေဆုံးပါတယ်။

ပင်လယ်ရေနဲ့ မြစ်ချောင်းတွေရဲ့ အောင်ကြမ်းပြင် မြင့်တက်လာတာကလဲ အကြောင်းအရင်းတစ်ချက်ပါ ဘဲ။  ဒီအတွက် ပင်လယ်သမုဒ္ဒရာထဲ အမှိုက်တွေ စီးဝင်တာကိုထောက်ပြကြပါတယ်။ အစိုးရမဟုတ်သော အဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ The Pew Charritable က သုတေသန အဖွဲ့အစည်းတစ်ခုနှင့်အတူ ပူးပေါင်းပြီး ယခုရက် သတ္တပတ်ထဲမှာ ပင်လယ်သမုဒ္ဒရာများထဲသို့ စီးဝင်နေသည့် ပလတ်စတစ်စွန့်ပစ် ပစ္စည်းပမာဏကို ထုတ်ပြန် ခဲ့ရာမှာ လာမည့် ၂၀၄၀ ပြည့်နှစ်မရောက် မီ ပင်လယ်သမုဒ္ဒရာများထဲသို့ ပလတ် စတစ် စွန့်ပစ်အမှိုက်များ စီးဝင်မှုက တစ်နှစ်ကို တန်ချိန် ၂၉ သန်းအထိ ရှိလာနိုင်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနဲ့ သဘာ၀ပတ်ဝန်းကျင်ယိုယွင်းမှုတွေကြောင့် ကမ္ဘာကြီး ပျက်စီးလာတာ၊ ယခင်ကထက်ပိုဆိုးရွားလာတာ၊ကပ်ဘေးတွေ ဖြစ်လာနေတာက ငြင်းမရတဲ့ ဂေဟစနစ်ပျက်စီးယိုယွင်းတဲ့ အခြေအနေပါဘဲ။ ယခုရက်သတ္တပတ်ထဲ ဖိလစ်ပိုင်နဲ့ တရုတ်ဘက်မှာ ငလျင်တွေလှုပ်ခဲ့သေးတဲ့ အတွက် ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ယခင်ထက် အဆများစွာလိုနေပြီ ဆိုတာကို ပြနေခဲ့ပါတယ်။ သဘာ၀ကပ်ဘေးက ပြင်ဆင်ချိန်မရတတ်တဲ့ အတွက် ဘယ်လောက်ထိ အသေအပျောက်နည်းအောင် လူတွေဘက်က ကြိုတင်ပြင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေထဲမှာ တခြားစိတ်ဝင်စားစရာ သတင်းအချို့လည်း ရှိသေးပါတယ်။ ရုရှားကထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ခိုက်မှုဖြစ်နေတဲ့ ယူ့ကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့ ယူကရိန်းစစ်တပ်နဲ့ခွဲထွက်ရေးသ မားတွေ အပြည့်အ၀ရပ်စဲရေး သဘောတူညီမှုရခဲ့တဲ့ သတင်း၊ အမေရိကန်နှင့် တာလီဘန်တွေအကြားရခဲ့တဲ့ ငြိမ်း ချမ်းရေးသဘောတူညီချက်အရ ဖမ်းဆီးထားတဲ့ အကျဉ်းသား တစ်ထောင်ကျော် တာလီဘန်ဘက်က လွှတ်ခဲ့တဲ့ သတင်း၊ အဇာဘိုင်ဂျန်နဲ့ တူရကီပေါင်းပြီး လေတပ်နှင့် မြေပြင်တပ်ဖွဲ့တွေပါတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ယခုရက် သတ္တပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်း၊ဂျာမနီနိုင်ငံမှတပ်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၁၉၀၀ ကို ပြန် လည် ရုပ်သိမ်းဖို့ အမေရိကန်က စီစဉ်နေတဲ့ သတင်း၊ အီရတ်ရွေးကောက်ပွဲကို တစ်နှစ်စောပြီး လာမည်နှစ် ဇွန် ၆ ရက်မှာ ကျင်းပမယ့်လို့ အီရတ်ဝန်ကြီးချုပ်က ကြေညာခဲ့တဲ့ သတင်း၊ အာရပ်ကမ္ဘာမှာ ပထမဆုံးနျူကလီးယား ဓာတ်အားပေး စက်ရုံကို ယူအေအီးနိုင်ငံဘာရတ်ဒေသမှာ ဩဂုတ် ၁ ရက်က ဖွင့်လှစ်ခဲ့တဲ့သတင်း၊ဂျပန်နိုင်ငံ ဖူကူရှီးမားခရိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ပေါက်ကွဲ မှုတစ်ခု ဖြစ်ပွားရာမှာ လူတစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ အာဖဂန်နစ္စတန် အရှေ့ပိုင်း လိုဂါပြည်နယ်မှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးကာ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်အတွက် နိုင်ငံတကာ သတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
သြဂုတ် - ၃

( Zawgyi )

ႏိုင္ငံတကာစိတ္ဝင္စားတဲ့သူေတြ ေစာင့္ၾကည့္ရတဲ့ သတင္း အခ်ိဳ႕ယခုရက္အတြင္း ျဖစ္ခဲ့ပါတယ္။ႏိုင္ငံတကာ က်န္းမာေရးပညာရွင္ေတြ ခန႔္မွန္းခဲ့တဲ့အတိုင္း  ကမာၻတစ္ဝန္းျပန္အရွိန္ျပန္တက္လာတဲ့ ကိုဗစ္-၁၉ ကူးစက္ ေရာဂါသတင္းေတြနဲ႔ ယခုရက္သတၱပတ္ထဲမွာ ရာသီဥတုေဘးေတြ ျဖစ္လို႔အေသအေပ်ာက္ရွိလာတဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

ဒီစိတ္ဝင္စားစရာသတင္းေတြထဲက ပထမဆုံးအေနနဲ႔ ကမာၻတစ္ဝန္း အရွိန္ျပန္တက္လာတဲ့ ကိုဗစ္ ၁၉ ကူးစက္ေရာဂါနဲ႔ ကပ္ေရာဂါေဘးကေန စီးပြားေရးလုပ္ငန္းေတြ ျပန္စဖို႔ လုပ္ေနတဲ့ သတင္းေတြကို ေဖာ္ျပခ်င္ပါတယ္။

အရွိန္တက္လာတဲ့ ကိုဗစ္ -၁၉ နဲ႔ စီးပြားေရးက်ဆင္းမႈ

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈကို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ေၾကညာခဲ့တဲ့ ဗီယက္နမ္မွာ ပထမဆုံး ဗိုင္းရပ္ ေၾကာင့္ ေသဆုံးသူရွိလာတဲ့အခ်ိန္မွာေတာ့ ဒုတိယလႈိင္းဂယက္အတြက္ စိုးရိမ္မႈေတြ ကမာၻတစ္ဝန္းျမင့္တက္လာခဲ့ ပါတယ္။ ကမာၻက်န္းမာေရးအဖြဲ႕(WHO)က ကပ္ေဘးလို႔ ဇန္နဝါရီ ၃၀ ရက္မွာ သတ္မွတ္ၿပီး ႏိုင္ငံတကာကို ထုတ္ ျပန္ခဲ့တဲ့ ႏွစ္ဝက္အၾကာ ဩဂုတ္ ၂ ရက္မွာေတာ့ ကမာၻတစ္ဝန္းႏိုင္ငံေပါင္း ၂၁၅ ႏိုင္ငံကို  ဗိုင္းရပ္က ကူးစက္ခဲ့ၿပီး ကူးစက္ခံရသူအေရအတြက္ ၁၈ သန္း ေက်ာ္နဲ႔ ေသဆုံးသူ ၇ သိန္းနီးပါးထိဦးရွိလာခဲ့ပါတယ္။ ဒီထဲမွာ  ျပန္လည္ ေကာင္းမြန္လာသူ ၁၁ သန္းခြဲနီးပါးရွိခဲ့တယ္ဆိုေပမယ့္ တိတိက်က်ေျပာရရင္ ထပ္မံမကူးစက္ႏိုင္ေတာ့ဘူးလို႔ အာမခံလို႔ရတဲ့ အေနအထားမဟုတ္ပါဘူး။

ဗိုင္းရပ္ကူးစက္မႈ ပ်ံႏွံလာတဲ့အခ်ိန္ကစၿပီး ကမာၻနဲ႔ထီးတည္းခြဲထြက္ခဲ့တဲ့ေျမာက္ကိုရီးယားလို ကမာၻနဲ႔ အဆက္အသြယ္နည္းလြန္းတဲ့ ႏိုင္ငံမွာေတာင္ ကူးစက္ခံရမႈကေန မလြတ္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၆ ရက္မွာ ေတာင္ကိုရီးယားကေန ျပန္ခိုးဝင္လာတဲ့သူထံကေန ကူးစက္ခံရသူလို႔ သံသယဖြယ္ ပထမဆုံးေတြ႕ၿပီးေနာက္ မွာ အလ်င္အျမန္ဘဲ ျပည္တြင္းကူးစက္မႈကို ကာကြယ္ဖို႔ ေတာင္ကိုရီးယားနဲ႔ထိစပ္ေနတဲ့ နယ္စပ္ကို စတင္ပိတ္ ခဲ့ၿပီး ေကေဆာင္ၿမိဳ႕ကို အေရးေပၚအေျခအေနေၾကညာခဲ့ပါတယ္။ ဗီယင္နမ္ကေတာ့ တစ္မ်ိဳးတစ္ဘာသာပါ။ အေစာ ပိုင္းက ဗိုင္းရပ္ကင္းစင္တယ္၊ကူးစက္မႈကို သူနည္းသူဟန္နဲ႔ထိန္းခ်ဳပ္ႏိုင္တယ္ဆိုၿပီး စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ခဲ့ေပမယ့္ ဒါနန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ အနည္းဆုံး ၁၄ ဦးကို အစုလိုက္အၿပဳံလိုက္ေတြ႕ၿပီး ေနာက္ မွာေတာ့ ျပည္တြင္းကူးစက္မႈျဖစ္လာမွာကိုလန႔္ဖ်န႔္ၿပီး ဒါနန္းကိုေရာက္ေနတဲ့  ျပည္တြင္းခရီးသြား ၈၀၀၀၀ ခန႔္ကို ေဘးကင္းရာ အလ်င္အျမန္ ေျပာင္းေ႐ႊ႕ခဲ့သလို  ဒါနန္းၿမိဳ႕အဝင္အထြက္ ေလယာဥ္ခရီးစဥ္ေတြကို ဇူလိုင္ ၂၈ ရက္ ကစၿပီး ဆိုင္းငံ့လိုက္ပါတယ္။

အိႏၵိယကေတာ့ အေစာပိုင္းက ကူးစက္ေရာဂါကို ကမာၻအတင္းက်ပ္ဆုံးပုံစံနဲ႔ ကိုင္တြယ္ခဲ့ေပမယ့္ ေနာက္ ပိုင္းမွာ စီးပြားေရးၿပိဳလဲမွာ စိုးရိမ္တဲ့အတြက္ စည္းကမ္းေတြကို ေလ်ာ့ခ်ခဲ့ရာကေန  ကမာၻ႔တတိယ အမ်ားဆုံး ကူး စက္ခံရတဲ့ ႏိုင္ငံအထိ ျဖစ္လာခဲ့သလို ေသဆုံးမႈကလည္း ထိုးတက္လာခဲ့ပါတယ္။ စာရင္းေတြအရဆိုရင္ ဩဂုတ္ ၂ ရက္ အထိ အိႏၵိယမွာ ကူးစက္ခံရသူ ၁ဒသမ ၇ သန္းထိရွိၿပီး ေသဆုံးသူအေရအတြက္က သုံးေသာင္းခုႏွစ္ေထာင္ ေက်ာ္အထိရွိခဲ့ပါတယ္။ အိႏၵိယမွာ ဒီေလာက္ထိထိုးတက္လာခဲ့ရတာကလည္း အေၾကာင္းအရင္းတစ္ခုက ရွိပါ တယ္။ႏိုင္ငံအမ်ားစုက  သံသယရွိဖြယ္ရွိမွ စစ္ေဆးတာျဖစ္ေပမယ့္ အိႏၵိယကေတာ့ လူအင္အားေကာင္းေကာင္းနဲ႔ တစ္ရက္ကို လူ၄၄၀၀၀၀ အထိစစ္ခဲ့တဲ့အတြက္ ကူးစက္ခံရသူအေရအတြက္က တက္လာခဲ့တာလည္းျဖစ္ပါတယ္။ အိႏၵိယမွာ ကူးစက္ခံရမႈ အဆိုးဆုံးက လူဦးေရထူထပ္တဲ့ အေနာက္ပိုင္းျပည္နယ္ေတြပါ။ဒီၾကားထဲ  ကူးစက္ကပ္ ေရာဂါေၾကာင့္ အရက္ဆိုင္ေတြ ပိတ္ထားလို႔ဆိုၿပီး လက္သန႔္ေဆးေတြကို ယမကာအျဖစ္ေသာက္ခဲ့ၾကလို႔ ေသတဲ့ အျဖစ္အပ်က္ေတြလည္း အိႏၵိယမွာ ရွိပါေသးတယ္။

လူဦးေရမ်ားတဲ့ အိႏၵိယလိုဘဲ ေနာက္ထပ္ တစ္ႏိုင္ငံျဖစ္တဲ့ လူဦးေရသန္း ၂၇၀ နီးပါးရွိတဲ့ အင္ဒိုနီးရွားႏိုင္ငံ ကေတာ့  ကန႔္သတ္တာေတြ ေျဖေလွ်ာ့ေပးလိုက္ၿပီးေနာက္မွာ ေန႔စဥ္ ကူးစက္ခံရမႈႏႈန္းက ၁၀၀၀ ဝန္းက်င္ ပုံမွန္ရွိ လာခဲ့ပါတယ္။ ဩဂုတ္ ၂ ရက္အထိ စာရင္း အရဆိုရင္  အင္ဒိုႏိုင္ငံတစ္ဝန္း ကူးစက္ခံရသူအေရအတြက္ တစ္သိန္း ေက်ာ္နဲ႔ ေသဆုံးသူက ငါးေထာင္ႏွစ္ရာေက်ာ္အထိပါ။ ျမန္မာနဲ႔ကပ္လွ်က္ ဘဂၤလားေဒ့ရွ္မွာလည္း ပုဂၢလိကေဆး႐ုံ ေတြရဲ႕ ဗိုင္းရပ္မရွိေၾကာင္း ေဆးစစ္ခ်က္အတုေတြေၾကာင့္ ကူးစက္ခံရသူ ႏွစ္သိန္းေလးေသာင္းေက်ာ္ေနၿပီး ဩ ဂုတ္ ၂ ရက္အထိ ေသဆုံးသူ သုံးေထာင္ေက်ာ္ေနပါၿပီ။အေစာပိုင္းက ကိုဗစ္-၁၉ ကူးစက္ခံရမႈကို ထိန္းခ်ဳပ္ ႏိုင္ခဲ့ ၿပီး ေသဆုံးမႈကို မရွိသေလာက္ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ဗီယက္နမ္၊ လာအိုတို႔လို တျခားေသာ ဥေရာပႏိုင္ငံေတြနဲ႔ ကူး စက္ခံရမႈႏူန္းျမင့္မားခဲ့ၿပီး ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရတဲ့ ေတာင္ကိုရီးယား၊ ဂ်ာမနီစတဲ့ ႏိုင္ငံေတြလည္း ကိုဗစ္ ဒုတိယလႈိင္းျပန္အစမွာ အလူးအလဲထိန္းခ်ဳပ္ေနရတဲ့ အေနအထားပါ။

ေဟာင္ေကာင္မွာ ဆိုရင္ အာဏာပိုင္ေတြက အမ်ားျပည္သူႏွင့္ သက္ဆိုင္တဲ့ ေနရာကို သြား ရင္ ႏွာေခါင္း စည္းကို မျဖစ္မေန တပ္ဆင္ဖို႔ ထုတ္ျပန္ခဲ့ၿပီး လူႏွစ္ဦးထက္ပိုၿပီး စုေဝးခြင့္မေပးခဲ့ပါဘူး။ စားေသာက္ဆိုင္ ေတြမွာ လည္း ယခုထိ  ပါဆယ္စနစ္ကိုသာ ခြင့္ျပဳထားေသးပါတယ္။ ကိုဗစ္၁၉ ပထမကာလမွာ အာရွ၊ဥေရာပနဲ႔ အေမရိ ကမွာ ထိန္းမႏိုင္သိမ္းမရျဖစ္ခ်ိန္မွာ ၿငိမ္သက္ေနခဲ့တဲ့ အာဖရိကတိုက္က ႏိုင္ငံေတြကေတာ့ ယခုခ်ိန္မွာ  ကူးစက္ ႏူန္းေတြ ျမင့္တက္ေနၿပီး လူတစ္သန္းေက်ာ္ ကူးစက္ခံထားရပါတယ္။ ဒီအတြက္ စည္းမ်ည္းေတြကို တင္းတင္း က်ပ္ က်ပ္ထိန္းခ်ဳပ္ေနသလို ယူဂႏၶာမွာဆိုရင္ အစိုးရက ခ်မွတ္ထားတဲ့ အသြားအလာကန႔္ သတ္မႈကို ခ်ိဳးေဖာက္ ၿပီး ပါတီပြဲတက္ခဲ့တဲ့ လူ ၁၀၀ ေက်ာ္ကို အာဏာပိုင္ေတြက ဖမ္းဆီးခဲ့ပါတယ္။လက္ရွိမွာ  ယူဂႏၶာႏိုင္ငံတစ္ဝန္း ကူးစက္ခံရသူအေရအတြက္က တစ္ေထာင္ေက်ာ္နဲ႔ ေသဆုံးသူက ၄ ဦးဘဲရွိပါေသးတယ္။ ဒါေပမယ့္ ေဆးဝါးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈအားနည္းတဲ့ အာဖရိက မွာ က်န္းမာေရးကန႔္သတ္မႈကို အာဏာပိုင္ေတြက အေသ အလဲကို လုပ္ေနရတဲ့ အေနအထားပါ။ ေတာင္ကိုရီးယားလည္း ၿပီးခဲ့တဲ့ မတ္လက အစုလိုက္အၿပဳံလိုက္ ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျဖစ္ပြားေစခဲ့တဲ့ အသက္ ၈၈ ႏွစ္အ႐ြယ္ ခရစ္ယာန္ တရားေဟာဆရာကို ယခုရက္ထဲမွာ ဖမ္းဆီးခဲ့ပါတယ္။ ဒီတရားေဟာဆရာေၾကာင့္ ဆက္ႏြယ္ၿပီး ကူးစက္ခဲ့တာ လူ ငါးေထာင္ေက်ာ္ပါ။ ဒီအေရအတြက္ က ေတာင္ကိုရီးယားမွာ ကူးစက္ခံရတဲ့ အေရအတြက္စုစုေပါင္း ၁၄၃၆၆ ဦးရဲ႕ သုံးပုံတစ္ပုံေလာက္ ရွိပါတယ္။ ဖိလစ္ပိုင္ဆိုရင္ တင္းက်ပ္မႈေတြ ျပန္ေလ်ာ့ခ်ခဲ့တဲ့ အတြက္ ေဆး႐ုံေတြမွာ ကိုဗစ္ -၁၉ ကူးစက္ခံရသူလူနာမ်ား မ်ားျပားလာလို႔ ဆရာဝန္အုပ္စု အခ်ိဳ႕က သမၼတ ဒူတာေတးကို ကိုဗစ္-၁၉ တိုက္ ပြဲမွာ ဖိလစ္ပိုင္ ရႈံးနိမ့္ေနၿပီဆိုၿပီး သတိေပးတာေတြေတာင္ ျဖစ္ခဲ့ပါတယ္။ ဒါ ေၾကာင့္လည္း တင္းက်ပ္တဲ့ စည္းကမ္းေတြကို ႏိုင္ငံတိုင္းက ကိုဗစ္ ၁၉ ဒုတိယလႈိင္းကို တားဆီးဖို႔အတြက္ ျပန္ခ် မွတ္ေနသလို က်န္းမာေရးဝန္ထမ္းေတြက ျပန္သတ္မွတ္က်င့္သုံး ေစခ်င္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္မွာ ကမာၻက်န္းမာေရးအဖြဲ႕က ကိုဗစ္၁၉ ကူးစက္ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ဒီ ေရာဂါက ထင္ထားတာတက္ပိုၾကာရွည္ႏိုင္တဲ့ အတြက္ ႏိုင္ငံတိုင္းက စီးပြားေရးနဲ႔လူမႈေရးမွာ လိုက္နာႏိုင္မႈ နည္း လာႏိုင္တဲ့အတြက္ ပိုသတိထားၾကဖို႔ ႏိုင္ငံတိုင္းကို သတိေပးခဲ့ပါတယ္။ တစ္ကယ္လည္း ႏိုင္ငံတိုင္းအတြက္ ၾကာ ရွည္လာတဲ့ က်န္းမာေရးဆိုင္ရာ မျဖစ္မေနလိုက္နာရမယ့္ကန႔္သတ္ခ်က္ေတြေအာက္မွာ ႏိုင္ငံစီးပြားေရးေတြ ယိုင္နဲ႔စျပဳလာလို႔ ကန႔္သတ္မႈေတြ တဖက္မွာ လႊတ္စျပဳေနသလို တစ္ဖက္မွာလည္း ကာကြယ္ေဆးေပၚ ထြက္လာ ဖို႔ အတြက္ အားစိုက္လုပ္ကိုင္ေနတာကိုလည္း ေတြ႕ရပါတယ္။ ကာကြယ္ေဆးဆိုရင္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက ကာကြယ္ေဆးေဖာ္ထုတ္ရာမွာ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ႏိုင္ငံေတြ အံအားသင့္ခဲ့ရတဲ့အထိျဖစ္ခဲ့ရတဲ့ ကာကြယ္ေဆးေဖာ္ထုတ္ႏိုင္ေၾကာင္း ကမာၻမွာ အေစာဆုံးေၾကညာႏိုင္ခဲ့တဲ့ ႐ုရွားက ယခုရက္သတၱပတ္ ဩဂုတ္ ၁ရက္မွာေတာ့ သူႏိုင္ငံကလူေတြကို ေအာက္တိုဘာက စၿပီး အသုတ္လိုက္ ကို႐ိုနာဗိုင္းရပ္ကာကြယ္ေဆးေတြ  ထိုးေပးေတာ့မယ္ဆိုၿပီး ေၾကညာတာကိုေတြ႕ခဲ့ရပါတယ္။ ႐ုရွားလိုဘဲ ကာကြယ္ေဆးထုတ္ရာမွာ ဦးေဆာင္ေနတဲ့ ျပင္သစ္ေဆးကုမၸဏီဆႏိုဖီရဲ႕ ကိုဗစ္-၁၉ ကာကြယ္ေဆး တစ္ခါေသာက္ေဆးကို အီးယူက သန္း ၃၀၀ အထိဝယ္ဖို႔ သေဘာတူညီခ်က္ေတြ ယခုရက္ထဲမွာ ရယူခဲ့ပါတယ္။ ဒီေဆးက စမ္းသပ္ေနတာမွာ အေတာ္ခရီးေပါက္ေနၿပီး ေဘးကင္းတယ္ဆိုတာ ျပႏိုင္တာနဲ႔ ေစ်းကြက္ထဲ ေရာက္လာမယ္သေဘာပါ။ အေမရိကန္ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းပညာ ရွင္ ေဒါက္တာအန္ေထာ္နီေဖာ္စီကေတာ့ လာမည့္ႏွစ္အေစာပိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကာ ကြယ္ေဆးတစ္မ်ိဳး အဆင္သင့္ျဖစ္ေနမယ္လို႔ ဆိုထားတာရွိပါတယ္။

ဒါေပမယ့္ ကမာၻႏိုင္ငံအမ်ားစုရဲ႕ စီးပြားေရးက အဲဒီကာလအထိ မေတာင့္ခံႏိုင္ပါဘူး။ နည္းပညာကုမၸဏီ ေတြ ဆက္သြယ္ေရးကုမၸဏီေတြသာ ကိုဗစ္ ၁၉ ကာလမွာ အျမတ္ထြက္ခဲၿပီး လုပ္ငန္းအေတာ္မ်ားမ်ား ၿပိဳလဲခဲ့ပါ တယ္။ အထူးသျဖင့္ ခရီးသြားလုပ္ငန္းနဲ႔ေလေၾကာင္းလိုင္းေတြပါ။ နာမည္ႀကီးကမာၻေလ ေၾကာင္း ကုမၸဏီေတြ ဆိုရင္ ၿပိဳလဲတာေတြ စံခ်ိန္တင္အရႈံးေပၚတာေတြ ျဖစ္ေနပါၿပီ။ ကမာၻ႔နာမည္ႀကီးေလယာဥ္ထုတ္ လုပ္ေရးကုမၸဏီ ျဖစ္တဲ့ အဲဘတ္စ္ကုမၸဏီေတာင္ ေလယာဥ္အမွာစာေတြ ထိုးက်ခဲ့လို႔ ယခုႏွစ္ ပထမေျခာက္လအတြင္း ယူ႐ို ၁ ဒသမ ၉ ဘီလီယံ(အေမရိကန္ေဒၚလာ ၂ ဒသမ ၂ ဘီလီယံ) အသားတင္ ဆုံးရႈံးခဲ့ပါတယ္။ ဒါက ကမာၻတစ္ဝန္း ေလေၾကာင္းလိုင္းေတြ ေျပးဆြဲမႈေတြရပ္ ဆိုင္းခဲ့ရတဲ့ အတြက္ပါ။

WHO ကလည္းကိုဗစ္-၁၉ က ၾကာရွည္ဖြယ္ရွိၿပီး ဆိုးက်ိဳးသက္ေရာက္တာက ဆယ္စုႏွစ္ အေတာ္ၾကာ ခံစားရ ဦးမယ္လို႔ ေျပာခဲ့တဲ့အတြက္ တခ်ိဳ႕ႏိုင္ငံေတြက လုပ္ငန္းေတြအထူးသျဖင့္ ခရီးသြားလုပ္ငန္းေတြကို ျပန္ဖြင့္တာေတြရွိခဲ့ပါတယ္။ ေတာင္တက္ကေန ျပည္ပဝင္ေငြကို အဓိကရတဲ့ နီေပါဆိုရင္ ယခုရက္အတြင္းမွာဘဲ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈေၾကာင့္ ပိတ္ထားခဲ့ရတဲ့ ဧဝရက္ေတာင္နဲ႔ အျခားေတာင္ တက္ ခရီးစဥ္ေတြကို ျပန္ဖြင့္ေပးခဲ့ပါတယ္။ဒီအတြက္ ႏိုင္ငံတကာေလေၾကာင္း ခရီးစဥ္ေတြကို ဩဂုတ္ ၁၇ ရက္က စတင္ ၿပီး ျပန္လည္ေျပးဆြဲခြင့္ျပဳမည္ ဆိုၿပီးထုတ္ျပန္ခဲ့ပါတယ္။ခရီးသြားမွာ နာမည္ေက်ာ္တဲ့ ဂရိကေတာ့ ကိုဗစ္- ၁၉ ကာလအတြင္း ပထမဆုံးအႀကိမ္အျဖစ္ အဓိကဆိပ္ကမ္းႀကီး ေျခာက္ခုကို ဇူလိုင္ ၃၁ ရက္မွာ ျပန္လည္ ဖြင့္လွစ္ ေပးခဲ့ပါတယ္။ဒါေပမယ့္ အေပ်ာ္စီးသေဘၤာႀကီးေတြကို ဩဂုတ္ ၂၀ ရက္ ေနာက္ပိုင္းမွ သာ ျပန္လည္လက္ခံမွာပါ။ အစၥေရးႏိုင္ငံကေတာ့ စက္တင္ဘာ ၁ ရက္မတိုင္ခင္ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္း ေျပးဆြဲမႈကို တျဖည္းျဖည္း ျပန္လည္စတင္ရန္ စီစဥ္ေနပါတယ္။ဂ်ပန္ကေတာ့ ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈျမင့္ တက္ေနေပမယ့္ ႏိုင္ငံစီးပြားေရးကို ျပန္လည္ဦးေမာ့လာေစဖို႔ ျပည္တြင္းခရီး သြားလုပ္ငန္းနဲ႔ ဆြဲတင္ဖို႔ စီစဥ္ေနၿပီး ႏိုင္ငံသားေတြကို  ခရီးသြားၾကစို႔ လႈပ္ရွားမႈနဲ႔ သယ္ယူပို႔ေဆာင္ေရးႏွင့္ တည္းခိုေရးစရိတ္မ်ားကို ၃၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးၿပီး ဆြဲေဆာင္ဖို႔ စီစဥ္ေနပါတယ္။

လူသားေတြနဲ႔ ကပ္ေဘးတိုက္ပြဲက စိတ္ဝင္စားစရာေကာင္းေအာင္ ျပင္းျပင္းထန္ထန္ တိုက္ပြဲဝင္ ေနၾက တာပါ။ ခုခ်ိန္မွာ ျဖစ္ကာစလို ဗိုင္းရပ္ကူးစက္ပုံသေဘာသဘာ၀ကို မသိေသးတာမဟုတ္ဘဲ အေျခအေနအရ စြန႔္ စားသြားလာလုပ္ကိုင္ၾကရတဲ့ အခါ သတိနဲ႔ယွဥ္ၿပီး ႏိုင္ငံတိုင္းက ေဆာင္႐ြက္ၾကတဲ့ အတြက္ ကိုဗစ္ ၁၉ ဒုတိယ လႈိင္းကို အတန္အသင့္အထိ ထိန္းခ်ဳပ္ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။ကာကြယ္ကုသေဆးကလည္း လက္တကမ္း ေရာက္ေနၿပီျဖစ္တဲ့ အတြက္ သာမန္လူေနထိုင္မႈပုံစံေရာက္ေအာင္ လူသားေတြ ႀကံဆႏိုင္မလားဆို တာေစာင့္ ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ကပ္ေဘးအၿပိဳင္ သဘာ၀ေဘး

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေနေရးထိုင္ေရးနဲ႔ အခက္ေတြေနခ်ိန္မွာ သဘာ၀ေဘးေတြက ဆက္တိုက္ဆိုသလို ျဖစ္လာခဲ့ပါတယ္။မုတ္သုံအစကတည္းက ျဖစ္လာခဲ့တဲ့ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ ေတာင္အာရွနဲ႔ အေရွ႕အာရွတစ္ခြင္လုံးက ေရႀကီးေရလႊမ္းမႈေတြနဲ႔ အထိအခိုက္ရွိခဲ့ပါတယ္။ ေတာင္အာရွေဒသက ႏိုင္ငံတစ္ခု ျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရႀကီးေရလႊမ္းမႈေတြ ျဖစ္ေနတာ ၾကာပါၿပီ။ ႏိုင္ငံအက်ယ္အဝန္းရဲ႕ထက္ဝက္ နီးပါး ခ႐ိုင္ ၆၄ ခ႐ိုင္အနက္ ခ႐ိုင္ ၂၁ ခ႐ိုင္မွာ ေရေဘးေၾကာင့္ လူ ၁၁၉ ဦး ေသဆုံးခဲ့ပါတယ္။ၿပီးခဲ့သည့္ သီတင္းပတ္ ေနာက္ပိုင္း အဓိကျမစ္ႀကီးမ်ား ျမစ္ေရလွ်ံခဲ့ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝန္း ေျမဧရိယာ အမ်ားအျပား ေရနစ္ ျမဳပ္ခဲ့ၿပီး သီးႏွံ စိုက္ခင္းမ်ား၊ လမ္းမႀကီးမ်ားႏွင့္ အေဝးေျပးလမ္းမႀကီးမ်ား ပ်က္စီးမႈ မ်ား ျဖစ္ေပၚခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ကပ္လွ်က္ အိႏၵိယမွာလည္း ေရႀကီးမႈေတြက ဆိုးလာပါတယ္။ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ ဘက္ အာသံျပည္နယ္မွာ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ ၁၀၂ ဦး ရွိလာသလို  ျပည္သူ ၅ ဒသမ ၆ သန္းေက်ာ္ ေရေဘးဒုကၡခံစားေနရပါတယ္။အဆိုပါျပည္နယ္မွာ ေရေဘးက ေမလကတည္းက ျဖစ္ေနတာပါ။အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ဘီဟာျပည္နယ္မွာေတာ့  ခ႐ိုင္ ၁၄ ခုမွာ  ျပည္သူ ၃ ဒသမ ၉ သန္းေက်ာ္ ေရေဘးသင့္ခဲ့ပါတယ္။ ပါကစၥ တန္မွာ ဆိုရင္ ယခုရက္သတၱပတ္ထဲ မိုးသည္းထန္စြာ႐ြာသြန္းခဲ့တဲ့အတြက္ ကရာခ်ိရဲ႕ လမ္းမ်ား မွာပါ ေရဖုံး လႊမ္းခဲ့ ကာ လူ ၅ ဦး အနည္းဆုံးေသဆုံးခဲ့ပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံအေရွ႕ဘက္ နန္ဂါဟာ ျပည္နယ္ ေကာ့ဇ္ကူနာခ႐ိုင္မွာဆိုရင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့လို႔  လူ ၁၆ ဦးထက္မနည္း ေသဆုံးၿပီး လူေနအိမ္အမ်ား အျပား ပ်က္စီးခဲ့ပါတယ္။တ႐ုတ္မွာဆိုရင္ အလယ္ပိုင္း ဟူေပျပည္နယ္၌ ယခုသီတင္းပတ္ အတြင္း မိုး သည္း ထန္စြာ ႐ြာသြန္းမႈေၾကာင့္ ငါးဦးေသဆုံး ခဲ့ၿပီး တစ္ဦးေပ်ာက္ဆုံးခဲ့ပါတယ္။ ဒီအရင္ကတည္းက ျမစ္ေတြမွာ စံခ်ိန္တင္ ေရႀကီးခဲ့တဲ့ အတြက္ ဇူလိုင္ ၂၃ ရက္အထိ စာရင္းအရဆိုရင္ ေရေဘးေၾကာင့္ ေသဆုံး (သို႔မဟုတ္) ေပ်ာက္ ဆုံးသူ ၂၃၁၄၂ဦးႏွင့္ အိမ္ေျခေပါင္း ၃၅၀၀၀အထိ ပ်က္ဆီးခဲ့တယ္ဆိုပါတယ္။နာမည္ႀကီး လွ်ိဳေျမႇာင္ သုံးသြယ္ဆည္ႀကီးကို စီးဝင္တဲ့ ျမစ္ေတြမွာ ေရႀကီးမႈေတြ ေရလွ်ံမႈ ေတြ ရွိခဲ့တဲ့ အတြက္ တမံႀကီး ၿပိဳက်ေတာ့ မလားထင္ရေအာင္ စိုးရိမ္ခဲ့ရတဲ့ အထိျဖစ္ခဲ့ပါတယ္။

ရာသီဥတုေဘးက တ႐ုတ္၊အိႏၵိယနဲ႔ ေတာင္အာရွမွာ တြင္မဟုတ္ပါဘူး။  အေမရိကမွာလည္း ဟန္နာ ဟာရီကိန္းမုန္တိုင္းက အေမရိကန္ႏိုင္ငံ၊ တကၠဆက္စ္ျပည္နယ္ ေတာင္ပိုင္းေဒသထဲဝင္ေရာက္လို႔ ေတာင္ပိုင္း ေဒသေတြမွာ မိုးႀကီး၊ ေရလွ်ံမႈေတြျဖစ္ေပၚေနသလို တစ္နာရီမိုင္ ၉၀ နဲ႔အထက္ရွိတဲ့ ေဒါက္ဂလပ္စ္ ဟာရီကိန္း မုန္တိုင္းကလည္း ဟာဝိုင္အီကြၽန္းနားကို ကပ္လာေနပါတယ္။ အေရွ႕အလယ္ပိုင္းက ယီမင္မွာ ဆိုရင္ အဆက္ မျပတ္မိုး႐ြာသြန္းမႈၿပီး ေရႀကီး၊ ေရလွ်ံမႈမ်ားျဖစ္ခဲ့လို႔ ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ၄၈ နာရီအတြင္း အနည္းဆုံး လူ ၁၆ ဦးေသဆုံးပါတယ္။

ပင္လယ္ေရနဲ႔ ျမစ္ေခ်ာင္းေတြရဲ႕ ေအာင္ၾကမ္းျပင္ ျမင့္တက္လာတာကလဲ အေၾကာင္းအရင္းတစ္ခ်က္ပါ ဘဲ။  ဒီအတြက္ ပင္လယ္သမုဒၵရာထဲ အမႈိက္ေတြ စီးဝင္တာကိုေထာက္ျပၾကပါတယ္။ အစိုးရမဟုတ္ေသာ အဖြဲ႕ အစည္း တစ္ခုျဖစ္တဲ့ The Pew Charritable က သုေတသန အဖြဲ႕အစည္းတစ္ခုႏွင့္အတူ ပူးေပါင္းၿပီး ယခုရက္ သတၱပတ္ထဲမွာ ပင္လယ္သမုဒၵရာမ်ားထဲသို႔ စီးဝင္ေနသည့္ ပလတ္စတစ္စြန႔္ပစ္ ပစၥည္းပမာဏကို ထုတ္ျပန္ ခဲ့ရာမွာ လာမည့္ ၂၀၄၀ ျပည့္ႏွစ္မေရာက္ မီ ပင္လယ္သမုဒၵရာမ်ားထဲသို႔ ပလတ္ စတစ္ စြန႔္ပစ္အမႈိက္မ်ား စီးဝင္မႈက တစ္ႏွစ္ကို တန္ခ်ိန္ ၂၉ သန္းအထိ ရွိလာႏိုင္တယ္လို႔ထုတ္ျပန္ခဲ့ပါတယ္။

ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္မႈနဲ႔ သဘာ၀ပတ္ဝန္းက်င္ယိုယြင္းမႈေတြေၾကာင့္ ကမာၻႀကီး ပ်က္စီးလာတာ၊ ယခင္ကထက္ပိုဆိုး႐ြားလာတာ၊ကပ္ေဘးေတြ ျဖစ္လာေနတာက ျငင္းမရတဲ့ ေဂဟစနစ္ပ်က္စီးယိုယြင္းတဲ့ အေျခအေနပါဘဲ။ ယခုရက္သတၱပတ္ထဲ ဖိလစ္ပိုင္နဲ႔ တ႐ုတ္ဘက္မွာ ငလ်င္ေတြလႈပ္ခဲ့ေသးတဲ့ အတြက္ ကမာၻေျမကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔က ယခင္ထက္ အဆမ်ားစြာလိုေနၿပီ ဆိုတာကို ျပေနခဲ့ပါတယ္။ သဘာ၀ကပ္ေဘးက ျပင္ဆင္ခ်ိန္မရတတ္တဲ့ အတြက္ ဘယ္ေလာက္ထိ အေသအေပ်ာက္နည္းေအာင္ လူေတြဘက္က ႀကိဳတင္ျပင္ႏိုင္မလဲ ဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီလိုသတင္းေတြထဲမွာ တျခားစိတ္ဝင္စားစရာ သတင္းအခ်ိဳ႕လည္း ရွိေသးပါတယ္။ ႐ုရွားကေထာက္ခံတဲ့ ခြဲထြက္ေရးသမားေတြနဲ႔ တိုက္ခိုက္မႈျဖစ္ေနတဲ့ ယူ႔ကရိန္းမွာ အပစ္အခတ္ရပ္စဲဖို႔ ယူကရိန္းစစ္တပ္နဲ႔ခြဲထြက္ေရးသ မားေတြ အျပည့္အ၀ရပ္စဲေရး သေဘာတူညီမႈရခဲ့တဲ့ သတင္း၊ အေမရိကန္ႏွင့္ တာလီဘန္ေတြအၾကားရခဲ့တဲ့ ၿငိမ္း ခ်မ္းေရးသေဘာတူညီခ်က္အရ ဖမ္းဆီးထားတဲ့ အက်ဥ္းသား တစ္ေထာင္ေက်ာ္ တာလီဘန္ဘက္က လႊတ္ခဲ့တဲ့ သတင္း၊ အဇာဘိုင္ဂ်န္နဲ႔ တူရကီေပါင္းၿပီး ေလတပ္ႏွင့္ ေျမျပင္တပ္ဖြဲ႕ေတြပါတဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈ ယခုရက္ သတၱပတ္အတြင္းမွာ ျပဳလုပ္ခဲ့တဲ့ သတင္း၊ဂ်ာမနီႏိုင္ငံမွတပ္ခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ ၁၁၉၀၀ ကို ျပန္ လည္ ႐ုပ္သိမ္းဖို႔ အေမရိကန္က စီစဥ္ေနတဲ့ သတင္း၊ အီရတ္ေ႐ြးေကာက္ပြဲကို တစ္ႏွစ္ေစာၿပီး လာမည္ႏွစ္ ဇြန္ ၆ ရက္မွာ က်င္းပမယ့္လို႔ အီရတ္ဝန္ႀကီးခ်ဳပ္က ေၾကညာခဲ့တဲ့ သတင္း၊ အာရပ္ကမာၻမွာ ပထမဆုံးန်ဴကလီးယား ဓာတ္အားေပး စက္႐ုံကို ယူေအအီးႏိုင္ငံဘာရတ္ေဒသမွာ ဩဂုတ္ ၁ ရက္က ဖြင့္လွစ္ခဲ့တဲ့သတင္း၊ဂ်ပန္ႏိုင္ငံ ဖူကူရွီးမားခ႐ိုင္ရွိ စားေသာက္ဆိုင္တစ္ဆိုင္၌ ေပါက္ကြဲ မႈတစ္ခု ျဖစ္ပြားရာမွာ လူတစ္ဦး ေသဆုံးၿပီး ၁၇ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ အာဖဂန္နစၥတန္ အေရွ႕ပိုင္း လိုဂါျပည္နယ္မွာ ကားဗုံးေပါက္ကြဲမႈျဖစ္ပြားလို႔ အရပ္သား ရွစ္ဦးထက္မနည္း ေသဆုံးကာ လူ ၃၀ ခန႔္ ဒဏ္ရာရရွိခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္အတြက္ ႏိုင္ငံတကာ သတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ၾသဂုတ္ - ၃