【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အိန္ဒိယပြဿနာ ဒေသတွင်းကူးစက်လာမလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အိန္ဒိယပြဿနာ ဒေသတွင်းကူးစက်လာမလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲမှာ နယူးဇီလန်က မီးတောင်ပေါက်ကွဲတဲ့သတင်း အပါအဝင် သဘာ၀ဘေးတွေ၊ ကုန်သွယ်ရေးစစ်ပွဲ ပြေအေးဖို့ ပထမအဆင့် သဘောတူညီချက်ရတဲ့ သတင်းတွေ၊ အိန္ဒိယမှာ ဆန္ဒပြပွဲတွေ ကြီးထွားလာတဲ့သတင်း အပါအဝင် ကမ္ဘာတလွှား နိုင်ငံရေးပဋိပက္ခသတင်းတွေက နိုင်ငံတကာသတင်းမီဒီယာတွေမှာ အဓိကနေရာယူခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ကြားဖြတ်ရွေးကောက်ခံရတဲ့ ဖင်လန်ဝန်ကြီးချုပ် အမျိုးသမီးက ကမ္ဘာ့အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတာ၊ လူ ၃၈ ဦးပါ ချီလီ စစ်ဘက်လေယာဉ်တစ်စင်း အန္တာတိကတိုက်ရှိ အခြေစိုက်စခန်းသို့သွားစဉ် ပျက်ကျခဲ့တဲ့သတင်း၊ လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ အဆုတ်ရောင်ရောဂါ (နမိုးနီးယား) ကြောင့် အသက်ငါးနှစ်အောက် ကလေးငယ် ၁၁ သန်းနီးပါး သေဆုံးဖွယ်ရှိတဲ့သတင်း၊ အင်ဒိုနီးရှားမှာ ဝက်ကာလဝမ်းရောဂါကြောင့် ဝက်ကောင်ရေ ၂၇ဝဝဝ ကျော် သေဆုံးခဲ့တဲ့သတင်း၊ ထိုင်းရိုးရာ အနှိပ်ပညာတစ်ခုဖြစ်သော Nuad Thai ပညာအား ယူနက်စကိုအဖွဲ့ ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအတွင်းသို့ ထည့်သွင်းခဲ့တဲ့ သတင်းတွေကလည်း ကမ္ဘာ့သတင်းမီဒီယာတွေမှာ နေရာယူခဲ့ပါသေးတယ်။

အိန္ဒိယရှိ မွတ်ဆလင် သန်း ၂၀၀ ကံကြမ္မာ

ယခုရက်ထဲ ကမ္ဘာကနေစောင့်ကြည့်နေခဲ့ရတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ဒါက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ ခိုးဝင်ပြီး အခြေချနေထိုင်နေတဲ့ နိုင်ငံသားတွေကို နိုင်ငံသားတွေကို နိုင်ငံသားလျှောက်ခွင့်ပြုမယ့် ဥပဒေကြောင့် ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။    

ဒီနိုင်ငံသားပြုဥပဒေကြောင့် မွတ်စလင်အများစု နေထိုင်သည့် ပြည်နယ်များတွင် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ပြီး ဒါဟာ မွတ်စလင်များအား ဖိနှိပ်ရန် ရည်ရွယ်သည့် ဥပဒေအဖြစ် သတ်မှတ်နေကြတာပါ။ဥပဒေမှာ ၂ဝ၁၅ ခုနှစ် မတိုင်မီ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မွတ်စလင်မဟုတ်သော အခြားဘာသာဝင်များအနေနဲ့ နိုင်ငံသားအဖြစ် လျှောက်ခွင့်ပေးလိုက်တာပါ။ဟိန္ဒူဘာသာဝင်တွေ အဓိကနေထိုင်တဲ့ အိန္ဒိယမှာ အာဖဂန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ့်လို မွတ်စလင်နိုင်ငံတွေကနေ အကြောင်းအမျိုးမျိုးကြောင့် ခိုးဝင်လာတဲ့ အရေအတွက်က သန်းဆယ်နဲ့ချီပြီး ရှိပါတယ်။

တချို့တွေက ခိုးဝင်ရာနယ်မြေမှာ နေထိုင်တာကြာတဲ့အတွက် မျိုးဆက်နှစ်ဆက်တောင်ရှိကာ လူဦးရေ တိုးတက်ပေါက်ဖွားလာတဲ့အတွက် ဇာတိဌာနေ တိုင်းရင်းသားတွေထက် လူဦးရေပိုများလာသလို တခြားသော လူမျိုးရေးပြဿနာတွေလည်း ကြုံလာနေရပါတယ်။အထူးသဖြင့် အုံနဲ့ကျင်းနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ပြောင်းရွှေ့ဝင်ရောက်လာသူတွေကို နိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ်များမှာ ဘင်္ဂါလီများ သီးသန့်ထိန်းသိမ်းရေးစခန်းတွေမှာ ထားရှိဖို့ အိန္ဒိယအစိုးရက စီစဉ်ခဲ့ပါတယ်။

အိန္ဒိယလူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ မွတ်စလင်လူနည်းစုကို ခွဲခြားဆက်ဆံတယ်လို့ သတ်မှတ်ခံရတဲ့ အငြင်းပွားဖွယ် ဒီနိုင်ငံသားဥပဒေကြောင့် နယူးဒေလီရှိ ဂျာမီယာမီလီယာ အစ္စလာမ်တက္ကသိုလ်မှာ ဆန္ဒပြပွဲကို ရဲက မျက်ရည်ယိုဓာတ်ငွေ့များနှင့် နံပါတ်တုတ်များဖြင့် နှိမ်နင်းခဲ့ရသလို ကိုလ်ကတ္တား၊ ဘန်ဂေါ စသည့် အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များမှာ  မွတ်စလင်များက ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြားတွင် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရရှိသူ ၂ဝ ခန့် ရှိလာလို့ ညမထွက်ရအမိန့်  ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ပါတယ်။ဆန္ဒပြမှုများဖြစ်ပွားရာ ဒေသတွေမှာ အခြေအနေက ထိန်းမရလို့ အိန္ဒိယအစိုးရက စစ်တပ်ကို လုခြုံရေးတာဝန်များကို ပြောင်းလဲတာဝန်ယူရန် အမိန့်ထုတ်ခဲ့ရပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်ကိုယ်စားလှယ်တွေကတော့ သူတို့ရဲ့ ခရီးစဉ်တွေကို  ပယ်ဖျက်ပြီး ဒီဥပဒေကို ကန့်ကွက်ခဲ့ပါတယ်။

အစ္စလာမ်အဖွဲ့အစည်းများ၊ ဆန့်ကျင်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များကတော့ အိန္ဒိယရှိ မွတ်စလင် သန်း ၂၀၀ ခန့်ကို ပထုတ်မည့် မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ တစ်စိတ်တစ်ပိုင်းလို့ စွပ်စွဲခဲ့ကြပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကတော့ ဆန့်ကျင်ကန့်ကွက်နေသူများအနေဖြင့် အခြေအနေမှန်ကို နားလည်ရန် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတသာ လက်မှတ်ရေးထိုးဖို့ ကျန်တော့တဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားပြုမှု ဥပဒေကြမ်းကြောင့် အိန္ဒိယလို ဘာသာနဲ့ လူမျိုးရေး အစွဲကြီးတဲ့နိုင်ငံမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မတွေးဝံ့စရာပါဘဲ။ဒီအခြေအနေကို အိန္ဒိယဗဟိုအစိုးရ ကိုင်တွယ်နိုင်ပါ့မလား၊ ဒါမှမဟုတ် ထိစပ်နေတဲ့ ဒေသတွင်းနိုင်ငံတွေအထိ ကူးစက်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အိန္ဒိယမှာ အဲဒီလိုဖြစ်နေချိန်မှာ အာရှနိင်ငံတွဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ဖျက်သိမ်းခံလိုက်ရတဲ့ အဓိကအတိုက်အခံပါတီ ခေါင်းဆောင်က တရားမျှတမှုအတွက် ပြည်သူများတိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့လို့ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့တော် ဘန်ကောက်မှာ ဆန္ဒပြပွဲတွေ တစ်ဖန်ပြန်ဖြစ်လာခဲ့ပါတယ်။အာရှတစ်နိုင်ငံဖြစ်တဲ့ မလေးရှားမှာတော့ တစ်ကျော့ပြန် သက်တော်ရှည်ဝန်ကြီးချုပ် မဟာသီယာ က အာဏာကို ဆက်လက်ချူပ်ကိုင်ဖို့ အရိပ်အယောင်တွေပြနေတဲ့အတွက် ဝန်ကြီးချုပ်နေရာ ဆက်ခံမည့် အန်ဝါဒီဘရာဟင် နဲ့ နိုင်ငံရေးတင်းမာမှု မြင့်တက်လာနေပါတယ်။ဒါ့အပြင် ယခုရက်ထဲမှာဘဲ မလေးရှားက သူ့နိုင်ငံမှာနေထိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးကို အမေရိကန်ဘက်လွှဲပေးဖို့ သဘောတူခဲ့ပါတယ်။ဒါဟာ မလေးရှားထိ လုပ်ကြံသတ်ဖြတ်နိုင်တဲ့ မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ ခြေတံလက်တံကို မလေးရှားက အမေရိကန် ကျောထောက်နောက်ခံနဲ့ မြောက်ကိုရီယားကို စိန်ခေါ်ခဲ့တဲ့ လုပ်ရပ်မို့လို ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲမှုနဲ့ သဘာ၀ဘေး

ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ နယူးဇီလန် White Island ကျွန်း မီးတောင် ယခုရက်ပိုင်းမှာ ပေါက်ကွဲခဲ့တဲ့အတွက် ကမ္ဘာတစ်လွှား ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။ဒီလိုဖြစ်ရပ်ဟာ ရုပ်ရှင်တွေထဲမှာသာ တွေ့ရနိုင်တဲ့ ဖြစ်ရပ်ဖြစ်ပြီး အသက်ဝင်နေတဲ့ မီးတောင်ရှင်ထိပ်၀အထိ သွားရောက်ကြည့်ရှုတဲ့ ခရီးသွားတွေကိုပဲ အပြစ်တင်ရမလား၊ ခွင့်ပြုပေးခဲ့တဲ့ အာဏာပိုင်တွေကိုပဲ အပြစ်တင်ရမလားဆိုတာ ဝေခွဲမရနိုင်အောင်ပါဘဲ။

ဒီမီးတောင်က  ဝှက်ကာရီဟုလည်းခေါ်ပြီး ယင်းမီးတောင်ရှိရာ ကျွန်းဖြူကျွန်းပေါ်မှာ ဒီဇင်ဘာ ၉ ရက်နေ့က ကမ္ဘာလှည့်ခရီးသွား ဒါဇင်ပေါင်းများစွာ ရှိနေချိန်မှာ မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲချိန်မှာ မီးတောင်ဝမှာ ကမ္ဘာလှည့်ခရီးသည်တွေ လျှောက်ကြည့်နေတာဖြစ်လို့ လူအသေအပျောက်က များခဲ့ပါတယ်။မီးတောင်ပေါက်ကွဲချိန် အနီးတစ်ဝိုက်က Plenty ပင်လယ်အော်ထဲ လှည့်လည်နေတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေလည်း ထိခိုက်ဒဏ်ရာရ၊ ပျောက်ဆုံးတာတွေ ရှိခဲ့ပါတယ်။မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၁၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကာ ၂၉ ဦး ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။

ဒီဖြစ်ရပ်က တွေးမိသူတိုင်း ရင်တလှပ်လှပ် အသဲတဖိုဖိုဖြစ်ရပြီး မီးတောင်ပေါက်ကွဲချိန် မီးတောင်ထိပ်၀ကို ရောက်နေတဲ့ ခရီးသွားတွေအဖြစ်က ကြောက်စရာလန့်စရာထက် ပိုပြီးဆိုးရွားလွန်းတဲ့ အခြေအနေတစ်ခုပါဘဲ။မီးတောင်ဆိုတာ မှန်းဆလို့ရတာမဟုတ်ဘဲ သူထပေါက်ချင်တဲ့အချိန် ထပေါက်တာဖြစ်တဲ့အတွက် ဒီလိုပေါ့ဆမှုလား၊ စတန့်ထွင်တာလား ဝေခွဲမရတဲ့အဖြစ်က အသက်ပေးရတဲ့အထိပါဘဲ။

မီးတောင်ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် ကျွန်းအနားကိုကပ်ပြီး လေ့လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေပါတဲ့ သင်္ဘောပေါ်ပါ ခရီးသည်တွေပါ ထိခိုက်ခဲ့တာ၊ ပျောက်ဆုံးခဲ့တာတွေ ရှိခဲ့ပါတယ်။အခုထိ သေဆုံးပြီး ခန္ဓာကိုယ်ရုပ်အလောင်း ရှာမရသေးတဲ့  နှစ်ယောက်ကို ရှာနေဆဲဖြစ်ပြီး အဆိုပါမီးတောင်ကျွန်းကိုလည်း ပညာရှင်တွေက စောင့်ကြည့်မှုတွေ လုပ်နေရပါတယ်။

စပေါက်ကွဲကတည်းက ကျွန်းပေါ်ရောက်နေတဲ့သူတွေကို   အဖွဲ့ဝင် ၈ ဦးပါသော ကယ်ဆယ်ရေးတပ်ဖွဲ့က မီးတောင်ထပ်မံပေါက်ကွဲနိုင်သည့် အန္တရာယ်များကြားမှ သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ကြရပြီး မီးတောင်ဆိုင်ရာ ဘူမိဗေဒပညာရှင်များက ပေါက်ကွဲနိုင်မှု အလားအလာကို စောင့်ကြည့်ပေးခဲ့ရပါတယ်။ဒါဟာ သဘာ၀ဘေးကို အံတုတာဖြစ်ပေမယ့် ဘယ်လောက်ပဲ ခေတ်မီပါစေ နောက်ဆုံးမှာ သဘာ၀ဘေးကို အရှုံးပေးရတဲ့အတွက် ပေါ့ဆတဲ့ အာဏာပိုင်တွေကိုသာ အပြစ်တင်ရမှာဘဲ ဖြစ်ပါတယ်။

ဒီလိုသဘာ၀ဘေးအပြင် ပြင်သစ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် အနောက်တောင်ပိုင်းမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လူအသေအပျောက်တွေရှိကာ လျှပ်စစ်ဖြတ်တောက်ထားရတဲ့အထိ အခြေအနေက ဖြစ်ပေါ်နေပါတယ်။ကာလကြာရှည် တောမီးလောင်နေတဲ့ ဩစတြေးလျှမှာတော့ မီးလောင်မှုက ယခုထိထိန်းမရသေးဘဲ မြို့တော် ဆစ်ဒနီထိ မီးခိုးတွေရောက်နေသလို ဒေသအချို့၌ အပူချိန်စံချိန်သစ်များ ဖြစ်ပေါ် ခဲ့ပြီး သမိုင်းတစ်လျှောက် အပူချိန်အမြင့်ဆုံး နွေရာသီကို ဖြတ်သန်းရဖို့ရှိနေပါတယ်။ဒီလိုဖြစ်ရပ်တွေအပြင် မကြာမီက ငလျင်ပြင်းစွာလှုပ်ခဲ့တဲ့ ဖိလစ်ပိုင်မှာ ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင်လှုပ်ခဲ့လို့ အဆောက်အဦးတွေပြိုကျကာ လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

အီးယူလို့ခေါ်တဲ့ ဥရောပသမဂ္ဂကတော့ ၂ဝ၅ဝ ပြည့်နှစ်ရောက်ရင် ပိုလန်ကလွဲပြီး ကျန်နိုင်ငံတွေအားလုံး ကာဗွန် ထုတ်လွှတ်မှုကို အားလုံးနီးပါးလျှော့ချမည့်အစီအစဉ် ဖော်ဆောင်ဖို့ ဆုံးဖြတ်ထားတယ် ဆိုပါတယ်။ရာသီဥတုကပ်ဘေးက ဆက်တိုက်လာနေပေမယ့် ကမ္ဘာ့အဓိက စီးပွားရေးအင်အားကြီး နိုင်ငံတွေကတော့ မက်ဒရစ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ ဒီလိုအခြေနေတွေကို စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။ဒီအတွက် သဘာ၀ဘေးက ဘယ်လိုဆက်ပြင်းထန်လာဦးမလဲဆိုတာ မတွေးဝံ့စရာပါ။

တရုတ်ကို ဖိအားပေးနေတဲ့ အမေရိကန်ဗျူဟာ

ယခုရက်သတ္တပတ်ထဲမှာ ကြာရှည်နေတဲ့ ကုန်သွယ်ရေးစစ်အတွက် ပြေအေးမယ့် အလားအလာတွေ ပေါ်ထွက်လာခဲ့ပါတယ်။ညှိနိုင်းမှုတွေ ကြာရှည်ပြုလုပ်ပြီးနောက်မှာ သွင်းကုန်စည်းကြပ်ခွန်များ ချက်ချင်းဖြတ်တောက်ခြင်း အပါအဝင် အဓိက ပထမအသုတ် သဘောတူညီချက်ကို ရရှိပြီဖြစ်ကြောင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဒီဇင်ဘာ ၁၃ ရက်၌ ကြေညာခဲ့ပါတယ်။

ပထမအသုတ် သဘောတူညီချက်မှာ သာတူညီမျှဖြစ်ရေး၊ အပြန်အလှန်လေးစားမှုအပေါ် အခြေခံတဲ့ အဲဒီသဘောတူညီချက်မှာ ဉာဏပစ္စည်းမူပိုင်ခွင့်၊ နည်းပညာဖလှယ်မှု၊ စိုက်ပျိုရေးထွက်ကုန်နဲ့ စားသောက်ကုန်၊ ဘဏ္ဍာရေးဝန်ဆောင်မှု အပါအဝင် အခန်း ၉ ခန်းပါရှိပြီး လက်ရှိ သွင်းကုန်ခွန်လျှော့ချပေးဖို့နဲ့ သွင်းကုန်ခွန်တိုးကောက်တာတွေ ထပ်မလုပ်ဖို့ကိုလည်း နှစ်ဖက်သဘောတူညီချက် ရခဲ့ပါတယ်။တရုတ်နိုင်ငံဘက်ကတော့ ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံရေး၊ အခြေခံလူထု အကျိုးစီးပွားနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးစျေးကွက် စတဲ့ ကဏ္ဍတွေမှာပါ အလားအလာကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

တရုတ်အနေဖြင့် အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ကြာရှည်လာချိန်မှာ အမေရိကန်ကို ကုန်သွယ်ရေးအရ အားထားနေရတာကို ဖြတ်တောက်ဖို့ အရှိန်မြှင့်ကြိုးစားနေခဲ့ပါတယ်။တရုတ်နည်းပညာကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ အမေရိကန် ပိတ်ဆို့အရေးယူမှုတွေကြောင့် အဆောတလျင် ပိုမိုကြိုးပမ်းအားထုတ်ခဲ့ပြီး တစ်ဘက်ကလည်း ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းကို ပိုကြိုးပမ်းလာခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ ပိုအင်အားကြီးထွားလာတဲ့ တရုတ်ကို ဟန့်တားဖို့ ကုန်သွယ်ရေးနဲ့ နိုင်ငံရေးပြဿနာကို ကစားပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး စတိဗ်မန်နူချင် ကတော့ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးရာရောက်သော အပြုအမူများပြုလုပ်ခြင်းများ လုပ်ဆောင်နေတယ် ထင်ရတဲ့ နိုင်ငံများအား စစ်ရေးဖြင့်အရေးယူခြင်းထက် ဒဏ်ခတ်ပိတ်ဆို့တဲ့ နည်းလမ်းတွေနဲ့ အရေးယူခြင်းက ပိုမိုထိရောက်တယ်လို့ ယခုရက်သတ္တပတ်ထဲမှာ ပြောခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ထရမ့်အတွက်ကတော့ ဒီလို တရုတ်နဲ့ ကုန်သွယ်ရေး ပထမအဆင့် သဘောတူညီချက်ရတဲ့အတွက် အများကြီး ရှုသာကယ်သာ ဖြစ်ခဲ့ပါတယ်။ဘာကြောင့်ဆို လာမည့်သီတင်းပတ်၌ အာဏာအလွဲသုံးစားမှုဖြင့် ပြစ်တင်စွဲချက်တင်ရန် လွှတ်တော်တွင် မဲပေးကြတော့မည့် အခြေအနေကို ရင်ဆိုင်နေရတဲ့အတွက်ပါ။ဒီလိုရင်ဆိုင်ရတာဟာ ထရမ့်အနေနဲ့ နိုင်ငံရေးပြိုင်ဘက်တစ်ဦးကို  စုံစမ်းစစ်ဆေးဖို့ အာဏာအလွဲသုံးပြီး နိုင်ငံကို သစ္စာဖောက်ခဲ့တဲ့အတွက်ပါ။ဒီအတွက် အမေရိကန် ဖွဲ့စည်းပုံကို အန္တရာယ်ကျရောက်စေတယ်ဆိုပြီး ဒီမိုကရက်တို့က အရေးယူဆောင်ရွက်ခဲ့တာပါ။လက်ရှိမှာ ထရမ့် ကို ရာထူးကနေဖယ်ရှားဖို့ အထက်လွှတ်တော်ရှိ ရီပတ်ပလစ်ကန်အမတ် ၂၀ လောက်က မဲပေးရဦးမှာပါ။ထရမ့်အတွက် ဒီလို ရာထူးကနေဖြုတ်ချဖို့ ကြိုးစားခံရတဲ့အတွက်  အမေရိကန် ရာဇဝင်မှာ စတုတ္ထမြောက် ဖြုတ်ချဖို့ ကြိုးစားခံရတဲ့ သမ္မတဖြစ်လာပါတယ်။

ထင်ရာမြင်ရာလုပ်တတ်တဲ့ ထရမ့် နဲ့ သဘောတူညီချက်ရတဲ့ ယခုသဘောတူညီချက်က ဘယ်လောက်ထိခံပါမလဲ၊ တရုတ်နဲ့ ပတ်သက်ပြီး ဟောင်ကောင်၊ ရှင်ကျန်း စတဲ့ ဥပဒေတွေကို ဆက်တိုက်ပြဋ္ဌာန်းနေတဲ့ အမေရိကန်အဖို့ ယခုသဘောတူညီချက်က တစ်ကယ်ကော အသက်ဝင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီလိုသတင်းတွေအပြင် အင်ဒိုနီးရှားနိုင်ငံရှိ လိုဏ်ဂူတစ်ခု နံရံပေါ်တွင် သက်တမ်း နှစ်ပေါင်း ၄၄၀၀၀ ရှိနေပြီဖြစ်သည့် ပန်းချီကားတစ်ခုကို တွေ့ရှိခဲ့တဲ့သတင်း၊ ဆူဒန်သမ္မတဟောင်း အိုမာအယ်လ် ဘာရှား ကို အကျင့်ပျက်ခြစားမှုအတွက် လူမှုဆိုင်ရာပြန်လည်ပြုပြင်ရေးစင်တာတွင် နှစ်နှစ်ထိန်းသိမ်းထားရန် တရားရုံးက ဆုံးဖြတ်လိုက်တဲ့သတင်း၊ ကိုကင်း တစ်တန်ကျော် သယ်ဆောင်လာသည့် ရေငုပ်သင်္ဘောကို ပီရူး ကင်းလှည့်ရေတပ်အဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ ရုရှားနိုင်ငံ၏ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောပေါ် မီးလောင်လို့ တစ်ဦးသေဆုံးခဲ့တဲ့သတင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဘုရင်မကြီး အယ်လီဇဘက် ထံ သွားရောက်တွေ့ဆုံခဲ့တဲ့သတင်း၊ နိုင်ဂျာ စစ်တပ်စခန်းတစ်ခုအား ဂျီဟတ်ဝါဒီ ရာပေါင်းများစွာက အမြောက်များ၊ မော်တာကျည်များဖြင့် လာရောက်တိုက်ခိုက်ရာ စစ်သား ၇၁ ဦး ကျဆုံးခဲ့တဲ့သတင်းတွေကလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် စိတ်ဝင်စားသူတွေကို သတိထားမိစေခဲ့တဲ့ သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၁၆

( Zawgyi )

ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းေတြထဲမွာ နယူးဇီလန္က မီးေတာင္ေပါက္ကြဲတဲ့သတင္း အပါအဝင္ သဘာ၀ေဘးေတြ၊ ကုန္သြယ္ေရးစစ္ပြဲ ေျပေအးဖို႔ ပထမအဆင့္ သေဘာတူညီခ်က္ရတဲ့ သတင္းေတြ၊ အိႏၵိယမွာ ဆႏၵျပပြဲေတြ ႀကီးထြားလာတဲ့သတင္း အပါအဝင္ ကမာၻတလႊား ႏိုင္ငံေရးပဋိပကၡသတင္းေတြက ႏိုင္ငံတကာသတင္းမီဒီယာေတြမွာ အဓိကေနရာယူခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ၾကားျဖတ္ေ႐ြးေကာက္ခံရတဲ့ ဖင္လန္ဝန္ႀကီးခ်ဳပ္ အမ်ိဳးသမီးက ကမာၻ႔အငယ္ဆုံး ဝန္ႀကီးခ်ဳပ္ျဖစ္လာတာ၊ လူ ၃၈ ဦးပါ ခ်ီလီ စစ္ဘက္ေလယာဥ္တစ္စင္း အႏၲာတိကတိုက္ရွိ အေျခစိုက္စခန္းသို႔သြားစဥ္ ပ်က္က်ခဲ့တဲ့သတင္း၊ လာမည့္ ၂ဝ၃ဝ ျပည့္ႏွစ္တြင္ ကမာၻတစ္ဝန္း၌ အဆုတ္ေရာင္ေရာဂါ (နမိုးနီးယား) ေၾကာင့္ အသက္ငါးႏွစ္ေအာက္ ကေလးငယ္ ၁၁ သန္းနီးပါး ေသဆုံးဖြယ္ရွိတဲ့သတင္း၊ အင္ဒိုနီးရွားမွာ ဝက္ကာလဝမ္းေရာဂါေၾကာင့္ ဝက္ေကာင္ေရ ၂၇ဝဝဝ ေက်ာ္ ေသဆုံးခဲ့တဲ့သတင္း၊ ထိုင္း႐ိုးရာ အႏွိပ္ပညာတစ္ခုျဖစ္ေသာ Nuad Thai ပညာအား ယူနက္စကိုအဖြဲ႕ ၏ ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းအတြင္းသို႔ ထည့္သြင္းခဲ့တဲ့ သတင္းေတြကလည္း ကမာၻ႔သတင္းမီဒီယာေတြမွာ ေနရာယူခဲ့ပါေသးတယ္။

အိႏၵိယရွိ မြတ္ဆလင္ သန္း ၂၀၀ ကံၾကမၼာ

ယခုရက္ထဲ ကမာၻကေနေစာင့္ၾကည့္ေနခဲ့ရတဲ့ သတင္းတစ္ပုဒ္ရွိပါတယ္။ဒါက ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံႀကီးျဖစ္တဲ့ အိႏၵိယမွာ အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့ရွ္ႏွင့္ ပါကစၥတန္ႏိုင္ငံမ်ားမွ ခိုးဝင္ၿပီး အေျခခ်ေနထိုင္ေနတဲ့ ႏိုင္ငံသားေတြကို ႏိုင္ငံသားေတြကို ႏိုင္ငံသားေလွ်ာက္ခြင့္ျပဳမယ့္ ဥပေဒေၾကာင့္ ဆႏၵျပပြဲေတြ ျဖစ္ေနတာပါ။    

ဒီႏိုင္ငံသားျပဳဥပေဒေၾကာင့္ မြတ္စလင္အမ်ားစု ေနထိုင္သည့္ ျပည္နယ္မ်ားတြင္ ဆႏၵျပမႈမ်ား ျဖစ္ပြားလာခဲ့ၿပီး ဒါဟာ မြတ္စလင္မ်ားအား ဖိႏွိပ္ရန္ ရည္႐ြယ္သည့္ ဥပေဒအျဖစ္ သတ္မွတ္ေနၾကတာပါ။ဥပေဒမွာ ၂ဝ၁၅ ခုႏွစ္ မတိုင္မီ အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့ရွ္ႏွင့္ ပါကစၥတန္ႏိုင္ငံမ်ားမွ အိႏၵိယႏိုင္ငံအတြင္းသို႔ ဝင္ေရာက္လာသည့္ မြတ္စလင္မဟုတ္ေသာ အျခားဘာသာဝင္မ်ားအေနနဲ႔ ႏိုင္ငံသားအျဖစ္ ေလွ်ာက္ခြင့္ေပးလိုက္တာပါ။ဟိႏၵဴဘာသာဝင္ေတြ အဓိကေနထိုင္တဲ့ အိႏၵိယမွာ အာဖဂန္၊ ပါကစၥတန္နဲ႔ ဘဂၤလားေဒ့ရွ႕္လို မြတ္စလင္ႏိုင္ငံေတြကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခိုးဝင္လာတဲ့ အေရအတြက္က သန္းဆယ္နဲ႔ခ်ီၿပီး ရွိပါတယ္။

တခ်ိဳ႕ေတြက ခိုးဝင္ရာနယ္ေျမမွာ ေနထိုင္တာၾကာတဲ့အတြက္ မ်ိဳးဆက္ႏွစ္ဆက္ေတာင္ရွိကာ လူဦးေရ တိုးတက္ေပါက္ဖြားလာတဲ့အတြက္ ဇာတိဌာေန တိုင္းရင္းသားေတြထက္ လူဦးေရပိုမ်ားလာသလို တျခားေသာ လူမ်ိဳးေရးျပႆနာေတြလည္း ႀကဳံလာေနရပါတယ္။အထူးသျဖင့္ အုံနဲ႔က်င္းနဲ႔ ခိုးဝင္လာတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းမွ ေျပာင္းေ႐ႊ႕ဝင္ေရာက္လာသူေတြကို ႏိုင္ငံအေရွ႕ေျမာက္ပိုင္း ျပည္နယ္မ်ားမွာ ဘဂၤါလီမ်ား သီးသန႔္ထိန္းသိမ္းေရးစခန္းေတြမွာ ထားရွိဖို႔ အိႏၵိယအစိုးရက စီစဥ္ခဲ့ပါတယ္။

အိႏၵိယလူဦးေရရဲ႕ ၁၄ ရာခိုင္ႏႈန္းရွိတဲ့ မြတ္စလင္လူနည္းစုကို ခြဲျခားဆက္ဆံတယ္လို႔ သတ္မွတ္ခံရတဲ့ အျငင္းပြားဖြယ္ ဒီႏိုင္ငံသားဥပေဒေၾကာင့္ နယူးေဒလီရွိ ဂ်ာမီယာမီလီယာ အစၥလာမ္တကၠသိုလ္မွာ ဆႏၵျပပြဲကို ရဲက မ်က္ရည္ယိုဓာတ္ေငြ႕မ်ားႏွင့္ နံပါတ္တုတ္မ်ားျဖင့္ ႏွိမ္နင္းခဲ့ရသလို ကိုလ္ကတၱား၊ ဘန္ေဂါ စသည့္ အိႏၵိယ အေရွ႕ေျမာက္ပိုင္း ျပည္နယ္မ်ားမွာ  မြတ္စလင္မ်ားက ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ၿပီး ဆႏၵျပသူမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားၾကားတြင္ အျပန္အလွန္တိုက္ခိုက္မႈမ်ား ျဖစ္ပြားကာ ဒဏ္ရာရရွိသူ ၂ဝ ခန႔္ ရွိလာလို႔ ညမထြက္ရအမိန႔္  ထုတ္ျပန္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ဆႏၵျပမႈမ်ားျဖစ္ပြားရာ ေဒသေတြမွာ အေျခအေနက ထိန္းမရလို႔ အိႏၵိယအစိုးရက စစ္တပ္ကို လုၿခဳံေရးတာဝန္မ်ားကို ေျပာင္းလဲတာဝန္ယူရန္ အမိန႔္ထုတ္ခဲ့ရၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ဘဂၤလားေဒ့ရွ္ အဆင့္ျမင့္ကိုယ္စားလွယ္ေတြကေတာ့ သူတို႔ရဲ႕ ခရီးစဥ္ေတြကို  ပယ္ဖ်က္ၿပီး ဒီဥပေဒကို ကန႔္ကြက္ခဲ့ပါတယ္။

အစၥလာမ္အဖြဲ႕အစည္းမ်ား၊ ဆန႔္က်င္သူမ်ားႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ားကေတာ့ အိႏၵိယရွိ မြတ္စလင္ သန္း ၂၀၀ ခန႔္ကို ပထုတ္မည့္ မိုဒီ၏ ဟိႏၵဴအမ်ိဳးသားေရးဝါဒီ တစ္စိတ္တစ္ပိုင္းလို႔ စြပ္စြဲခဲ့ၾကၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ ကေတာ့ ဆန႔္က်င္ကန႔္ကြက္ေနသူမ်ားအေနျဖင့္ အေျခအေနမွန္ကို နားလည္ရန္ လိုအပ္တယ္လို႔ ေျပာခဲ့ပါတယ္။

သမၼတသာ လက္မွတ္ေရးထိုးဖို႔ က်န္ေတာ့တဲ့ အိႏၵိယႏိုင္ငံရဲ႕ ႏိုင္ငံသားျပဳမႈ ဥပေဒၾကမ္းေၾကာင့္ အိႏၵိယလို ဘာသာနဲ႔ လူမ်ိဳးေရး အစြဲႀကီးတဲ့ႏိုင္ငံမွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ မေတြးဝံ့စရာပါဘဲ။ဒီအေျခအေနကို အိႏၵိယဗဟိုအစိုးရ ကိုင္တြယ္ႏိုင္ပါ့မလား၊ ဒါမွမဟုတ္ ထိစပ္ေနတဲ့ ေဒသတြင္းႏိုင္ငံေတြအထိ ကူးစက္လာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

အိႏၵိယမွာ အဲဒီလိုျဖစ္ေနခ်ိန္မွာ အာရွနိင္ငံတြျဖစ္တဲ့ ထိုင္းႏိုင္ငံမွာေတာ့ ဖ်က္သိမ္းခံလိုက္ရတဲ့ အဓိကအတိုက္အခံပါတီ ေခါင္းေဆာင္က တရားမွ်တမႈအတြက္ ျပည္သူမ်ားတိုက္ပြဲဝင္ရန္ တိုက္တြန္းခဲ့လို႔ ေလးႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ ဆႏၵျပပြဲေတြ တစ္ဖန္ျပန္ျဖစ္လာခဲ့ပါတယ္။အာရွတစ္ႏိုင္ငံျဖစ္တဲ့ မေလးရွားမွာေတာ့ တစ္ေက်ာ့ျပန္ သက္ေတာ္ရွည္ဝန္ႀကီးခ်ဳပ္ မဟာသီယာ က အာဏာကို ဆက္လက္ခ်ဴပ္ကိုင္ဖို႔ အရိပ္အေယာင္ေတြျပေနတဲ့အတြက္ ဝန္ႀကီးခ်ဳပ္ေနရာ ဆက္ခံမည့္ အန္ဝါဒီဘရာဟင္ နဲ႔ ႏိုင္ငံေရးတင္းမာမႈ ျမင့္တက္လာေနပါတယ္။ဒါ့အျပင္ ယခုရက္ထဲမွာဘဲ မေလးရွားက သူ႔ႏိုင္ငံမွာေနထိုင္တဲ့ ေျမာက္ကိုရီးယားႏိုင္ငံသားတစ္ဦးကို အေမရိကန္ဘက္လႊဲေပးဖို႔ သေဘာတူခဲ့ပါတယ္။ဒါဟာ မေလးရွားထိ လုပ္ႀကံသတ္ျဖတ္ႏိုင္တဲ့ ေျမာက္ကိုရီးယားအာဏာပိုင္ေတြရဲ႕ ေျခတံလက္တံကို မေလးရွားက အေမရိကန္ ေက်ာေထာက္ေနာက္ခံနဲ႔ ေျမာက္ကိုရီယားကို စိန္ေခၚခဲ့တဲ့ လုပ္ရပ္မို႔လို ဘာေတြဆက္ျဖစ္ဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

မီးေတာင္ေပါက္ကြဲမႈနဲ႔ သဘာ၀ေဘး

ကမာၻလွည့္ခရီးသည္ေတြၾကား ေရပန္းစားတဲ့ နယူးဇီလန္ White Island ကြၽန္း မီးေတာင္ ယခုရက္ပိုင္းမွာ ေပါက္ကြဲခဲ့တဲ့အတြက္ ကမာၻတစ္လႊား ထိတ္လန႔္တုန္လႈပ္စရာ ျဖစ္ခဲ့ရပါတယ္။ဒီလိုျဖစ္ရပ္ဟာ ႐ုပ္ရွင္ေတြထဲမွာသာ ေတြ႕ရႏိုင္တဲ့ ျဖစ္ရပ္ျဖစ္ၿပီး အသက္ဝင္ေနတဲ့ မီးေတာင္ရွင္ထိပ္၀အထိ သြားေရာက္ၾကည့္ရႈတဲ့ ခရီးသြားေတြကိုပဲ အျပစ္တင္ရမလား၊ ခြင့္ျပဳေပးခဲ့တဲ့ အာဏာပိုင္ေတြကိုပဲ အျပစ္တင္ရမလားဆိုတာ ေဝခြဲမရႏိုင္ေအာင္ပါဘဲ။

ဒီမီးေတာင္က  ဝွက္ကာရီဟုလည္းေခၚၿပီး ယင္းမီးေတာင္ရွိရာ ကြၽန္းျဖဴကြၽန္းေပၚမွာ ဒီဇင္ဘာ ၉ ရက္ေန႔က ကမာၻလွည့္ခရီးသြား ဒါဇင္ေပါင္းမ်ားစြာ ရွိေနခ်ိန္မွာ မီးေတာင္ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး ေပါက္ကြဲခ်ိန္မွာ မီးေတာင္ဝမွာ ကမာၻလွည့္ခရီးသည္ေတြ ေလွ်ာက္ၾကည့္ေနတာျဖစ္လို႔ လူအေသအေပ်ာက္က မ်ားခဲ့ပါတယ္။မီးေတာင္ေပါက္ကြဲခ်ိန္ အနီးတစ္ဝိုက္က Plenty ပင္လယ္ေအာ္ထဲ လွည့္လည္ေနတဲ့ အေပ်ာ္စီးသေဘၤာေပၚက ခရီးသည္ေတြလည္း ထိခိုက္ဒဏ္ရာရ၊ ေပ်ာက္ဆုံးတာေတြ ရွိခဲ့ပါတယ္။မီးေတာင္ေပါက္ကြဲမႈအတြင္း လူ ၁၈ ဦး ေသဆုံးၿပီး ၂ ဦး ေပ်ာက္ဆုံးေနကာ ၂၉ ဦး ဒဏ္ရာရခဲ့တယ္ ဆိုပါတယ္။

ဒီျဖစ္ရပ္က ေတြးမိသူတိုင္း ရင္တလွပ္လွပ္ အသဲတဖိုဖိုျဖစ္ရၿပီး မီးေတာင္ေပါက္ကြဲခ်ိန္ မီးေတာင္ထိပ္၀ကို ေရာက္ေနတဲ့ ခရီးသြားေတြအျဖစ္က ေၾကာက္စရာလန႔္စရာထက္ ပိုၿပီးဆိုး႐ြားလြန္းတဲ့ အေျခအေနတစ္ခုပါဘဲ။မီးေတာင္ဆိုတာ မွန္းဆလို႔ရတာမဟုတ္ဘဲ သူထေပါက္ခ်င္တဲ့အခ်ိန္ ထေပါက္တာျဖစ္တဲ့အတြက္ ဒီလိုေပါ့ဆမႈလား၊ စတန္႔ထြင္တာလား ေဝခြဲမရတဲ့အျဖစ္က အသက္ေပးရတဲ့အထိပါဘဲ။

မီးေတာင္ေပါက္ကြဲမႈက ျပင္းထန္တဲ့အတြက္ ကြၽန္းအနားကိုကပ္ၿပီး ေလ့လာတဲ့ ကမာၻလွည့္ခရီးသည္ေတြပါတဲ့ သေဘၤာေပၚပါ ခရီးသည္ေတြပါ ထိခိုက္ခဲ့တာ၊ ေပ်ာက္ဆုံးခဲ့တာေတြ ရွိခဲ့ပါတယ္။အခုထိ ေသဆုံးၿပီး ခႏၶာကိုယ္႐ုပ္အေလာင္း ရွာမရေသးတဲ့  ႏွစ္ေယာက္ကို ရွာေနဆဲျဖစ္ၿပီး အဆိုပါမီးေတာင္ကြၽန္းကိုလည္း ပညာရွင္ေတြက ေစာင့္ၾကည့္မႈေတြ လုပ္ေနရပါတယ္။

စေပါက္ကြဲကတည္းက ကြၽန္းေပၚေရာက္ေနတဲ့သူေတြကို   အဖြဲ႕ဝင္ ၈ ဦးပါေသာ ကယ္ဆယ္ေရးတပ္ဖြဲ႕က မီးေတာင္ထပ္မံေပါက္ကြဲႏိုင္သည့္ အႏၲရာယ္မ်ားၾကားမွ သက္စြန႔္ဆံဖ်ား လုပ္ေဆာင္ခဲ့ၾကရၿပီး မီးေတာင္ဆိုင္ရာ ဘူမိေဗဒပညာရွင္မ်ားက ေပါက္ကြဲႏိုင္မႈ အလားအလာကို ေစာင့္ၾကည့္ေပးခဲ့ရပါတယ္။ဒါဟာ သဘာ၀ေဘးကို အံတုတာျဖစ္ေပမယ့္ ဘယ္ေလာက္ပဲ ေခတ္မီပါေစ ေနာက္ဆုံးမွာ သဘာ၀ေဘးကို အရႈံးေပးရတဲ့အတြက္ ေပါ့ဆတဲ့ အာဏာပိုင္ေတြကိုသာ အျပစ္တင္ရမွာဘဲ ျဖစ္ပါတယ္။

ဒီလိုသဘာ၀ေဘးအျပင္ ျပင္သစ္မွာလည္း မိုးသည္းထန္စြာ ႐ြာသြန္းတဲ့အတြက္ အေနာက္ေတာင္ပိုင္းမွာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနၿပီး လူအေသအေပ်ာက္ေတြရွိကာ လွ်ပ္စစ္ျဖတ္ေတာက္ထားရတဲ့အထိ အေျခအေနက ျဖစ္ေပၚေနပါတယ္။ကာလၾကာရွည္ ေတာမီးေလာင္ေနတဲ့ ဩစေၾတးလွ်မွာေတာ့ မီးေလာင္မႈက ယခုထိထိန္းမရေသးဘဲ ၿမိဳ႕ေတာ္ ဆစ္ဒနီထိ မီးခိုးေတြေရာက္ေနသလို ေဒသအခ်ိဳ႕၌ အပူခ်ိန္စံခ်ိန္သစ္မ်ား ျဖစ္ေပၚ ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ အပူခ်ိန္အျမင့္ဆုံး ေႏြရာသီကို ျဖတ္သန္းရဖို႔ရွိေနပါတယ္။ဒီလိုျဖစ္ရပ္ေတြအျပင္ မၾကာမီက ငလ်င္ျပင္းစြာလႈပ္ခဲ့တဲ့ ဖိလစ္ပိုင္မွာ ရစ္ခ်္တာစေကး ၆.၈ အဆင့္ ငလ်င္လႈပ္ခဲ့လို႔ အေဆာက္အဦးေတြၿပိဳက်ကာ လူအေသအေပ်ာက္ေတြ ရွိခဲ့ပါတယ္။

အီးယူလို႔ေခၚတဲ့ ဥေရာပသမဂၢကေတာ့ ၂ဝ၅ဝ ျပည့္ႏွစ္ေရာက္ရင္ ပိုလန္ကလြဲၿပီး က်န္ႏိုင္ငံေတြအားလုံး ကာဗြန္ ထုတ္လႊတ္မႈကို အားလုံးနီးပါးေလွ်ာ့ခ်မည့္အစီအစဥ္ ေဖာ္ေဆာင္ဖို႔ ဆုံးျဖတ္ထားတယ္ ဆိုပါတယ္။ရာသီဥတုကပ္ေဘးက ဆက္တိုက္လာေနေပမယ့္ ကမာၻ႔အဓိက စီးပြားေရးအင္အားႀကီး ႏိုင္ငံေတြကေတာ့ မက္ဒရစ္မွာ က်င္းပတဲ့ ကုလသမဂၢ ထိပ္သီးေဆြးေႏြးပြဲမွာ ဒီလိုအေျခေနေတြကို စိတ္ဝင္စားမႈနည္းခဲ့ပါတယ္။ဒီအတြက္ သဘာ၀ေဘးက ဘယ္လိုဆက္ျပင္းထန္လာဦးမလဲဆိုတာ မေတြးဝံ့စရာပါ။

တ႐ုတ္ကို ဖိအားေပးေနတဲ့ အေမရိကန္ဗ်ဴဟာ

ယခုရက္သတၱပတ္ထဲမွာ ၾကာရွည္ေနတဲ့ ကုန္သြယ္ေရးစစ္အတြက္ ေျပေအးမယ့္ အလားအလာေတြ ေပၚထြက္လာခဲ့ပါတယ္။ညႇိႏိုင္းမႈေတြ ၾကာရွည္ျပဳလုပ္ၿပီးေနာက္မွာ သြင္းကုန္စည္းၾကပ္ခြန္မ်ား ခ်က္ခ်င္းျဖတ္ေတာက္ျခင္း အပါအဝင္ အဓိက ပထမအသုတ္ သေဘာတူညီခ်က္ကို ရရွိၿပီျဖစ္ေၾကာင္း အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔က ဒီဇင္ဘာ ၁၃ ရက္၌ ေၾကညာခဲ့ပါတယ္။

ပထမအသုတ္ သေဘာတူညီခ်က္မွာ သာတူညီမွ်ျဖစ္ေရး၊ အျပန္အလွန္ေလးစားမႈအေပၚ အေျခခံတဲ့ အဲဒီသေဘာတူညီခ်က္မွာ ဉာဏပစၥည္းမူပိုင္ခြင့္၊ နည္းပညာဖလွယ္မႈ၊ စိုက္ပ်ိဳေရးထြက္ကုန္နဲ႔ စားေသာက္ကုန္၊ ဘ႑ာေရးဝန္ေဆာင္မႈ အပါအဝင္ အခန္း ၉ ခန္းပါရွိၿပီး လက္ရွိ သြင္းကုန္ခြန္ေလွ်ာ့ခ်ေပးဖို႔နဲ႔ သြင္းကုန္ခြန္တိုးေကာက္တာေတြ ထပ္မလုပ္ဖို႔ကိုလည္း ႏွစ္ဖက္သေဘာတူညီခ်က္ ရခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံဘက္ကေတာ့ ဒီသေဘာတူညီခ်က္ဟာ ႏွစ္ႏိုင္ငံ စီးပြားေရးနဲ႔ ကုန္သြယ္ေရး ဆက္ဆံေရး၊ အေျခခံလူထု အက်ိဳးစီးပြားနဲ႔ စီးပြားေရး၊ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ေငြေၾကးေစ်းကြက္ စတဲ့ က႑ေတြမွာပါ အလားအလာေကာင္းေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာခဲ့ပါတယ္။

တ႐ုတ္အေနျဖင့္ အေမရိကန္နဲ႔ ကုန္သြယ္ေရးစစ္ ၾကာရွည္လာခ်ိန္မွာ အေမရိကန္ကို ကုန္သြယ္ေရးအရ အားထားေနရတာကို ျဖတ္ေတာက္ဖို႔ အရွိန္ျမႇင့္ႀကိဳးစားေနခဲ့ပါတယ္။တ႐ုတ္နည္းပညာကုမၸဏီေတြကို ပစ္မွတ္ထားတဲ့ အေမရိကန္ ပိတ္ဆို႔အေရးယူမႈေတြေၾကာင့္ အေဆာတလ်င္ ပိုမိုႀကိဳးပမ္းအားထုတ္ခဲ့ၿပီး တစ္ဘက္ကလည္း ရပ္ဝန္းနဲ႔ ပိုးလမ္းမစီမံကိန္းကို ပိုႀကိဳးပမ္းလာခဲ့ပါတယ္။

အေမရိကန္ဘက္ကေတာ့ ပိုအင္အားႀကီးထြားလာတဲ့ တ႐ုတ္ကို ဟန႔္တားဖို႔ ကုန္သြယ္ေရးနဲ႔ ႏိုင္ငံေရးျပႆနာကို ကစားၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီး စတိဗ္မန္ႏူခ်င္ ကေတာ့ အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို ထိပါးရာေရာက္ေသာ အျပဳအမူမ်ားျပဳလုပ္ျခင္းမ်ား လုပ္ေဆာင္ေနတယ္ ထင္ရတဲ့ ႏိုင္ငံမ်ားအား စစ္ေရးျဖင့္အေရးယူျခင္းထက္ ဒဏ္ခတ္ပိတ္ဆို႔တဲ့ နည္းလမ္းေတြနဲ႔ အေရးယူျခင္းက ပိုမိုထိေရာက္တယ္လို႔ ယခုရက္သတၱပတ္ထဲမွာ ေျပာခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ထရမ့္အတြက္ကေတာ့ ဒီလို တ႐ုတ္နဲ႔ ကုန္သြယ္ေရး ပထမအဆင့္ သေဘာတူညီခ်က္ရတဲ့အတြက္ အမ်ားႀကီး ရႈသာကယ္သာ ျဖစ္ခဲ့ပါတယ္။ဘာေၾကာင့္ဆို လာမည့္သီတင္းပတ္၌ အာဏာအလြဲသုံးစားမႈျဖင့္ ျပစ္တင္စြဲခ်က္တင္ရန္ လႊတ္ေတာ္တြင္ မဲေပးၾကေတာ့မည့္ အေျခအေနကို ရင္ဆိုင္ေနရတဲ့အတြက္ပါ။ဒီလိုရင္ဆိုင္ရတာဟာ ထရမ့္အေနနဲ႔ ႏိုင္ငံေရးၿပိဳင္ဘက္တစ္ဦးကို  စုံစမ္းစစ္ေဆးဖို႔ အာဏာအလြဲသုံးၿပီး ႏိုင္ငံကို သစၥာေဖာက္ခဲ့တဲ့အတြက္ပါ။ဒီအတြက္ အေမရိကန္ ဖြဲ႕စည္းပုံကို အႏၲရာယ္က်ေရာက္ေစတယ္ဆိုၿပီး ဒီမိုကရက္တို႔က အေရးယူေဆာင္႐ြက္ခဲ့တာပါ။လက္ရွိမွာ ထရမ့္ ကို ရာထူးကေနဖယ္ရွားဖို႔ အထက္လႊတ္ေတာ္ရွိ ရီပတ္ပလစ္ကန္အမတ္ ၂၀ ေလာက္က မဲေပးရဦးမွာပါ။ထရမ့္အတြက္ ဒီလို ရာထူးကေနျဖဳတ္ခ်ဖို႔ ႀကိဳးစားခံရတဲ့အတြက္  အေမရိကန္ ရာဇဝင္မွာ စတုတၳေျမာက္ ျဖဳတ္ခ်ဖို႔ ႀကိဳးစားခံရတဲ့ သမၼတျဖစ္လာပါတယ္။

ထင္ရာျမင္ရာလုပ္တတ္တဲ့ ထရမ့္ နဲ႔ သေဘာတူညီခ်က္ရတဲ့ ယခုသေဘာတူညီခ်က္က ဘယ္ေလာက္ထိခံပါမလဲ၊ တ႐ုတ္နဲ႔ ပတ္သက္ၿပီး ေဟာင္ေကာင္၊ ရွင္က်န္း စတဲ့ ဥပေဒေတြကို ဆက္တိုက္ျပ႒ာန္းေနတဲ့ အေမရိကန္အဖို႔ ယခုသေဘာတူညီခ်က္က တစ္ကယ္ေကာ အသက္ဝင္ပါ့မလားဆိုတာ ေမးခြန္းထုတ္စရာပါ။

ဒီလိုသတင္းေတြအျပင္ အင္ဒိုနီးရွားႏိုင္ငံရွိ လိုဏ္ဂူတစ္ခု နံရံေပၚတြင္ သက္တမ္း ႏွစ္ေပါင္း ၄၄၀၀၀ ရွိေနၿပီျဖစ္သည့္ ပန္းခ်ီကားတစ္ခုကို ေတြ႕ရွိခဲ့တဲ့သတင္း၊ ဆူဒန္သမၼတေဟာင္း အိုမာအယ္လ္ ဘာရွား ကို အက်င့္ပ်က္ျခစားမႈအတြက္ လူမႈဆိုင္ရာျပန္လည္ျပဳျပင္ေရးစင္တာတြင္ ႏွစ္ႏွစ္ထိန္းသိမ္းထားရန္ တရား႐ုံးက ဆုံးျဖတ္လိုက္တဲ့သတင္း၊ ကိုကင္း တစ္တန္ေက်ာ္ သယ္ေဆာင္လာသည့္ ေရငုပ္သေဘၤာကို ပီ႐ူး ကင္းလွည့္ေရတပ္အဖြဲ႕က ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ႐ုရွားႏိုင္ငံ၏ တစ္စင္းတည္းေသာ ေလယာဥ္တင္သေဘၤာေပၚ မီးေလာင္လို႔ တစ္ဦးေသဆုံးခဲ့တဲ့သတင္း၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ အစိုးရသစ္ ဖြဲ႕စည္းေရးအတြက္ ဘုရင္မႀကီး အယ္လီဇဘက္ ထံ သြားေရာက္ေတြ႕ဆုံခဲ့တဲ့သတင္း၊ ႏိုင္ဂ်ာ စစ္တပ္စခန္းတစ္ခုအား ဂ်ီဟတ္ဝါဒီ ရာေပါင္းမ်ားစြာက အေျမာက္မ်ား၊ ေမာ္တာက်ည္မ်ားျဖင့္ လာေရာက္တိုက္ခိုက္ရာ စစ္သား ၇၁ ဦး က်ဆုံးခဲ့တဲ့သတင္းေတြကလည္း သက္ဆိုင္ရာ နယ္ပယ္အလိုက္ စိတ္ဝင္စားသူေတြကို သတိထားမိေစခဲ့တဲ့ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဒီဇင္ဘာ - ၁၆