【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကပ်ဘေးနဲ့ အငတ်ဘေး လွန်ဆွဲချိန်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကပ်ဘေးနဲ့ အငတ်ဘေး လွန်ဆွဲချိန်

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းသတင်းမီဒီယာတွေမှာ အများဆုံးစိတ်ဝင်စားစရာ ဖြစ်ခဲ့တဲ့ သတင်း တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်သေဆုံးတဲ့ သတင်းတွေနဲ့ ရခိုင်ဘက်က သတင်းတွေ၊ ဆီမီးလော့ခ်ဒေါင်း ချတာကို တချို့နေရာတွေမှာ ဆန့်ကျင်မှုတွေ ရှိလို့ အရေးယူရတဲ့ သတင်းတွေဘဲ ဖြစ်ခဲ့ပါတယ်။

ညမထွက်ရအမိန့်နှင့် ဗိုင်းရပ်စ်ဟန့်တားခြင်း

ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ အယောက် ၉၀ ကျော်ချိန်မှာ ကူးစက်ခံရသူအများစုရှိခဲတဲ့ ရန်ကုန်မှာ ညမ ထွက် အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဧပြီ ၁၇ ရက်အထိကျရောက်တဲ့ မြန်မာသင်္ကြန်ပိတ်ရက်ကာလနဲ့ ဧပြီ ၁၉ ရက်မှာ ပြည့်မယ် အိမ်မှာသာနေဖို့ အစီအစဉ်ကာလကို ကာမိဖို့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က စီစဉ်မှုပါဘဲ။

ဒီလိုသတ်မှတ်မှုမှာ ကိုးကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်ပါဝင်ကာ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ရန်ဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာတော့ ညမထွက်ရ အမိန့်ကို ချိုးဖောက် ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူမယ်ဆိုတာ ပါပါတယ်။ဒီကူးစက်ရောဂါဥပဒေမှာ အမြင့်ဆုံးပြစ်ဒဏ်သည် ထောင်ဒဏ် ခြောက်လ(သို့) ငွေဒဏ် ငါးသောင်း ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ဖြစ် စေ ချမှတ်နိုင်တယ်လို့ ပါဝင်ထားပါတယ်။ ကူးစက်ရောဂါကြောင့် ညဘက်မထွက်ရတာဟာ နောက်တစ်နည်းပြော ရရင် ဧပြီ ၁၇ ရက်မှာ လွှတ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့သူတွေထဲက ပါလာနိုင်တဲ့ ခိုးဆိုး လုနိုက်တွေကြောင့် ထိခိုက်လာနိုင်တဲ့ လုံခြုံရေးကို တစ်စုံတစ်ခုထိ အထောက်အကူဖြစ်စေဟန်တူပါတယ်။

ရန်ကုန်မှာ ကူးစက်သူများရဲ့ ရာခိုင်နူန်း ၈၀ ကျော်ရှိတဲ့ အတွက် တချို့မြို့နယ်တွေကို semi  Lock Down ပိတ်ချတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ဒီမြို့နယ်တွေထဲမှာ  ပန်းဘဲတန်း၊တောင်ဥက္ကလာပမြို့နယ်၊ ဗဟန်း မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊အင်းစိန်မြို့နယ်၊ရွှေပြည်သာမြို့နယ်၊လှိုင်သာယာမြို့နယ်တွေပါပြီး ဒီမြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကြောင့် မြို့နယ်ထဲ အပြင်လူ ကူးသန်းသွားလာခွင့်မပေးဘဲ မြို့နယ်ထဲက လူ တွေကိုလဲ အရေးကြီးကိစ္စမရှိဘဲ အိမ်အပြင်မထွက်ရေးကို ညွှန်ကြားချက်ထုတ်ထားခဲ့ပါတယ်။ညွှန်ကြားချက် တွေ ထဲမှာ အစိုးရဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ တာဝန်ထမ်းဆောင်ဖို့ သွားရောက် သူတွေကို ဒီတားမြစ်ချက်တွေထဲကနေ ကင်းလွတ်ခွင့်ပြုထားခဲ့ပါတယ်။

ဒီလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို ဟန့်တားဖို့ လုပ်ခဲ့ပေမယ့် ရပ်ကွက်တွေထဲမှာ စည်းကမ်းမလိုက်နာ တဲ့သူတွေ၊ချိုးဖောက်တဲ့ သူတွေ၊ အထူးအခွင့်အရေးလိုချင်သူတွေ၊ တားမြစ်သူတွေကို အန္တရာယ်ပြုတဲ့ သူတွေကို တွေ့ရသလို  ရပ်ကွက်ထဲက ဒီကူးစက်ရောဂါကို အကြောင်းပြပြီး တစ်ကြောင်းတစ်ဂါထာဆန်း ဩဇာအာဏာ ပြချင်တဲ့ သူတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ညမထွက်ရအမိန့်ဖြစ်တဲ့ အတွက် ပုဒ်မ ၁၄၄ ကာဖျူးနဲ့အချိန် သတ်မှတ်ပုံ တူပေမယ် အရေးယူမှုအပိုင်းက ကွာတဲ့ အတွက် စည်းကမ်းသတ်မှတ်ချက်ကိုလိုက်နာတဲ့ အပိုင်းမှာ အတော်ကိုလျော့ရဲခဲ့တာတွေ့ရပါတယ်။ စတင်သတ်မှတ်တဲ့ ဧပြီ ၁၈ ရက်ကစပြီး မလိုက်နာတဲ့ အတွက် ခေါ်ယူ သတိပေးရတာတွေ၊တားမြစ်ဟန့်တားတာတွေ ရှိခဲ့ရသလို နောက်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်းအရေး ယူမယ်ဆိုတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ ဒီဘက်ရက်ပိုင်းမှာ ညဘက်တားမြစ်ထားရဲ့သားနဲ့ ထွက်ခဲ့တဲ့ သူတွေကို ထိုင်ထလုပ်ခိုင်းကာ အပြစ်ပေးတာတွေ ရှိသလို မန္တလေးမှာဆိုရင် ခြေထောက်ကို ရိုက်တဲ့ အတွက် လူမှုကွန်ရက် မှာ ဝေဖန်သံပြင်းပြင်းထွက်ခဲ့တာတွေရှိပါတယ်။ဒီလိုအပြင် ရန်ကုန်ဆင်ခြေဖုံးနဲ့ နယ်မြို့တွေမှာပါ မလိုအပ်ဘဲ တစ်ကျောင်းတစ်ဂါထာဆန်းဆိုသလို ရပ်ကွက်တွေပိတ်တာ၊ပြင်ပလူဝင်ထွက်ခွင့်မပြုတာတွေလုပ်ကြတဲ့ အတွက်  သက်ဆိုင်ရာက စာထုတ်ပြီးတားမြစ်ရတဲ့အထိအောက်ခြေက  လူတချို့ရဲ့ ပွဲလန့်တုန်း အာဏာပြကြတဲ့ ဖြစ်ရပ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီရက်ထဲမှာဘဲ   ဒီလို ညမထွက်ရအမိန့်ကို ရန်ကုန်တွင်မကပါဘူး။ကွတ်ခိုင်လို ရှမ်းပြည်နယ် မြောက်ပိုင်း က မြို့အပါအဝင် ပြည်နယ်နဲ့ တိုင်း အတော်များများ မှာပါ ထုတ်ပြန်ခဲ့တာပါ။ ဒီလိုထုတ်ပြန်ခဲ့ရာမှာ နယ်တွေမှာ အတော်လေးပြဿနာတက်ခဲ့တာရှိသလို အရေးယူမှု တွေလည်းရှိခဲ့ပါတယ်။ ပြည်မှာ ညမထွက်ရအမိန့်ကို မနာခံ တဲ့ အမျိုးသား ၂၁ဦးကို ဧပြီ ၂၀ ရက်မှာ ဖမ်းဆီးပြီး ဧပြီ ၂၁ ရက်မှာ ထောင်ဒဏ် ၇ ရက်(သို့မဟုတ်) ငွေဒဏ်ကျပ် နှစ်သောင်းချခဲ့တာပါ။မုံရွာမှာတော့ နေ့ခင်းဘက်သွားလာရာမှာ maskတပ်ဖို့ ပြောတဲ့ ယာဉ်ထိန်းရဲကို ဓားနဲ့ ခုတ် တဲ့ ဖြစ်ရပ်ဖြစ်ခဲ့သလို ဒီလို ဓားနဲ့ခုတ်တဲ့ ပြန်လိုက်ဖမ်းရာမှာ  ပြေးရင် အမောဆို့ပြီး နောက်တစ်ရက်မှာ အဆိုပါ ဓား ခုတ်တဲ့ သူသေဆုံးတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တာလည်းရှိခဲ့ပါတယ်။

နေပြည်တော်မှာတော့ Quarantine ဝင်နေရတဲ့သူ ၃ ဦးကိုစခန်းအတွင်း တားမြစ်ချက်တွေ ချိုးဖောက် ပြီး တွေ့ကြတာ၊ ကွမ်းယာဆေးလိပ်ရောင်းတာတွေကြောင့် ထောင် ၆ လချခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီလိုချိုးဖောက်မှုတွေ၊မလိုက်နာမှုတွေကြောင့် ကြောက်မက်ဖွယ် ရောဂါကူးစက်ပျံနှံမှုဖြစ်လာနိုင်တဲ့ အ တွက် ဧပြီ ၂၂ ရက်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ video conferencing စနစ်နဲ့ တွေ့ဆုံရာမှာ ပါဝင်ဆွေး နွေးသူ တစ်ဦးက  ပြဋ္ဌာန်းတားမြစ်ချက်တွေကို မလိုက်နာတဲ့သူတွေကို အိန္ဒိယမှာလို တုတ်နဲ့ရိုက်သင့်ရင်ရိုက်ဖို့အထိ တောင်းဆိုခဲ့တာကိုတွေ့ရပါတယ်။ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်သူ ၁၄၀ ခန့်ထိရှိလာပြီး သေဆုံးသူ ၅ ဦးထိရှိလာတဲ့ အချိန်မှာ အစိုးရပိုင်းက ညမထွက်ရအမိန့်ကို နောက်ထပ် ၁၅ ရက်ထပ်တိုးခဲ့သလို လှည်းကူးလို့ မြို့နယ်တွေမှာ လည်း ညမထွက်ရအမိန့်ကို နောက်ထပ် နှစ်လအထိ ထုတ်ပြန်ခဲ့တာတွေကြောင့် အစိုးရအနေနဲ့ ဒီကူးစက်မှုကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ အာဏာစက်ကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်နေတာတွေကြောင့် ကူးစက်မှုဟန့်တားနိုင်ရေးအတွက်  ဘယ်လောက်ထိ တင်းတင်း ကျပ်ကျပ် ထိထိရောက်ရောရောက် ဆောင်ရွက်လာနိုင်မလဲ၊ ဘယ်အချိန်မှာ semi-Lock Downအဆင့်ကနေ Lock Down အဆင့်ကို ပြောင်း လာသွားမလဲ၊ ဒီလိုမျိုးအထိ ဖြစ်ကော ဖြစ်လာပါ့မလား ဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

စီမံခန့်ခွဲမှုအလွဲ နှင့် စားဝတ်နေရေး

ဧပြီ ၂၂ ရက်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ COVID-19 ကာလ စက်ရုံအလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စများမှာ ပါဝင်ဆောင်ရွက်နေကြသူများနှင့် တွေ့ဆုံပြီး လက်တွေ့ အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့မှု အစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံက အစိုးရရဲ့ ထုတ်ပြန်ချက်တွေအချိန်ကပ်ပြီးမှထုတ်ပြန်ခဲ့တဲ့ အပေါ် တောင်းပန်ခဲ့ပါတယ်။

ဒါဟာ အစိုးရပိုင်းက ပထမဆုံး ပြည်သူအပေါ် စီမံခန့်ခွဲမှုအလွဲနဲ့ပတ်သက်ပြီး တောင်းပန်မှုပါဘဲ။ လက်ရှိ မှာ သင်္ကြန်ကာလပိတ်ရက်အပြီး ဧပြီ ၂၀ ရက်က စတဲ့ stay Home ကာလပြီးဆုံးချိန်မှာ လုပ်ငန်းခွင် ပြန်ဝင်မယ် လုပ်သားတွေအပေါ် အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ချက်တွေက လုပ်ငန်းခွင်ပြန်ဝင်ရမယ့် အ လုပ်သမားဝန်ထမ်းတွေထဲ အထူးသဖြင့် အင်အားပမာဏများတဲ့ အထည်ချုပ်နဲ့ တခြားလုပ်သားအင်အားများစွာ သုံးရတဲ့ လုပ်ငန်းတွေအတွက် အခက်တွေ့စေခဲ့ပါတယ်။ထုတ်ပြန်ချက်တွေမှာ ကျန်းမာရေးအရ စစ်ဆေးပြီးမှ လုပ်ငန်းကိုလည်ပတ်ဖို့ ညွှန်ကြားချက်ကပေမယ်ထုံးစံအတိုင်း ပိုင်ရာဆိုင်ရာတွေ လုပ်ပြီး လုပ်ငန်းကို ပြန်လည် ပတ်ကြတဲ့ အတွက်  ကျန်းမာရေးစိုးရိမ်တဲ့ အလုပ်သမားတွေဘက်က အသံများစွာထွက်ခဲ့ပါတယ်။

အထူးသဖြင့် အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးရှိပြီး အဲဒီစက်ရုံတွေမှာ အလုပ်သမား ၁၇၀,၀၀၀ ထိရှိ တဲ့ ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်စက်ရုံတွေမှာ စက်ရုံပြန်ဖွင့်ရက်ဖြစ်တဲ့ ဧပြီ ၂၀၊၂၁ ရက်တွေမှာ ဒီပြဿနာ က ဆက်တိုက်တက်ခဲ့ပါတယ်။တစ်နေ့လုပ်တစ်နေ့စားတွေ၊ အောက်ခြေလူတန်းစား အများစုမှီခိုရာဒီအလုပ်တွေ မှာ အလုပ်တည်မြဲဖို့က အရေးကြီးတဲ့အတွက် အလုပ်ရှင်စိတ်ကျေနပ်မှုရဖို့ကို ဦးစားပေးရသလို နေ့စဉ်စားဝတ်နေ ရေးကလည်း ခြိမ်းခြောက်နေတဲ့ အတွက် ကူးစက်ရောဂါက ဖြစ်ကာမှဖြစ်ရော ဆိုတဲ့ ဒုတိယနေရာကုရောက်သွား ပါတယ်။ ဒါကြောင့်လည်း အငတ်ဘေးအတွက် စိုးရိမ်ပြီး အလုပ်ဆင်းကြတဲ့ သူတွေရှိသလို ကျန်းမာရေးအရ သေ ဘေးကြောက်လို့ မဆင်းချင်တဲ့သူတွေလည်းရှိတဲ့ အတွက် နှစ်ဘက်ကြား ဝိရောဓိဖြစ်ပြီး ဘာလုပ်လို့ဘာဆက် လုပ်ရမှန်းမသိဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲအတူ မြန်မာနိုင်ငံ တရုတ် အထည် အလိပ်နှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဂျပန်အထည်ချုပ် လုပ်ငန်းရှင်များအုပ်စု တို့ကပူးတွဲပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသည့် အလုပ်သမားများ ကို ခွင့်တိုင်ကြားစေပြီး အလုပ်အကိုင်တည်မြဲမှုအာမခံချက်ပေးရန် အသင်းဝင်စက်ရုံများကိုတိုက်တွန်းခဲ့ပါတယ်။ အ လုပ်သမားတွေဘက်က အဆိုပါအလုပ်မဆင်းရတဲ့ရက်တွေမှာ လုပ်ခလစာရလိုတဲ့သူတွေရှိသလို တချို့ကလည်း အလုပ်မဆင်းတဲ့ အတွက် အလုပ်ဖြုတ်လိုက်မှာကို စိုးရိမ်နေတဲ့ သူ တွေလည်းရှိပါတယ်။ အလုပ်ရှင်ဘက်ကလည်း ကာလရှည်စွာစိုက်ထုတ်ပေးနိုင်ဖို့ဆိုတာ လက်ခစားနဲ့လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် စိုက်ထုတ်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အလုပ် သမားဝန်ကြီးဌာနဘက်က ဧပြီ ၂ဝ မှ ၃ဝ ရက်နေ့အထိ ယာယီ ရပ်ဆိုင်းထားရမည့် စက်ရုံ အလုပ်ရုံများရှိ အလုပ် သမားများ နစ်နာမှု မရှိစေရေး ထိုကာလအတွက် ထိုက်သင့်တဲ့ လူမှုရေးထောက်ပံ့ ကြေးများပေးအပ်သွားမယ် ဆို ပြီး ထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။ဒီမှာလည်း အလုပ်သမားအတိုင်းမဟုတ်ဘဲ လူမှုဖူလုံရေးဝင်ထားတဲ့ အလုပ်သ မားတွေကို လစာရဲ့ ၆၀ ရာခိုင်နူန်းပြန်ထောက်ပံ့ပေးဖို့ ပါဘဲ။ ဒီအတွက် လုပ်ငန်းသဘောသဘာ၀အရ အဝင်အ ထွက်များတဲ့ အထည်အချုပ်လုပ်ငန်းမှာ လူမှုဖူလုံရေးဝင်ထားတဲ့  အလုပ်သမားကနည်းပါးနိုင်တဲ့ အတွက် ဒါက လည်း အထောက်အကူပြုနိုင်မှု အကန့်အသတ် သာရှိနိုင်မှာ ပါ။ဒီအတွက် အလုပ်သမားတွေအဖို့ မလာနိုင်သေး တဲ့ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကို အဓိကထားမလား၊ လက်ရှိကြုံတွေ့နေရတော့မယ် အငတ်ဘေးကို လတ်တ လော ဖြေရှင်းဖို့ အန္တရာယ်ကြားကနေ အလုပ်ဆင်းမလား ဆိုတာ အလုပ်သမားတွေအတွက် ရွေးချယ်စရာ ဖြစ်လာပါတယ်။

ဒါပေမယ့် ဧပြီ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံမှုမှာ အလုပ်သမားသမဂ္ဂဘက်က ပါဝင်ဆွေးနွေးသူတစ်ဦးက သက်ဆိုင်ရာက စစ်ဆေးပြီးမှ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်ရမှ ဖွင့်လှစ်ရမယ် ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး ဖွင့်နေတဲ့ စက်ရုံစာရင်းကို တင်ပြခဲ့တာကိုတွေ့ရပါတယ်။ဒီနောက်မှာ အဆိုပါစက်ရုံတွေကို သက်ဆိုင်ရာနယ်မြေအလိုက် စစ်ဆေးသွားမယ်ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ ၂၃ ရက်မှာ ညွှန်ကြားချက်ကို မလိုက်နာဘဲ ဆက်ဖွင့်ထားတဲ့ စက်ရုံတွေမှာ အလုပ်သမားနဲ့ စက်ရုံတာဝန်ရှိသူတွေ အငြင်းပွားတဲ့ သတင်းတွေတက်လာခဲ့သလို ဒီကျန်းမာရေးဆိုင်ရာပြဿနာကို အခွင့်ကောင်းယူပြီး ဒဂုံတောင် ပိုင်းက စက်ရုံအချို့ အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့လို့ အဆိုပါရက်တွေမှာဘဲ  ကူးစက်ရောဂါပြဿနာဘေး အန္တရာယ်ကြီးမားနေစဉ်မှာဘဲ ဆန္ဒပြတာတွေ ဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်လည်း အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်တွေက စစ်ဆေးမှုမခံရသေးဘဲ ဆက်လည်ပတ်နေတဲ့ စက်ရုံ ၁၈၀ ကျော်ကို သက်ဆိုင်ရာကို တင်ခဲ့တာကိုတွေ့ရပါတယ်။

ခန့်မှန်းခြေ အမျိုးသမီးလုပ်သားပေါင်း ခုနှစ်သိန်းခန့်နဲ့ လည်ပတ်နေတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်း ကဏ္ဍမှာ လုပ်သားပေါင်းသုံးသိန်းခွဲခန့်ဟာ ကိုဗက် ၁၉ ကူးစက်ရောဂါကြောင့် လက်ရှိမှာ လစာမဲ့ဆိုင်းငံ့ခံရခြင်း နှင့် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ဧပြီ ၃၀ ရက်အထိ စက်ရုံ၊အလုပ်ရုံတွေကို ယာယီပိတ်သိမ်းဖို့ရှိသလို မပိတ်သိမ်းသေးတဲ့ အချို့စက်ရုံတွေလည်း ညွှန်ကြားချက်နဲ့ အချိန်မီပေးရမယ့် စာချုပ်တွေကြောင့် အကြပ်ရိုက်နေတာကိုလည်း တွေ့ရပါတယ်။ပုသိမ်မှာ လည်း ဧပြီ ၂၅ ရက်အထိ စက်ရုံအလုပ်ရုံတွေကို ယာယီပိတ်သိမ်းခဲပေမယ့် ဧပြီ ၂၃ ရက်မှာ ပုသိမ်အထည်ချုပ် စက်ရုံတစ်ခုက လုပ်သားတစ်ဦး သံသယရှိလို့ ပုသိမ်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် စစ်ဆေးနေ တယ်ဆို ပါတယ်။

မန္တလေးမှာတော့ ဒေသန္တရ အမိန့်နှင့်အညီ မန္တလေးစက်မှုဇုန် အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်ရေး ဆိုင်ရာလုပ်ငန်းအများစုကို ဧပြီ ၂၀ ရက်ကတည်းက ပြန်လည်ပတ်နေခဲ့တာပါ။တခြားသောပြဿနာတစ်ခုဖြစ်တဲ့ ဒီရက်တွေမှာ နယ်ကို ပြန်သွားတဲ့ ရန်ကုန်မှာအလုပ်လာလုပ်နေတဲ့ သူတွေရဲ့ ယခု နှစ်အိမ်အပြန်ခရီးက အသွား ရော အပြန်ပါ ဒုက္ခတွေဆက်တိုက်ကြုံခဲ့ရပါတယ်။ မလိုအပ်ဘဲ အာဏာပြချင်တဲ့သူတစ်ချို့ကြောင့်လည်း  ရန်ကုန် ကို ပြန်ဝင်ရာမှာ ကျန်းမာရေးထောက်ခံစာယူရမလို၊မယူရမလိုနဲ့ ရန်ကုန်ဝင်ရာမှာ ဘယ်သွားလို့ဘယ်နေရမှန်း မသိသလို တခြားပြည်နယ်တွေမှာလည်း ဒီလိုပြဿနာတွေကိုကြုံခဲ့ရပါတယ်။ နေပြည်တော်လို့ အစိုးရရုံးစိုက်ရာ အထူးနယ်မြေမှာတော့ ဝန်ထမ်းတွေ ဒေသပြန်ရင်း ရောဂါကူးစက်လာရင် အစိုးရယန္တရားတစ်ခုလုံး ရပ်ဆိုင်းသွား နိုင်တဲ့ အတွက် ယခင်ကတည်း သင်္ကြန်ပိတ်ရက်အတွင်း မိမိဇာတိကိုမပြန်ဖို့နဲ့ သွားခဲ့ရင် အရေးယူမယ်လို့ ထုတ် ပြန်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ရုံးဖွင့်ရက် ပြန်ရောက်တဲ့ အခါ အဆိုပါ နေရပ်ခိုးပြန်တဲဝန်ထမ်းတွေကို သက် ဆိုင် ရာက Quarantine ၂၁ ရက်ဝင်ခိုင်းခဲ့သလို အရေးယူဖို့ လုပ်ဆောင်ရတာတွေအထိရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေသတစ်ခုကနေ တစ်ခုကို အလွယ်တကူမသွားရောက်နိုင်တော့သလို အ ကြောင်း ကိစ္စရှိလို သွားလာရတဲ့အခါမှာလည်း Quarantine ၂၁ ရက်ဝင်ရတဲ့ ပြဿနာ၊ တစ်နယ်က တစ်နယ် တစ်မြို့နယ်က တစ်မြို့နယ်ကို ကူးဖို့ ခက်နေတဲ့ ပြဿနာက လတ်တလော ကူးစက် ရောဂါထိန်းချုပ်ရေးအတွက်  အသုံးလိုနေသေးပေမယ့် သူမယုံ၊ကိုယ်မယုံကြာလာရင်လူမှုရေးကိစ္စမှာတွင်သာမက အခြားသော အုပ်ချုပ်ရေးဆိုင်ရာတွေမှာပါ ပြဿနာရှိလာနိုင်တဲ့ အတွက် ဒါကို ဘယ်လို ကျော်လွှားဖြေရှင်းမလဲ ၊ ဘယ်လို စီမံမှုကိုခွဲမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ ဖြစ်ပါတယ်။

အငတ်ဘေးနှင့် မြေဇာပင်များ

ဒီရက်မှာ အများပြည်သူကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။ ဒါကလည်း ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်။ ဒါကရခိုင်ပြည်နယ်အတွင်း ရောဂါခြေချုပ် ထားသူများ၌ COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးရန် နမူနာ သယ်လာ သည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ကားတစီးကို လက်နက်ကိုင်အဖွဲ့ တစ်ခု က ပစ်လိုက်တဲ့ အတွက် မြန်မာနိုင်ငံသားWHOဝန်ထမ်းတစ်ဦးသေဆုံးကာနောက်တစ်ဦးက ထိခိုက်ဒဏ်ရာ ရခဲ့ တာပါ။

ဧပြီ ၂၀ ရက် ညနေ ၅ နာရီလောက်မှာ ဖြစ်တဲ့ ဒီဆိုးရွားတဲ့ ဖြစ်စဉ်မှာ အဲဒီကာလမတိုင်ခင် အဆိုပါနေရာ တစ်ဝိုက်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲတွေ ဖြစ်နေခဲ့လို့ ခဏစောင့်ပြီးမှ ခွင့်တောင်းပြီး ရာမောင် တံတားကို ဖြတ်သန်းခဲ့တာလို့ဆိုပါတယ်။တပ်ဘက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်ချက် တွေမှာ တော့ ရခိုင်လက်နက်ကိုင်အဖွဲ့AAက ပစ်ခတ်ခဲ့တဲ့ အတွက် ထိမှန်သေဆုံးခဲ့ရတာဆိုသလို တပ်ဘက်က ပစ်ခတ်ခဲ့တဲ့ တောင်ကုန်းဘက်ကို သွားရောက်ရှင်းလင်းခဲ့ရာမှာ တပ်မတော်သားအချို့ ဒဏ်ရာရခဲ့တာတွေလည်း ရှိတယ်ဆိုပါတယ်။ရခိုင်လက်နက်ကိုင်အေအေဘက်က ထုတ်ပြန်ချက်မှာတော့ ထုံးစံအတိုင်း တပ်ဘက်က ပစ်ခတ် လို့ဆိုကာ ၎င်းတို့ပစ်ခတ်မှုကိုငြင်းဆန်ခဲ့ပါတယ်။

နောက်ပိုင်းထုတ်ပြန်ချက်တွေမှာတော့ သေဆုံးသူဆီကနေ ခွဲထုတ်ရရှိတဲ့ ကျည်ဆန်က အိမ်နီးချင်းနိုင်ငံ ထုတ်ကျည်ဆံဖြစ်နေကာ အဆိုပါကျည်ဆံကို တိုင်းရင်းသားလက်နက်ကိုင်တွေ သုံးလေ့ရှိတဲ့ ကျည်ဆံမျိုးထဲ ပါဝင် နေတာကို တွေ့ရပါတယ်။ သေဆုံးသူရုပ်အလောင်းကို ပြည်မြို့ရှိသူနေအိမ်ထံပြန်ပို့ခဲ့သလို ဒီဖြစ်ရပ်အပေါ် အခြေ ခံတဲ့ ကာတွန်းတစ်ကွက်ကလည်း လူမှုကွန်ရက်မှာ ထင်ရှားခဲ့ပါတယ်။ဒီကာတွန်းထဲမှာ ထမိန်ဝတ်ထားတဲ့ ဆန် ကျင်ဘက် အဖွဲ့တစ်ခုဆီက လက်နက်ကိုင်ထားသူနှစ်ဦးက တစ်ဦးကိုတစ်ဦးနင့်ကြောင့် ငါကြောင့်ဆိုပြီး အပြစ်လွှဲ ချနေတဲ့ ကာတွန်းတစ်ကွက်ပါဘဲ။ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ကိုယ်တိုင်က ဒီသေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုအတွက် စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့သလို မိခင်အဖွဲ့အစည်းဖြစ်တဲ့  ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)ကလည်း အလံ တစ်ဝက်လျော့ချပြီး ဝမ်းနည်းကြောင်းထုတ်ဖော်ခဲ့ပါတယ်။

ယခုလို ကူးစက်ရောဂါဘေးကြောင့် တကမ္ဘာလုံး ပူးတွဲရင်ဆိုင်နေရတဲ့အချိန်၊ယီမင်လို ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှာတောင် စစ်ပွဲကိုရပ်ပြီး ကူးစက်ရောဂါဘေးကို တိုက်ခိုက်နေတဲ့ အချိန်မှာ ကူးစက်ခံရသူတွေရဲ့ ရောဂါပိုးရှိ/မရှိကို စစ်ဆေးဖို့ ရောဂါသံသယရှိသူတွေရဲ့ တို့ဖတ်နမူနာယူလာတဲ့ ကားကို ပစ်ခတ်တာလောက် လူမဆန်တဲ့ အဖွဲ့ဆိုတာ မရှိတော့ပါဘူး။အဲဒီဘက်နဲ့ဆက်နေတဲ့ ချင်းပလက်၀ဘက်လည်း လမ်းတစ်ဝက်ကနေ ဆန်လုလေ့ရှိတဲ့ ရခိုင်လက်နက်ကိုင် အေအေကြောင့် ငတ်မတတ်ဖြစ်နေရာကနေ ချင်းပြည်နယ်အစိုးရ အစီအစဉ်နဲ့  ပလက်၀စစ်ဘေးရှောင်တွေဆီ ဆန်အိတ် တွေ ၊ ဆေးဝါးတွေကို ယခုရက်သတ္တပတ် ဧပြီ ၁၉ ရက်မှာ ပလက်၀ ကို ရောက် ခဲ့လို့ စစ်ဘေးရှောင်တွေ အငတ်ဘေးက လွတ်ခဲ့ရတာက ဒီတစ်ပတ်ရဲ့သတင်း ကောင်းပါဘဲ။ နောက် ထပ် အငတ်ဘေးမကြုံရစေဖို့ ဆန်အိတ် ၂၁၀၀ ကျော် ဆက်ပို့ပေးဖို့ လိုသေးတယ်ဆိုပါတယ်။ကျန်းမာရေး ကပ် ဘေးအကြုံမှာ အငတ်ဘေးအန္တရာယ်က ပိုကြီးနေတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားနယ်မြေများစွာက စစ်ဘေးရှောင် တွေ အဖို့ ဘယ်ဘေးကနေ လွတ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။  

ဒီလိုသတင်းတွေ အပြင် ယခုရက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်ဆရာ ဆရာမတွေကို ဧပြီ ၃၀ ရက်နောက်ပိုင်းမှ တာဝန်ပြန်ထမ်း ဆောင်ဖို့ ထုတ်ပြန်ခဲ့တဲ့ သတင်း၊မြန်မာသင်္ဘောကပ္ပတိန်တစ်ဦး အိုင်းရစ်ပင် လယ်အတွင်းမှာ သင်္ဘောသားတွေက သတ်ဖြတ်ခဲ့တဲ့ သတင်း၊ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးအဆုတ်ကင်ဆာနဲ့ သေဆုံးခဲ့တဲ့ သတင်း၊ထိုင်ဝမ်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို Surgical mask ၁သန်း၆ သောင်း လှူဒါန်းခဲ့တဲ့သတင်း၊ သတင်းစာ ဆရာ ကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အပြာရောင် အင်္ကျီဝတ် ဆင်ခြင်း လှုပ်ရှားမှု တရပ်ဧပြီ ၂၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်း၊ပြည်သူ အများစိတ် ဝင်စားနေတဲ့ မင်းရာဇာနဲ့ အမျိုးသမီးဖြစ် သူတို့ အက်ဆစ်နဲ့ပက်ခဲ့တဲ့ အိမ်အကူမိန်းကလေး ဆေးရုံက ဆင်းခွင့်ရ တော့မယ့် သတင်း၊ ကိုဗက် ၁၉ ရောဂါတုန့် ပြန်ရေးအတွက် ကမ္ဘာဘဏ်က မြန်မာနိုင်ငံကို ကန်ဒေါ်လာ သန်း ၅၀ ထုတ်ချေးတဲ့ သတင်းတွေက လည်းက လည်း ယခုရက်အတွင်း အများပြည်သူသတိထားမိတဲ့ သတင်းတွေ ဖြစ်ခဲ့တယ် ဆိုတာတင်ပြရင်း ယခုရက်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဧပြီ - ၂၄

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ျပည္တြင္းသတင္းမီဒီယာေတြမွာ အမ်ားဆုံးစိတ္ဝင္စားစရာ ျဖစ္ခဲ့တဲ့ သတင္း ေတြက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ေသဆုံးတဲ့ သတင္းေတြနဲ႔ ရခိုင္ဘက္က သတင္းေတြ၊ ဆီမီးေလာ့ခ္ေဒါင္း ခ်တာကို တခ်ိဳ႕ေနရာေတြမွာ ဆန႔္က်င္မႈေတြ ရွိလို႔ အေရးယူရတဲ့ သတင္းေတြဘဲ ျဖစ္ခဲ့ပါတယ္။

ညမထြက္ရအမိန႔္ႏွင့္ ဗိုင္းရပ္စ္ဟန႔္တားျခင္း

ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိသူ အေယာက္ ၉၀ ေက်ာ္ခ်ိန္မွာ ကူးစက္ခံရသူအမ်ားစုရွိခဲတဲ့ ရန္ကုန္မွာ ညမ ထြက္ အမိန႔္ကို ထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာ ဧၿပီ ၁၇ ရက္အထိက်ေရာက္တဲ့ ျမန္မာသၾကၤန္ပိတ္ရက္ကာလနဲ႔ ဧၿပီ ၁၉ ရက္မွာ ျပည့္မယ္ အိမ္မွာသာေနဖို႔ အစီအစဥ္ကာလကို ကာမိဖို႔ က်န္းမာေရးအာဏာပိုင္ေတြနဲ႔ အုပ္ခ်ဳပ္ေရး အာဏာပိုင္ေတြဘက္က စီစဥ္မႈပါဘဲ။

ဒီလိုသတ္မွတ္မႈမွာ ကိုးကိုးကြၽန္းကလြဲၿပီး ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၄၅ ၿမိဳ႕နယ္ပါဝင္ကာ ည ၁၀ နာရီမွ မနက္ ၄ နာရီအထိ အိမ္ျပင္မထြက္ရန္ျဖစ္ပါတယ္။ထုတ္ျပန္ခ်က္မွာေတာ့ ညမထြက္ရ အမိန႔္ကို ခ်ိဳးေဖာက္ ပါက ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူမယ္ဆိုတာ ပါပါတယ္။ဒီကူးစက္ေရာဂါဥပေဒမွာ အျမင့္ဆုံးျပစ္ဒဏ္သည္ ေထာင္ဒဏ္ ေျခာက္လ(သို႔) ေငြဒဏ္ ငါးေသာင္း ၊ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ ႏွစ္ရပ္လုံး ျဖစ္ ေစ ခ်မွတ္ႏိုင္တယ္လို႔ ပါဝင္ထားပါတယ္။ ကူးစက္ေရာဂါေၾကာင့္ ညဘက္မထြက္ရတာဟာ ေနာက္တစ္နည္းေျပာ ရရင္ ဧၿပီ ၁၇ ရက္မွာ လႊတ္ခဲ့တဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေၾကာင့္ လြတ္လာတဲ့သူေတြထဲက ပါလာႏိုင္တဲ့ ခိုးဆိုး လုႏိုက္ေတြေၾကာင့္ ထိခိုက္လာႏိုင္တဲ့ လုံၿခဳံေရးကို တစ္စုံတစ္ခုထိ အေထာက္အကူျဖစ္ေစဟန္တူပါတယ္။

ရန္ကုန္မွာ ကူးစက္သူမ်ားရဲ႕ ရာခိုင္ႏူန္း ၈၀ ေက်ာ္ရွိတဲ့ အတြက္ တခ်ိဳ႕ၿမိဳ႕နယ္ေတြကို semi  Lock Down ပိတ္ခ်တာေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ဒီၿမိဳ႕နယ္ေတြထဲမွာ  ပန္းဘဲတန္း၊ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ဗဟန္း ၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္၊အင္းစိန္ၿမိဳ႕နယ္၊ေ႐ႊျပည္သာၿမိဳ႕နယ္၊လႈိင္သာယာၿမိဳ႕နယ္ေတြပါၿပီး ဒီၿမိဳ႕နယ္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြေၾကာင့္ ၿမိဳ႕နယ္ထဲ အျပင္လူ ကူးသန္းသြားလာခြင့္မေပးဘဲ ၿမိဳ႕နယ္ထဲက လူ ေတြကိုလဲ အေရးႀကီးကိစၥမရွိဘဲ အိမ္အျပင္မထြက္ေရးကို ၫႊန္ၾကားခ်က္ထုတ္ထားခဲ့ပါတယ္။ၫႊန္ၾကားခ်က္ ေတြ ထဲမွာ အစိုးရဝန္ထမ္းေတြ၊ အဖြဲ႕အစည္းေတြ၊ ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံေတြနဲ႔ တာဝန္ထမ္းေဆာင္ဖို႔ သြားေရာက္ သူေတြကို ဒီတားျမစ္ခ်က္ေတြထဲကေန ကင္းလြတ္ခြင့္ျပဳထားခဲ့ပါတယ္။

ဒီလို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မွာကို ဟန႔္တားဖို႔ လုပ္ခဲ့ေပမယ့္ ရပ္ကြက္ေတြထဲမွာ စည္းကမ္းမလိုက္နာ တဲ့သူေတြ၊ခ်ိဳးေဖာက္တဲ့ သူေတြ၊ အထူးအခြင့္အေရးလိုခ်င္သူေတြ၊ တားျမစ္သူေတြကို အႏၲရာယ္ျပဳတဲ့ သူေတြကို ေတြ႕ရသလို  ရပ္ကြက္ထဲက ဒီကူးစက္ေရာဂါကို အေၾကာင္းျပၿပီး တစ္ေၾကာင္းတစ္ဂါထာဆန္း ဩဇာအာဏာ ျပခ်င္တဲ့ သူေတြလည္း ေပၚထြက္လာခဲ့ပါတယ္။ ညမထြက္ရအမိန႔္ျဖစ္တဲ့ အတြက္ ပုဒ္မ ၁၄၄ ကာဖ်ဴးနဲ႔အခ်ိန္ သတ္မွတ္ပုံ တူေပမယ္ အေရးယူမႈအပိုင္းက ကြာတဲ့ အတြက္ စည္းကမ္းသတ္မွတ္ခ်က္ကိုလိုက္နာတဲ့ အပိုင္းမွာ အေတာ္ကိုေလ်ာ့ရဲခဲ့တာေတြ႕ရပါတယ္။ စတင္သတ္မွတ္တဲ့ ဧၿပီ ၁၈ ရက္ကစၿပီး မလိုက္နာတဲ့ အတြက္ ေခၚယူ သတိေပးရတာေတြ၊တားျမစ္ဟန႔္တားတာေတြ ရွိခဲ့ရသလို ေနာက္ပိုင္းမွာ ထုတ္ျပန္ထားတဲ့ ဥပေဒအတိုင္းအေရး ယူမယ္ဆိုတဲ့ အထိ ျဖစ္လာခဲ့ပါတယ္။ ဒီဘက္ရက္ပိုင္းမွာ ညဘက္တားျမစ္ထားရဲ႕သားနဲ႔ ထြက္ခဲ့တဲ့ သူေတြကို ထိုင္ထလုပ္ခိုင္းကာ အျပစ္ေပးတာေတြ ရွိသလို မႏၲေလးမွာဆိုရင္ ေျခေထာက္ကို ႐ိုက္တဲ့ အတြက္ လူမႈကြန္ရက္ မွာ ေဝဖန္သံျပင္းျပင္းထြက္ခဲ့တာေတြရွိပါတယ္။ဒီလိုအျပင္ ရန္ကုန္ဆင္ေျခဖုံးနဲ႔ နယ္ၿမိဳ႕ေတြမွာပါ မလိုအပ္ဘဲ တစ္ေက်ာင္းတစ္ဂါထာဆန္းဆိုသလို ရပ္ကြက္ေတြပိတ္တာ၊ျပင္ပလူဝင္ထြက္ခြင့္မျပဳတာေတြလုပ္ၾကတဲ့ အတြက္  သက္ဆိုင္ရာက စာထုတ္ၿပီးတားျမစ္ရတဲ့အထိေအာက္ေျခက  လူတခ်ိဳ႕ရဲ႕ ပြဲလန႔္တုန္း အာဏာျပၾကတဲ့ ျဖစ္ရပ္ေတြကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီရက္ထဲမွာဘဲ   ဒီလို ညမထြက္ရအမိန႔္ကို ရန္ကုန္တြင္မကပါဘူး။ကြတ္ခိုင္လို ရွမ္းျပည္နယ္ ေျမာက္ပိုင္း က ၿမိဳ႕အပါအဝင္ ျပည္နယ္နဲ႔ တိုင္း အေတာ္မ်ားမ်ား မွာပါ ထုတ္ျပန္ခဲ့တာပါ။ ဒီလိုထုတ္ျပန္ခဲ့ရာမွာ နယ္ေတြမွာ အေတာ္ေလးျပႆနာတက္ခဲ့တာရွိသလို အေရးယူမႈ ေတြလည္းရွိခဲ့ပါတယ္။ ျပည္မွာ ညမထြက္ရအမိန႔္ကို မနာခံ တဲ့ အမ်ိဳးသား ၂၁ဦးကို ဧၿပီ ၂၀ ရက္မွာ ဖမ္းဆီးၿပီး ဧၿပီ ၂၁ ရက္မွာ ေထာင္ဒဏ္ ၇ ရက္(သို႔မဟုတ္) ေငြဒဏ္က်ပ္ ႏွစ္ေသာင္းခ်ခဲ့တာပါ။မုံ႐ြာမွာေတာ့ ေန႔ခင္းဘက္သြားလာရာမွာ maskတပ္ဖို႔ ေျပာတဲ့ ယာဥ္ထိန္းရဲကို ဓားနဲ႔ ခုတ္ တဲ့ ျဖစ္ရပ္ျဖစ္ခဲ့သလို ဒီလို ဓားနဲ႔ခုတ္တဲ့ ျပန္လိုက္ဖမ္းရာမွာ  ေျပးရင္ အေမာဆို႔ၿပီး ေနာက္တစ္ရက္မွာ အဆိုပါ ဓား ခုတ္တဲ့ သူေသဆုံးတဲ့ ျဖစ္ရပ္ျဖစ္ခဲ့တာလည္းရွိခဲ့ပါတယ္။

ေနျပည္ေတာ္မွာေတာ့ Quarantine ဝင္ေနရတဲ့သူ ၃ ဦးကိုစခန္းအတြင္း တားျမစ္ခ်က္ေတြ ခ်ိဳးေဖာက္ ၿပီး ေတြ႕ၾကတာ၊ ကြမ္းယာေဆးလိပ္ေရာင္းတာေတြေၾကာင့္ ေထာင္ ၆ လခ်ခဲ့တာေတြ ရွိခဲ့ပါတယ္။

ဒီလိုခ်ိဳးေဖာက္မႈေတြ၊မလိုက္နာမႈေတြေၾကာင့္ ေၾကာက္မက္ဖြယ္ ေရာဂါကူးစက္ပ်ံႏွံမႈျဖစ္လာႏိုင္တဲ့ အ တြက္ ဧၿပီ ၂၂ ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ video conferencing စနစ္နဲ႔ ေတြ႕ဆုံရာမွာ ပါဝင္ေဆြး ေႏြးသူ တစ္ဦးက  ျပ႒ာန္းတားျမစ္ခ်က္ေတြကို မလိုက္နာတဲ့သူေတြကို အိႏၵိယမွာလို တုတ္နဲ႔႐ိုက္သင့္ရင္႐ိုက္ဖို႔အထိ ေတာင္းဆိုခဲ့တာကိုေတြ႕ရပါတယ္။ ကို႐ိုနာဗိုင္း ရပ္စ္ကူးစက္သူ ၁၄၀ ခန႔္ထိရွိလာၿပီး ေသဆုံးသူ ၅ ဦးထိရွိလာတဲ့ အခ်ိန္မွာ အစိုးရပိုင္းက ညမထြက္ရအမိန႔္ကို ေနာက္ထပ္ ၁၅ ရက္ထပ္တိုးခဲ့သလို လွည္းကူးလို႔ ၿမိဳ႕နယ္ေတြမွာ လည္း ညမထြက္ရအမိန႔္ကို ေနာက္ထပ္ ႏွစ္လအထိ ထုတ္ျပန္ခဲ့တာေတြေၾကာင့္ အစိုးရအေနနဲ႔ ဒီကူးစက္မႈကို ကိုင္တြယ္ႏိုင္ဖို႔ လိုအပ္တဲ့ အာဏာစက္ကို က်ယ္ျပန႔္သည္ထက္ က်ယ္ျပန႔္ေအာင္ လုပ္ေနတာေတြေၾကာင့္ ကူးစက္မႈဟန႔္တားႏိုင္ေရးအတြက္  ဘယ္ေလာက္ထိ တင္းတင္း က်ပ္က်ပ္ ထိထိေရာက္ေရာေရာက္ ေဆာင္႐ြက္လာႏိုင္မလဲ၊ ဘယ္အခ်ိန္မွာ semi-Lock Downအဆင့္ကေန Lock Down အဆင့္ကို ေျပာင္း လာသြားမလဲ၊ ဒီလိုမ်ိဳးအထိ ျဖစ္ေကာ ျဖစ္လာပါ့မလား ဆိုတာေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

စီမံခန႔္ခြဲမႈအလြဲ ႏွင့္ စားဝတ္ေနေရး

ဧၿပီ ၂၂ ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ COVID-19 ကာလ စက္႐ုံအလုပ္႐ုံမ်ား၊ အလုပ္သမားမ်ား၏ အေရးကိစၥမ်ားမွာ ပါဝင္ေဆာင္႐ြက္ေနၾကသူမ်ားႏွင့္ ေတြ႕ဆုံၿပီး လက္ေတြ႕ အေျခအေနမ်ားအား အျပန္အလွန္ ေဆြးေႏြးခဲ့မႈ အစီအစဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက အစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြအခ်ိန္ကပ္ၿပီးမွထုတ္ျပန္ခဲ့တဲ့ အေပၚ ေတာင္းပန္ခဲ့ပါတယ္။

ဒါဟာ အစိုးရပိုင္းက ပထမဆုံး ျပည္သူအေပၚ စီမံခန႔္ခြဲမႈအလြဲနဲ႔ပတ္သက္ၿပီး ေတာင္းပန္မႈပါဘဲ။ လက္ရွိ မွာ သၾကၤန္ကာလပိတ္ရက္အၿပီး ဧၿပီ ၂၀ ရက္က စတဲ့ stay Home ကာလၿပီးဆုံးခ်ိန္မွာ လုပ္ငန္းခြင္ ျပန္ဝင္မယ္ လုပ္သားေတြအေပၚ အစိုးရနဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြက ထုတ္ျပန္ခ်က္ေတြက လုပ္ငန္းခြင္ျပန္ဝင္ရမယ့္ အ လုပ္သမားဝန္ထမ္းေတြထဲ အထူးသျဖင့္ အင္အားပမာဏမ်ားတဲ့ အထည္ခ်ဳပ္နဲ႔ တျခားလုပ္သားအင္အားမ်ားစြာ သုံးရတဲ့ လုပ္ငန္းေတြအတြက္ အခက္ေတြ႕ေစခဲ့ပါတယ္။ထုတ္ျပန္ခ်က္ေတြမွာ က်န္းမာေရးအရ စစ္ေဆးၿပီးမွ လုပ္ငန္းကိုလည္ပတ္ဖို႔ ၫႊန္ၾကားခ်က္ကေပမယ္ထုံးစံအတိုင္း ပိုင္ရာဆိုင္ရာေတြ လုပ္ၿပီး လုပ္ငန္းကို ျပန္လည္ ပတ္ၾကတဲ့ အတြက္  က်န္းမာေရးစိုးရိမ္တဲ့ အလုပ္သမားေတြဘက္က အသံမ်ားစြာထြက္ခဲ့ပါတယ္။

အထူးသျဖင့္ အထည္ခ်ဳပ္စက္႐ုံေပါင္း ၆၀၀ နီးပါးရွိၿပီး အဲဒီစက္႐ုံေတြမွာ အလုပ္သမား ၁၇၀,၀၀၀ ထိရွိ တဲ့ ရန္ကုန္တိုင္းအတြင္းက အထည္ခ်ဳပ္စက္႐ုံေတြမွာ စက္႐ုံျပန္ဖြင့္ရက္ျဖစ္တဲ့ ဧၿပီ ၂၀၊၂၁ ရက္ေတြမွာ ဒီျပႆနာ က ဆက္တိုက္တက္ခဲ့ပါတယ္။တစ္ေန႔လုပ္တစ္ေန႔စားေတြ၊ ေအာက္ေျခလူတန္းစား အမ်ားစုမွီခိုရာဒီအလုပ္ေတြ မွာ အလုပ္တည္ၿမဲဖို႔က အေရးႀကီးတဲ့အတြက္ အလုပ္ရွင္စိတ္ေက်နပ္မႈရဖို႔ကို ဦးစားေပးရသလို ေန႔စဥ္စားဝတ္ေန ေရးကလည္း ၿခိမ္းေျခာက္ေနတဲ့ အတြက္ ကူးစက္ေရာဂါက ျဖစ္ကာမွျဖစ္ေရာ ဆိုတဲ့ ဒုတိယေနရာကုေရာက္သြား ပါတယ္။ ဒါေၾကာင့္လည္း အငတ္ေဘးအတြက္ စိုးရိမ္ၿပီး အလုပ္ဆင္းၾကတဲ့ သူေတြရွိသလို က်န္းမာေရးအရ ေသ ေဘးေၾကာက္လို႔ မဆင္းခ်င္တဲ့သူေတြလည္းရွိတဲ့ အတြက္ ႏွစ္ဘက္ၾကား ဝိေရာဓိျဖစ္ၿပီး ဘာလုပ္လို႔ဘာဆက္ လုပ္ရမွန္းမသိျဖစ္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။

ဒီလိုအေျခအေနမွာ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းနဲအတူ ျမန္မာႏိုင္ငံ တ႐ုတ္ အထည္ အလိပ္ႏွင့္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း၊ ကိုရီးယား အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း၊ ဂ်ပန္အထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအုပ္စု တို႔ကပူးတြဲၿပီး လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္ႏိုင္ျခင္းမရွိသည့္ အလုပ္သမားမ်ား ကို ခြင့္တိုင္ၾကားေစၿပီး အလုပ္အကိုင္တည္ၿမဲမႈအာမခံခ်က္ေပးရန္ အသင္းဝင္စက္႐ုံမ်ားကိုတိုက္တြန္းခဲ့ပါတယ္။ အ လုပ္သမားေတြဘက္က အဆိုပါအလုပ္မဆင္းရတဲ့ရက္ေတြမွာ လုပ္ခလစာရလိုတဲ့သူေတြရွိသလို တခ်ိဳ႕ကလည္း အလုပ္မဆင္းတဲ့ အတြက္ အလုပ္ျဖဳတ္လိုက္မွာကို စိုးရိမ္ေနတဲ့ သူ ေတြလည္းရွိပါတယ္။ အလုပ္ရွင္ဘက္ကလည္း ကာလရွည္စြာစိုက္ထုတ္ေပးႏိုင္ဖို႔ဆိုတာ လက္ခစားနဲ႔လုပ္ရတဲ့ လုပ္ငန္းျဖစ္တဲ့ အတြက္ စိုက္ထုတ္ေပးႏိုင္ဖို႔ ဆိုတာ မျဖစ္ႏိုင္တဲ့ အေနအထားျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ အလုပ္ သမားဝန္ႀကီးဌာနဘက္က ဧၿပီ ၂ဝ မွ ၃ဝ ရက္ေန႔အထိ ယာယီ ရပ္ဆိုင္းထားရမည့္ စက္႐ုံ အလုပ္႐ုံမ်ားရွိ အလုပ္ သမားမ်ား နစ္နာမႈ မရွိေစေရး ထိုကာလအတြက္ ထိုက္သင့္တဲ့ လူမႈေရးေထာက္ပံ့ ေၾကးမ်ားေပးအပ္သြားမယ္ ဆို ၿပီး ထုတ္ျပန္ခဲ့တာလည္းရွိပါတယ္။ဒီမွာလည္း အလုပ္သမားအတိုင္းမဟုတ္ဘဲ လူမႈဖူလုံေရးဝင္ထားတဲ့ အလုပ္သ မားေတြကို လစာရဲ႕ ၆၀ ရာခိုင္ႏူန္းျပန္ေထာက္ပံ့ေပးဖို႔ ပါဘဲ။ ဒီအတြက္ လုပ္ငန္းသေဘာသဘာ၀အရ အဝင္အ ထြက္မ်ားတဲ့ အထည္အခ်ဳပ္လုပ္ငန္းမွာ လူမႈဖူလုံေရးဝင္ထားတဲ့  အလုပ္သမားကနည္းပါးႏိုင္တဲ့ အတြက္ ဒါက လည္း အေထာက္အကူျပဳႏိုင္မႈ အကန႔္အသတ္ သာရွိႏိုင္မွာ ပါ။ဒီအတြက္ အလုပ္သမားေတြအဖို႔ မလာႏိုင္ေသး တဲ့ က်န္းမာေရးဆိုင္ရာ ကပ္ေဘးကို အဓိကထားမလား၊ လက္ရွိႀကဳံေတြ႕ေနရေတာ့မယ္ အငတ္ေဘးကို လတ္တ ေလာ ေျဖရွင္းဖို႔ အႏၲရာယ္ၾကားကေန အလုပ္ဆင္းမလား ဆိုတာ အလုပ္သမားေတြအတြက္ ေ႐ြးခ်ယ္စရာ ျဖစ္လာပါတယ္။

ဒါေပမယ့္ ဧၿပီ ၂၂ ရက္မွာ ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ေတြ႕ဆုံမႈမွာ အလုပ္သမားသမဂၢဘက္က ပါဝင္ေဆြးေႏြးသူတစ္ဦးက သက္ဆိုင္ရာက စစ္ေဆးၿပီးမွ က်န္းမာေရးဆိုင္ရာ ေထာက္ခံခ်က္ရမွ ဖြင့္လွစ္ရမယ္ ဆိုတဲ့ စည္းကမ္းခ်က္ကို ေဖာက္ဖ်က္ၿပီး ဖြင့္ေနတဲ့ စက္႐ုံစာရင္းကို တင္ျပခဲ့တာကိုေတြ႕ရပါတယ္။ဒီေနာက္မွာ အဆိုပါစက္႐ုံေတြကို သက္ဆိုင္ရာနယ္ေျမအလိုက္ စစ္ေဆးသြားမယ္ဆိုတာ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ဧၿပီ ၂၃ ရက္မွာ ၫႊန္ၾကားခ်က္ကို မလိုက္နာဘဲ ဆက္ဖြင့္ထားတဲ့ စက္႐ုံေတြမွာ အလုပ္သမားနဲ႔ စက္႐ုံတာဝန္ရွိသူေတြ အျငင္းပြားတဲ့ သတင္းေတြတက္လာခဲ့သလို ဒီက်န္းမာေရးဆိုင္ရာျပႆနာကို အခြင့္ေကာင္းယူၿပီး ဒဂုံေတာင္ ပိုင္းက စက္႐ုံအခ်ိဳ႕ အလုပ္သမားေတြကို အလုပ္ထုတ္ခဲ့လို႔ အဆိုပါရက္ေတြမွာဘဲ  ကူးစက္ေရာဂါျပႆနာေဘး အႏၲရာယ္ႀကီးမားေနစဥ္မွာဘဲ ဆႏၵျပတာေတြ ျဖစ္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။ဒါေၾကာင့္လည္း အလုပ္သမား သမဂၢ အဖြဲ႕ခ်ဳပ္ေတြက စစ္ေဆးမႈမခံရေသးဘဲ ဆက္လည္ပတ္ေနတဲ့ စက္႐ုံ ၁၈၀ ေက်ာ္ကို သက္ဆိုင္ရာကို တင္ခဲ့တာကိုေတြ႕ရပါတယ္။

ခန္႔မွန္းေျခ အမ်ိဳးသမီးလုပ္သားေပါင္း ခုႏွစ္သိန္းခန္႔နဲ႔ လည္ပတ္ေနတဲ့ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း က႑မွာ လုပ္သားေပါင္းသုံးသိန္းခြဲခန္႔ဟာ ကိုဗက္ ၁၉ ကူးစက္ေရာဂါေၾကာင့္ လက္ရွိမွာ လစာမဲ့ဆိုင္းငံ့ခံရျခင္း ႏွင့္ အလုပ္အကိုင္မ်ားကို ရပ္စဲခံရျခင္း စသည့္ ထိခိုက္နစ္နာမႈမ်ား ႀကဳံေတြ႕ေနရပါတယ္။ ပဲခူးတိုင္းအတြင္းမွာ ဧၿပီ ၃၀ ရက္အထိ စက္႐ုံ၊အလုပ္႐ုံေတြကို ယာယီပိတ္သိမ္းဖို႔ရွိသလို မပိတ္သိမ္းေသးတဲ့ အခ်ိဳ႕စက္႐ုံေတြလည္း ၫႊန္ၾကားခ်က္နဲ႔ အခ်ိန္မီေပးရမယ့္ စာခ်ဳပ္ေတြေၾကာင့္ အၾကပ္႐ိုက္ေနတာကိုလည္း ေတြ႕ရပါတယ္။ပုသိမ္မွာ လည္း ဧၿပီ ၂၅ ရက္အထိ စက္႐ုံအလုပ္႐ုံေတြကို ယာယီပိတ္သိမ္းခဲေပမယ့္ ဧၿပီ ၂၃ ရက္မွာ ပုသိမ္အထည္ခ်ဳပ္ စက္႐ုံတစ္ခုက လုပ္သားတစ္ဦး သံသယရွိလို႔ ပုသိမ္ေဆး႐ုံမွာ ေစာင့္ၾကည့္လူနာအျဖစ္ စစ္ေဆးေန တယ္ဆို ပါတယ္။

မႏၲေလးမွာေတာ့ ေဒသႏၲရ အမိန႔္ႏွင့္အညီ မႏၲေလးစက္မႈဇုန္ အတြင္းရွိ စားေသာက္ကုန္ ထုတ္လုပ္ေရး ဆိုင္ရာလုပ္ငန္းအမ်ားစုကို ဧၿပီ ၂၀ ရက္ကတည္းက ျပန္လည္ပတ္ေနခဲ့တာပါ။တျခားေသာျပႆနာတစ္ခုျဖစ္တဲ့ ဒီရက္ေတြမွာ နယ္ကို ျပန္သြားတဲ့ ရန္ကုန္မွာအလုပ္လာလုပ္ေနတဲ့ သူေတြရဲ႕ ယခု ႏွစ္အိမ္အျပန္ခရီးက အသြား ေရာ အျပန္ပါ ဒုကၡေတြဆက္တိုက္ႀကဳံခဲ့ရပါတယ္။ မလိုအပ္ဘဲ အာဏာျပခ်င္တဲ့သူတစ္ခ်ိဳ႕ေၾကာင့္လည္း  ရန္ကုန္ ကို ျပန္ဝင္ရာမွာ က်န္းမာေရးေထာက္ခံစာယူရမလို၊မယူရမလိုနဲ႔ ရန္ကုန္ဝင္ရာမွာ ဘယ္သြားလို႔ဘယ္ေနရမွန္း မသိသလို တျခားျပည္နယ္ေတြမွာလည္း ဒီလိုျပႆနာေတြကိုႀကဳံခဲ့ရပါတယ္။ ေနျပည္ေတာ္လို႔ အစိုးရ႐ုံးစိုက္ရာ အထူးနယ္ေျမမွာေတာ့ ဝန္ထမ္းေတြ ေဒသျပန္ရင္း ေရာဂါကူးစက္လာရင္ အစိုးရယႏၲရားတစ္ခုလုံး ရပ္ဆိုင္းသြား ႏိုင္တဲ့ အတြက္ ယခင္ကတည္း သၾကၤန္ပိတ္ရက္အတြင္း မိမိဇာတိကိုမျပန္ဖို႔နဲ႔ သြားခဲ့ရင္ အေရးယူမယ္လို႔ ထုတ္ ျပန္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။႐ုံးဖြင့္ရက္ ျပန္ေရာက္တဲ့ အခါ အဆိုပါ ေနရပ္ခိုးျပန္တဲဝန္ထမ္းေတြကို သက္ ဆိုင္ ရာက Quarantine ၂၁ ရက္ဝင္ခိုင္းခဲ့သလို အေရးယူဖို႔ လုပ္ေဆာင္ရတာေတြအထိရွိခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဒသတစ္ခုကေန တစ္ခုကို အလြယ္တကူမသြားေရာက္ႏိုင္ေတာ့သလို အ ေၾကာင္း ကိစၥရွိလို သြားလာရတဲ့အခါမွာလည္း Quarantine ၂၁ ရက္ဝင္ရတဲ့ ျပႆနာ၊ တစ္နယ္က တစ္နယ္ တစ္ၿမိဳ႕နယ္က တစ္ၿမိဳ႕နယ္ကို ကူးဖို႔ ခက္ေနတဲ့ ျပႆနာက လတ္တေလာ ကူးစက္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္  အသုံးလိုေနေသးေပမယ့္ သူမယုံ၊ကိုယ္မယုံၾကာလာရင္လူမႈေရးကိစၥမွာတြင္သာမက အျခားေသာ အုပ္ခ်ဳပ္ေရးဆိုင္ရာေတြမွာပါ ျပႆနာရွိလာႏိုင္တဲ့ အတြက္ ဒါကို ဘယ္လို ေက်ာ္လႊားေျဖရွင္းမလဲ ၊ ဘယ္လို စီမံမႈကိုခြဲမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပါ ျဖစ္ပါတယ္။

အငတ္ေဘးႏွင့္ ေျမဇာပင္မ်ား

ဒီရက္မွာ အမ်ားျပည္သူၾကား လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ သတင္းတစ္ပုဒ္ရွိခဲ့ပါတယ္။ ဒါကလည္း ကို႐ိုနာ ဗိုင္းရပ္စ္နဲ႔ ဆက္စပ္ေနပါတယ္။ ဒါကရခိုင္ျပည္နယ္အတြင္း ေရာဂါေျခခ်ဳပ္ ထားသူမ်ား၌ COVID-19 ေရာဂါပိုး ရွိမရွိ စစ္ေဆးရန္ နမူနာ သယ္လာ သည့္ ကမာၻ႔က်န္းမာေရး အဖြဲ႕(WHO) ကားတစီးကို လက္နက္ကိုင္အဖြဲ႕ တစ္ခု က ပစ္လိုက္တဲ့ အတြက္ ျမန္မာႏိုင္ငံသားWHOဝန္ထမ္းတစ္ဦးေသဆုံးကာေနာက္တစ္ဦးက ထိခိုက္ဒဏ္ရာ ရခဲ့ တာပါ။

ဧၿပီ ၂၀ ရက္ ညေန ၅ နာရီေလာက္မွာ ျဖစ္တဲ့ ဒီဆိုး႐ြားတဲ့ ျဖစ္စဥ္မွာ အဲဒီကာလမတိုင္ခင္ အဆိုပါေနရာ တစ္ဝိုက္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ တိုက္ပြဲေတြ ျဖစ္ေနခဲ့လို႔ ခဏေစာင့္ၿပီးမွ ခြင့္ေတာင္းၿပီး ရာေမာင္ တံတားကို ျဖတ္သန္းခဲ့တာလို႔ဆိုပါတယ္။တပ္ဘက္နဲ႔ ျပန္ၾကားေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္ ေတြမွာ ေတာ့ ရခိုင္လက္နက္ကိုင္အဖြဲ႕AAက ပစ္ခတ္ခဲ့တဲ့ အတြက္ ထိမွန္ေသဆုံးခဲ့ရတာဆိုသလို တပ္ဘက္က ပစ္ခတ္ခဲ့တဲ့ ေတာင္ကုန္းဘက္ကို သြားေရာက္ရွင္းလင္းခဲ့ရာမွာ တပ္မေတာ္သားအခ်ိဳ႕ ဒဏ္ရာရခဲ့တာေတြလည္း ရွိတယ္ဆိုပါတယ္။ရခိုင္လက္နက္ကိုင္ေအေအဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ထုံးစံအတိုင္း တပ္ဘက္က ပစ္ခတ္ လို႔ဆိုကာ ၎တို႔ပစ္ခတ္မႈကိုျငင္းဆန္ခဲ့ပါတယ္။

ေနာက္ပိုင္းထုတ္ျပန္ခ်က္ေတြမွာေတာ့ ေသဆုံးသူဆီကေန ခြဲထုတ္ရရွိတဲ့ က်ည္ဆန္က အိမ္နီးခ်င္းႏိုင္ငံ ထုတ္က်ည္ဆံျဖစ္ေနကာ အဆိုပါက်ည္ဆံကို တိုင္းရင္းသားလက္နက္ကိုင္ေတြ သုံးေလ့ရွိတဲ့ က်ည္ဆံမ်ိဳးထဲ ပါဝင္ ေနတာကို ေတြ႕ရပါတယ္။ ေသဆုံးသူ႐ုပ္အေလာင္းကို ျပည္ၿမိဳ႕ရွိသူေနအိမ္ထံျပန္ပို႔ခဲ့သလို ဒီျဖစ္ရပ္အေပၚ အေျခ ခံတဲ့ ကာတြန္းတစ္ကြက္ကလည္း လူမႈကြန္ရက္မွာ ထင္ရွားခဲ့ပါတယ္။ဒီကာတြန္းထဲမွာ ထမိန္ဝတ္ထားတဲ့ ဆန္ က်င္ဘက္ အဖြဲ႕တစ္ခုဆီက လက္နက္ကိုင္ထားသူႏွစ္ဦးက တစ္ဦးကိုတစ္ဦးနင့္ေၾကာင့္ ငါေၾကာင့္ဆိုၿပီး အျပစ္လႊဲ ခ်ေနတဲ့ ကာတြန္းတစ္ကြက္ပါဘဲ။ကုလသမဂၢအတြင္းေရးမႉးခ်ဴပ္ကိုယ္တိုင္က ဒီေသဆုံးခဲ့ရတဲ့ ပစ္ခတ္မႈအတြက္ စုံစမ္းေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုခဲ့သလို မိခင္အဖြဲ႕အစည္းျဖစ္တဲ့  ကမာၻ႔က်န္းမာေရး အဖြဲ႕(WHO)ကလည္း အလံ တစ္ဝက္ေလ်ာ့ခ်ၿပီး ဝမ္းနည္းေၾကာင္းထုတ္ေဖာ္ခဲ့ပါတယ္။

ယခုလို ကူးစက္ေရာဂါေဘးေၾကာင့္ တကမာၻလုံး ပူးတြဲရင္ဆိုင္ေနရတဲ့အခ်ိန္၊ယီမင္လို ျပည္တြင္းစစ္ ျဖစ္ေနတဲ့ ႏိုင္ငံမွာေတာင္ စစ္ပြဲကိုရပ္ၿပီး ကူးစက္ေရာဂါေဘးကို တိုက္ခိုက္ေနတဲ့ အခ်ိန္မွာ ကူးစက္ခံရသူေတြရဲ႕ ေရာဂါပိုးရွိ/မရွိကို စစ္ေဆးဖို႔ ေရာဂါသံသယရွိသူေတြရဲ႕ တို႔ဖတ္နမူနာယူလာတဲ့ ကားကို ပစ္ခတ္တာေလာက္ လူမဆန္တဲ့ အဖြဲ႕ဆိုတာ မရွိေတာ့ပါဘူး။အဲဒီဘက္နဲ႔ဆက္ေနတဲ့ ခ်င္းပလက္၀ဘက္လည္း လမ္းတစ္ဝက္ကေန ဆန္လုေလ့ရွိတဲ့ ရခိုင္လက္နက္ကိုင္ ေအေအေၾကာင့္ ငတ္မတတ္ျဖစ္ေနရာကေန ခ်င္းျပည္နယ္အစိုးရ အစီအစဥ္နဲ႔  ပလက္၀စစ္ေဘးေရွာင္ေတြဆီ ဆန္အိတ္ ေတြ ၊ ေဆးဝါးေတြကို ယခုရက္သတၱပတ္ ဧၿပီ ၁၉ ရက္မွာ ပလက္၀ ကို ေရာက္ ခဲ့လို႔ စစ္ေဘးေရွာင္ေတြ အငတ္ေဘးက လြတ္ခဲ့ရတာက ဒီတစ္ပတ္ရဲ႕သတင္း ေကာင္းပါဘဲ။ ေနာက္ ထပ္ အငတ္ေဘးမႀကဳံရေစဖို႔ ဆန္အိတ္ ၂၁၀၀ ေက်ာ္ ဆက္ပို႔ေပးဖို႔ လိုေသးတယ္ဆိုပါတယ္။က်န္းမာေရး ကပ္ ေဘးအႀကဳံမွာ အငတ္ေဘးအႏၲရာယ္က ပိုႀကီးေနတဲ့ ျမန္မာႏိုင္ငံတိုင္းရင္းသားနယ္ေျမမ်ားစြာက စစ္ေဘးေရွာင္ ေတြ အဖို႔ ဘယ္ေဘးကေန လြတ္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။  

ဒီလိုသတင္းေတြ အျပင္ ယခုရက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တကၠသိုလ္ဆရာ ဆရာမေတြကို ဧၿပီ ၃၀ ရက္ေနာက္ပိုင္းမွ တာဝန္ျပန္ထမ္း ေဆာင္ဖို႔ ထုတ္ျပန္ခဲ့တဲ့ သတင္း၊ျမန္မာသေဘၤာကပၸတိန္တစ္ဦး အိုင္းရစ္ပင္ လယ္အတြင္းမွာ သေဘၤာသားေတြက သတ္ျဖတ္ခဲ့တဲ့ သတင္း၊ရန္ကုန္တိုင္းစီမံဘ႑ာဝန္ႀကီးအဆုတ္ကင္ဆာနဲ႔ ေသဆုံးခဲ့တဲ့ သတင္း၊ထိုင္ဝမ္အစိုးရက ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၇ ႏိုင္ငံကို Surgical mask ၁သန္း၆ ေသာင္း လႉဒါန္းခဲ့တဲ့သတင္း၊ သတင္းစာ ဆရာ ႀကီး ဟံသာဝတီ ဦးဝင္းတင္ ကြယ္လြန္ျခင္း ၆ ႏွစ္ျပည့္ အထိမ္းအမွတ္ အျဖစ္ အျပာေရာင္ အက်ႌဝတ္ ဆင္ျခင္း လႈပ္ရွားမႈ တရပ္ဧၿပီ ၂၁ ရက္မွာ ျပဳလုပ္ခဲ့တဲ့ သတင္း၊ျပည္သူ အမ်ားစိတ္ ဝင္စားေနတဲ့ မင္းရာဇာနဲ႔ အမ်ိဳးသမီးျဖစ္ သူတို႔ အက္ဆစ္နဲ႔ပက္ခဲ့တဲ့ အိမ္အကူမိန္းကေလး ေဆး႐ုံက ဆင္းခြင့္ရ ေတာ့မယ့္ သတင္း၊ ကိုဗက္ ၁၉ ေရာဂါတုန႔္ ျပန္ေရးအတြက္ ကမာၻဘဏ္က ျမန္မာႏိုင္ငံကို ကန္ေဒၚလာ သန္း ၅၀ ထုတ္ေခ်းတဲ့ သတင္းေတြက လည္းက လည္း ယခုရက္အတြင္း အမ်ားျပည္သူသတိထားမိတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ ဆိုတာတင္ျပရင္း ယခုရက္အတြင္း ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဧၿပီ - ၂၄