【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗစ်တိုးရီးယားအတွက် အမှန်တရားရှာဖို့ ခက်နေပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗစ်တိုးရီးယားအတွက် အမှန်တရားရှာဖို့ ခက်နေပြီလား

ယခုရက်သတ္တပတ် သတင်းတွေကတော့ စိတ်ပျက်စရာများခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရဲတပ်ဖွဲ့ထိပ်တန်းပုဂ္ဂိုလ်တို့ ဒီတစ်ပတ်မှာ တွေ့ဆုံခဲ့တာ၊ အခြေခံဥပဒေပြင်ဆင်ရေးကို ပူးပေါင်းကော်မတီက ပြင်ဆင်ဖို့လုပ်နေတာမှာ နိုင်ငံတော်သီချင်းနဲ့ အလံ အခန်းကဏ္ဍကို စတင်ပြင်ဆင်နေချိန်မှာ လွှတ်တော်ထဲက အငြင်းအခုံတွေနဲ့ အများပြည်သူ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဗစ်တိုးရီးယားအမှုမှာ တရားခံလို့ ရဲတပ်ဖွဲ့ကစွပ်စွဲခဲ့တဲ့ ကိုအောင်ကြီး ဆိုသူကို တရားရှင်ပြန်လွှတ်ပြီးနောက် ရဲတပ်ဖွဲ့က အားချင်း သတင်းစာရှင်းလင်းပွဲလုပ်ကာ ကျူးလွန်ခံရသူ ကလေးငယ်အမည် ဖွင့်ချဖော်ပြလိုက်တာ စတဲ့ သတင်းတွေက ယခုရက်သတ္တပတ်မှာ သတင်းဖတ်သူတွေကို အကြီးအကျယ်တုန်လှုပ်စေခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရဲကို ပြည်သူက မကြောက်စေလို

ဒီလိုသဘောမျိုး ရဲတပ်ဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နဲ့ ရဲအရာရှိကြီးများကို နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ တွေ့ဆုံပြီး လမ်းညွှန်အမှာစကားပြောတဲ့ပွဲမှာ ပြောခဲ့တာပါ။

အဲဒီနေ့က တွေ့ဆုံပွဲကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုတိယရဲချုပ်များဖြစ်သည့် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း၊ ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှူး၊ ရဲရာထူးခန့်ချုပ်၊ ရဲလေ့ကျင့်ရေးအရာရှိချုပ်၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့များမှ ကွပ်ကဲရေးမှူးများ၊ ရဲတပ်ဖွဲ့အသီးသီးမှ ရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့် ရဲလေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရဲတပ်ဖွဲ့ဝင်တိုင်း ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ကြောင်း၊ ကိုယ့်အလုပ်ကို တာဝန်ကျေကျေ ဆောင်ရွက်စေချင်ကြောင်း၊ ပြည်သူလူထုဘဝ အေးချမ်းသာယာလုံခြုံအောင်၊ ပြည်သူကို အနှောက်အယှက်မပေးဘဲ နောက်ကွယ်ကနေ ပြည်သူလူထု လုံခြုံချောမွေ့အောင် လုပ်ဆောင်ပေးသွားခြင်းမျိုးဖြစ်လို့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း ဒါကိုသတိပြုမိရန်လိုကြောင်း၊ ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘောသဘာဝ မတူပါကြောင်း၊ ပြည်သူနှင့် အနီးကပ်ဆက်ဆံသည့်နေရာတွင် နေ့တဓူဝ ပြည်သူ၏ လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပင်ဖြစ်ပါကြောင်း၊ မိမိ၏တာဝန်သည် မည်မျှကြီးမားသည်ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်စေလိုကြောင်း၊ ပြည်သူသည် ရဲများကို ကြောက်ရွံ့နေခြင်းမျိုးမဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများသည် ရဲတပ်ဖွဲ့မှ ရာထူးတာဝန်အကြီးမားဆုံးပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် လက်အောက်က ကိုယ့်ကို မှန်မှန်ကန်ကန်တင်ပြရဲအောင် ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်းရှိစေလိုကြောင်း၊ ပြည်သူ၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၊ မိမိ၏အဖွဲ့အစည်းတို့ကို သစ္စာစောင့်သိခြင်းတို့ဖြင့် မိမိတို့တာဝန်များကို ကျေပွန်ကြစေလိုပါကြောင်း ပြောခဲ့ပါတယ်။

ထိုသို့တွေ့ဆုံမှုက အများပြည်သူများကြား ဆိုးဆိုးရွားရွားပုံရိပ်ကျဆင်းနေသည့် အဖွဲ့အစည်းအတွက် ပြုပြင်ပြောင်းလဲရေးပြုလုပ်ဖို့ အချိန်တန်နေပြီဆိုသည်ကို နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များက သတိပေးလိုက်ချင်း ဖြစ်ပါတယ်။အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားသတင်းများမှာ အောက်ခြေဝန်ထမ်းတွေ မကြာခဏပါဝင်ပတ်သက်နေမှုက နိုင်ငံတကာအမြင်တွင် အဖွဲ့အစည်း၏ပုံရိပ်ကို အတော်လေးဆိုးရွားစေခဲ့တာကို ပြန်လည်ဆယ်မရန် လိုနေပြီဆိုသည်ကို ထောက်ပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ယူနေသူများက မူးယစ်ဆေးဝါးနှင့် လောင်းကစားများတွင် ပါဝင်ပတ်သက်နေသည့်သတင်းများ မကြာခဏမြင်တွေ့နေရသည်က တိုင်းပြည်အတွက် ကောင်းသည့်လက္ခဏာ မဟုတ်ပေ။ဒီဇင်ဘာ ၁၅ ရက်က ကောလင်းမြို့၌ ပြုလုပ်သည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ လူထုတွေ့ဆုံပွဲမှာ ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ကျွန်းလှကုန်းကျေးရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် ပတ်သက်ပြီး ရွာအနီးစွန့်ပစ်ထားသော မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆေးထိုးအပ်များကိုလည်း ကောက်ယူပြသခဲ့ကာ ဝန်ကြီးများအဖွဲ့၊ အစိုးရများအဖွဲ့ မယုံရင်လည်း ကျွန်မနဲ့လိုက်ပြီး အပ်ကောက်ပွဲကျင်းပလို့ရတယ်ဆိုပြီး ပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီလိုတင်ပြခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်များကို မေးခွန်းထုတ်ခဲ့ပြီး စာနဲ့အသေးစိတ်ရှင်းလင်းတင်ပြဖို့ စစ်ကိုင်းဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပါတယ်။ဒီနောက်မှာ အဆိုပါတင်ပြသူ အမျိုးသမီးကို အိမ်ပြန်ရောက်ချိန် အိမ်အနီးကောက်ရိုးပုံကို မီးရှို့ခြိမ်းခြောက်မှုတာ၊ လူကိုယ်တိုင်လာပြီး စကားကြုံပါး ခြိမ်းခြောက်တာကို သက်သေခံမလိုက်ရဲလို့ အမှုဖွင့်လို့မရတာ စတဲ့ အခြေအနေတွေအထိ မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ အရှိန်အဝါက ဒေသတွင်းလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှုကို တာဝန်ယူထားတဲ့သူတွေထက် ဒေသခံတွေအပေါ် စူးရှနေခဲ့ပါတယ်။

လက်ရှိမှာ တင်ပြတဲ့သူရဲ့ လုံခြုံရေးအတွက် ရဲကတာဝန်ယူ စောင့်ရှောက်ပေးနေရပြီး ဝန်ကြီးချုပ်ကိုယ်တိုင်က တစ်ခုခုဖြစ်ရင် အားလုံးတာဝန်ပဲလို ပြောခဲ့တဲ့အတွက် ပြည်သူထဲက အဖွဲ့အစည်းကြီးတစ်ခု ပြည်သူအားကိုး ယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် တည်ဆောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ထောက်ပြတဲ့အတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမလား၊ ထူးမခြားနား အရင်လိုအသားကျနေတဲ့အတိုင်းဘဲ ဆက်ရှိနေဦးမလားဆိုတာ ပြည်သူများအနေနဲ့ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ဖတ်နိုင်တဲ့ ဒီတစ်ပတ်မှာဖြစ်ခဲ့တဲ့ အခြားသတင်းတွေကတော့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးတာဝန် အပါအဝင် လုံခြုံရေးနှင့် ကွပ်ကဲမှုအဖွဲ့မှူး နေရာလေးခု အပြောင်းအလဲပြုလုပ်ခဲ့တဲ့သတင်း၊ လသာမြို့နယ် စဉ့်အိုးတန်း အောက်ဘလောက် သုံးလွှာတိုက်ခန်းမှာ တရုတ်နိုင်ငံသားတစ်ဦးကို အခြားတရုတ်နိုင်ငံသားသုံးဦးက လက်ပြန်ကြိုးတုတ် သတ်ခဲ့လို့ သတ်ခဲ့သူအချို့ကို လေဆိပ်မှာ ဖမ်းဆီးထားတဲ့ သတင်းတွေဖြစ်ခဲ့သလို နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းက ကော့သောင်းရေပြင်ရှိ ရေမြုတ်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထွက်ပြေးလာတဲ့ ဘင်္ဂါလီ ၁၇၃ ဦးကို ရေတပ်က ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ ကယားပြည်နယ်မှာ တောင်သူ ၄၁ ဦးကို တပ်ပိုင်မြေမှာ ဝင်ရောက်ကျူးကျော် စိုက်ပျိုးနေမှုနဲ့ တပ်မတော်က တရားစွဲထားတဲ့သတင်း၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာဖြစ်စဉ်၌ သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်မှာ AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့သတင်းတွေလည်း ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့ပါတယ်။

ကလေးငယ်အပေါ် ရက်စက်ဝံ့လွန်းတဲ့သူတွေ

မနေ့ကပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲကတော့ စောင့်ကြည့်သူ ပြည်သူတွေအတွက် ဒေါမနဿပွားရတဲ့ ရုပ်သံထုတ်လွှင့်မှုဖြစ်ခဲ့သလို အားလုံးရဲ့ မကျေမနပ်မှုတွေ စုရုံးပေါင်းစည်းမိတဲ့အထိ ဖြစ်ရလောက်အောင် တာဝန်ရှိသူအာဏာပိုင်တွေ ဆောင်ရွက်မှုက ပြောစရာဖြစ်ခဲ့ပါတယ်။

ဒီတိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုမဖြစ်ခင် ရှေ့ရက်မှာဘဲ မြန်မာနိုင်ငံတဝန်းလုံးက အထူးစိတ်ဝင်စားနေတဲ့  နေပြည်တော် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်တဲ့ ပျောက်ဆုံးနေတဲ့ CCTV မှတ်တမ်းကို ကျွမ်းကျင်သူတွေကိုခေါ်ပြီး စစ်ဆေးချက်တွေကို တရားရုံးမှာ စစ်ဆေးခဲ့သလို စစ်ဆေးချက်တွေက အများထင်မြင်ထားသလိုဘဲ အဖြေထွက်ခဲ့ပါတယ်။ဒါ့အပြင် ယခုအမှုမှာ အရေးကြီးတဲ့ ပစ္စည်းမဲ့သက်သေဖြစ်တဲ့ DNA စစ်ခဲ့သည့် မှန်ပြားကို နိုင်ငံခြားကိုပို့ပြီး စစ်ဆေးဖို့တွေအထိ ဖြစ်လာခဲ့ပါတယ်။

ဒီသက်သေက အရေးကြီးပြီး မှန်ပြားမှာ ဗစ်တိုးရီးယားလေး၏ DNA နှင့်အတူ ကျူးလွန်သူ၏ DNA ပါ ပါရှိနိုင်တဲ့အတွက် နိုင်ငံခြားဆေးရုံတစ်ရုံမှာ စစ်ဆေးနိုင်ရန် ဥပဒေရုံးမှတစ်ဆင့် တရားရုံးကို လျှောက်ထားခဲ့တာ ရှိပါတယ်။ဗစ်တိုးရီးယားအမှု (၁၃) ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၁၈ ရက်က စစ်ဆေးခဲ့ရာမှာ အများစိတ်ဝင်စားနေတဲ့ Wisdom Hill ကျောင်းမှ ဆရာမနှင်းနု ကိုလည်း စစ်ဆေးခဲ့ပါတယ်။ဒီရုံးချိန်းမှာ ဆရာမနှင်းနု နဲ့ ကျောင်းဆရာမနှစ်ဦးကိုလည်း စစ်ဆေးခဲ့ရာမှာ ရဲတပ်ဖွဲ့က သံသယတရားခံလို့ ယူဆထားတဲ့ အောင်ကြီးအနေနဲ့ လိင်အကြမ်းဖက်မှု ကျူးလွန်နိုင်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

အဆိုပါ ရုံးချိန်းမှာဘဲ သံသယတရားခံ အောင်ကြီး ကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃ အပိုဒ် ၂ အရ အထောက်အထားမခိုင်မာတဲ့အတွက် တရားရှင်လွှတ်ပေးခဲ့ပါတယ်။ဒါဟာ တရားရုံးကနေ နှစ်ခါမြောက် လွှတ်ပေးခဲ့တာပါ။ဒီနောက်မှာ ရဲတပ်ဖွဲ့က ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ ရဲဇာနည်လူမှုကွန်ရက်ကနေ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက နိုင်ငံတော်အဆင့်အဖွဲ့အစည်းတစ်ခုရဲ့ အဆင့်မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးပြုလုပ်တဲ့ ပုဂ္ဂုလိက သတင်းစာရှင်းလင်းပွဲဆန်ဆန် အဆင့်သာ ဖြစ်ခဲ့ပါတယ်။ထူးခြားမှုက အများစုက လျှို့ဝှက်ပေးထားတဲ့ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ မိဘအမည်တွေကို တစ်နိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ဒါဟာ ထိတ်လန့်စရာပါဘဲ။ဒါဟာ ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုပါဘဲ။  

သတင်းစာရှင်းလင်းပွဲရဲ့ အဓိကရည်ရွယ်ချက်က တရားရုံးကနေ ဒုတိယအကြိမ် အောင်ကြီး ကို လွှတ်ပေးလိုက်မှုက စောလွန်းနေလို့ သက်သေအကုန်မစစ်သေးဘဲ လွှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အားချင်းထလုပ်တဲ့ပွဲ ဖြစ်ပါတယ်။အဆိုပါ သတင်းစာရှင်းလင်းပွဲတစ်လျှောက် ရှင်းလင်းမှုတွေက အများပြည်သူ ထောက်ပြစရာတွေ ရှိခဲ့သလို သတင်းမီဒီယာများ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာလည်း စိတ်ခံစားချက်တွေပါနေတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ဖြေရှင်းမှုတွေကို တွေ့ခဲ့ရတာ ထူးခြားမှုဘဲဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ တရားရုံးက သက်သေမခိုင်မာလို့ ပြန်လွှတ်ခဲ့တဲ့ အောင်ကြီး ဆိုသူနဲ့ ပတ်သက်ပြီး “စွဲချက်မတင်ခင် လွှတ်တာပါ။အပြီးပိုင်လွှတ်တာ မဟုတ်သေးဘူး” လို့ ပြောခဲ့တာကလည်း သတိပြုမိစရာ ဖြစ်ခဲ့ပါတယ်။သတင်းထောက်တစ်ဦးကမေးတဲ့ မေးခွန်းတစ်ခုမှာ ဒီအမှုနောက်ကွယ်မှာ ဘယ်သူရှိနေသလဲ၊ နောက်ကွယ်က ကြိုးကိုင်သူရှိနေသလားဆိုတဲ့ မေးခွန်းမျိုးကို မေးခဲ့ရာမှာ “ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး လုပ်ကြံပြောဆိုထားခြင်းမရှိဘဲ ရိုးရိုးသားသား စုံစမ်းစစ်ဆေးဖော်ထုတ်နေတယ်” လို့ ဖြေခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အများပြည်သူနဲ့ သတင်းမီဒီယာတွေ ဘဝင်မကျစရာတွေ အများကြီးတွေ့ ခဲ့ရပြီး ရဲတပ်ဖွဲ့ရဲ့ အမှုစစ်ဆေးတည်ဆောက်ပုံနဲ့ အမှုတစ်ခုကို ဘယ်လိုချည်းကပ်တယ်ဆိုတာကို အများပြည်သူက ဘွားဘွားကြီးတွေ့မြင်ခဲ့ရပါတယ်။ဒါဟာ အရင်ခေတ်တွေက ဘယ်လိုတွေစစ်ခဲ့သလဲဆိုတာကို ပြန်ပြောင်းအောက်မေ့စရာ၊ ပြောစရာ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရဲဇာနည် ဖေ့စ်ဘွတ် Live အောက်မှာ အများပြည်သူရဲ့ လှောင်ပြောင်တဲ့ သင်္ကေတတွေ၊ အများပြည်သူရဲ့ ဒေါသထွက် ပြစ်တင်ဆဲဆိုမှုတွေက စံချိန်တင်မြင်မကောင်း တက်လာခဲ့ပါတယ်။  

DVB, Myanmar Now, 7DAY TV သတင်းဌာနတွေက ဒီသတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ရိုက်ကူးပြီး ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲဖိုင်ကို  ကျူးလွန်ခံရသူ သုံးနှစ်အရွယ် ကလေးငယ်နာမည်နဲ့ မိဘနာမည်ကို ရဲအရာရှိတွေက ဖော်ပြခဲ့တဲ့အတွက် ဗီဒိယိုဖိုင်ကို  ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့သလို ရဲဇာနည်က  ထုတ်လွှင့်တာကို ထပ်ဆင့်ထုတ်လွှင်တဲ့ လူမှုကွန်ရက်သတင်းဌာနတွေကလည်း သတင်း link ကို ဖြုတ်ချခဲ့ကြပါတယ်။ဒါဟာ ပုဂ္ဂုလိကပိုင် မီဒီယာတွေက လူကျင့်ဝတ်၊ တရားဥပဒေကျင့်ဝတ်နဲ့ လူသားဆန်မှုကို လိုက်နာကြောင်း ဖော်ပြခဲ့ကြဖြစ်သလို နစ်နာသူဘက်က တစ်စုတစ်ဝန်းတည်း ရပ်တည်ခဲ့ကြတာပါ။

ဒီနောက်မှာ ဖြစ်စဉ်တွေက ဆက်တိုက်တုန်လှုပ်စရာ ဖြစ်လာခဲ့ပါတယ်။မီဒီယာတွေဘက်က အာဏာပိုင်တွေအနေနဲ့ ကျင့်ဝတ်ကို ထောက်ပြချိန်မှာဘဲ ရဲဇာနည် လူမှုကွန်ရက်ကနေ အကျုးလွန်ခံရသူ ကလေးငယ်ရဲ့ အမည်၊ နေရပ်လိပ်စာ၊ မိဘနာမည်တွေ အပါအဝင် ပထမဆုံးရဲစခန်းကို တိုင်တဲ့စာကိုပါ မထင်မှတ်စွာ တင်လိုက်ပါတယ်။ဒီမှာပါတဲ့ ပထမတိုင်တန်းချက်လိုဟာက ရဲတပ်ဖွဲ့မှာသာရှိနိုင်တဲ့ အချက်အလက်တွေပါ။ဒါဟာ ကာယကံရှင် မိသားစုရော၊ အများပြည်သူအတွက်ပါ ထိတ်လန့်တုန်လှုပ်စရာဖြစ်စေတဲ့ တိုက်ခိုက်မှုပါဘဲ။မလိုအပ်ဘဲ ဘာကြောင့် ဒီလိုလူမှုကွန်ရက်ကို တင်ရသလဲ၊ အများပြည်သူက တရားမျှတမှုကို တောင်းဆိုနေတဲ့ ဒီလိုအတိမ်းအစောင်းမခံတဲ့ အမှုမှာ ပြည်သူလူထုကို ဘာမက်ဆေ့ချ်ပေးချင်လို့ ဒီလိုနစ်နာသူကို ထပ်ပြီးနစ်နာစေတဲ့ အချက်အလက်တွေ ဘာကြောင့်တင်လိုက်ရတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီလိုတင်လိုက်တဲ့အတွက် လူ့လောကထဲဝင်လာတာ သုံးနှစ်ကျော်ကျော်သာရှိသေးတဲ့ အပြစ်မရှိတဲ့ ကလေးငယ်တစ်ယောက်ရဲ့အနာဂတ်နဲ့ အပြစ်ကျူးလွန်ခံရတဲ့ မိသားစုအဝန်းအဝိုင်းကို ထပ်မံထိုးနှက် ကျူးလွန်တဲ့ အရှက်ခွဲတာပါဘဲ။ဒါဟာ အကျူးလွန်ခံရသူ မိသားစုအတွက် အရှက်တကွဲအကျိုးတနည်း ဖြစ်ရပ်ဖြစ်ပြီး အခန့်မသင့်ရင် သတ်သေမှုတွေအထိ ဖြစ်နိုင်တဲ့ စေ့ဆော်မှုပါဘဲ။

နိုင်ငံတိုင်းက ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေကို နစ်နာသူပြည်သူတွေ ကိုယ်စားတရားမျှတမှုကို ရှာဖွေဖို့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတာပါ။“တရား” ဥပဒေကို အားကောင်းအောင် စောင့်ရှောက်ရတဲ့ အဖွဲ့အစည်းတွေက အားနည်းသူဘက်က ရပ်တည်ဖို့၊ အမှန်တရားကို ရှာဖွေဖို့ ပျက်ကွက်နေရင် တိုင်းပြည်ကျဆုံးတာပါဘဲ။အဲဒီလူ့အဝန်းအဝိုင်း ကျဆုံးတာပါဘဲ။ဒါကို Fail state ဒါမှမဟုတ် fail institution လို့ သတ်မှတ်ကြပါတယ်။ဒါဟာ သတိမူစရာပါ။

ဒီဖြစ်ရပ်မှာ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ခံသူတွေက အများပြည်သူသိအောင် ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်၊ မိဘနေရပ်တွေကို  ဖော်ပြတဲ့သူတွေကို ဘယ်လိုအရေးယူမလဲ၊ သူ့ကို ကျူးလွန်သူ ဘယ်သူဆိုတာ တန်းစီပြီး လူဆွဲထုတ်ပြောနိုင်လို့ရတဲ့ ကျူးလွန်ခံရသူ ကလေးငယ် သက်ရှိထင်ရှားရှိပါရဲ့နဲ့ တရားခံပျောက်နေတဲ့ ဗစ်တိုးရီးယားအမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေ ဘယ်လိုတည့်မတ်အောင် ပြင်ပေးမလဲ၊ စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

သွေးစည်းညီညွတ်ဖို့ သတိပေးပြီ

ယခုရက်သတ္တပတ်ထဲမှာ မြန်မာနိုင်ငံရေးအတွက် သိသာတဲ့ ထင်သာမြင်သာမှုတွေကို တွေ့ခဲ့ရသလို ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီက လုပ်ဆောင်နေတဲ့ ခြေဥပြင်ဆင်ရေးအတွက် အခန်းအလိုက် ပြင်ဆင်ဆောင်ရွက်နေတာတွေ အတော်လေးခရီးရောက်လာတာကိုလည်း တွေ့လာရပါတယ်။

ဒါပေမယ့် ဒီလိုခရီးအတော်လေးရောက်လာချိန်မှာ ခြေဥပြင်ဆင်ရေးကော်မတီထဲကနေ နောက်ထပ်နှစ်ဦး ယခုရက်ပိုင်းထဲမှာ နုတ်ထွက်ခဲ့ပါတယ်။နုတ်ထွက်သူတွေက ထုံးစံအတိုင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီဘက်ကနေ နုတ်ထွက်တာဖြစ်ပြီး ထူးထူးခြားခြား ခြေဥပြင်ဆင်ရေးအတွက် အဆိုပြုပုဒ်မများကို မဲခွဲဆန္ဒခံယူရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ အသာရနေလို့ ဆိုပါတယ်။

၄၅ ဦး ပါဝင်တဲ့ အဆိုပါကော်မတီမှာ အနိုင်ရ NLD ပါတီကနေ အချိုးက ၁၈ ဦးနေရာယူကာ ဒုတိယအများဆုံးအဖြစ် တပ်မတော်ဘက်က ၈ ဦး ပါဝင်ပြီး လက်ရှိမှာ ရခိုင်အမျိုးသားပါတီက နှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီက နှစ်ဦးနဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှတစ်ဦး ပေါင်း ၅ ဦး နုတ်ထွက်ထားပါတယ်။ဒါပေမယ့် ဒီဇင် ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ နိဒါန်းအပါအဝင် အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်းမှစ၍ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းထိ ပြီးပြတ်အောင်ဆောင်ရွက်ပြီးဖြစ်ကြောင်းနဲ့ အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ် သီချင်းနှင့် မြို့တော်အခန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရပါ တယ်။အခန်း ၁၅ ခန်းထိရှိတဲ့ ၂၀၀၈ အခြေခံဥပဒေမှာ ၁၃ ခန်းထိ ရောက်နေပြီဖြစ်တဲ့အတွက် အတော်လေးရုပ်လုံးပေါ်လာချိန်မှာဘဲ ဒီလိုနုတ်ထွက်လာတာကို တွေ့ရသလို တပ်ဘက်က ကိုယ်စားလှယ်ကလည်း ခြေဥပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီဟာ အာဏာရဒီချုပ်ပါတီရဲ့ အဆိုပြုချက် ၁၄၄ ချက်ကိုပဲ ဦးစားပေးဆုံးဖြတ်နေတယ်လို့ ပြောခဲ့တာရှိပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး ပြီးဆုံးခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ် က ကိုယ်စားလှယ်များကို အမှာစကားပြောကြားခဲ့ရာမှာ ‘‘သွေးစည်းညီညွတ်ရမယ့်အချိန် ဖြစ်တာကြောင့် စည်းလုံးခြင်းသည် အင်အားဆိုတဲ့အတိုင်း အသိနဲ့ သတိရှိရမယ့် အချိန်လည်းဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူ လူထုအကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေကို ပါတီ၊ အဖွဲ့အစည်း မခွဲခြားဘဲ မိမိတို့အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြဖို့” ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ ပြည်တွင်း ပြည်ပ အခြေအနေမှာ ဖြစ်နေတာတွေက သတိထားစရာ အနေအထားတွေပါ။ဒါကြောင့်လည်း ဒီဇင်ဘာ ၁၈ ရက် ညက ရုပ်သံကနေ ICJ မှာ တရားသွားရောက်ရင်ဆိုင်တာနဲ့ ပတ်သက်ပြီး နိုင်ငံကို ရှင်းလင်းပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က “ပြည်သူတွေဟာ ကျွန်မတို့နဲ့ တစ်သွေးတည်း၊ တစ်သားတည်း ရှိနေမယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက်  တန်ဖိုးကြီးခွန်အားတွေ ဖြစ်လာမှာပါ’’ လို့ ပြောခဲ့သလို နိဂုံးမှာ “မည်သို့ပင်ဖြစ်စေ အားလုံးအတူတကွ ရင်ဆိုင်မည်ဖြစ်ကြောင်း” ပြည်တွင်း ပြည်ပ ပြဿနာပေါင်းစုနဲ့ ခြိမ်းခြောက်မှုတွေကိုရည်ရွယ်ကာ ပြောခဲ့တာဖြစ်ပါတယ်။

ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးသုံးခုမှာ ကျည်ကာယာဉ်ခြောက်စီး ဝယ်ယူရာမှာ အခွန်ကင်းလွတ်ခွင့် ဒေါ်လာ ၄ သိန်း ကင်းလွတ်ခွင့်ပြုခဲ့တာ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်ဆင်းခြင်းကို မေးမြန်းသည့် ဒီချုပ်အမတ်၏ မေးခွန်းရွှေ့ဆိုင်းခံရတာတွေ ဖြစ်ခဲ့သလို မာန်အောင်မြို့နယ် ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံက လက်နက်နဲ့ အပြောင်းအလဲလုပ်ဖို့ ကြိုးစားတာ ဉာဏ်အမြှော်အမြင် သတ္တိနည်းလို့ ဖြစ်နိုင်တယ်လို့ ပြောလိုက်တဲ့သတင်း၊ မြန်မာအစိုးရက ဘင်္ဂါလီတွေ နေရပ်ပြန်ပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းတွေကို စောင့်ကြည့်ခွင့်ပေးဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်တဲ့သတင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မာန်အောင်မြို့ကို သွားရောက်မယ့်အချိန် မာန်အောင်မြို့နယ်မှာ မိုင်း ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တဲ့သတင်းတွေ စိတ်ဝင်စားဖွယ် ဖြစ်ပျက်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၂၀

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြကေတာ့ စိတ္ပ်က္စရာမ်ားခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ရဲတပ္ဖြဲ႕ထိပ္တန္းပုဂၢိဳလ္တို႔ ဒီတစ္ပတ္မွာ ေတြ႕ဆုံခဲ့တာ၊ အေျခခံဥပေဒျပင္ဆင္ေရးကို ပူးေပါင္းေကာ္မတီက ျပင္ဆင္ဖို႔လုပ္ေနတာမွာ ႏိုင္ငံေတာ္သီခ်င္းနဲ႔ အလံ အခန္းက႑ကို စတင္ျပင္ဆင္ေနခ်ိန္မွာ လႊတ္ေတာ္ထဲက အျငင္းအခုံေတြနဲ႔ အမ်ားျပည္သူ စိတ္ဝင္တစားေစာင့္ၾကည့္ေနတဲ့ ဗစ္တိုးရီးယားအမႈမွာ တရားခံလို႔ ရဲတပ္ဖြဲ႕ကစြပ္စြဲခဲ့တဲ့ ကိုေအာင္ႀကီး ဆိုသူကို တရားရွင္ျပန္လႊတ္ၿပီးေနာက္ ရဲတပ္ဖြဲ႕က အားခ်င္း သတင္းစာရွင္းလင္းပြဲလုပ္ကာ က်ဴးလြန္ခံရသူ ကေလးငယ္အမည္ ဖြင့္ခ်ေဖာ္ျပလိုက္တာ စတဲ့ သတင္းေတြက ယခုရက္သတၱပတ္မွာ သတင္းဖတ္သူေတြကို အႀကီးအက်ယ္တုန္လႈပ္ေစခဲ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။

ရဲကို ျပည္သူက မေၾကာက္ေစလို

ဒီလိုသေဘာမ်ိဳး ရဲတပ္ဖြဲ႕ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဒီဇင္ဘာ ၁၈ ရက္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္နဲ႔ ရဲအရာရွိႀကီးမ်ားကို ေနျပည္ေတာ္ရွိ ျပည္ထဲေရးဝန္ႀကီးဌာန စုစည္းခန္းမ၌ ေတြ႕ဆုံၿပီး လမ္းၫႊန္အမွာစကားေျပာတဲ့ပြဲမွာ ေျပာခဲ့တာပါ။

အဲဒီေန႔က ေတြ႕ဆုံပြဲကို ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူ၊ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦး၊ ဒုတိယရဲခ်ဳပ္မ်ားျဖစ္သည့္ ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္း၊ ရဲဗိုလ္ခ်ဳပ္ ေအာင္ႏိုင္သူ၊ ရဲဦးစီးအရာရွိခ်ဳပ္၊ ရဲေရးခ်ဳပ္၊ ရဲေထာက္ခ်ဳပ္၊ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းဌာနႀကီးမႉး၊ ရဲရာထူးခန္႔ခ်ဳပ္၊ ရဲေလ့က်င့္ေရးအရာရွိခ်ဳပ္၊ လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕မ်ားမွ ကြပ္ကဲေရးမႉးမ်ား၊ ရဲတပ္ဖြဲ႕အသီးသီးမွ ရဲတပ္ဖြဲ႕မႉးမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ ရဲတပ္ဖြဲ႕မႉးမ်ားႏွင့္ ရဲေလ့က်င့္ေရးေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ား တက္ေရာက္ခဲ့ပါတယ္။

ေတြ႕ဆုံပြဲမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ရဲတပ္ဖြဲ႕ဝင္တိုင္း ကိုယ့္အလုပ္ကို ဂုဏ္ယူေစခ်င္ေၾကာင္း၊ ကိုယ့္အလုပ္ကို တာဝန္ေက်ေက် ေဆာင္႐ြက္ေစခ်င္ေၾကာင္း၊ ျပည္သူလူထုဘဝ ေအးခ်မ္းသာယာလုံၿခဳံေအာင္၊ ျပည္သူကို အေႏွာက္အယွက္မေပးဘဲ ေနာက္ကြယ္ကေန ျပည္သူလူထု လုံၿခဳံေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ေပးသြားျခင္းမ်ိဳးျဖစ္လို႔ ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းေရးကို ေဆာင္႐ြက္ေနသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕လည္း ဒါကိုသတိျပဳမိရန္လိုေၾကာင္း၊ ရဲတပ္ဖြဲ႕သည္ တပ္မေတာ္ႏွင့္ သေဘာသဘာဝ မတူပါေၾကာင္း၊ ျပည္သူႏွင့္ အနီးကပ္ဆက္ဆံသည့္ေနရာတြင္ ေန႔တဓူဝ ျပည္သူ၏ လုံၿခဳံေရး၊ ေအးခ်မ္းသာယာေရးကို အဓိကလုပ္ရမည္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ပင္ျဖစ္ပါေၾကာင္း၊ မိမိ၏တာဝန္သည္ မည္မွ်ႀကီးမားသည္ဆိုသည္ကို ႏွလုံးသြင္းၿပီး တာဝန္ကို ေက်ေက်ပြန္ပြန္ လုပ္ေဆာင္ေစလိုေၾကာင္း၊ ျပည္သူသည္ ရဲမ်ားကို ေၾကာက္႐ြံ႕ေနျခင္းမ်ိဳးမဟုတ္ဘဲ အားကိုးတန္ဖိုးထားျခင္းမ်ိဳးျဖစ္ေအာင္ လုပ္ရမည္ျဖစ္ေၾကာင္း၊ တက္ေရာက္လာၾကသူမ်ားသည္ ရဲတပ္ဖြဲ႕မွ ရာထူးတာဝန္အႀကီးမားဆုံးပုဂၢိဳလ္မ်ား ျဖစ္သည့္အတြက္ လက္ေအာက္က ကိုယ့္ကို မွန္မွန္ကန္ကန္တင္ျပရဲေအာင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တစ္သားတည္းရွိေစလိုေၾကာင္း၊ ျပည္သူ၊ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္ထားသည့္ အစိုးရ၊ မိမိ၏အဖြဲ႕အစည္းတို႔ကို သစၥာေစာင့္သိျခင္းတို႔ျဖင့္ မိမိတို႔တာဝန္မ်ားကို ေက်ပြန္ၾကေစလိုပါေၾကာင္း ေျပာခဲ့ပါတယ္။

ထိုသို႔ေတြ႕ဆုံမႈက အမ်ားျပည္သူမ်ားၾကား ဆိုးဆိုး႐ြား႐ြားပုံရိပ္က်ဆင္းေနသည့္ အဖြဲ႕အစည္းအတြက္ ျပဳျပင္ေျပာင္းလဲေရးျပဳလုပ္ဖို႔ အခ်ိန္တန္ေနၿပီဆိုသည္ကို ႏိုင္ငံထိပ္ပိုင္းေခါင္းေဆာင္မ်ားက သတိေပးလိုက္ခ်င္း ျဖစ္ပါတယ္။အထူးသျဖင့္ မူးယစ္ေဆးဝါးႏွင့္ ေလာင္းကစားသတင္းမ်ားမွာ ေအာက္ေျခဝန္ထမ္းေတြ မၾကာခဏပါဝင္ပတ္သက္ေနမႈက ႏိုင္ငံတကာအျမင္တြင္ အဖြဲ႕အစည္း၏ပုံရိပ္ကို အေတာ္ေလးဆိုး႐ြားေစခဲ့တာကို ျပန္လည္ဆယ္မရန္ လိုေနၿပီဆိုသည္ကို ေထာက္ျပခဲ့ျခင္းလည္း ျဖစ္ပါတယ္။

တရားဥပေဒစိုးမိုးေရးအတြက္ အဓိကတာဝန္ယူေနသူမ်ားက မူးယစ္ေဆးဝါးႏွင့္ ေလာင္းကစားမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္သတင္းမ်ား မၾကာခဏျမင္ေတြ႕ေနရသည္က တိုင္းျပည္အတြက္ ေကာင္းသည့္လကၡဏာ မဟုတ္ေပ။ဒီဇင္ဘာ ၁၅ ရက္က ေကာလင္းၿမိဳ႕၌ ျပဳလုပ္သည့္ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္၏ လူထုေတြ႕ဆုံပြဲမွာ ေဒသတြင္း မူးယစ္ေဆးဝါးသုံးစြဲမႈမ်ားႏွင့္ ပတ္သက္ၿပီး ေဒသခံတစ္ဦးက ကြၽန္းလွကုန္းေက်း႐ြာအတြင္း မူးယစ္ေဆးဝါးသုံးစြဲမႈမ်ားႏွင့္ ပတ္သက္ၿပီး ႐ြာအနီးစြန္႔ပစ္ထားေသာ မူးယစ္ေဆးဝါးသုံးစြဲရာတြင္ အသုံးျပဳသည့္ ေဆးထိုးအပ္မ်ားကိုလည္း ေကာက္ယူျပသခဲ့ကာ ဝန္ႀကီးမ်ားအဖြဲ႕၊ အစိုးရမ်ားအဖြဲ႕ မယုံရင္လည္း ကြၽန္မနဲ႔လိုက္ၿပီး အပ္ေကာက္ပြဲက်င္းပလို႔ရတယ္ဆိုၿပီး ေျပာခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒီလိုတင္ျပခဲ့တဲ့အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ရဲ႕ေဆာင္႐ြက္ခ်က္မ်ားကို ေမးခြန္းထုတ္ခဲ့ၿပီး စာနဲ႔အေသးစိတ္ရွင္းလင္းတင္ျပဖို႔ စစ္ကိုင္းဝန္ႀကီးခ်ဳပ္က ၫႊန္ၾကားခဲ့ပါတယ္။ဒီေနာက္မွာ အဆိုပါတင္ျပသူ အမ်ိဳးသမီးကို အိမ္ျပန္ေရာက္ခ်ိန္ အိမ္အနီးေကာက္႐ိုးပုံကို မီးရႈိ႕ၿခိမ္းေျခာက္မႈတာ၊ လူကိုယ္တိုင္လာၿပီး စကားႀကဳံပါး ၿခိမ္းေျခာက္တာကို သက္ေသခံမလိုက္ရဲလို႔ အမႈဖြင့္လို႔မရတာ စတဲ့ အေျခအေနေတြအထိ မူးယစ္ေဆးဝါးဂိုဏ္းေတြရဲ႕ အရွိန္အဝါက ေဒသတြင္းလုံၿခဳံမႈနဲ႔ တရားဥပေဒစိုးမိုးမႈကို တာဝန္ယူထားတဲ့သူေတြထက္ ေဒသခံေတြအေပၚ စူးရွေနခဲ့ပါတယ္။

လက္ရွိမွာ တင္ျပတဲ့သူရဲ႕ လုံၿခဳံေရးအတြက္ ရဲကတာဝန္ယူ ေစာင့္ေရွာက္ေပးေနရၿပီး ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္က တစ္ခုခုျဖစ္ရင္ အားလုံးတာဝန္ပဲလို ေျပာခဲ့တဲ့အတြက္ ျပည္သူထဲက အဖြဲ႕အစည္းႀကီးတစ္ခု ျပည္သူအားကိုး ယုံၾကည္ရတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ေအာင္ တည္ေဆာက္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေထာက္ျပတဲ့အတိုင္း ျပဳျပင္ေျပာင္းလဲမႈေတြ ျဖစ္လာမလား၊ ထူးမျခားနား အရင္လိုအသားက်ေနတဲ့အတိုင္းဘဲ ဆက္ရွိေနဦးမလားဆိုတာ ျပည္သူမ်ားအေနနဲ႔ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းနဲ႔ ဆက္စပ္ဖတ္ႏိုင္တဲ့ ဒီတစ္ပတ္မွာျဖစ္ခဲ့တဲ့ အျခားသတင္းေတြကေတာ့ ရခိုင္ျပည္နယ္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မႉးတာဝန္ အပါအဝင္ လုံၿခဳံေရးႏွင့္ ကြပ္ကဲမႈအဖြဲ႕မႉး ေနရာေလးခု အေျပာင္းအလဲျပဳလုပ္ခဲ့တဲ့သတင္း၊ လသာၿမိဳ႕နယ္ စဥ့္အိုးတန္း ေအာက္ဘေလာက္ သုံးလႊာတိုက္ခန္းမွာ တ႐ုတ္ႏိုင္ငံသားတစ္ဦးကို အျခားတ႐ုတ္ႏိုင္ငံသားသုံးဦးက လက္ျပန္ႀကိဳးတုတ္ သတ္ခဲ့လို႔ သတ္ခဲ့သူအခ်ိဳ႕ကို ေလဆိပ္မွာ ဖမ္းဆီးထားတဲ့ သတင္းေတြျဖစ္ခဲ့သလို ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းက ေကာ့ေသာင္းေရျပင္ရွိ ေရျမဳတ္ကြၽန္းအနီးမွာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ထြက္ေျပးလာတဲ့ ဘဂၤါလီ ၁၇၃ ဦးကို ေရတပ္က ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ကယားျပည္နယ္မွာ ေတာင္သူ ၄၁ ဦးကို တပ္ပိုင္ေျမမွာ ဝင္ေရာက္က်ဴးေက်ာ္ စိုက္ပ်ိဳးေနမႈနဲ႔ တပ္မေတာ္က တရားစြဲထားတဲ့သတင္း၊ မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာျဖစ္စဥ္၌ ေသဆုံးသူ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေအးေမာင္မွာ AA လက္နက္ကိုင္အဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ခဲ့တဲ့သတင္းေတြလည္း ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့ပါတယ္။

ကေလးငယ္အေပၚ ရက္စက္ဝံ့လြန္းတဲ့သူေတြ

မေန႔ကျပဳလုပ္ခဲ့တဲ့ ရဲတပ္ဖြဲ႕ရဲ႕ တိုက္႐ိုက္ထုတ္လႊင့္တဲ့ သတင္းစာရွင္းလင္းပြဲကေတာ့ ေစာင့္ၾကည့္သူ ျပည္သူေတြအတြက္ ေဒါမနႆပြားရတဲ့ ႐ုပ္သံထုတ္လႊင့္မႈျဖစ္ခဲ့သလို အားလုံးရဲ႕ မေက်မနပ္မႈေတြ စု႐ုံးေပါင္းစည္းမိတဲ့အထိ ျဖစ္ရေလာက္ေအာင္ တာဝန္ရွိသူအာဏာပိုင္ေတြ ေဆာင္႐ြက္မႈက ေျပာစရာျဖစ္ခဲ့ပါတယ္။

ဒီတိုက္႐ိုက္႐ုပ္သံထုတ္လႊင့္မႈမျဖစ္ခင္ ေရွ႕ရက္မွာဘဲ ျမန္မာႏိုင္ငံတဝန္းလုံးက အထူးစိတ္ဝင္စားေနတဲ့  ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္တဲ့ ေပ်ာက္ဆုံးေနတဲ့ CCTV မွတ္တမ္းကို ကြၽမ္းက်င္သူေတြကိုေခၚၿပီး စစ္ေဆးခ်က္ေတြကို တရား႐ုံးမွာ စစ္ေဆးခဲ့သလို စစ္ေဆးခ်က္ေတြက အမ်ားထင္ျမင္ထားသလိုဘဲ အေျဖထြက္ခဲ့ပါတယ္။ဒါ့အျပင္ ယခုအမႈမွာ အေရးႀကီးတဲ့ ပစၥည္းမဲ့သက္ေသျဖစ္တဲ့ DNA စစ္ခဲ့သည့္ မွန္ျပားကို ႏိုင္ငံျခားကိုပို႔ၿပီး စစ္ေဆးဖို႔ေတြအထိ ျဖစ္လာခဲ့ပါတယ္။

ဒီသက္ေသက အေရးႀကီးၿပီး မွန္ျပားမွာ ဗစ္တိုးရီးယားေလး၏ DNA ႏွင့္အတူ က်ဴးလြန္သူ၏ DNA ပါ ပါရွိႏိုင္တဲ့အတြက္ ႏိုင္ငံျခားေဆး႐ုံတစ္႐ုံမွာ စစ္ေဆးႏိုင္ရန္ ဥပေဒ႐ုံးမွတစ္ဆင့္ တရား႐ုံးကို ေလွ်ာက္ထားခဲ့တာ ရွိပါတယ္။ဗစ္တိုးရီးယားအမႈ (၁၃) ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ဒီဇင္ဘာ ၁၈ ရက္က စစ္ေဆးခဲ့ရာမွာ အမ်ားစိတ္ဝင္စားေနတဲ့ Wisdom Hill ေက်ာင္းမွ ဆရာမႏွင္းႏု ကိုလည္း စစ္ေဆးခဲ့ပါတယ္။ဒီ႐ုံးခ်ိန္းမွာ ဆရာမႏွင္းႏု နဲ႔ ေက်ာင္းဆရာမႏွစ္ဦးကိုလည္း စစ္ေဆးခဲ့ရာမွာ ရဲတပ္ဖြဲ႕က သံသယတရားခံလို႔ ယူဆထားတဲ့ ေအာင္ႀကီးအေနနဲ႔ လိင္အၾကမ္းဖက္မႈ က်ဴးလြန္ႏိုင္ျခင္းမရွိေၾကာင္း ထြက္ဆိုခဲ့ၾကပါတယ္။

အဆိုပါ ႐ုံးခ်ိန္းမွာဘဲ သံသယတရားခံ ေအာင္ႀကီး ကို ရာဇဝတ္က်င့္ထုံးပုဒ္မ ၂၅၃ အပိုဒ္ ၂ အရ အေထာက္အထားမခိုင္မာတဲ့အတြက္ တရားရွင္လႊတ္ေပးခဲ့ပါတယ္။ဒါဟာ တရား႐ုံးကေန ႏွစ္ခါေျမာက္ လႊတ္ေပးခဲ့တာပါ။ဒီေနာက္မွာ ရဲတပ္ဖြဲ႕က ထိန္းခ်ဳပ္ထားတယ္လို႔ ယူဆရတဲ့ ရဲဇာနည္လူမႈကြန္ရက္ကေန ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ လုပ္မယ္ဆိုၿပီး ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။

ဒီဇင္ဘာ ၁၉ ရက္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲက ႏိုင္ငံေတာ္အဆင့္အဖြဲ႕အစည္းတစ္ခုရဲ႕ အဆင့္မရွိဘဲ လူပုဂၢိဳလ္တစ္ဦးျပဳလုပ္တဲ့ ပုဂၢဳလိက သတင္းစာရွင္းလင္းပြဲဆန္ဆန္ အဆင့္သာ ျဖစ္ခဲ့ပါတယ္။ထူးျခားမႈက အမ်ားစုက လွ်ိဳ႕ဝွက္ေပးထားတဲ့ လိင္အၾကမ္းဖက္မႈ က်ဴးလြန္ခံရတဲ့ ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ အမည္ရင္းနဲ႔ မိဘအမည္ေတြကို တစ္ႏိုင္ငံလုံးကို တိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ဒါဟာ ထိတ္လန႔္စရာပါဘဲ။ဒါဟာ က်င့္ဝတ္ဆိုင္ရာ ခ်ိဳးေဖာက္မႈပါဘဲ။  

သတင္းစာရွင္းလင္းပြဲရဲ႕ အဓိကရည္႐ြယ္ခ်က္က တရား႐ုံးကေန ဒုတိယအႀကိမ္ ေအာင္ႀကီး ကို လႊတ္ေပးလိုက္မႈက ေစာလြန္းေနလို႔ သက္ေသအကုန္မစစ္ေသးဘဲ လႊတ္လိုက္တဲ့အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က အားခ်င္းထလုပ္တဲ့ပြဲ ျဖစ္ပါတယ္။အဆိုပါ သတင္းစာရွင္းလင္းပြဲတစ္ေလွ်ာက္ ရွင္းလင္းမႈေတြက အမ်ားျပည္သူ ေထာက္ျပစရာေတြ ရွိခဲ့သလို သတင္းမီဒီယာမ်ား ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာမွာလည္း စိတ္ခံစားခ်က္ေတြပါေနတဲ့ စိတ္လႈပ္ရွားမႈေတြနဲ႔ ေျဖရွင္းမႈေတြကို ေတြ႕ခဲ့ရတာ ထူးျခားမႈဘဲျဖစ္ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာဘဲ တရား႐ုံးက သက္ေသမခိုင္မာလို႔ ျပန္လႊတ္ခဲ့တဲ့ ေအာင္ႀကီး ဆိုသူနဲ႔ ပတ္သက္ၿပီး “စြဲခ်က္မတင္ခင္ လႊတ္တာပါ။အၿပီးပိုင္လႊတ္တာ မဟုတ္ေသးဘူး” လို႔ ေျပာခဲ့တာကလည္း သတိျပဳမိစရာ ျဖစ္ခဲ့ပါတယ္။သတင္းေထာက္တစ္ဦးကေမးတဲ့ ေမးခြန္းတစ္ခုမွာ ဒီအမႈေနာက္ကြယ္မွာ ဘယ္သူရွိေနသလဲ၊ ေနာက္ကြယ္က ႀကိဳးကိုင္သူရွိေနသလားဆိုတဲ့ ေမးခြန္းမ်ိဳးကို ေမးခဲ့ရာမွာ “ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္ၿပီး လုပ္ႀကံေျပာဆိုထားျခင္းမရွိဘဲ ႐ိုး႐ိုးသားသား စုံစမ္းစစ္ေဆးေဖာ္ထုတ္ေနတယ္” လို႔ ေျဖခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာ အမ်ားျပည္သူနဲ႔ သတင္းမီဒီယာေတြ ဘဝင္မက်စရာေတြ အမ်ားႀကီးေတြ႕ ခဲ့ရၿပီး ရဲတပ္ဖြဲ႕ရဲ႕ အမႈစစ္ေဆးတည္ေဆာက္ပုံနဲ႔ အမႈတစ္ခုကို ဘယ္လိုခ်ည္းကပ္တယ္ဆိုတာကို အမ်ားျပည္သူက ဘြားဘြားႀကီးေတြ႕ျမင္ခဲ့ရပါတယ္။ဒါဟာ အရင္ေခတ္ေတြက ဘယ္လိုေတြစစ္ခဲ့သလဲဆိုတာကို ျပန္ေျပာင္းေအာက္ေမ့စရာ၊ ေျပာစရာ ေဝဖန္စရာျဖစ္ခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲ တိုက္႐ိုက္ထုတ္လႊင့္တဲ့ ရဲဇာနည္ ေဖ့စ္ဘြတ္ Live ေအာက္မွာ အမ်ားျပည္သူရဲ႕ ေလွာင္ေျပာင္တဲ့ သေကၤတေတြ၊ အမ်ားျပည္သူရဲ႕ ေဒါသထြက္ ျပစ္တင္ဆဲဆိုမႈေတြက စံခ်ိန္တင္ျမင္မေကာင္း တက္လာခဲ့ပါတယ္။  

DVB, Myanmar Now, 7DAY TV သတင္းဌာနေတြက ဒီသတင္းစာရွင္းလင္းပြဲကို တိုက္႐ိုက္႐ိုက္ကူးၿပီး ထုတ္လႊင့္တဲ့ သတင္းစာရွင္းလင္းပြဲဖိုင္ကို  က်ဴးလြန္ခံရသူ သုံးႏွစ္အ႐ြယ္ ကေလးငယ္နာမည္နဲ႔ မိဘနာမည္ကို ရဲအရာရွိေတြက ေဖာ္ျပခဲ့တဲ့အတြက္ ဗီဒိယိုဖိုင္ကို  ဖ်က္သိမ္းေၾကာင္း ထုတ္ျပန္ခဲ့သလို ရဲဇာနည္က  ထုတ္လႊင့္တာကို ထပ္ဆင့္ထုတ္လႊင္တဲ့ လူမႈကြန္ရက္သတင္းဌာနေတြကလည္း သတင္း link ကို ျဖဳတ္ခ်ခဲ့ၾကပါတယ္။ဒါဟာ ပုဂၢဳလိကပိုင္ မီဒီယာေတြက လူက်င့္ဝတ္၊ တရားဥပေဒက်င့္ဝတ္နဲ႔ လူသားဆန္မႈကို လိုက္နာေၾကာင္း ေဖာ္ျပခဲ့ၾကျဖစ္သလို နစ္နာသူဘက္က တစ္စုတစ္ဝန္းတည္း ရပ္တည္ခဲ့ၾကတာပါ။

ဒီေနာက္မွာ ျဖစ္စဥ္ေတြက ဆက္တိုက္တုန္လႈပ္စရာ ျဖစ္လာခဲ့ပါတယ္။မီဒီယာေတြဘက္က အာဏာပိုင္ေတြအေနနဲ႔ က်င့္ဝတ္ကို ေထာက္ျပခ်ိန္မွာဘဲ ရဲဇာနည္ လူမႈကြန္ရက္ကေန အက်ဳးလြန္ခံရသူ ကေလးငယ္ရဲ႕ အမည္၊ ေနရပ္လိပ္စာ၊ မိဘနာမည္ေတြ အပါအဝင္ ပထမဆုံးရဲစခန္းကို တိုင္တဲ့စာကိုပါ မထင္မွတ္စြာ တင္လိုက္ပါတယ္။ဒီမွာပါတဲ့ ပထမတိုင္တန္းခ်က္လိုဟာက ရဲတပ္ဖြဲ႕မွာသာရွိႏိုင္တဲ့ အခ်က္အလက္ေတြပါ။ဒါဟာ ကာယကံရွင္ မိသားစုေရာ၊ အမ်ားျပည္သူအတြက္ပါ ထိတ္လန႔္တုန္လႈပ္စရာျဖစ္ေစတဲ့ တိုက္ခိုက္မႈပါဘဲ။မလိုအပ္ဘဲ ဘာေၾကာင့္ ဒီလိုလူမႈကြန္ရက္ကို တင္ရသလဲ၊ အမ်ားျပည္သူက တရားမွ်တမႈကို ေတာင္းဆိုေနတဲ့ ဒီလိုအတိမ္းအေစာင္းမခံတဲ့ အမႈမွာ ျပည္သူလူထုကို ဘာမက္ေဆ့ခ်္ေပးခ်င္လို႔ ဒီလိုနစ္နာသူကို ထပ္ၿပီးနစ္နာေစတဲ့ အခ်က္အလက္ေတြ ဘာေၾကာင့္တင္လိုက္ရတာလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒီလိုတင္လိုက္တဲ့အတြက္ လူ႔ေလာကထဲဝင္လာတာ သုံးႏွစ္ေက်ာ္ေက်ာ္သာရွိေသးတဲ့ အျပစ္မရွိတဲ့ ကေလးငယ္တစ္ေယာက္ရဲ႕အနာဂတ္နဲ႔ အျပစ္က်ဴးလြန္ခံရတဲ့ မိသားစုအဝန္းအဝိုင္းကို ထပ္မံထိုးႏွက္ က်ဴးလြန္တဲ့ အရွက္ခြဲတာပါဘဲ။ဒါဟာ အက်ဴးလြန္ခံရသူ မိသားစုအတြက္ အရွက္တကြဲအက်ိဳးတနည္း ျဖစ္ရပ္ျဖစ္ၿပီး အခန႔္မသင့္ရင္ သတ္ေသမႈေတြအထိ ျဖစ္ႏိုင္တဲ့ ေစ့ေဆာ္မႈပါဘဲ။

ႏိုင္ငံတိုင္းက ရဲတပ္ဖြဲ႕နဲ႔ တရား႐ုံးေတြကို နစ္နာသူျပည္သူေတြ ကိုယ္စားတရားမွ်တမႈကို ရွာေဖြဖို႔ ဖြဲ႕စည္းတည္ေထာင္ခဲ့ၾကတာပါ။“တရား” ဥပေဒကို အားေကာင္းေအာင္ ေစာင့္ေရွာက္ရတဲ့ အဖြဲ႕အစည္းေတြက အားနည္းသူဘက္က ရပ္တည္ဖို႔၊ အမွန္တရားကို ရွာေဖြဖို႔ ပ်က္ကြက္ေနရင္ တိုင္းျပည္က်ဆုံးတာပါဘဲ။အဲဒီလူ႔အဝန္းအဝိုင္း က်ဆုံးတာပါဘဲ။ဒါကို Fail state ဒါမွမဟုတ္ fail institution လို႔ သတ္မွတ္ၾကပါတယ္။ဒါဟာ သတိမူစရာပါ။

ဒီျဖစ္ရပ္မွာ သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာန တာဝန္ခံသူေတြက အမ်ားျပည္သူသိေအာင္ ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ အမည္၊ မိဘေနရပ္ေတြကို  ေဖာ္ျပတဲ့သူေတြကို ဘယ္လိုအေရးယူမလဲ၊ သူ႔ကို က်ဴးလြန္သူ ဘယ္သူဆိုတာ တန္းစီၿပီး လူဆြဲထုတ္ေျပာႏိုင္လို႔ရတဲ့ က်ဴးလြန္ခံရသူ ကေလးငယ္ သက္ရွိထင္ရွားရွိပါရဲ႕နဲ႔ တရားခံေပ်ာက္ေနတဲ့ ဗစ္တိုးရီးယားအမႈကို သက္ဆိုင္ရာ အာဏာပိုင္ေတြ ဘယ္လိုတည့္မတ္ေအာင္ ျပင္ေပးမလဲ၊ ေစာင့္ၾကည့္ေနၾကမွာ ျဖစ္ပါတယ္။

ေသြးစည္းညီၫြတ္ဖို႔ သတိေပးၿပီ

ယခုရက္သတၱပတ္ထဲမွာ ျမန္မာႏိုင္ငံေရးအတြက္ သိသာတဲ့ ထင္သာျမင္သာမႈေတြကို ေတြ႕ခဲ့ရသလို ေျခဥျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက လုပ္ေဆာင္ေနတဲ့ ေျခဥျပင္ဆင္ေရးအတြက္ အခန္းအလိုက္ ျပင္ဆင္ေဆာင္႐ြက္ေနတာေတြ အေတာ္ေလးခရီးေရာက္လာတာကိုလည္း ေတြ႕လာရပါတယ္။

ဒါေပမယ့္ ဒီလိုခရီးအေတာ္ေလးေရာက္လာခ်ိန္မွာ ေျခဥျပင္ဆင္ေရးေကာ္မတီထဲကေန ေနာက္ထပ္ႏွစ္ဦး ယခုရက္ပိုင္းထဲမွာ ႏုတ္ထြက္ခဲ့ပါတယ္။ႏုတ္ထြက္သူေတြက ထုံးစံအတိုင္း အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီဘက္ကေန ႏုတ္ထြက္တာျဖစ္ၿပီး ထူးထူးျခားျခား ေျခဥျပင္ဆင္ေရးအတြက္ အဆိုျပဳပုဒ္မမ်ားကို မဲခြဲဆႏၵခံယူရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကသာ အသာရေနလို႔ ဆိုပါတယ္။

၄၅ ဦး ပါဝင္တဲ့ အဆိုပါေကာ္မတီမွာ အႏိုင္ရ NLD ပါတီကေန အခ်ိဳးက ၁၈ ဦးေနရာယူကာ ဒုတိယအမ်ားဆုံးအျဖစ္ တပ္မေတာ္ဘက္က ၈ ဦး ပါဝင္ၿပီး လက္ရွိမွာ ရခိုင္အမ်ိဳးသားပါတီက ႏွစ္ဦး၊ ျပည္ခိုင္ၿဖိဳးပါတီက ႏွစ္ဦးနဲ႔ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီမွတစ္ဦး ေပါင္း ၅ ဦး ႏုတ္ထြက္ထားပါတယ္။ဒါေပမယ့္ ဒီဇင္ ဘာ ၁၉ ရက္က က်င္းပခဲ့တဲ့ ေျခဥျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝးမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ၏ နိဒါန္းအပါအဝင္ အခန္း (၁) ႏိုင္ငံေတာ္အေျခခံမူမ်ား အခန္းမွစ၍ အခန္း (၁၂) ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ျခင္း အခန္းထိ ၿပီးျပတ္ေအာင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္းနဲ႔ အခန္း (၁၃) ႏိုင္ငံေတာ္အလံ၊ အထိမ္းအမွတ္တံဆိပ္ သီခ်င္းႏွင့္ ၿမိဳ႕ေတာ္အခန္းကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါ တယ္။အခန္း ၁၅ ခန္းထိရွိတဲ့ ၂၀၀၈ အေျခခံဥပေဒမွာ ၁၃ ခန္းထိ ေရာက္ေနၿပီျဖစ္တဲ့အတြက္ အေတာ္ေလး႐ုပ္လုံးေပၚလာခ်ိန္မွာဘဲ ဒီလိုႏုတ္ထြက္လာတာကို ေတြ႕ရသလို တပ္ဘက္က ကိုယ္စားလွယ္ကလည္း ေျခဥျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီဟာ အာဏာရဒီခ်ဳပ္ပါတီရဲ႕ အဆိုျပဳခ်က္ ၁၄၄ ခ်က္ကိုပဲ ဦးစားေပးဆုံးျဖတ္ေနတယ္လို႔ ေျပာခဲ့တာရွိပါတယ္။

ဒီဇင္ဘာ ၁၉ ရက္က ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး ၿပီးဆုံးခဲ့တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကနဲ႔ ျပည္သူ႔လႊတ္ေတာ္ နာယကျဖစ္သူ ဦးတီခြန္ျမတ္ က ကိုယ္စားလွယ္မ်ားကို အမွာစကားေျပာၾကားခဲ့ရာမွာ ‘‘ေသြးစည္းညီၫြတ္ရမယ့္အခ်ိန္ ျဖစ္တာေၾကာင့္ စည္းလုံးျခင္းသည္ အင္အားဆိုတဲ့အတိုင္း အသိနဲ႔ သတိရွိရမယ့္ အခ်ိန္လည္းျဖစ္တယ္” လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ “ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ျပည္သူ လူထုအက်ိဳးျဖစ္ထြန္းေစမယ့္ ကိစၥေတြကို ပါတီ၊ အဖြဲ႕အစည္း မခြဲျခားဘဲ မိမိတို႔အားလုံးမွာ တာဝန္ရွိတယ္လို႔ ခံယူၿပီး ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားၾကဖို႔” ကိုလည္း တိုက္တြန္းခဲ့ပါတယ္။

လက္ရွိ ျပည္တြင္း ျပည္ပ အေျခအေနမွာ ျဖစ္ေနတာေတြက သတိထားစရာ အေနအထားေတြပါ။ဒါေၾကာင့္လည္း ဒီဇင္ဘာ ၁၈ ရက္ ညက ႐ုပ္သံကေန ICJ မွာ တရားသြားေရာက္ရင္ဆိုင္တာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံကို ရွင္းလင္းေျပာၾကားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ က “ျပည္သူေတြဟာ ကြၽန္မတို႔နဲ႔ တစ္ေသြးတည္း၊ တစ္သားတည္း ရွိေနမယ္ဆိုရင္ ကြၽန္မတို႔ႏိုင္ငံအတြက္  တန္ဖိုးႀကီးခြန္အားေတြ ျဖစ္လာမွာပါ’’ လို႔ ေျပာခဲ့သလို နိဂုံးမွာ “မည္သို႔ပင္ျဖစ္ေစ အားလုံးအတူတကြ ရင္ဆိုင္မည္ျဖစ္ေၾကာင္း” ျပည္တြင္း ျပည္ပ ျပႆနာေပါင္းစုနဲ႔ ၿခိမ္းေျခာက္မႈေတြကိုရည္႐ြယ္ကာ ေျပာခဲ့တာျဖစ္ပါတယ္။

ယခုရက္သတၱပတ္အတြင္း က်င္းပခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးသုံးခုမွာ က်ည္ကာယာဥ္ေျခာက္စီး ဝယ္ယူရာမွာ အခြန္ကင္းလြတ္ခြင့္ ေဒၚလာ ၄ သိန္း ကင္းလြတ္ခြင့္ျပဳခဲ့တာ၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မဲဆႏၵနယ္ဆင္းျခင္းကို ေမးျမန္းသည့္ ဒီခ်ဳပ္အမတ္၏ ေမးခြန္းေ႐ႊ႕ဆိုင္းခံရတာေတြ ျဖစ္ခဲ့သလို မာန္ေအာင္ၿမိဳ႕နယ္ ေဒသခံျပည္သူႏွင့္ ေတြ႕ဆုံပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက လက္နက္နဲ႔ အေျပာင္းအလဲလုပ္ဖို႔ ႀကိဳးစားတာ ဉာဏ္အေျမႇာ္အျမင္ သတၱိနည္းလို႔ ျဖစ္ႏိုင္တယ္လို႔ ေျပာလိုက္တဲ့သတင္း၊ ျမန္မာအစိုးရက ဘဂၤါလီေတြ ေနရပ္ျပန္ၿပီးေနာက္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကို ေစာင့္ၾကည့္ခြင့္ေပးဖို႔ ေတာင္းဆိုခ်က္ကို ပယ္ခ်လိုက္တဲ့သတင္း၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ မာန္ေအာင္ၿမိဳ႕ကို သြားေရာက္မယ့္အခ်ိန္ မာန္ေအာင္ၿမိဳ႕နယ္မွာ မိုင္း ၃ လုံး ဆက္တိုက္ေပါက္ကြဲခဲ့တဲ့သတင္းေတြ စိတ္ဝင္စားဖြယ္ ျဖစ္ပ်က္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၂၀