【 နိုင်ငံတကာဆောင်းပါး 】 ဖခင်ထံမှ ရှီကျင့်ဖျင် ရခဲ့တဲ့ ‘ရတနာသုံးပါး’

【 နိုင်ငံတကာဆောင်းပါး 】 ဖခင်ထံမှ ရှီကျင့်ဖျင် ရခဲ့တဲ့ ‘ရတနာသုံးပါး’

ဖခင်များဟာ ၎င်းတို့၏ သားသမီးများအပေါ်တွင် သြဇာလွှမ်းမိုးမှု အမြဲရှိကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အပေါ်လည်း အဲဒီလိုပါပဲ။

ရှီဟာ တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ၎င်း၏ဖခင် Xi Zhongxun (၁၉၁၃-၂၀၀၂) ထံမှ အနည်းဆုံး စရိုက်လက္ခဏာသုံးမျိုး အမွေဆက်ခံရရှိခဲပါတယ်။

            လူသားဆန်တဲ့ အတွေးအခေါ်

တရုတ်ခေါင်းဆောင် အများအပြားဟာ အခြေခံလူတန်းစားများကနေ စတင်အသက်မွေးဝမ်းကြောင်းပြုကြပြီး သာမန်ပြည်သူလူထု၏ လိုအပ်ချက်ကို နားလည်သဘောပေါက်ကာ အခက်အခဲများကို ဖြတ်ကျော်ခဲ့တာဖြစ်လို့ အမျိုးသားမူဝါဒများ ချမှတ်ရာမှာ ၎င်းတို့ဟာ လက်တွေ့ကျပြီး ပြည်သူကို ဦးတည်သည့် ချဉ်းကပ်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးလေ့ရှိပါတယ်။

ပြည်သူကိုဦးတည်သော အတွေးအခေါ်ဟာ ဖခင်ဖြစ်သူထံမှ ရှီကျင့်ဖျင် ရရှိခဲ့တဲ့ အရေးကြီးဆုံး ရတနာများထဲမှ တစ်ခုဖြစ်ပြီး အရာရှိများနှင့် လူထုသည် တန်းတူညီမျှဖြစ်ပြီး ၎င်းတို့သည် ပြည်သူကြားတွင် အမြဲနေထိုင်ရမည်ဟု ယုံကြည်ထားပါတယ်။

တစ်ခါက ရှီ ဖခင်က သူ့သားလေးကို “မင်းရဲ့ ရာထူးက ဘယ်လိုပဲဖြစ်နေပါစေ ပြည်သူကို လုံ့လစိုက်ထုတ်ပြီး ပြည်သူရဲ့ အကျိုးစီးပွားကို စိတ်နှလုံးအကြွင်းမဲ့ ထည့်စဉ်းစား၊ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး ပြည်သူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေဖို့ပါ” လို့ ပြောခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ  ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၊ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်လာပြီးနောက် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လွန်ကဲသောဧရိယာ (၁၄) ခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။သူဟာ ကျေးရွာများနှင့် အိမ်ထောင်စုများသို့ သွားရောက်ခဲ့ပြီး သူသည် “ပြည်သူတို့၏ကျွန်” မျှသာဖြစ်ကြောင်း အဲဒီလူမှုအဝန်းအဝိုင်းကို ပြောပြခဲ့ပါတယ်။

၎င်း၏ ပြည်တွင်းစစ်ဆေးရေးခရီးစဉ်အတွင်း ရှီကျင့်ဖျင်ဟာ ဒေသခံများနှင့် အမြဲစကားပြော ဆိုခဲ့ပြီး ၎င်းတို့၏နေ့စဉ်ဘဝများကို ဂရုစိုက်ကာ အခြားအရာရှိများနှင့် ပြည်သူများကို ထမ်းဆောင်ရမည့် တာဝန်များကို အလေးပေးပြောကြားခဲ့ပါတယ်။ပါတီသည် ပြည်သူများ၏ စိတ်နှလုံးအကြွင်းမဲ့ထောက်ခံမှုကို ရရှိခဲ့တယ်။ဘာကြောင့်လဲဆိုရင် သူတို့ဟာ ပြည်သူပြည်သားအားလုံး စိတ်နှလုံးရွှင်လန်းအောင် အစဉ်တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းရင်းသားအားလုံး၏ သုခချမ်းသာအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာကြောင့်လို့ ရှီက အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

            မြေပေါ်ထိ ဆင်းကာ ချဉ်းကပ်မှု

ရှီကျင့်ဖျင်ဟာ သူဖခင်ဆီကနေ မြေပေါ်ထိဆင်းကာ ချဉ်းကပ်တဲ့ အမွေကို ဆက်ခံခဲ့ပြီး  ၁၉၈၀ ခုနှစ်များမှာ ခရိုင်ပါတီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် ဟီဘေးပြည်နယ် Zhengding ရှိ ရွာများအားလုံးသို့ သွားရောက်ခဲ့ပါတယ်။ထို့နောက် ဖူကျင်း၊ နင်းသယ်တွင် CPC နင်သယ်ခရိုင် ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ပထမသုံးလအတွင်း ခရိုင်ကိုးခုသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် မြို့နယ်အများစုသို့ သွားရောက်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Zhejiang ပြည်နယ်သို့ ပြောင်းရွှေ့ပြီးနောက် တစ်နှစ်ကျော်အတွင်း ခရိုင် ၉၀ လုံးကို သွားရောက်လည်ပတ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ရှန်ဟိုင်းမှာ သက်တမ်းတိုတို တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းခရိုင်နှင့် ခရိုင် ၁၉ ခုလုံးကို ခုနစ်လအတွင်း သွားရောက်ခဲ့ပါတယ်။

စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံ၏ ၁၄ ခုမြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) နှင့် ၂၀၃၅ ခုနှစ်အတွက် အနာဂတ်ရည်မှန်းချက်များ ရေးဆွဲခြင်းဟာ  ရှီကျင့်ဖျင်၏ စုံစမ်းစစ်ဆေးမှုနှင့် သုတေသနလုပ်ကိုင်ခဲ့မှုကနေ ထင်ဟပ်မှုပါပဲ။ရှီဟာ စာတမ်းဖတ်ပွဲများစွာကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပခဲ့ပြီး အလွှာပေါင်းစုံမှ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များကို နားထောင်ခဲ့ပါတယ်။

            ရိုးရှင်းသောဘဝ နေထိုင်ခြင်း

ရှီသည် ကလေးများနှင့်အတူ တင်းကြပ်သော ဓလေ့ထုံးစံဖြင့် ရိုးရှင်းစွာ ဘဝကိုနေထိုင်ပြီး ရှီ၏ ဖခင်က ပါတီအကြီးတန်းအရာရှိတစ်ဦးသည် အခြားသူများကို စည်းကမ်းလိုက်နာလိုလျှင် သူကိုယ်တိုင်ရော သူ့မိသားစုနဲ့ အရင်စသင့်တယ်လို့ ယုံကြည်ခဲ့ပါတယ်။

ရှီကျင့်ဖျင်နှင့် သူ့ညီငယ်တို့ဟာ အစ်မများထံမှ အဝတ်အစားနှင့် ဖိနပ်များကို ဝတ်ဆင်လေ့ရှိပါတယ်။ရှီကျင့်ဖျင်သည် ထိပ်တန်းအရာရှိတစ်ဦးဖြစ်လာပြီးနောက် ၎င်း၏မိခင်ဟာ ရှီရဲ့ တစ်အူထုံဆင်း မောင်နှမတွေကို မိသားစုအစည်းအဝေးခေါ်ပြီး  ရှီရဲ့ အလုပ်နေရာမှာ စီးပွားရေးမလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ သူ့မိသားစု၏ ဓလေ့ထုံးတမ်းများကို လိုက်နာပြီး သူ့မိသားစုဝင်များကို တင်းကြပ်ထားပါတယ်။သူအလုပ်-လုပ်တဲ့ နေရာတိုင်း၊ အဲဒီမှာ စီးပွားမလုပ်ဖို့ ဒါမှမဟုတ် သူ့နာမည်နဲ့ ဘာမှမလုပ်ဖို့ ဒါမှမဟုတ် သူက ရက်စက်တဲ့သူဖြစ်လိမ့်မယ်လို့ သူကပြောခဲ့ပါတယ်။

ဖူကျင်း၊ Zhejiang (သို့မဟုတ်) ရှန်ဟိုင်းမှာပဲဖြစ်ဖြစ်၊ သူ့နာမည်ကိုအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူးလို့ အစည်းအဝေးတွေမှာ တရားဝင်ကတိပြုခဲ့ပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Father's Day: Three 'treasures' Xi Jinping gets from his father