【 နိုင်ငံတကာဆောင်းပါး 】 အတိတ်ကို ပြန်ကြည့်ခြင်းနှင့် အနာဂတ်သို့ မျှော်ကြည့်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 အတိတ်ကို ပြန်ကြည့်ခြင်းနှင့် အနာဂတ်သို့ မျှော်ကြည့်ခြင်း

တရုတ်နှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက ပုံဖော်သော ပုံရိပ်နှင့် လက်တွေ့ပုံရိပ်တို့မှာ များစွာ ကွာခြားလျက်ရှိသည်။
 
အမေရိကန်က တရုတ်အား သံတမန်ရေးရာအရ လောဘကြီးပြီး မကောင်းသော နိုင်ငံတစ်ခု အဖြစ် ပုံဖော်လေ့ရှိသည်။ထို့ကြောင့်ပင် တရုတ်၏ ၂၀၂၃ ခုနှစ် သံတမန်ရေးရာမူဝါဒကို ပြန်လည်ဆန်းစစ်ပြီး လောဘကြီးခြင်းလား၊ ရည်မှန်းချက်ကြီးခြင်းလားကို လေ့လာရန် လိုအပ်သည်။
 
၂၀၂၃ ခုနှစ်သည် အပြောင်းအလဲများခဲ့သော နှစ်တစ်ခုဖြစ်ပြီး စီးပွားရေးနာလန်ထူမှုများတွင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများသည် ငွေကြေးဖောင်းပွမှုများ၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များနှင့် စီးပွားရေးအရ မမျှတမှုများကို ကြုံတွေ့ခဲ့ရသည်။ဖွံ့ဖြိုးဆဲနိုင်ငံများကို ပို၍ပွင့်လင်းပြီး ဂလိုဘယ်လိုက်ဇေးရှင်းတွင် ပို၍ပါဝင်လာစေရန် ရည်ရွယ်၍ တရုတ်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခါးပတ်နှင့် လမ်း ဖိုရမ်ကို ကျင်းပခဲ့ပြီး ရလဒ်ပေါင်း ၄၅၈ ခုနှင့် ဒေါ်လာ ၉၇.၂ ဘီလီယံ တန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်များ ရရှိခဲ့သည်။
 
ထို့အပြင် BRICS နိုင်ငံများသည်လည်း တိုးတက်လာသော စီးပွားရေးနိုင်ငံများ ဖြစ်လာပြီး ကမ္ဘာ့ဂျီဒီပီ၏ ၂၉ ရာခိုင်နှုန်းအထိ ပါဝင်နေပြီဖြစ်သည်။ထို့အပြင် BRICS နိုင်ငံများသည် ဖွံ့ ဖြိုးဆဲနိုင်ငံများ၏ အကျိုးအမြတ်ကို ကာကွယ်ပေးပြီး အပြန်အလှန်အကျိုးရစေကာ နိုင်ငံတကာအသိုက်အဝန်းတွင်လည်း ၎င်းတို့၏ အမြင်များကို ပို၍ ပါဝင်စေလာနိုင်ခြင်းဖြစ်သည်။
 
ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ တိုးတက်လာမှုကြောင့် အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကဲ့သို့သော အရေးပေါ်အစီအစဉ်များကို ချမှတ်ခဲ့သော်လည်း ထိုအစီအစဉ်များသည် လက်တွေ့တွင်မူ ပါဝင်သည့် နိုင်ငံများအတွက် သိသာသော ရလဒ်များမရစေဘဲ ပါဝင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း အကြွေးပြဿနာကို မည်သို့မျှဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိပေ။
 
နေတိုးတပ်ဖွဲ့ကို ချဲ့ထွင်ပြီး အာရှ-ပစိဖိတ်သို့နယ်ကျော်လာခြင်းသည် အဖွဲ့၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်လာခြင်းဖြစ်သည်။အမေရိကန်က လုံခြုံသော ကမ္ဘာကြီးအတွက် အမြင်များမျှဝေသာ နိုင်ငံများနှင့် ပခုံးချင်းယှဉ် ရပ်တည်သည့် မဟာမိတ်နိုင်ငံဖြစ်မည်ဟု ကတိပေးထားသော်လည်း အခြားနိုင်ငံများသို့ ဗုံးများ အ ဖျက်အစီး အတိုက်အခိုက်ယာဉ်များ ပေးပို့ပြီး အပြောတခြား အလုပ်တလွဲဖြစ်နေခြင်းဖြစ်သည်။
 
အရှေ့အလယ်ပိုင်း ပဋိပက္ခများနှင့် အခြားသောတိုက်ပွဲများကြောင့် ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် တရုတ်သည် ပြဿနာများကို ဖြေရှင်းရန် အမြင်များနှင့် အသိပညာများ မျှဝေလျက်ရှိသည်။ဆော်ဒီအာရေဗျနှင့် အီရန်တို့ကြားတွင် သမိုင်းဝင် ကြားဝင်စေ့စပ်ခြင်း ပြုလုပ်နိုင်ခဲ့သည်။ဂါဇာပြဿနာတွင်လည်း အာရပ်နှင့် အခြားအစ္စလာမ်နိုင်ငံများနှင့် လက်တွဲကာ ကုလသမဂ္ဂဖြေရှင်းချက်များနှင့် လူသားချင်းစာနာထောက်ထားမှုကဏ္ဍများအတွက် ထောက်ပံ့မှုများနှင့် လက်တွေ့လုပ်ဆောင်မှုများရရှိအောင် ဆောင်ရွက်လျက်ရှိ သည်။တရုတ်သံတမန်များကို စေလွှတ်ပြီး မြေပြင်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တွန်းအားပေးပြီး ဂါဇာရှိပြည်သူများကို ကူညီပေးလျက်ရှိသည်။
 
ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အမေရိကန်အား ဦးစီးဦးဆောင် ပြုလုပ် စေလိုသော်လည်း စစ်အင်အား ထိပ်တန်းဖြစ်သည့် အမေရိကန်သည် စစ်ပွဲများကိုသာ ဖန်တီးလျက်ရှိသည်။ယူကရိန်းပြဿနာ၊ ဂါဇာပြဿနာကြားတွင် အမေရိကန်သည် ထိခိုက်ခံစားရသော ပြည်သူများကို လျစ်လျူရှုပြီး စစ်ရေးအကူအညီများကိုသာ ပေးပို့လျက်ရှိသည်။
 
နိုင်ငံအားလုံးသည် အပြန်အလှန်အကျိုးရှိပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုကိုသာ လိုလားကြသည်။တရုတ် သည်လည်း ကမ္ဘာ့နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မျှဝေသာ တာဝန်ယူမှုကို နားလည် သဘောပေါက်ထားသည်။
 
တစ်ဖက်တွင်မူ အမေရိကန်၏ သံတမန်မူဝါဒသည် “အာဏာ” နှင့် “အမေရိကန်၏ အကျိုးစီးပွား” များကိုသာ ဦးတည်ထားသည်။
 
အမေရိကန်သည် ပြိုင်ဖက်များကို ဖိနှိပ်ပြီး မဟာ မိတ်များကို ဖိအားပေးသည်။လွန်ခဲ့သော အတိတ်ကာလများက အမေရိကန်၏ လက်ဝါးကြီးအုပ် အချိန်ကာလရှိနေသေးသည်ဟု ဆက်လက်အထင်မှားနေပြီး အငြင်းပွားမှုများ စစ်ပွဲများကို ဆက်လက်ဖန်တီးနေပါက ကမ္ဘာ့တောင်ပိုင်းနိုင်ငံများက ဆန့်ကျင်တုံ့ပြန်ကြမည်ဖြစ်သည်။
 
၂၀၂၃ ခုနှစ်သည် အပြောင်းအလဲများခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး တရုတ်၏ သံတမန်ရေးရာသည်လည်း ခွန်အားနှင့် ယုံကြည်ချက်များ ပြည့်နှက်နေသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။တရားမျှတသောသူများကို အားလုံးက ထောက်ခံကြမည်ဖြစ်ပြီး တရားမမျှတသောသူကို မည်သူကမျှ အားပေးမည်မဟုတ်ပေ။အနာဂတ်တွင်လည်း လူသားမျိုးနွယ်နှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတို့၏ အဓိကပြဿနာများနှင့် ရင်ဆိုင်လာရပါက တရုတ်သည် မှန်ကန်သောဘက်တွင် ခိုင်မာစွာရပ်တည်မည်ဖြစ်သည်။
 
နဂါးနှစ်တွင် တရုတ်ထံမှ များစွာသော ပါဝင်မှုများကို မျှော်လင့်ထားနိုင်ခြင်းဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - CMG | Looking back, looking forward – Understanding China's diplomacy in 2023