【 နိုင်ငံတကာဆောင်းပါး 】 “ ကုန်သွယ်ရေးသဘောတူညီချက်ရရန် အမေရိကန်အသင့်ရှိ ဆိုသော စကား “

【  နိုင်ငံတကာဆောင်းပါး  】 “ ကုန်သွယ်ရေးသဘောတူညီချက်ရရန် အမေရိကန်အသင့်ရှိ ဆိုသော စကား “

ဝေါစထရိတွင် နောက်တကြိမ်စံချိန်တင် မြင့်တက်မှု ရှိသော်လည်း ကမ္ဘာ့ရှယ်ယာများသည် နှုန်းထား အနည်းငယ်အတွင်း ဦးတည်ရာမဲ့ ပြောင်းလဲသွားသည်။

ဗြိတိန်နိုင်ငံမှ FTSE 100 အညွုန်းကိန်းသည် ဝ.၁ ရာခိုင်နှုန်းကျသွားပြီး ၇၅၆၅.၅၃ သို့ရောက်သွားပြီး ပြင်သစ်မှ CAC 40 အညွုန်းကိန်းမှာမူ ဝ.၂ ရာခိုင်နှုန်းတိုးပြီး ၅၉၈၁.၉၃ သို့ရောက်သွားသည်။ဂျာမဏီ ၏ DAX အညွန်းကိန်းမှာ အနည်းငယ်ပြောင်းလဲသွားပြီး ၁၃၂၁၆.၂၅ ရှိသည်။

အမေရိကန်ရှယ်ယာများမှာမူ တုံဆိုင်းသွားတော့မည့်အလားအလာရှိနေပြီး S&P 500 အညွှန်းကိန်းမှာ ဝ.၁ ရာခိုင်နှုန်းအောက် အနာဂါတ်တွင် ကျုံ့သွားကာ Dow Jones အညွန်းကိန်းမှာ ဝ.၀၃ ရာခိုင်နှုန်း ရှိသည်။

ဇန်နဝါရီလအစောပိုင်းတွင် တရုတ်နိုင်ငံနှင့် ပဏာမ ကုန်သွယ်ရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးရန် အသင့်ဖြစ်နေကြောင်း အမေရိကန်ဘာဏ္ဍာရေးဝန်ကြီး စတီဗင် မနူချင်က ကြာသပတေးနေ့ တွင် ကြေညာပြီးနောက် သိသာထင်ရှားသော တုံ့ပြန်မှု မရှိသလောက်ပင်ဖြစ်သည်။ ထိုသဘောတူညီချက်သည် ကုန်သွယ်ရေးကို ပြန်လည်ချိန်ညှိပေးပြီး အမေရိကန် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် တရုတ်ဈေးကွက် ဖွင့်ပေးမည်ဟု လွန်စွာယုံကြည်ကြောင်း သူက CNBC သို့ပြောသည်။

ဘေ့ဂျင်းနှင့်သဘောတူညီချက်သည် နည်းစနစ်ပိုင်းနှင့် ဥပဒေပိုင်းဆိုင်ရာ ခြုံထူသော လမ်းကြောင်းဟု သူယူဆသည့် လမ်းကြောင်းကိုသာ ဖြတ်သန်းရန်လိုတော့ကြောင်း သူပြောသည်။ ထိုသဘောတူညီ ချက်ကြောင့် အမေရိကန်လယ်ယာထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှု နှစ်ဆတိုးလာမည်ဖြစ်ပြီး အမေရိကန်လယ်သမားသည် ထိုသိုလုပ်ငန်းကိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း သူပြောသည်။ သို့သော် တရုတ်နိုင်ငံသည် အမေရိကန်လယ်ယာထုတ်ကုန်များဝယ်ယူမည့် ၎င်း၏ စီမံကိန်း အသေးစိတ်ကို အတည်ပြုခြင်းမရှိသေးပေ။ နှစ်ဖက် နီးကပ်စွာဆက်သွယ်နေသည်ဟုသာ ဘေ့ဂျင်းမှ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူတဦးက ကြာသပတေးနေ့တွင်ပြော သည်။

ဝါရှင်တန်နှင့် ဘေ့ဂျင်းတို့သည် ၎င်းတို့၏ ကုန်သွယ်ရေး ပဋိပက္ခကို ကျေအေးအောင် လုပ်ဆောင်နေ ကြသည်ဟူသော သတင်းကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများက ကြိုဆိုသောကြောင့် အမေရိကန် အဓိက စတော့အညွုန်းကိန်းများသည် စံချိန်တင်တက်သည်။“တကယ်တော့ အမေရိကန်နဲ့ တရုတ်နိုင်ငံ အကြား အဆင့် ၁ သဘောတူညီမှုဟာ ၂၀၂၀ ခုနှစ်အတွက် အမြင်အတွက် မရေရာမှု အများအပြားကို ဖယ်ရှားပေးလိုက်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု ပြန်လည်ရှင်သန်လာတာနဲ့အတူ ကုန်သွယ်ရေးက နေ့စဉ်ပိုမိုကောင်းမွန်လာနေပြီး ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေ အားလပ်ရက် အပန်းဖြေ မှုတွေနဲ့ ပျော်ရွှင်နေကြတယ်” ဟု AxiTrader မှ Stephen Innes က သတင်းသုံးသပ်ချက် တခုတွင်ပြောသည်။

သောကြာနေ့က အာရှတွင် ဂျပန်၏ Nikkei 225 အညွုန်းကိန်းသည် ဝ.၂ ရာခိုင်နှုန်းကျဆင်းပြီး ၂၃၈၁၆ သို့ရောက်သွားပြီး သြစတြေးလျှမှ S&P ASX 200 အညွှန်းကိန်းမှာ ဝ.၃ ရာခိုင်နှုန်းကျဆင်းပြီး ၆၈၁၆.၃၀ သို့ရောက်လာသည်။ Shanghai Composite အညွှန်းကိန်းမှာ ဝ.၄ ရာခိုင်နှုန်းကျဆင်းပြီး ၃၀၀၄.၉၄ သို့ရောက်ရှိလာသည်။ ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းမှာ ဝ.၃ ရာခိုင်နှုန်း တက်ပြီး ၂၇၈၇၁.၃၅ သို့ရောက်လာသည်။ မွန်ဘိုင်းမှ Sensex အညွှန်းကိန်းမှာ ဝ.၁ ရာခိုင်နှုန်း တက်ပြီး ၄၁၇၂၇.၆၇ ရှိသည်။ တောင်ကိုရီးယား၏ Kospi အညွှန်းကိန်းမှာ ဝ.၄ ရာခိုင်နှုန်း တက်လာ ပြီး  ၂၂၀၄.၁၈ သို့ရောက်သွားသည်။ ထိုင်ဝမ်နှင့် အရှေ့တောင်အာရှအများစုတွင် ရှယ်ယာများ ဈေးကျဆင်းသည်။

အာဏာကို အလွဲသုံးစားလုပ်သည်ဟူသောစွပ်စွဲချက်နှင့် စုံစမ်းစစ်ဆေးမှုတခုတွင် ကွန်ဂရက်ကို နှောင့်ယှက်သည်ဟူသော စွပ်စွဲချက်များဖြင့် ထရမ့်ကို စွဲချက်တင်ရန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့ ကဆုံးဖြတ်လိုက်ပြီးနောက် ထရမ့်သည် စွဲချက်တင်ခံရသည့် တတိယမြောက် အမေရိကန် သမ္မတဖြစ်လာသည်။

သူ့ကို စွဲချက်တင်ပါက ဈေးကွက်ပျက်မည်ဟု ထရမ့်က လွန်ခဲ့သောလ အတန်ကြာက သတိပေး ခဲ့သော် လည်း မည်သည့်သက်ရောက်မှုမျှ မရှိသလောက်ပင်ဖြစ်ကြောင်း ကုန်သွယ်သူများ ကပြော သည်။ သူနှင့် သူ၏ဈေးကွက်လိုလားသောမူဝါဒများသည် ရာထူးသက်တမ်းမကုန်မီ ပြောင်းလဲရန် မဖြစ်နိုင်သောကြောင့် ထိုသို့ဖြစ်သည်ဟု သူတို့ထင်ကြသည်။

 “ ဒါဟာလအတန်ကြာဘယ်လိုဆက်ဖြစ်နေမယ်ဆိုတကာကို ကျနော်တို့ တနည်းနည်းနဲ့ သိနေတယ်” ဟု Horizon Investments မှ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် Scott Ladner ပြောသည်။ “လူတိုင်းမှာ ထင်မြင်ချက်ဆိုတာရှိကြတယ်။ ဘာထင်မြင်ချက်ပဲရရှိ အဲဒါက ဈေးကွက်ထဲမှာ တန်ဖိုးဖြတ်ပြီးသားပဲ ဆိုတဲ့အဓိပါယ်ပဲ” ဟုလည်း သူဆက်ပြောသည်။

ညတွင်းချင်းပင် အမေရိကန်ဈေးကွက်များသည် ထရမ့်အပေါ် အောက်လွှတ်တော်က စွဲချက်တင်ခြင်း အား အလေးမထားကြတော့ဘဲ ကုမဏီကြီးများထံမှ အားတက်ဖွယ် ဝင်ငွေ အစီရင်ခံစာများကိုသာ အာရုံစိုက်နေကြသည်။

S&P 500 အညွုန်းကိန်းသည် ဝ.၄ ရာခိုင်နှုန်းတက်လာပြီး ၃၂၀၅.၃၇ သို့ရောက်လာသည်။ Dow Jones Industrial Average အညွုန်းကိန်းမှာ ဝ.၅ ရာခိုင်နှုန်း တက်လာပြီး ၂၈၃၇၆.၉၆ သို့စံချိန်တင် လာသည်။ Nasdaq composite  အညွုန်းကိန်းမှာ ဝ.၇ ရာခိုင်နှုန်းတက်လာပြီး ၈၈၈၇.၂၂ သို့ရောက် လာသည်။ ကုမဏီငယ်များ၏ Russell 2000 အညွုန်းကိန်းသည်ဝ.၃ ရာခိုင်နှုန်းတက်လာပြီး ၁၆၆၇.၀၉ သို့ရောက်လာသည်။

S&P 500 နောက်လာမည့်အကြော့နှင့်ပတ်သက်ပြီး ကုန်သည်များမည်မျှပူပန်သည်ကို တိုင်းတာသော ကိရိယာအညွုန်းကိန်းသည် ဝ.၆ ရာခိုင်နှုန်းသာတက်လာသည်။နယူးယောက် ကုန်စည်အိပ်ချိန်းတွင် အီလက်ထရောနစ်စနစ်ဖြင့် ရောင်းဝယ်ရာတွင် စံရေနံစိမ်းဈေးသည် ၃ ဆင့်ကျဆင်းပြီး အမေရိကန်ဒေါ်လာ ၆၁.၁၅ ရှိသည်။ နိုင်ငံတကာစံနှုန်းဖြစ်သော ဘရန့် ရေနံစိမ်းသည် ၁၁ ဆင့် တက် လာပြီး တစည်လျှင် အမေရိကန် ၆၆.၆၅ ရှိသည်။

ဒေါ်လာဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ဒေါ်လာလျှင် ၁၀၉.၃၅ ယန်းရှိပြီး ယူရိုသည် လည်း အမေရိကန်ဒေါ်လာ ၁.၁၁၂၁ တွင် ရှိနေသည်။ 

( Zawgyi  )

 ေဝါစထရိတြင္ ေနာက္တႀကိမ္စံခ်ိန္တင္ ျမင့္တက္မႈ ရွိေသာ္လည္း ကမာၻ႔ရွယ္ယာမ်ားသည္ ႏႈန္းထား အနည္းငယ္အတြင္း ဦးတည္ရာမဲ့ ေျပာင္းလဲသြားသည္။

ၿဗိတိန္ႏိုင္ငံမွ FTSE 100 အၫြဳန္းကိန္းသည္ ဝ.၁ ရာခိုင္ႏႈန္းက်သြားၿပီး ၇၅၆၅.၅၃ သို႔ေရာက္သြားၿပီး ျပင္သစ္မွ CAC 40 အၫြဳန္းကိန္းမွာမူ ဝ.၂ ရာခိုင္ႏႈန္းတိုးၿပီး ၅၉၈၁.၉၃ သို႔ေရာက္သြားသည္။ဂ်ာမဏီ ၏ DAX အၫြန္းကိန္းမွာ အနည္းငယ္ေျပာင္းလဲသြားၿပီး ၁၃၂၁၆.၂၅ ရွိသည္။

အေမရိကန္ရွယ္ယာမ်ားမွာမူ တုံဆိုင္းသြားေတာ့မည့္အလားအလာရွိေနၿပီး S&P 500 အၫႊန္းကိန္းမွာ ဝ.၁ ရာခိုင္ႏႈန္းေအာက္ အနာဂါတ္တြင္ က်ဳံ႕သြားကာ Dow Jones အၫြန္းကိန္းမွာ ဝ.၀၃ ရာခိုင္ႏႈန္း ရွိသည္။

ဇန္နဝါရီလအေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံႏွင့္ ပဏာမ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္လက္မွတ္ ေရးထိုးရန္ အသင့္ျဖစ္ေနေၾကာင္း အေမရိကန္ဘာ႑ာေရးဝန္ႀကီး စတီဗင္ မႏူခ်င္က ၾကာသပေတးေန႔ တြင္ ေၾကညာၿပီးေနာက္ သိသာထင္ရွားေသာ တုံ႔ျပန္မႈ မရွိသေလာက္ပင္ျဖစ္သည္။ ထိုသေဘာတူညီခ်က္သည္ ကုန္သြယ္ေရးကို ျပန္လည္ခ်ိန္ညႇိေပးၿပီး အေမရိကန္ ထုတ္ကုန္ႏွင့္ ဝန္ေဆာင္မႈမ်ားအတြက္ တ႐ုတ္ေဈးကြက္ ဖြင့္ေပးမည္ဟု လြန္စြာယုံၾကည္ေၾကာင္း သူက CNBC သို႔ေျပာသည္။

ေဘ့ဂ်င္းႏွင့္သေဘာတူညီခ်က္သည္ နည္းစနစ္ပိုင္းႏွင့္ ဥပေဒပိုင္းဆိုင္ရာ ၿခဳံထူေသာ လမ္းေၾကာင္းဟု သူယူဆသည့္ လမ္းေၾကာင္းကိုသာ ျဖတ္သန္းရန္လိုေတာ့ေၾကာင္း သူေျပာသည္။ ထိုသေဘာတူညီ ခ်က္ေၾကာင့္ အေမရိကန္လယ္ယာထုတ္ကုန္မ်ား တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈ ႏွစ္ဆတိုးလာမည္ျဖစ္ၿပီး အေမရိကန္လယ္သမားသည္ ထိုသိုလုပ္ငန္းကိုလုပ္ေဆာင္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္းလည္း သူေျပာသည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္လယ္ယာထုတ္ကုန္မ်ားဝယ္ယူမည့္ ၎၏ စီမံကိန္း အေသးစိတ္ကို အတည္ျပဳျခင္းမရွိေသးေပ။ ႏွစ္ဖက္ နီးကပ္စြာဆက္သြယ္ေနသည္ဟုသာ ေဘ့ဂ်င္းမွ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူတဦးက ၾကာသပေတးေန႔တြင္ေျပာ သည္။

ဝါရွင္တန္ႏွင့္ ေဘ့ဂ်င္းတို႔သည္ ၎တို႔၏ ကုန္သြယ္ေရး ပဋိပကၡကို ေက်ေအးေအာင္ လုပ္ေဆာင္ေန ၾကသည္ဟူေသာ သတင္းကို အေမရိကန္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ႀကိဳဆိုေသာေၾကာင့္ အေမရိကန္ အဓိက စေတာ့အၫြဳန္းကိန္းမ်ားသည္ စံခ်ိန္တင္တက္သည္။“တကယ္ေတာ့ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံ အၾကား အဆင့္ ၁ သေဘာတူညီမႈဟာ ၂၀၂၀ ခုႏွစ္အတြက္ အျမင္အတြက္ မေရရာမႈ အမ်ားအျပားကို ဖယ္ရွားေပးလိုက္ၿပီး ကမာၻ႔စီးပြားေရး တိုးတက္မႈ ျပန္လည္ရွင္သန္လာတာနဲ႔အတူ ကုန္သြယ္ေရးက ေန႔စဥ္ပိုမိုေကာင္းမြန္လာေနၿပီး ရွယ္ယာ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အားလပ္ရက္ အပန္းေျဖ မႈေတြနဲ႔ ေပ်ာ္႐ႊင္ေနၾကတယ္” ဟု AxiTrader မွ Stephen Innes က သတင္းသုံးသပ္ခ်က္ တခုတြင္ေျပာသည္။

ေသာၾကာေန႔က အာရွတြင္ ဂ်ပန္၏ Nikkei 225 အၫြဳန္းကိန္းသည္ ဝ.၂ ရာခိုင္ႏႈန္းက်ဆင္းၿပီး ၂၃၈၁၆ သို႔ေရာက္သြားၿပီး ၾသစေၾတးလွ်မွ S&P ASX 200 အၫႊန္းကိန္းမွာ ဝ.၃ ရာခိုင္ႏႈန္းက်ဆင္းၿပီး ၆၈၁၆.၃၀ သို႔ေရာက္လာသည္။ Shanghai Composite အၫႊန္းကိန္းမွာ ဝ.၄ ရာခိုင္ႏႈန္းက်ဆင္းၿပီး ၃၀၀၄.၉၄ သို႔ေရာက္ရွိလာသည္။ ေဟာင္ေကာင္၏ Hang Seng အၫႊန္းကိန္းမွာ ဝ.၃ ရာခိုင္ႏႈန္း တက္ၿပီး ၂၇၈၇၁.၃၅ သို႔ေရာက္လာသည္။ မြန္ဘိုင္းမွ Sensex အၫႊန္းကိန္းမွာ ဝ.၁ ရာခိုင္ႏႈန္း တက္ၿပီး ၄၁၇၂၇.၆၇ ရွိသည္။ ေတာင္ကိုရီးယား၏ Kospi အၫႊန္းကိန္းမွာ ဝ.၄ ရာခိုင္ႏႈန္း တက္လာ ၿပီး  ၂၂၀၄.၁၈ သို႔ေရာက္သြားသည္။ ထိုင္ဝမ္ႏွင့္ အေရွ႕ေတာင္အာရွအမ်ားစုတြင္ ရွယ္ယာမ်ား ေဈးက်ဆင္းသည္။

အာဏာကို အလြဲသုံးစားလုပ္သည္ဟူေသာစြပ္စြဲခ်က္ႏွင့္ စုံစမ္းစစ္ေဆးမႈတခုတြင္ ကြန္ဂရက္ကို ေႏွာင့္ယွက္သည္ဟူေသာ စြပ္စြဲခ်က္မ်ားျဖင့္ ထရမ့္ကို စြဲခ်က္တင္ရန္ ေအာက္လႊတ္ေတာ္က ဗုဒၶဟူးေန႔ ကဆုံးျဖတ္လိုက္ၿပီးေနာက္ ထရမ့္သည္ စြဲခ်က္တင္ခံရသည့္ တတိယေျမာက္ အေမရိကန္ သမၼတျဖစ္လာသည္။

သူ႔ကို စြဲခ်က္တင္ပါက ေဈးကြက္ပ်က္မည္ဟု ထရမ့္က လြန္ခဲ့ေသာလ အတန္ၾကာက သတိေပး ခဲ့ေသာ္ လည္း မည္သည့္သက္ေရာက္မႈမွ် မရွိသေလာက္ပင္ျဖစ္ေၾကာင္း ကုန္သြယ္သူမ်ား ကေျပာ သည္။ သူႏွင့္ သူ၏ေဈးကြက္လိုလားေသာမူဝါဒမ်ားသည္ ရာထူးသက္တမ္းမကုန္မီ ေျပာင္းလဲရန္ မျဖစ္ႏိုင္ေသာေၾကာင့္ ထိုသို႔ျဖစ္သည္ဟု သူတို႔ထင္ၾကသည္။

 “ ဒါဟာလအတန္ၾကာဘယ္လိုဆက္ျဖစ္ေနမယ္ဆိုတကာကို က်ေနာ္တို႔ တနည္းနည္းနဲ႔ သိေနတယ္” ဟု Horizon Investments မွ ရင္းႏွီးျမႇဳပ္ႏွံမႈအရာရွိခ်ဳပ္ Scott Ladner ေျပာသည္။ “လူတိုင္းမွာ ထင္ျမင္ခ်က္ဆိုတာရွိၾကတယ္။ ဘာထင္ျမင္ခ်က္ပဲရရွိ အဲဒါက ေဈးကြက္ထဲမွာ တန္ဖိုးျဖတ္ၿပီးသားပဲ ဆိုတဲ့အဓိပါယ္ပဲ” ဟုလည္း သူဆက္ေျပာသည္။

ညတြင္းခ်င္းပင္ အေမရိကန္ေဈးကြက္မ်ားသည္ ထရမ့္အေပၚ ေအာက္လႊတ္ေတာ္က စြဲခ်က္တင္ျခင္း အား အေလးမထားၾကေတာ့ဘဲ ကုမဏီႀကီးမ်ားထံမွ အားတက္ဖြယ္ ဝင္ေငြ အစီရင္ခံစာမ်ားကိုသာ အာ႐ုံစိုက္ေနၾကသည္။

S&P 500 အၫြဳန္းကိန္းသည္ ဝ.၄ ရာခိုင္ႏႈန္းတက္လာၿပီး ၃၂၀၅.၃၇ သို႔ေရာက္လာသည္။ Dow Jones Industrial Average အၫြဳန္းကိန္းမွာ ဝ.၅ ရာခိုင္ႏႈန္း တက္လာၿပီး ၂၈၃၇၆.၉၆ သို႔စံခ်ိန္တင္ လာသည္။ Nasdaq composite  အၫြဳန္းကိန္းမွာ ဝ.၇ ရာခိုင္ႏႈန္းတက္လာၿပီး ၈၈၈၇.၂၂ သို႔ေရာက္ လာသည္။ ကုမဏီငယ္မ်ား၏ Russell 2000 အၫြဳန္းကိန္းသည္ဝ.၃ ရာခိုင္ႏႈန္းတက္လာၿပီး ၁၆၆၇.၀၉ သို႔ေရာက္လာသည္။

S&P 500 ေနာက္လာမည့္အေၾကာ့ႏွင့္ပတ္သက္ၿပီး ကုန္သည္မ်ားမည္မွ်ပူပန္သည္ကို တိုင္းတာေသာ ကိရိယာအၫြဳန္းကိန္းသည္ ဝ.၆ ရာခိုင္ႏႈန္းသာတက္လာသည္။နယူးေယာက္ ကုန္စည္အိပ္ခ်ိန္းတြင္ အီလက္ထေရာနစ္စနစ္ျဖင့္ ေရာင္းဝယ္ရာတြင္ စံေရနံစိမ္းေဈးသည္ ၃ ဆင့္က်ဆင္းၿပီး အေမရိကန္ေဒၚလာ ၆၁.၁၅ ရွိသည္။ ႏိုင္ငံတကာစံႏႈန္းျဖစ္ေသာ ဘရန႔္ ေရနံစိမ္းသည္ ၁၁ ဆင့္ တက္ လာၿပီး တစည္လွ်င္ အေမရိကန္ ၆၆.၆၅ ရွိသည္။

ေဒၚလာေဈးမွာ အေျပာင္းအလဲမရွိဘဲ တစ္ေဒၚလာလွ်င္ ၁၀၉.၃၅ ယန္းရွိၿပီး ယူ႐ိုသည္ လည္း အေမရိကန္ေဒၚလာ ၁.၁၁၂၁ တြင္ ရွိေနသည္။