【 နိုင်ငံတကာ ဆောင်းပါး 】 “ ကူးစက်ရောဂါက ကမ္ဘာပူးပေါင်းဆောင်ရွက်မှုကို ဆန်းစစ်နေ”

【  နိုင်ငံတကာ ဆောင်းပါး 】 “ ကူးစက်ရောဂါက ကမ္ဘာပူးပေါင်းဆောင်ရွက်မှုကို ဆန်းစစ်နေ”

နိုင်ငံအမျိုးမျိုးမှ အစိုးရများသည် နိုဗယ်ကိုရိုနာ ကမ္ဘာတဝှမ်း ကူးစက်ရောဂါကို တိုက်ဖျက်ရန် အတွက် မတူညီသော နည်းလမ်းများကို ရွေးချယ်ခဲ့ကြသည်။ ထိုနည်းလမ်းများအနက်တခုမှာ ကူးစက်မှုများ သောနေရာ များကို ပိတ်ဆို့ခြင်း၊ ကူးစက်မှုနည်းသောဒေသများရှိ အများပြည်သူ ဆိုင်ရာ နေရာများတွင် နှာခေါင်းစည်းများ မဝတ်မနေရ သတ်မှတ်ခြင်း၊ စက်ရုံအလုပ်ရုံနှင့် ဆိုင်များကို ပိတ်ခြင်းနှင့် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးများ ဆိုင်းငံ့ခြင်း စသည့် တင်းကျပ်သော အစီအမံများ ချမှတ်ခြင်းဖြစ်သည်။ ထိုနည်းလမ်းကို တရုတ်နိုင်ငံက ရွေးချယ်ခဲ့ သည်။

အထူးသဖြင့် စပိန်နှင့် အီတလီပါဝင်သော အချို့ ဥရောပနိုင်ငံများတွင် ရောဂါကူးစက်မှု အများ ဆုံး ဖြစ်ပြီး တုံ့ပြန်ဆောင်ရွက်မှု နောက်ကျသည်။ တရုတ်နိုင်ငံတွင် ကဲ့သို့တင်းကျပ်သော အစီအမံများကို ၎င်းတို့ချမှတ်သော အခါတွင်မူ အီတလီတွင် အစီအမံများသည် လွန်စွာ တင်းကျပ်သော်လည်း ၎င်းတို့အတွက် အကောင်းဆုံးရလဒ် ရရှိရန် လွန်စွာနောက်ကျသွားပြီ ဖြစ်သည်။

ချက်သမ္မတနိုင်ငံမှ အပေါင်းလက္ခဏာဆောင်သော ဇာတ်လမ်း

သို့သော် ချက်သမ္မတ နိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော ဇာတ်လမ်းတခု ပြောရန် ရှိလာ သည်။ တရုတ်နှင့် ဗဟိုနှင့် အရှေ့ဥရောပ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအရ ချက်သမ္မတ နိုင်ငံသည် ထိရောက်မှုရှိရေး အတွက် လွန်စွာမစောစေရန်နှင့် နောက်မကျစေရန် တင်းကျပ်သော အစီအမံများ ချမှတ်ရေးအတွက် အချိန်ကောင်းကို စောင့်နေခဲ့သည်။ အခြားသော အိမ်နီးချင်း ဥရောပနိုင်ငံများ ကလည်း အလားတူ တုံ့ပြန်ခဲ့ကြသည်။

ယခုအခါတွင် ချက်သမ္မတနိုင်ငံက  ကောင်းမွန်သော သွားလာမှု ကန့်သတ်ရေး အစီအမံများကို စတင် လုပ်ကိုင်နေသည့် တချိန်တည်းတွင် ထိတွေ့ဆက်ဆံမှု ခြေရာခံရေးအတွက် နည်းအဆင့် မြင့် နည်းပညာများကို အသုံးပြုသည်။ ထိုကဲ့သို့သော နည်းလမ်းသည် တရုတ်၊ စင်္ကာပူ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများတွင် အောင်မြင်ကြောင်း သက်သေပြပြီးဖြစ်သည်။
ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု အစိုးရများသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါနှင့် ပတ်သက် ပြီး ပိုမို လျှော့ရဲသော အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိသည့် နည်းလမ်းကို ကနဦးတွင် ချမှတ်ခဲ့ကြသည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် ထိုနှစ်နိုင်ငံတွင် အခြေအနေသည် ကောင်းမွန်လာခြင်းမရှိခဲ့ပေ။ ဗြိတိန်နိုင်ငံအ နေဖြင့် လူအုပ်စု လိုက်ရောဂါခံနိုင်ရည် ရှိမလာမီ လူ ၂ သိန်းအထိ သေနိုင်သည်ကို သိလာသောအခါ ကြီးမားလှသော ဖိအားအောက် တွင် ဗြိတိန်အစိုးရသည် ၎င်း၏ နည်းလမ်းကို ပြန်လည်သုံးသပ်လာရပြီး စည်းမျဉ်းများကို တင်းကျပ်လိုက်ရသည်။ သို့တိုင် ထိုဗိုင်းရပ်စ်သည် ကြာသပတေးနေ့အထိ ဗြိတိန်တွင် အသက်ပေါင်း ၁၇၀၀၀ ကျော်သေဆုံး စေပြီးဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ပုံမှန်အခြေအနေသို့ ဖြည်းဖြည်းခြင်း ပြန်ရောက်နိုင်

ရေရှည်တွင် ကမ္ဘာ့စီးပွားရေးသည် ပြန်တက်လာနိုင်သော်လည်း ကမ္ဘာတဝှမ်းကူးစက်ရောဂါ၏ ကာလတို အကျိုးသက်ရောက်မှုအဖြစ် စီးပွားရေးုလုပ်ငန်းများသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းထက် ပိုမိုနှေးကွေးသွားခဲ့သည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ် အတည်း နှင့်မတူသည်မှာ ထိုအချိန်မှစတင်ပြီး စီးပွားရေး နှေးကွေးမှု ဖြစ်စေရန် အကြောင်း မရှိတော့ ခြင်းဖြစ်ပြီး ကမ္ဘာ့စီးပွားရေးသည် တဖြည်းဖြည်းခြင်း ဖြစ်သော် လည်း စီးပွားရေး ကြောင့် မဟုတ်သည့် ဗိုင်းရပ်စ်ပြဿနာ ပျောက်ကွယ်ပြီးနောက် မူလအခြေအနေသို့ ပြန်လည် ရောက်လာမည်ဟု မျှော်လင့်ရသည်။

ထို့အပြင် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ပြည်တွင်းတွင် အကြီးအကျယ် ထိန်းချုပ် နိုင်ခဲ့ပြီး ဥရောပတွင် လည်း ရောဂါကူးစက်မှုသည် နှေးကွေးသွားပုံရသည်။ ပထမသုံးလပါတ် အတွင်း ရောဂါကူးစက်ခံရပြီးနောက် တရုတ်စီးပွားရေးသည် ယခုအခါတွင် တိုးတက်သော လက္ခဏာများ ပြသနေပြီဖြစ်သည်။ နောင်နှစ်တွင် တရုတ် နိုင်ငံသည် ၎င်း၏ ခွန်အားများကို ပြန်လည်ရရှိမည်ဖြစ်သည်။ သို့သော် ထိုကိစ္စသည် တရုတ်ကုမ္ပဏီများ၊ မဏ္ဍိုင် အဖွဲ့အစည်း များနှင့် စားသုံးသူများ အပေါ်တွင်သာမူတည်သည်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေး အထူးသဖြင့် ဥရောပသမဂ္ဂနှင့် အမေရိကန် စီးပွားရေးများမည်မျှ တိုးတက်သည် ဆိုသည့် အချက်အပေါ် တွင်လည်း မူတည်နေသည်။

သို့သော် အချို့စီးပွားရေး ပညာရှင်များ၏ ခန့်မှန်းချက်အရ ဂျာမန်စီးပွားရေးသည် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု ခန့်မှန်းရသောကြောင့် ကမ္ဘာ့စီးပွားရေးသည် ကျုံ့သွား မည် ဖြစ်သော်လည်း တရုတ်နိုင်ငံသည် အနောက်နိုင်ငံများထက် စီးပွားရေး လုပ်ငန်းများ ပြန်လည် စတင်မှု ပိုမိုစောသောကြောင့် ကမ္ဘာ့ မျက်နှာစာတွင် တစ်ပမ်းသာနေမည်ဖြစ်သည်။
ထို့ကြောင့် ရေတိုကာလအတွက် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးတွင် ကမ္ဘာတဝှမ်း ဆက်စပ် ပြောင်းလဲမှု ပြိုကွဲခြင်း သဘောသဘာဝများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။

ထိုသို့ဖြစ်သောကြောင့် တရုတ်-အမေရိကန် ကုန်သွယ်ရေး ပွတ်တိုက်မှုအပါအဝင် လက်ရှိ ကမ္ဘာ့ စနစ်၏ တည်ဆောက်ပုံဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ သို့သော် အနာဂါတ်တွင် မိမိတို့သည် ပိုမိုမြင့်မားစွာ တကမ္ဘာလုံး ဆက်စပ်ပြောင်းလဲသော စနစ်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် ထိုပေါင်းစည်းမှုသည် စစ်မှန်သော တကမ္ဘာလုံး ဆက်စပ် ပြောင်းလဲမှုထက် ကမ္ဘာတဝှန်း ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်းသာ ဖြစ်လိမ့်မည်။

လက်တွေ့တွင် တကမ္ဘာလုံး ဆက်စပ်ပြောင်းလဲမှုသည် တကမ္ဘာလုံးပေါင်းစည်းရေလှိုင်း၊ နောက်ဆက်တွဲအဖြစ် တစိတ်တပိုင်း ပေါင်းစည်းခြင်းနှင့် ပိုမိုကြီးမားသော တကမ္ဘာလုံး ပေါင်းစည်းခြင်းတို့အတွင် အနုပဋိလောမ ကျစွာ ပဋိပက္ခဖြစ်နေသည်။ သို့သော် တရုတ်နိုင်ငံသည် ထိုသို့သော အကျပ်အတည်းများကို အတွေ့အကြုံရှိပြီး ဖြစ်သည်။ မကြာသေးမီက ဆယ်စုနှစ် များ အတွင်းတွင်ပင် တရုတ်နိုင်ငံသည် ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်း၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းနှင့် အခြားစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။

ကမ္ဘာ့ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို ပြန်လည်ဖွဲ့စည်းရန်လို

သို့သော် အမေရိကန်ပြည်ထောင်စု၏ အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဟင်နရီကစ်ဆင်ဂျာပြောသည့် အတိုင်း ကမ္ဘာတဝှမ်း ကူးစက်ရောဂါ၏ ပြင်းထန်မှုကို လျှော့တွက်ရန်မဖြစ်နိုင်ပေ။ “ကိုရိုနာဗိုင်းရပ်စ် တကမ္ဘာလုံးကူးစက်ရောဂါသည် ကမ္ဘာ့စနစ်ကို ထာဝရပြောင်းလဲပစ်လိမ့်မည်”  ဟု မကြာသေးမီက ဝေါစထရိဂျာနယ်မှ ဆောင်းပါးတပုဒ်တွင် သူရေးသားခဲ့ပြီး ပြည်သူ့ ကျန်းမာရေး ကို ကာကွယ်ရန်နှင့် မတူညီသည့် ခေတ်သစ်အတွက် စတင် ပြင်ဆင်ရေးနှစ်ခုလုံးကို စီမံကိုင်တွယ်ရန် သူအလေးထားပြောသည်။

မိမိတို့အနေဖြင့် ထိုအပြောင်းအလဲကို ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုကို  ပိုမိုကောင်းမွန်ရေးအတွက် ပြန်လည် ဖွဲ့စည်းရန် အခွင့်အလမ်းအဖြစ် အပြုသဘော မှတ်ယူနိုင်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ်အပေါ်  ပိုမိုအားဖြည့်နိုင်ပြီး ယူရေးရှားနှင့် ပူးပေါင်းဆောင်ရွက် မှုနှင့် အကူအညီ အထူးလိုအပ်နေသော  အာရှ၊ အာဖရိကမှ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်အဟုန် မြှင့်တင်နိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကျား၊မ ကြီး၊ငယ် ဆင်းရဲ၊ ချမ်းသာ ခွဲခြားခြင်းမရှိသည်မှာ မှန်သည်။ သို့သော်ပကတိ အချက်မှာ ဆင်းရဲသော သူများသည် ဆိုးရွားသော အခြေအနေများတွင် နေထိုင် လုပ်ကိုင်ရခြင်းဖြစ်ပြီး ဝင်ငွေမြင့်မားသူများထက် ပိုမိုကူးစက်ခံရနိုင်ခြေရှိခြင်းဖြစ်သည်။ပိုမို ပြင်းထန် သော ပြဿနာများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်ရဖွံဖြိုးဆဲနိုင်ငံ များတွင် အခြေအနေ သည် အထူးသဖြင့် ပိုမိုဆိုးရွားပြီး ဥပမာအားဖြင့် ထိုနိုင်ငံများမှ ပြည်သူများသည် လုံလောက် သော သောက်သုံးရေနှင့် ဆပ်ပြာမရဘဲ အထူးသဖြင့် တောင်နှင့်အရှေ့တောင်အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကမှ ဆင်းရဲသားရပ်ကွက်များတွင် အခြေအနေမှာ ပိုမိုဆိုးရွားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီရန် အစီအမံများကို ယခု ချမှတ်ခြင်းမရှိလျှင် ထိုဗိုင်းရပ်စ်ပိုးသည် လူ သန်းပေါင်း ၅၀၀ ခန့်ကို ဆင်းရဲနွမ်းပါးမှုသို့ တွန်းပို့မည်ဟု Oxfam ကခန့်မှန်းသည်။ ထို့ကြောင့် ထိုရောဂါဖြစ်ပွားမှု သည် လက်ရှိ မညီမျှမှုများကို ပိုမိုဆိုးရွားစေပြီး အထူးသဖြင့် သွေးစည်း ချစ်ကြည်မှု ဖြစ်မလာဘဲ သီးခံမှု ကင်းမဲ့ ခြင်း နှင် လူမျိုးရေးဝါဒများ ပေါ်ပေါက်လာက အခြေအနေ ပိုဆိုးမည်ဖြစ်သည်။

မိမိတို့သည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝှမ်းကူးစက်ရောဂါမှ လေ့လာသင်ယူနိုင်ပြီး အတိတ်မှ ပြဿနာ များမှ မိမိတို့ကိုယ် မိမိတို့လွတ်မြောက်စေနိုင်သည်။ ယခုကမ္ဘာတဝှမ်း ကူးစက်ရောဂါ သည် ကမ္ဘာတဝှမ်းပူးပေါင်း ဆောင်ရွက်ရေး လုပ်ဖေါ်ကိုင်ဖက်များကို အကဲစမ်းလိုက် ခြင်းဖြစ် သည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့သည် ကိုရိုနာဗိုင်းရပ်စ်၊ ၎င်း၏ ကျန်းမာရေး အန္တရာယ်များ၊ လူမှုစီးပွားပြဿနာများနှင့် နိုင်ငံရေးစိန်ခေါ်မှုများကို စီမံကျော်လွှား နိုင်မည်ဖြစ်သည်။

(  Zawgyi   )

 ႏိုင္ငံအမ်ိဳးမ်ိဳးမွ အစိုးရမ်ားသည္ ႏိုဗယ္ကို႐ိုနာ ကမာၻတဝွမ္း ကူးစက္ေရာဂါကို တိုက္ဖ်က္ရန္ အတြက္ မတူညီေသာ နည္းလမ္းမ်ားကို ေ႐ြးခ်ယ္ခဲ့ၾကသည္။ ထိုနည္းလမ္းမ်ားအနက္တခုမွာ ကူးစက္မႈမ်ား ေသာေနရာ မ်ားကို ပိတ္ဆို႔ျခင္း၊ ကူးစက္မႈနည္းေသာေဒသမ်ားရွိ အမ်ားျပည္သူ ဆိုင္ရာ ေနရာမ်ားတြင္ ႏွာေခါင္းစည္းမ်ား မဝတ္မေနရ သတ္မွတ္ျခင္း၊ စက္႐ုံအလုပ္႐ုံႏွင့္ ဆိုင္မ်ားကို ပိတ္ျခင္းႏွင့္ အမ်ားျပည္သူဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးမ်ား ဆိုင္းငံ့ျခင္း စသည့္ တင္းက်ပ္ေသာ အစီအမံမ်ား ခ်မွတ္ျခင္းျဖစ္သည္။ ထိုနည္းလမ္းကို တ႐ုတ္ႏိုင္ငံက ေ႐ြးခ်ယ္ခဲ့ သည္။

အထူးသျဖင့္ စပိန္ႏွင့္ အီတလီပါဝင္ေသာ အခ်ိဳ႕ ဥေရာပႏိုင္ငံမ်ားတြင္ ေရာဂါကူးစက္မႈ အမ်ား ဆုံး ျဖစ္ၿပီး တုံ႔ျပန္ေဆာင္႐ြက္မႈ ေနာက္က်သည္။ တ႐ုတ္ႏိုင္ငံတြင္ ကဲ့သို႔တင္းက်ပ္ေသာ အစီအမံမ်ားကို ၎တို႔ခ်မွတ္ေသာ အခါတြင္မူ အီတလီတြင္ အစီအမံမ်ားသည္ လြန္စြာ တင္းက်ပ္ေသာ္လည္း ၎တို႔အတြက္ အေကာင္းဆုံးရလဒ္ ရရွိရန္ လြန္စြာေနာက္က်သြားၿပီ ျဖစ္သည္။

ခ်က္သမၼတႏိုင္ငံမွ အေပါင္းလကၡဏာေဆာင္ေသာ ဇာတ္လမ္း

သို႔ေသာ္ ခ်က္သမၼတ ႏိုင္ငံတြင္ အေပါင္းလကၡဏာေဆာင္ေသာ ဇာတ္လမ္းတခု ေျပာရန္ ရွိလာ သည္။ တ႐ုတ္ႏွင့္ ဗဟိုႏွင့္ အေရွ႕ဥေရာပ ပူးေပါင္းေဆာင္႐ြက္ေရး ယႏၲရားအရ ခ်က္သမၼတ ႏိုင္ငံသည္ ထိေရာက္မႈရွိေရး အတြက္ လြန္စြာမေစာေစရန္ႏွင့္ ေနာက္မက်ေစရန္ တင္းက်ပ္ေသာ အစီအမံမ်ား ခ်မွတ္ေရးအတြက္ အခ်ိန္ေကာင္းကို ေစာင့္ေနခဲ့သည္။ အျခားေသာ အိမ္နီးခ်င္း ဥေရာပႏိုင္ငံမ်ား ကလည္း အလားတူ တုံ႔ျပန္ခဲ့ၾကသည္။

ယခုအခါတြင္ ခ်က္သမၼတႏိုင္ငံက  ေကာင္းမြန္ေသာ သြားလာမႈ ကန႔္သတ္ေရး အစီအမံမ်ားကို စတင္ လုပ္ကိုင္ေနသည့္ တခ်ိန္တည္းတြင္ ထိေတြ႕ဆက္ဆံမႈ ေျခရာခံေရးအတြက္ နည္းအဆင့္ ျမင့္ နည္းပညာမ်ားကို အသုံးျပဳသည္။ ထိုကဲ့သို႔ေသာ နည္းလမ္းသည္ တ႐ုတ္၊ စကၤာပူ၊ ကိုရီးယား သမၼတႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားတြင္ ေအာင္ျမင္ေၾကာင္း သက္ေသျပၿပီးျဖစ္သည္။
ၿဗိတိန္ႏွင့္ အေမရိကန္ျပည္ေထာင္စု အစိုးရမ်ားသည္ ကမာၻတဝွမ္း ကူးစက္ေရာဂါႏွင့္ ပတ္သက္ ၿပီး ပိုမို ေလွ်ာ့ရဲေသာ အစိုးရက ဝင္ေရာက္စြက္ဖက္ျခင္း မရွိသည့္ နည္းလမ္းကို ကနဦးတြင္ ခ်မွတ္ခဲ့ၾကသည္။

ထိုသို႔လုပ္ေဆာင္ျခင္းေၾကာင့္ ထိုႏွစ္ႏိုင္ငံတြင္ အေျခအေနသည္ ေကာင္းမြန္လာျခင္းမရွိခဲ့ေပ။ ၿဗိတိန္ႏိုင္ငံအ ေနျဖင့္ လူအုပ္စု လိုက္ေရာဂါခံႏိုင္ရည္ ရွိမလာမီ လူ ၂ သိန္းအထိ ေသႏိုင္သည္ကို သိလာေသာအခါ ႀကီးမားလွေသာ ဖိအားေအာက္ တြင္ ၿဗိတိန္အစိုးရသည္ ၎၏ နည္းလမ္းကို ျပန္လည္သုံးသပ္လာရၿပီး စည္းမ်ဥ္းမ်ားကို တင္းက်ပ္လိုက္ရသည္။ သို႔တိုင္ ထိုဗိုင္းရပ္စ္သည္ ၾကာသပေတးေန႔အထိ ၿဗိတိန္တြင္ အသက္ေပါင္း ၁၇၀၀၀ ေက်ာ္ေသဆုံး ေစၿပီးျဖစ္သည္။

ကမာၻ႔စီးပြားေရး ပုံမွန္အေျခအေနသို႔ ျဖည္းျဖည္းျခင္း ျပန္ေရာက္ႏိုင္

ေရရွည္တြင္ ကမာၻ႔စီးပြားေရးသည္ ျပန္တက္လာႏိုင္ေသာ္လည္း ကမာၻတဝွမ္းကူးစက္ေရာဂါ၏ ကာလတို အက်ိဳးသက္ေရာက္မႈအျဖစ္ စီးပြားေရးုလုပ္ငန္းမ်ားသည္ ၂၀၀၈ ခုႏွစ္ ကမာၻ႔ ဘ႑ာေရး အက်ပ္အတည္းထက္ ပိုမိုေႏွးေကြးသြားခဲ့သည္။ ၂၀၀၈ ခုႏွစ္ ဘ႑ာေရး အက်ပ္ အတည္း ႏွင့္မတူသည္မွာ ထိုအခ်ိန္မွစတင္ၿပီး စီးပြားေရး ေႏွးေကြးမႈ ျဖစ္ေစရန္ အေၾကာင္း မရွိေတာ့ ျခင္းျဖစ္ၿပီး ကမာၻ႔စီးပြားေရးသည္ တျဖည္းျဖည္းျခင္း ျဖစ္ေသာ္ လည္း စီးပြားေရး ေၾကာင့္ မဟုတ္သည့္ ဗိုင္းရပ္စ္ျပႆနာ ေပ်ာက္ကြယ္ၿပီးေနာက္ မူလအေျခအေနသို႔ ျပန္လည္ ေရာက္လာမည္ဟု ေမွ်ာ္လင့္ရသည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ ဗိုင္းရပ္စ္ပိုးပ်ံ႕ႏွံ႔မႈကို ျပည္တြင္းတြင္ အႀကီးအက်ယ္ ထိန္းခ်ဳပ္ ႏိုင္ခဲ့ၿပီး ဥေရာပတြင္ လည္း ေရာဂါကူးစက္မႈသည္ ေႏွးေကြးသြားပုံရသည္။ ပထမသုံးလပါတ္ အတြင္း ေရာဂါကူးစက္ခံရၿပီးေနာက္ တ႐ုတ္စီးပြားေရးသည္ ယခုအခါတြင္ တိုးတက္ေသာ လကၡဏာမ်ား ျပသေနၿပီျဖစ္သည္။ ေနာင္ႏွစ္တြင္ တ႐ုတ္ ႏိုင္ငံသည္ ၎၏ ခြန္အားမ်ားကို ျပန္လည္ရရွိမည္ျဖစ္သည္။ သို႔ေသာ္ ထိုကိစၥသည္ တ႐ုတ္ကုမၸဏီမ်ား၊ မ႑ိဳင္ အဖြဲ႕အစည္း မ်ားႏွင့္ စားသုံးသူမ်ား အေပၚတြင္သာမူတည္သည္မဟုတ္ဘဲ ကမာၻ႔စီးပြားေရး အထူးသျဖင့္ ဥေရာပသမဂၢႏွင့္ အေမရိကန္ စီးပြားေရးမ်ားမည္မွ် တိုးတက္သည္ ဆိုသည့္ အခ်က္အေပၚ တြင္လည္း မူတည္ေနသည္။

သို႔ေသာ္ အခ်ိဳ႕စီးပြားေရး ပညာရွင္မ်ား၏ ခန႔္မွန္းခ်က္အရ ဂ်ာမန္စီးပြားေရးသည္ ၅ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားမည္ဟု ခန႔္မွန္းရေသာေၾကာင့္ ကမာၻ႔စီးပြားေရးသည္ က်ဳံ႕သြား မည္ ျဖစ္ေသာ္လည္း တ႐ုတ္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားထက္ စီးပြားေရး လုပ္ငန္းမ်ား ျပန္လည္ စတင္မႈ ပိုမိုေစာေသာေၾကာင့္ ကမာၻ႔ မ်က္ႏွာစာတြင္ တစ္ပမ္းသာေနမည္ျဖစ္သည္။
ထို႔ေၾကာင့္ ေရတိုကာလအတြက္ ကုန္ထုတ္လုပ္မႈႏွင့္ ကုန္သြယ္ေရးတြင္ ကမာၻတဝွမ္း ဆက္စပ္ ေျပာင္းလဲမႈ ၿပိဳကြဲျခင္း သေဘာသဘာဝမ်ား ဆက္လက္ျဖစ္ေပၚေနမည္ျဖစ္သည္။

ထိုသို႔ျဖစ္ေသာေၾကာင့္ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရး ပြတ္တိုက္မႈအပါအဝင္ လက္ရွိ ကမာၻ႔ စနစ္၏ တည္ေဆာက္ပုံဆိုင္ရာ စီးပြားေရးႏွင့္ ဘ႑ာေရးျပႆနာမ်ားကို ပိုမိုဆိုး႐ြားေစႏိုင္သည္။ သို႔ေသာ္ အနာဂါတ္တြင္ မိမိတို႔သည္ ပိုမိုျမင့္မားစြာ တကမာၻလုံး ဆက္စပ္ေျပာင္းလဲေသာ စနစ္ကို ေတြ႕ျမင္ရမည္ျဖစ္သည္။ သို႔ေသာ္ ထိုေပါင္းစည္းမႈသည္ စစ္မွန္ေသာ တကမာၻလုံး ဆက္စပ္ ေျပာင္းလဲမႈထက္ ကမာၻတဝွန္း ျပန္လည္ဖြဲ႕စည္းတည္ေဆာက္ျခင္းသာ ျဖစ္လိမ့္မည္။

လက္ေတြ႕တြင္ တကမာၻလုံး ဆက္စပ္ေျပာင္းလဲမႈသည္ တကမာၻလုံးေပါင္းစည္းေရလႈိင္း၊ ေနာက္ဆက္တြဲအျဖစ္ တစိတ္တပိုင္း ေပါင္းစည္းျခင္းႏွင့္ ပိုမိုႀကီးမားေသာ တကမာၻလုံး ေပါင္းစည္းျခင္းတို႔အတြင္ အႏုပဋိေလာမ က်စြာ ပဋိပကၡျဖစ္ေနသည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ ထိုသို႔ေသာ အက်ပ္အတည္းမ်ားကို အေတြ႕အႀကဳံရွိၿပီး ျဖစ္သည္။ မၾကာေသးမီက ဆယ္စုႏွစ္ မ်ား အတြင္းတြင္ပင္ တ႐ုတ္ႏိုင္ငံသည္ ၁၉၉၇ ခုႏွစ္ အာရွေငြေၾကးအက်ပ္အတည္း၊ ၂၀၀၈ ခုႏွစ္ ကမာၻ႔ဘ႑ာေရး အက်ပ္အတည္းႏွင့္ အျခားစိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းခဲ့သည္။

ကမာၻ႔ပူးေပါင္းေဆာင္႐ြက္ေရး ယႏၲရားကို ျပန္လည္ဖြဲ႕စည္းရန္လို

သို႔ေသာ္ အေမရိကန္ျပည္ေထာင္စု၏ အေျခအေနမွာ ပိုမိုဆိုး႐ြားေနသည္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးေဟာင္း ဟင္နရီကစ္ဆင္ဂ်ာေျပာသည့္ အတိုင္း ကမာၻတဝွမ္း ကူးစက္ေရာဂါ၏ ျပင္းထန္မႈကို ေလွ်ာ့တြက္ရန္မျဖစ္ႏိုင္ေပ။ “ကို႐ိုနာဗိုင္းရပ္စ္ တကမာၻလုံးကူးစက္ေရာဂါသည္ ကမာၻ႔စနစ္ကို ထာဝရေျပာင္းလဲပစ္လိမ့္မည္”  ဟု မၾကာေသးမီက ေဝါစထရိဂ်ာနယ္မွ ေဆာင္းပါးတပုဒ္တြင္ သူေရးသားခဲ့ၿပီး ျပည္သူ႔ က်န္းမာေရး ကို ကာကြယ္ရန္ႏွင့္ မတူညီသည့္ ေခတ္သစ္အတြက္ စတင္ ျပင္ဆင္ေရးႏွစ္ခုလုံးကို စီမံကိုင္တြယ္ရန္ သူအေလးထားေျပာသည္။

မိမိတို႔အေနျဖင့္ ထိုအေျပာင္းအလဲကို ကမာၻ႔ပူးေပါင္းေဆာင္႐ြက္မႈကို  ပိုမိုေကာင္းမြန္ေရးအတြက္ ျပန္လည္ ဖြဲ႕စည္းရန္ အခြင့္အလမ္းအျဖစ္ အျပဳသေဘာ မွတ္ယူႏိုင္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ၎၏ ရပ္ဝန္းႏွင့္ လမ္းအစီအစဥ္အေပၚ  ပိုမိုအားျဖည့္ႏိုင္ၿပီး ယူေရးရွားႏွင့္ ပူးေပါင္းေဆာင္႐ြက္ မႈႏွင့္ အကူအညီ အထူးလိုအပ္ေနေသာ  အာရွ၊ အာဖရိကမွ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈကို အရွိန္အဟုန္ ျမႇင့္တင္ႏိုင္သည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ က်ား၊မ ႀကီး၊ငယ္ ဆင္းရဲ၊ ခ်မ္းသာ ခြဲျခားျခင္းမရွိသည္မွာ မွန္သည္။ သို႔ေသာ္ပကတိ အခ်က္မွာ ဆင္းရဲေသာ သူမ်ားသည္ ဆိုး႐ြားေသာ အေျခအေနမ်ားတြင္ ေနထိုင္ လုပ္ကိုင္ရျခင္းျဖစ္ၿပီး ဝင္ေငြျမင့္မားသူမ်ားထက္ ပိုမိုကူးစက္ခံရႏိုင္ေျခရွိျခင္းျဖစ္သည္။ပိုမို ျပင္းထန္ ေသာ ျပႆနာမ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား ရင္ဆိုင္ရဖြံၿဖိဳးဆဲႏိုင္ငံ မ်ားတြင္ အေျခအေန သည္ အထူးသျဖင့္ ပိုမိုဆိုး႐ြားၿပီး ဥပမာအားျဖင့္ ထိုႏိုင္ငံမ်ားမွ ျပည္သူမ်ားသည္ လုံေလာက္ ေသာ ေသာက္သုံးေရႏွင့္ ဆပ္ျပာမရဘဲ အထူးသျဖင့္ ေတာင္ႏွင့္အေရွ႕ေတာင္အာရွ၊ အာဖရိက ႏွင့္ လက္တင္အေမရိကမွ ဆင္းရဲသားရပ္ကြက္မ်ားတြင္ အေျခအေနမွာ ပိုမိုဆိုး႐ြားသည္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို ကူညီရန္ အစီအမံမ်ားကို ယခု ခ်မွတ္ျခင္းမရွိလွ်င္ ထိုဗိုင္းရပ္စ္ပိုးသည္ လူ သန္းေပါင္း ၅၀၀ ခန႔္ကို ဆင္းရဲႏြမ္းပါးမႈသို႔ တြန္းပို႔မည္ဟု Oxfam ကခန႔္မွန္းသည္။ ထို႔ေၾကာင့္ ထိုေရာဂါျဖစ္ပြားမႈ သည္ လက္ရွိ မညီမွ်မႈမ်ားကို ပိုမိုဆိုး႐ြားေစၿပီး အထူးသျဖင့္ ေသြးစည္း ခ်စ္ၾကည္မႈ ျဖစ္မလာဘဲ သီးခံမႈ ကင္းမဲ့ ျခင္း ႏွင္ လူမ်ိဳးေရးဝါဒမ်ား ေပၚေပါက္လာက အေျခအေန ပိုဆိုးမည္ျဖစ္သည္။

မိမိတို႔သည္ ကို႐ိုနာဗိုင္းရပ္စ္ ကမာၻတဝွမ္းကူးစက္ေရာဂါမွ ေလ့လာသင္ယူႏိုင္ၿပီး အတိတ္မွ ျပႆနာ မ်ားမွ မိမိတို႔ကိုယ္ မိမိတို႔လြတ္ေျမာက္ေစႏိုင္သည္။ ယခုကမာၻတဝွမ္း ကူးစက္ေရာဂါ သည္ ကမာၻတဝွမ္းပူးေပါင္း ေဆာင္႐ြက္ေရး လုပ္ေဖၚကိုင္ဖက္မ်ားကို အကဲစမ္းလိုက္ ျခင္းျဖစ္ သည္။ အတူတကြ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ မိမိတို႔သည္ ကို႐ိုနာဗိုင္းရပ္စ္၊ ၎၏ က်န္းမာေရး အႏၲရာယ္မ်ား၊ လူမႈစီးပြားျပႆနာမ်ားႏွင့္ ႏိုင္ငံေရးစိန္ေခၚမႈမ်ားကို စီမံေက်ာ္လႊား ႏိုင္မည္ျဖစ္သည္။