【 ‌ဆောင်းပါး 】 ပိတ်ထားတဲ့ကမ္ဘာကြီးထဲက လူသားတွေ

【 ‌ဆောင်းပါး 】 ပိတ်ထားတဲ့ကမ္ဘာကြီးထဲက လူသားတွေ

မကြာသေးမီက အိန္ဒိယနိုင်ငံ ဆရီနာဂါမြို့မှာ COVID-19 ကူးစက်ရောဂါ အန္တရာယ်ကြောင့် အများပြည်သူတွေကို လုံးဝအပြင်ထွက်ခွင့် မပေးတော့ဘူး။ Lockdown လုပ်ထားတဲ့အချိန်မှာ စည်းကမ်းမလိုက်နာပဲ အပြင်ထွက်တဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက တုတ်တွေ ကိုယ်စီကိုယ်စီကိုင်ပြီး လိုက်လံရိုက်နှက် အပြစ်ပေးတယ်။အပြစ်ပေးတယ်ဆိုတာထက် အိမ်မှာပြန်နေဖို့ မောင်းထုတ်တာပါ။ဒီအဖြစ်ဟာ ရုတ်တရက်ကြည့်ရင်တော့ ရက်စက်တယ်လို့မြင်လိမ့်မယ်။လူ့အခွင့်အရေးဆုံးရှုံးစေတယ်လို့ ပြစ်တင်ဝေဖန်ကောင်း ဝေဖန်လိမ့်မယ်။ဒါပေမဲ့ ဒီလိုတုတ်နဲ့ရိုက်နှက်ပြီး အပြစ်ပေးတာဟာ စေတနာပါတဲ့ ရိုက်နှက်မှုဖြစ်ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမယ့်အရေးကို တားဆီးလိုက်တာပဲဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာဆိုရင်လည်း နိုင်ငံရပ်ခြားကနေ အမိနိုင်ငံတို့ပြန်လာတဲ့လူတွေကို ၁၄ ရက်ကြာ စောင့်ကြည့်ဖို့ သတ်မှတ်ပြဌာန်းထားပေမယ့် ပြန်လာတဲ့သူတွေထဲကအချို့က စည်းကမ်းကိုလိုက်နာကြပေမယ့် ငြင်းဆန်တဲ့သူအချို့လည်း ရှိနေတယ်လို့ဆိုတယ်။တချို့သောဖြစ်ရပ်တွေထဲမှာ ပြန်လာတဲ့သူနဲ့ ရပ်ကွက်သူရပ်ကွက်သားအချို့ ကဏ္ဍာကောဒဖြစ်ပြီး အချင်းများကြတဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုတယ်။နိုင်ငံခြားကနေ ပြန်လာသူတွေအနေနဲ့ အမိနိုင်ငံကိုပြန်ရောက်ချိန်မှာ ကာလအတန်ကြာကွဲကွာနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေကို တွေ့ချင်မြင်ချင်ကြမှာကို နားလည်ပေးလို့ရပါတယ်။ဒါပေမဲ့ သာမန်အချိန်မျိုးမှာ ဒီအရေးကိစ္စကို အထွေအထူးပြောစရာမရှိဘူးဆိုပေမဲ့ COVID-19 ဂယက်ရိုက်ခတ်နေချိန်မျိုးမှာ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းမရှိအောင် ကာကွယ်ကြရမှာလည်းအမှန်ပါ။ဒီလိုအချိန်မျိုးမှာ နိုင်ငံသားအားလုံးက အစိုးရနဲ့ပူးပေါင်းပြီး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ခြင်းကသာ မှန်ကန်တဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူအချို့ကို မိမိတို့နိုင်ငံမှာ တွေ့ရှိနေပြီဖြစ်တဲ့အချိန်လည်းဖြစ်တယ်။လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူ အရေအတွက်နည်းနေသေးတယ်ဆိုပေမဲ့ ပေါ့ဆလို့မရတဲ့အချိန်လည်းဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင် အီတလီနိုင်ငံမှာ ဗိုင်းရပ်စ် စတင်ကူးစက်ခံရစဉ်အချိန်က လူ ၅ ဦးလောက်ရှိပေမဲ့ လပိုင်းအတွင်းမှာ လူပေါင်း ၅၀၀ ကျော် ကူးစက်မှုပျံ့နှံ့သွားတာကိုကြည့်ရင်း COVID-19 ကူးစက်မှုနှုန်း ဘယ်လောက်အထိမြန်နှုန်းမြင့်တယ်ဆိုတာကို ရိပ်စားမိလောက်မှာဖြစ်တယ်။

COVID-19 ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ထပ်မံကူးစက်မှု မရှိတော့သလောက်ဆိုပေမဲ့ အမေရိကနဲ့ ဥရောပမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကြောက်ခမန်းလိလိ မြန်ဆန်လွန်းနေတယ်လို့ ဆိုပါတယ်။လက်ရှိအချိန်ထိကတော့ ဗိုင်းရပ်စ်ကူးစက်နေမှုကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် ဘယ်ဆေးဝါးအကူအညီနဲ့မှ ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အချိန်လည်း ဖြစ်ပါတယ်။ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးရပ်တန့်ဖို့ဆိုတာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့၊ မလိုအပ်ပဲအပြင်မထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညွှန်ကြားချက်တွေကို အလေးထားလိုက်နာကြခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ဆိုရရင် ဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့ခြင်းမရှိအောင် အကောင်းဆုံးတုံ့ပြန်နိုင်မှသာ နောက်ဆုံးအဆင့်ဖြစ်တဲ့ Lockdown အဆင့်ကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

တကယ်တော့ Lockdown လုပ်တယ်ဆိုတာ ကောင်းမွန်တဲ့လက္ခဏာတော့ မဟုတ်ပါဘူး။အဲဒီအခြေအနေမျိုးရောက်သွားရင် အများပြည်သူလူမှုဘဝ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရအပါအဝင် အားလုံးအတွက်က ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားသွားမှာဖြစ်ပါတယ်။
လက်ရှိအနေအထားအရ များသောအားဖြင့် အိမ်တွင်းအောင်းနေကြရတယ်ဆိုပေမဲ့ လိုအပ်တဲ့အချိန်မှာ လမ်းပေါ်ထွက်လို့ရပါသေးတယ်။လိုအပ်တဲ့ လုပ်ငန်းခွင်တွေကို ဆက်လက်လည်ပတ်ခွင့် ရနေပါသေးတယ်။စားစရာအတွက် ဈေးသွားလို့ရပါသေးတယ်။ကျန်းမာရေးအတွက် ဆေးရုံဆေးခန်း ပြေးလို့ရပါသေးတယ်။နောက်တစ်ခုက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား ဝင်ငွေနည်းပါးသူတွေအတွက်လည်း အိမ်ပြင်မှာ လက်ရှိလုပ်လို့ကိုင်လို့ရသလောက် အလုပ်လေးနဲ့ မိသားစုဝမ်းရေးကိစ္စကို ဖြေရှင်းလို့ရနေပါသေးတယ်။

လက်ရှိအချိန်အထိတော့ မိမိတို့နိုင်ငံမှာ ဈေး၊ စားသောက်ဆိုင်နဲ့ လက်လီရောင်းချတဲ့ ကုန်ပဒေသာဆိုင်အတော်များများ ဖွင့်ထားနိုင်ပါသေးတယ်။ဒီအနေအထားဟာ မဆိုးလှသေးတဲ့ အနေအထားလည်းဖြစ်ပါတယ်။ဆိုရရင် လက်ရှိအနေအထားလေး မပျောက်မပျက်ရှိဖို့အတွက် မိမိတို့အားလုံး ဗိုင်းရပ်စ်ကူးစက်မှုမပျံ့နှံ့ရေး စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေကို ထိထိရောက်ရောက်လိုက်နာပြီး ကာကွယ်တားဆီးကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ဘဲ လက်ရှိအနေအထားကိုကြည့်ပြီး ပေါ့ပေါ့ဆဆတွေးလိုက်မယ်ဆိုရင်တော့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေဆိုးဝါးမလာနိုင်ဘူးဆိုတာကို အာမခံနိုင်မှာမဟုတ်ပါဘူး။ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အနေအထားက အများပြည်သူဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်စရာအနေအထား ရောက်လာပြီဆိုရင်တော့ Lockdown ဆိုတာ မဖြစ်မနေရှိလာတော့မှာဖြစ်ပါတယ်။

လမ်းပေါ်ကို ဘယ်သူမှမထွက်ဖို့ တားဆီးပိတ်ပင်လိုက်ပြီဆိုတာနဲ့ လက်ရှိရနေတဲ့ အခွင့်အရေးအားလုံး ဆုံးရှုံးသွားတော့မှာ အသေအချာပဲဖြစ်ပါတယ်။အဲဒီအချိန်ကျရင် မိမိတို့အားလုံး တိတ်ဆိတ်ငြိမ်သက်မှု စည်းရိုးကြီးအတွင်း ဘယ်လောက်ကြာကြာ လှောင်ပိတ်မိနေမလဲဆိုတာ ခန့်မှန်းလို့ရမှာမဟုတ်ပါဘူး။အဲဒီလိုအချိန်ရောက်ရင် တစ်မြို့တစ်ရွာက ဆွေမျိုးသားချင်းတွေ၊ တနယ်တကျေးမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို အခုအချိန်လို ရံဖန်ရံခါတွေ့ချင်ရင်တောင် တွေ့ခွင့်ရတော့မှာမဟုတ်ပါဘူး။

ဒီအကြောင်းကိုစဉ်းစားမိရင် တစ်ခါတုန်းကကြည့်ခဲ့ဖူးတဲ့ Outbreak ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းကိုတောင် အမှတ်ရလာမိပါတယ်။အဲဒီရုပ်ရှင်ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ မြို့လေးကို တားဆီးပိတ်ဆို့ထားတယ်။ဒါပေမဲ့ အဲဒီလိုပိတ်ဆို့ခံထားတဲ့ မြို့ထဲက မိသားစုဝင်အချို့ဟာ မြို့လေးကနေထွက်ပြေးဖို့ ကြိုးပမ်းရင်း ဝမ်းနည်းကြေကွဲစရာ ဇာတ်သိမ်းခန်းလေးဟာ အခုအချိန်အထိ မေ့မရနိုင်သေးတဲ့ ဇာတ်ဝင်ခန်းလေးဖြစ်တယ်။တကယ်တော့ ဘယ်သူမဆို ပိတ်ဆို့တားဆီးခံထားရတဲ့ မြို့လေးထဲမှာ လှောင်ပိတ်မနေချင်ကြတာတော့ အမှန်ပါ။

ဘာပဲဖြစ်ဖြစ် ပိတ်ဆို့ခံရတဲ့အခြေအနေမျိုး မရောက်ဖို့ဆိုရင်တော့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးဆိုတာ အားလုံးမှာတာဝန်ရှိနေတဲ့ အရေးကိစ္စပဲဖြစ်ပါတယ်။ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးနဲ့ ပတ်သက်ရင် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်က အစိုးရကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့၊ ကောလာဟလတွေကို ချင့်ယုံဖို့နဲ့ လူတစ်ဦးချင်း တစ်ယောက်ချင်းစီက တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားလုပ်ဆောင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ဆိုရရင် အိန္ဒိယနိုင်ငံမှာလို တုတ်နဲ့ရိုက်ပြီး အပြစ်ပေးခံရတဲ့ အရုပ်ဆိုးအကျဉ်းတန်မှု မြင်ကွင်းဖြစ်ရပ်မျိုးထက် တာဝန်သိသိနဲ့ စည်းကမ်းလိုက်နာတတ်တဲ့ နိုင်ငံကြီးသားတွေအဖြစ် ပြုမူကျင့်ကြံခြင်းကသာ အသင့်တော်ဆုံးလို့ ယူဆအပ်ပါတယ်။

မြင့်နောင်မိုး
ဧပြီ - ၂၅
( Zawgyi )
မၾကာေသးမီက အိႏၵိယႏိုင္ငံ ဆရီနာဂါၿမိဳ႕မွာ COVID-19 ကူးစက္ေရာဂါ အႏၲရာယ္ေၾကာင့္ အမ်ားျပည္သူေတြကို လုံးဝအျပင္ထြက္ခြင့္ မေပးေတာ့ဘူး။ Lockdown လုပ္ထားတဲ့အခ်ိန္မွာ စည္းကမ္းမလိုက္နာပဲ အျပင္ထြက္တဲ့သူေတြကို ရဲတပ္ဖြဲ႕ဝင္ေတြက တုတ္ေတြ ကိုယ္စီကိုယ္စီကိုင္ၿပီး လိုက္လံ႐ိုက္ႏွက္ အျပစ္ေပးတယ္။အျပစ္ေပးတယ္ဆိုတာထက္ အိမ္မွာျပန္ေနဖို႔ ေမာင္းထုတ္တာပါ။ဒီအျဖစ္ဟာ ႐ုတ္တရက္ၾကည့္ရင္ေတာ့ ရက္စက္တယ္လို႔ျမင္လိမ့္မယ္။လူ႔အခြင့္အေရးဆုံးရႈံးေစတယ္လို႔ ျပစ္တင္ေဝဖန္ေကာင္း ေဝဖန္လိမ့္မယ္။ဒါေပမဲ့ ဒီလိုတုတ္နဲ႔႐ိုက္ႏွက္ၿပီး အျပစ္ေပးတာဟာ ေစတနာပါတဲ့ ႐ိုက္ႏွက္မႈျဖစ္ၿပီး လူ႔အသက္ေပါင္းမ်ားစြာ ဆုံးရႈံးမယ့္အေရးကို တားဆီးလိုက္တာပဲျဖစ္ပါတယ္။

မိမိတို႔ႏိုင္ငံမွာဆိုရင္လည္း ႏိုင္ငံရပ္ျခားကေန အမိႏိုင္ငံတို႔ျပန္လာတဲ့လူေတြကို ၁၄ ရက္ၾကာ ေစာင့္ၾကည့္ဖို႔ သတ္မွတ္ျပဌာန္းထားေပမယ့္ ျပန္လာတဲ့သူေတြထဲကအခ်ိဳ႕က စည္းကမ္းကိုလိုက္နာၾကေပမယ့္ ျငင္းဆန္တဲ့သူအခ်ိဳ႕လည္း ရွိေနတယ္လို႔ဆိုတယ္။တခ်ိဳ႕ေသာျဖစ္ရပ္ေတြထဲမွာ ျပန္လာတဲ့သူနဲ႔ ရပ္ကြက္သူရပ္ကြက္သားအခ်ိဳ႕ က႑ာေကာဒျဖစ္ၿပီး အခ်င္းမ်ားၾကတဲ့အထိ ျဖစ္ခဲ့တယ္လို႔ဆိုတယ္။ႏိုင္ငံျခားကေန ျပန္လာသူေတြအေနနဲ႔ အမိႏိုင္ငံကိုျပန္ေရာက္ခ်ိန္မွာ ကာလအတန္ၾကာကြဲကြာေနတဲ့ မိသားစုဝင္ေတြ၊ မိတ္ေဆြသူငယ္ခ်င္း အေပါင္းအသင္းေတြကို ေတြ႕ခ်င္ျမင္ခ်င္ၾကမွာကို နားလည္ေပးလို႔ရပါတယ္။ဒါေပမဲ့ သာမန္အခ်ိန္မ်ိဳးမွာ ဒီအေရးကိစၥကို အေထြအထူးေျပာစရာမရွိဘူးဆိုေပမဲ့ COVID-19 ဂယက္႐ိုက္ခတ္ေနခ်ိန္မ်ိဳးမွာ ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔ျခင္းမရွိေအာင္ ကာကြယ္ၾကရမွာလည္းအမွန္ပါ။ဒီလိုအခ်ိန္မ်ိဳးမွာ ႏိုင္ငံသားအားလုံးက အစိုးရနဲ႔ပူးေပါင္းၿပီး ဝိုင္းဝန္းလက္တြဲေဆာင္႐ြက္ျခင္းကသာ မွန္ကန္တဲ့လုပ္ေဆာင္မႈျဖစ္ပါတယ္။

အခုလိုအခ်ိန္မ်ိဳးမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူအခ်ိဳ႕ကို မိမိတို႔ႏိုင္ငံမွာ ေတြ႕ရွိေနၿပီျဖစ္တဲ့အခ်ိန္လည္းျဖစ္တယ္။လက္ရွိအခ်ိန္မွာ ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့သူ အေရအတြက္နည္းေနေသးတယ္ဆိုေပမဲ့ ေပါ့ဆလို႔မရတဲ့အခ်ိန္လည္းျဖစ္ပါတယ္။ဘာေၾကာင့္ဒီလိုေျပာရလဲဆိုရင္ အီတလီႏိုင္ငံမွာ ဗိုင္းရပ္စ္ စတင္ကူးစက္ခံရစဥ္အခ်ိန္က လူ ၅ ဦးေလာက္ရွိေပမဲ့ လပိုင္းအတြင္းမွာ လူေပါင္း ၅၀၀ ေက်ာ္ ကူးစက္မႈပ်ံ႕ႏွံ႔သြားတာကိုၾကည့္ရင္း COVID-19 ကူးစက္မႈႏႈန္း ဘယ္ေလာက္အထိျမန္ႏႈန္းျမင့္တယ္ဆိုတာကို ရိပ္စားမိေလာက္မွာျဖစ္တယ္။

COVID-19 ဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ ဗိုင္းရပ္စ္ထပ္မံကူးစက္မႈ မရွိေတာ့သေလာက္ဆိုေပမဲ့ အေမရိကနဲ႔ ဥေရာပမွာေတာ့ ဗိုင္းရပ္စ္ကူးစက္မႈဟာ ေၾကာက္ခမန္းလိလိ ျမန္ဆန္လြန္းေနတယ္လို႔ ဆိုပါတယ္။လက္ရွိအခ်ိန္ထိကေတာ့ ဗိုင္းရပ္စ္ကူးစက္ေနမႈကို ရပ္တန႔္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ ဘယ္ေဆးဝါးအကူအညီနဲ႔မွ ေဆာင္႐ြက္ႏိုင္ျခင္းမရွိေသးတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ဗိုင္းရပ္စ္ကူးစက္မႈ ေႏွးေကြးရပ္တန႔္ဖို႔ဆိုတာ တစ္ကိုယ္ေရသန႔္ရွင္းေရးကို အထူးဂ႐ုစိုက္ဖို႔၊ မလိုအပ္ပဲအျပင္မထြက္ဖို႔၊ လူစုလူေဝးမလုပ္ဖို႔၊ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ၫႊန္ၾကားခ်က္ေတြကို အေလးထားလိုက္နာၾကျခင္းကသာ အေကာင္းဆုံးျဖစ္ပါတယ္။ဆိုရရင္ ဗိုင္းရပ္စ္ကူးစက္မႈ ပ်ံ႕ႏွံ႔ျခင္းမရွိေအာင္ အေကာင္းဆုံးတုံ႔ျပန္ႏိုင္မွသာ ေနာက္ဆုံးအဆင့္ျဖစ္တဲ့ Lockdown အဆင့္ကို ေရွာင္လႊဲႏိုင္မွာျဖစ္ပါတယ္။

တကယ္ေတာ့ Lockdown လုပ္တယ္ဆိုတာ ေကာင္းမြန္တဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။အဲဒီအေျခအေနမ်ိဳးေရာက္သြားရင္ အမ်ားျပည္သူလူမႈဘဝ ေဘးကင္းလုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး အစိုးရအပါအဝင္ အားလုံးအတြက္က ဝန္ထုပ္ဝန္ပိုး ပိုမိုႀကီးမားသြားမွာျဖစ္ပါတယ္။
လက္ရွိအေနအထားအရ မ်ားေသာအားျဖင့္ အိမ္တြင္းေအာင္းေနၾကရတယ္ဆိုေပမဲ့ လိုအပ္တဲ့အခ်ိန္မွာ လမ္းေပၚထြက္လို႔ရပါေသးတယ္။လိုအပ္တဲ့ လုပ္ငန္းခြင္ေတြကို ဆက္လက္လည္ပတ္ခြင့္ ရေနပါေသးတယ္။စားစရာအတြက္ ေဈးသြားလို႔ရပါေသးတယ္။က်န္းမာေရးအတြက္ ေဆး႐ုံေဆးခန္း ေျပးလို႔ရပါေသးတယ္။ေနာက္တစ္ခုက တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ လက္လုပ္လက္စား ဝင္ေငြနည္းပါးသူေတြအတြက္လည္း အိမ္ျပင္မွာ လက္ရွိလုပ္လို႔ကိုင္လို႔ရသေလာက္ အလုပ္ေလးနဲ႔ မိသားစုဝမ္းေရးကိစၥကို ေျဖရွင္းလို႔ရေနပါေသးတယ္။

လက္ရွိအခ်ိန္အထိေတာ့ မိမိတို႔ႏိုင္ငံမွာ ေဈး၊ စားေသာက္ဆိုင္နဲ႔ လက္လီေရာင္းခ်တဲ့ ကုန္ပေဒသာဆိုင္အေတာ္မ်ားမ်ား ဖြင့္ထားႏိုင္ပါေသးတယ္။ဒီအေနအထားဟာ မဆိုးလွေသးတဲ့ အေနအထားလည္းျဖစ္ပါတယ္။ဆိုရရင္ လက္ရွိအေနအထားေလး မေပ်ာက္မပ်က္ရွိဖို႔အတြက္ မိမိတို႔အားလုံး ဗိုင္းရပ္စ္ကူးစက္မႈမပ်ံ႕ႏွံ႔ေရး စည္းကမ္းေတြ၊ ၫႊန္ၾကားခ်က္ေတြကို ထိထိေရာက္ေရာက္လိုက္နာၿပီး ကာကြယ္တားဆီးၾကဖို႔ လိုအပ္မွာျဖစ္ပါတယ္။ဒီလိုမွမဟုတ္ဘဲ လက္ရွိအေနအထားကိုၾကည့္ၿပီး ေပါ့ေပါ့ဆဆေတြးလိုက္မယ္ဆိုရင္ေတာ့ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ အေျခအေနဆိုးဝါးမလာႏိုင္ဘူးဆိုတာကို အာမခံႏိုင္မွာမဟုတ္ပါဘူး။ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ အေနအထားက အမ်ားျပည္သူေဘးကင္းလုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္စရာအေနအထား ေရာက္လာၿပီဆိုရင္ေတာ့ Lockdown ဆိုတာ မျဖစ္မေနရွိလာေတာ့မွာျဖစ္ပါတယ္။

လမ္းေပၚကို ဘယ္သူမွမထြက္ဖို႔ တားဆီးပိတ္ပင္လိုက္ၿပီဆိုတာနဲ႔ လက္ရွိရေနတဲ့ အခြင့္အေရးအားလုံး ဆုံးရႈံးသြားေတာ့မွာ အေသအခ်ာပဲျဖစ္ပါတယ္။အဲဒီအခ်ိန္က်ရင္ မိမိတို႔အားလုံး တိတ္ဆိတ္ၿငိမ္သက္မႈ စည္း႐ိုးႀကီးအတြင္း ဘယ္ေလာက္ၾကာၾကာ ေလွာင္ပိတ္မိေနမလဲဆိုတာ ခန႔္မွန္းလို႔ရမွာမဟုတ္ပါဘူး။အဲဒီလိုအခ်ိန္ေရာက္ရင္ တစ္ၿမိဳ႕တစ္႐ြာက ေဆြမ်ိဳးသားခ်င္းေတြ၊ တနယ္တေက်းမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ မိသားစုဝင္ေတြကို အခုအခ်ိန္လို ရံဖန္ရံခါေတြ႕ခ်င္ရင္ေတာင္ ေတြ႕ခြင့္ရေတာ့မွာမဟုတ္ပါဘူး။

ဒီအေၾကာင္းကိုစဥ္းစားမိရင္ တစ္ခါတုန္းကၾကည့္ခဲ့ဖူးတဲ့ Outbreak ႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္းတစ္ခန္းကိုေတာင္ အမွတ္ရလာမိပါတယ္။အဲဒီ႐ုပ္ရွင္ထဲမွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ ၿမိဳ႕ေလးကို တားဆီးပိတ္ဆို႔ထားတယ္။ဒါေပမဲ့ အဲဒီလိုပိတ္ဆို႔ခံထားတဲ့ ၿမိဳ႕ထဲက မိသားစုဝင္အခ်ိဳ႕ဟာ ၿမိဳ႕ေလးကေနထြက္ေျပးဖို႔ ႀကိဳးပမ္းရင္း ဝမ္းနည္းေၾကကြဲစရာ ဇာတ္သိမ္းခန္းေလးဟာ အခုအခ်ိန္အထိ ေမ့မရႏိုင္ေသးတဲ့ ဇာတ္ဝင္ခန္းေလးျဖစ္တယ္။တကယ္ေတာ့ ဘယ္သူမဆို ပိတ္ဆို႔တားဆီးခံထားရတဲ့ ၿမိဳ႕ေလးထဲမွာ ေလွာင္ပိတ္မေနခ်င္ၾကတာေတာ့ အမွန္ပါ။

ဘာပဲျဖစ္ျဖစ္ ပိတ္ဆို႔ခံရတဲ့အေျခအေနမ်ိဳး မေရာက္ဖို႔ဆိုရင္ေတာ့ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ေရးဆိုတာ အားလုံးမွာတာဝန္ရွိေနတဲ့ အေရးကိစၥပဲျဖစ္ပါတယ္။ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ေရးနဲ႔ ပတ္သက္ရင္ ႏိုင္ငံသားတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ တာဝန္က အစိုးရကထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔၊ ေကာလာဟလေတြကို ခ်င့္ယုံဖို႔နဲ႔ လူတစ္ဦးခ်င္း တစ္ေယာက္ခ်င္းစီက တစ္ကိုယ္ေရသန႔္ရွင္းေရးကို အေလးထားလုပ္ေဆာင္ၾကဖို႔ လိုအပ္မွာျဖစ္ပါတယ္။ဆိုရရင္ အိႏၵိယႏိုင္ငံမွာလို တုတ္နဲ႔႐ိုက္ၿပီး အျပစ္ေပးခံရတဲ့ အ႐ုပ္ဆိုးအက်ဥ္းတန္မႈ ျမင္ကြင္းျဖစ္ရပ္မ်ိဳးထက္ တာဝန္သိသိနဲ႔ စည္းကမ္းလိုက္နာတတ္တဲ့ ႏိုင္ငံႀကီးသားေတြအျဖစ္ ျပဳမူက်င့္ႀကံျခင္းကသာ အသင့္ေတာ္ဆုံးလို႔ ယူဆအပ္ပါတယ္။

ျမင့္ေနာင္မိုး
ဧၿပီ - ၂၅