【 သရော်စာ 】 မောင်မဲ ရဲ့ မဲရုံအော်ပရေးရှင်း

【 သရော်စာ 】 မောင်မဲ ရဲ့ မဲရုံအော်ပရေးရှင်း

ဒီနေ့ မဲပေးရမည့်နေ့။

မောင်မဲ တစ်ယောက် ရင်တွေ တစ်ဒိတ်ဒိတ်ခုန်နေသည်။

ပြောင်းလဲရမည်။ပြောင်းလဲရမည်။မောင်မဲ ဘ၀ ဒီနေ့မှ စ ပြောင်းလဲရမည်။

ဒီတော့ မောင်မဲ မဲရုံကို သွားရမည်။

လက်ဆောင်ရပြီးကတည်းက တစ်ခါမှ ထုတ်မဝတ်သည့် အင်္ကျ ီအစိမ်းလေးနှင့် အဖိုးမသေခင်က အမွေပေးသွားသည့် မွန်ပုဆိုး အနီရောင်ကို သေတ္တာထဲမှ ထုတ်ဝတ်လိုက်သည်။

တစ်ဗူးနှစ်ရာတန် ရွှေအုန်းပင် အုန်းဆီကို တစ်ခါမှ ဆီမလိမ်းဖူးသည့် ဆံပင်ကောက်ကောက်တွေပေါ် ရွှဲနေအောင် လောင်းချလိုက်သည်။

အမေ့ မိတ်ကပ်ဗူးအဟောင်းတွင် တွဲလျက်ပါသည့် မှန်ထဲ ကိုယ့်ကိုကိုယ် သေချာကြည့်လိုက်သည်။

နဖူးစမှ စီးကျနေသော အုန်းဆီအချို့ကို လက်နှင့်သပ်လိုက်ပြီး လေတစ်ချက်ချွန်လိုက်၏။

ဘုရားစင်ပေါ်တွင် တင်ထားသော မဲပေးခွင့်ကဒ်ပြားကို အိပ်ကပ်ထဲ သေချာထည့်သည်။

ပြီးတော့..ပြီးတော့..ဒီနေ့ သူလုပ်ရမည့် အရေးအကြီးဆုံးအရာ။

သူ့ခေါင်းအုံးအောက်တွင် ညကတည်းက ထားအိပ်ခဲ့သော ထိုအရာကို သူ့ပုဆိုး ခါးပုံစအတွင်း လျှို့ဝှက်စွာထည့်သည်။
ထို့နောက် ခါးပုံစကို ပုံမပျက်အောင် သေချာပြုပြင်လိုက်၏ ။

မဲရုံကလူတွေ ရိပ်မိသွားလို့ မဖြစ်။သူ့အနေဖြင့် အရာရာကို ပိရိသေသပ်ဖို့ လိုသည်။ဒါမှ လုပ်ငန်းအောင်မြင်မည် မဟုတ်လား။

နောက်ဘီးဂွေ ခွင်နေသော စက်ဘီးကိုခွပြီး မဲရုံရှိရာသို့ မောင်မဲ ချည်းကပ်လာသည်။မဲရုံ မနီးမဝေးတွင် စက်ဘီးကိုရပ်ပြီး အခြေအနေကို အကဲခတ်သည်။

မဲရုံတာဝန်ကျ အထူးလုံခြုံရေး သန်းမြိုင် ကို မဲရုံရှေ့တွင် မြောက်ကြွမြောက်ကြွနှင့်် တွေ့ရသည်။

တောက်…..ဒီ သန်းမြိုင် ဆိုတဲ့ကောင် အခုအထူးလုံခြုံရေး ဖြစ်နေပြီ။

မဲရုံရှေ့မှာ လူတွေကလဲ ရုတ်စုရုတ်စု။မဲရုံထဲ လှမ်းကြည့်တော့ အဖြူအစိမ်းဝတ် ဆရာမလေးသုံးယောက် ရှိသည်။

ခုံမှာထိုင်နေတာက ဆရာမလေး ဒေါ်ချယ်ချယ် ပဲ။ဒီဘက်မှာက မဲရုံမှူး ဆရာမ အပျိုကြီး မသက်နှင်း။ဒီဘက်က ဆရာမကိုတော့ သူမသိ။

မျက်စိကိုလျင်လျင်ထားပြီး မောင်မဲ မဲရုံနား ကပ်လာသည်။

''ဟိတ်ကောင်...မဲရုံနားလာမယ်ဆို မင်းအင်္ကျ ီကို အခုချွတ်စမ်း''

သန်းမြိုင် က မဲရုံနား ကုပ်ချောင်းချောင်းနှင့် ကပ်လာသော မောင်မဲ ကို ဟောက်သည်။

''အောင်မယ်...ဘာကိစ္စ ငါက အင်္ကျ ီချွတ်ရမှာတုန်း''

''အစိမ်းတို့ အနီတို့ ဆိုတာ ပါတီအားပေး အရောင်တွေကွ..မင်း ဒါတွေဝတ်လာလို့ မရဘူး''

''ဟိတ်ကောင်..သန်းမြိုင်..မင်းလူပါးမဝနဲ့ကွ..ငါဝတ်လာတာ ပါတီတံဆိပ် တစ်ခုမှမပါဘူး..မြန်မာဘီယာက လက်ဆောင်ပေးတဲ့ အင်္ကျ ီနဲ့ မွန်ပုဆိုးကွ''

''ဟိတ်ကောင် ငမဲ..အနီတွေ အစိမ်းတွေ ဆိုတာ ပါတီမဲဆွယ်တာပဲကွ..မရဘူး''

''အောင်မယ် ဟေ့ကောင် သန်းမြိုင်..ဒါဆို ဟိုးက မဲရုံဘေးမှာ ဈေးရောင်းနေတဲ့ မင်းမိန်းမ မိဂွက် ကိုလဲ အဲ့ဒီနားကဖယ်ခိုင်း''

''ဘာဆိုင်လဲကွ..ငါ့မိန်းမနဲ့''

''ဆိုင်တယ်ကွ..မင်းမိန်းမရောင်းနေတာ ဖရဲသီးစိတ်တွေကွ..ဖရဲသီးဆိုတာ အစိမ်းရော အနီပါ ပါတယ်..ဒါ မဲဆွယ်တာပဲ..မင်းမိန်းမပါ ထောင်ကျသွားမယ်''

ငမဲ က ချက်ကျလက်ကျ ပြန်တွယ်တော့ ရွေးကောက်ပွဲ အထူးလုံခြုံရေး သန်းမြိုင် ဇက်ကလေး ပုသွားသည်။

ငမဲ ၏ ပုဆိုးခါးပုံစကို သန်းမြိုင် မရိပ်မိတာဖြင့် တော်သေး၏။

သန်းမြိုင် ကို ဖြတ်ကျော်ပြီးနောက်..မဲရုံရှေ့ တန်းစီနေသော လူတန်းရှေ့သို့ ငမဲ အသာလေး ဝင်ရပ်လိုက်သည်။လူတန်းထဲ အလိုက်သင့် ရောလိုက်သွားရင်း ဆရာမလေးများဆီ ရောက်လာသည်။

ဒါက ဒီလိုထု  ဟိုဟာက ဟိုလိုထု။ဆရာမလေးများကား မဲကဒ်များ ထုတ်ပေးရင်း ရှင်းပြနေသည်။မောင်မဲ စိတ်မဝင်စား။ဒါတွေကို မောင်မဲ လေ့လာပြီးသား။မဲပေးရမည့် ပါတီကိုလဲ ဆုံးဖြတ်ပြီးသား။
မောင်မဲ မဲပေးရပြီ။မဲပြား သုံးပြားကို တုံးထုပြီး မဲပုံး သုံးပုံးထဲသို့ ထည့်လိုက်သည်။ထို့နောက် ခါးပုံစထဲ လျှို့ဝှက်အရာကို ထုတ်သည်။
မဲပေးရမည့် အခန်း၏ အပြင်ဘက်ကို လှည့်ပြီးအကဲခတ်လိုက်သည်။
အားလုံး သူ့အလုပ်နှင့် သူ ရှုပ်နေပြီ။အိုကေ။

လျှို့ဝှက်ပစ္စည်းကို မဲပုံးတစ်ပုံးထဲ ထိုးထည့်ပြီး မောင်မဲ မဲရုံထဲမှ ပြန်ထွက်လာခဲ့၏။မောင်မဲ ရင်ဘတ်ထဲက အလုံးကြီးကျသံ ကြားရသည်။

ဟူး……………….။အော်ပရေးရှင်းတော့………….အောင်မြင်ခဲ့ပြီ။

ဝုန်း…….။

မနိုင်တနိုင် မလာသော သန်းမြိုင် လက်ထဲမှ ပြည်သူ့လွှတ်တော် မဲပုံးကြီး လွတ်ကျသွားသည်။မဲရေတွက်ရန်အတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် မဲရုံမှူး ဆရာမ မသက်နှင်း တို့ နေရာယူလိုက်ကြသည်။

မဲကဒ်ပြားများကြားတွင် ရှိသော ပန်းရောင်စာရွက်ခေါက်ကို ရပ်ကွက်လူကြီး ဦးမြင့် က သတိထားမိသွားသည်။

''အားလုံး..ခဏရပ်အုံး''

ဦးမြင့် လက်ညှိုးထိုးပြသည့် ပန်းရောင်စာရွက်ခေါက်ကို အားလုံးအာရုံရောက်သွားကြသည်။

''ဒါ..ဘာလဲ..တော်ကြာ စာအိတ်ဗုံးတွေ ဘာတွေ ဖြစ်နေမယ်..စခန်းကို အကြောင်းကြားမှ ဖြစ်မယ်''

''ခဏနေကြပါအုံး….တော်ကြာ ဘာမှမဟုတ်ပဲ ဒီကာလကြီးမှာ အားလုံးအလန့်တကြား ဖြစ်ကုန်မယ်''

လက်ရဲဇက်ရဲရှိလှသည့် သန်းမြိုင် က မဲစာရွက်တွေကြားမှ ပန်းရောင်စာရွက်ခေါက်ကို လှမ်းယူပြီး ကြည့်လိုက်သည်။

''သို့ ဆရာမ မသက်ဝေ''

မသက်ေ၀ တွန့်ခနဲ ဖြစ်သွားသည်။ဘယ့်နှယ့်..သူ့နာမည်ပါတဲ့ စာက မဲပုံးထဲ ရောက်နေပါလိမ့်။စာတိုက်က စာပို့သမားများ သူမသိအောင် မဲပုံးထဲ ထည့်သွားတာလား။အဲဒါလဲမဟုတ်နိုင်ပါဘူးလေ။

သန်းမြိုင် က အသံကျယ်ကျယ် ဆက်ဖတ်သည်။

''ငွေသော်တာရောင်နီ ထိန်လင်းတော့မဒီ ဆိုတဲ့ ဆရာမ မသက်ေ၀ ကို ကျွန်တော် ချစ်မိခဲ့တာ ကြာပါပြီ။ဆရာမက ကျွန်တော့်ကို ငယ်သူမို့ မသိပေမယ့် ကျွန်တော်ကတော့ ချစ်အားငယ်ရသူပါ ဆရာမ။ဒီလှေ ဒီမြေ မုန်တိုင်းက ကြမ်းလွန်းတဲ့ ကျွန်တော့်ဘဝထဲ ဆရာမကို မြင်တိုင်း ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေပါတယ်''

ခွိ

လူကြီးတွေဆီကပါ ရယ်သံထွက်လာသည်။

ဆရာမ မသက်ေ၀ ကတော့ မျက်နှာကြီး နီမြန်းလျက်။

''အပြင်မှာ စာလိုက်ပေးရင် ဆရာမမို့ မပေးရဲဘူး။ဒါကြောင့် အခုလို အောင်သွယ်တော် မဲရုံတော်ကြီးကတဆင့် ချစ်ခွင့်ပန်လိုက်တာပါ ဆရာမ။အဖြေကို မျှော်လင့်နေမယ့်..။

မောင်မဲ''

ထိုနေ့က အပျိုကြီး ဆရာမ မသက်ေ၀ အရှက်လွန်သဖြင့် မဲစာရင်းပင် ပြီးအောင်မလုပ်နိုင်ပဲ အိမ်ပြန်သွားရသည်။

ငမဲ ကိုတော့ ရပ်ကွက်လူကြီးများက ရပ်ကွက်ရုံးတွင် ခံဝန်ထိုးခိုင်းလိုက်သည်။

အောင်သွယ်တော် မဲရုံကြီးတွင်တော့ ဘယ်ပါတီ အနိုင်ရမလဲဆိုသည်ကို လူတွေက မျှော်တလင့်လင့်.....။

ဗြိတိသျှကိုကိုမောင်
နိုဝင်ဘာ - ၂၅

( Zawgyi )

ဒီေန႔ မဲေပးရမည့္ေန႔။

ေမာင္မဲ တစ္ေယာက္ ရင္ေတြ တစ္ဒိတ္ဒိတ္ခုန္ေနသည္။

ေျပာင္းလဲရမည္။ေျပာင္းလဲရမည္။ေမာင္မဲ ဘ၀ ဒီေန႔မွ စ ေျပာင္းလဲရမည္။

ဒီေတာ့ ေမာင္မဲ မဲ႐ုံကို သြားရမည္။

လက္ေဆာင္ရၿပီးကတည္းက တစ္ခါမွ ထုတ္မဝတ္သည့္ အက်ၤ ီအစိမ္းေလးႏွင့္ အဖိုးမေသခင္က အေမြေပးသြားသည့္ မြန္ပုဆိုး အနီေရာင္ကို ေသတၱာထဲမွ ထုတ္ဝတ္လိုက္သည္။

တစ္ဗူးႏွစ္ရာတန္ ေ႐ႊအုန္းပင္ အုန္းဆီကို တစ္ခါမွ ဆီမလိမ္းဖူးသည့္ ဆံပင္ေကာက္ေကာက္ေတြေပၚ ႐ႊဲေနေအာင္ ေလာင္းခ်လိုက္သည္။

အေမ့ မိတ္ကပ္ဗူးအေဟာင္းတြင္ တြဲလ်က္ပါသည့္ မွန္ထဲ ကိုယ့္ကိုကိုယ္ ေသခ်ာၾကည့္လိုက္သည္။

နဖူးစမွ စီးက်ေနေသာ အုန္းဆီအခ်ိဳ႕ကို လက္ႏွင့္သပ္လိုက္ၿပီး ေလတစ္ခ်က္ခြၽန္လိုက္၏။

ဘုရားစင္ေပၚတြင္ တင္ထားေသာ မဲေပးခြင့္ကဒ္ျပားကို အိပ္ကပ္ထဲ ေသခ်ာထည့္သည္။

ၿပီးေတာ့..ၿပီးေတာ့..ဒီေန႔ သူလုပ္ရမည့္ အေရးအႀကီးဆုံးအရာ။

သူ႔ေခါင္းအုံးေအာက္တြင္ ညကတည္းက ထားအိပ္ခဲ့ေသာ ထိုအရာကို သူ႔ပုဆိုး ခါးပုံစအတြင္း လွ်ိဳ႕ဝွက္စြာထည့္သည္။
ထို႔ေနာက္ ခါးပုံစကို ပုံမပ်က္ေအာင္ ေသခ်ာျပဳျပင္လိုက္၏ ။

မဲ႐ုံကလူေတြ ရိပ္မိသြားလို႔ မျဖစ္။သူ႔အေနျဖင့္ အရာရာကို ပိရိေသသပ္ဖို႔ လိုသည္။ဒါမွ လုပ္ငန္းေအာင္ျမင္မည္ မဟုတ္လား။

ေနာက္ဘီးေဂြ ခြင္ေနေသာ စက္ဘီးကိုခြၿပီး မဲ႐ုံရွိရာသို႔ ေမာင္မဲ ခ်ည္းကပ္လာသည္။မဲ႐ုံ မနီးမေဝးတြင္ စက္ဘီးကိုရပ္ၿပီး အေျခအေနကို အကဲခတ္သည္။

မဲ႐ုံတာဝန္က် အထူးလုံၿခဳံေရး သန္းၿမိဳင္ ကို မဲ႐ုံေရွ႕တြင္ ေျမာက္ႂကြေျမာက္ႂကြႏွင့္္ ေတြ႕ရသည္။

ေတာက္…..ဒီ သန္းၿမိဳင္ ဆိုတဲ့ေကာင္ အခုအထူးလုံၿခဳံေရး ျဖစ္ေနၿပီ။

မဲ႐ုံေရွ႕မွာ လူေတြကလဲ ႐ုတ္စု႐ုတ္စု။မဲ႐ုံထဲ လွမ္းၾကည့္ေတာ့ အျဖဴအစိမ္းဝတ္ ဆရာမေလးသုံးေယာက္ ရွိသည္။

ခုံမွာထိုင္ေနတာက ဆရာမေလး ေဒၚခ်ယ္ခ်ယ္ ပဲ။ဒီဘက္မွာက မဲ႐ုံမႉး ဆရာမ အပ်ိဳႀကီး မသက္ႏွင္း။ဒီဘက္က ဆရာမကိုေတာ့ သူမသိ။

မ်က္စိကိုလ်င္လ်င္ထားၿပီး ေမာင္မဲ မဲ႐ုံနား ကပ္လာသည္။

''ဟိတ္ေကာင္...မဲ႐ုံနားလာမယ္ဆို မင္းအက်ၤ ီကို အခုခြၽတ္စမ္း''

သန္းၿမိဳင္ က မဲ႐ုံနား ကုပ္ေခ်ာင္းေခ်ာင္းႏွင့္ ကပ္လာေသာ ေမာင္မဲ ကို ေဟာက္သည္။

''ေအာင္မယ္...ဘာကိစၥ ငါက အက်ၤ ီခြၽတ္ရမွာတုန္း''

''အစိမ္းတို႔ အနီတို႔ ဆိုတာ ပါတီအားေပး အေရာင္ေတြကြ..မင္း ဒါေတြဝတ္လာလို႔ မရဘူး''

''ဟိတ္ေကာင္..သန္းၿမိဳင္..မင္းလူပါးမဝနဲ႔ကြ..ငါဝတ္လာတာ ပါတီတံဆိပ္ တစ္ခုမွမပါဘူး..ျမန္မာဘီယာက လက္ေဆာင္ေပးတဲ့ အက်ၤ ီနဲ႔ မြန္ပုဆိုးကြ''

''ဟိတ္ေကာင္ ငမဲ..အနီေတြ အစိမ္းေတြ ဆိုတာ ပါတီမဲဆြယ္တာပဲကြ..မရဘူး''

''ေအာင္မယ္ ေဟ့ေကာင္ သန္းၿမိဳင္..ဒါဆို ဟိုးက မဲ႐ုံေဘးမွာ ေဈးေရာင္းေနတဲ့ မင္းမိန္းမ မိဂြက္ ကိုလဲ အဲ့ဒီနားကဖယ္ခိုင္း''

''ဘာဆိုင္လဲကြ..ငါ့မိန္းမနဲ႔''

''ဆိုင္တယ္ကြ..မင္းမိန္းမေရာင္းေနတာ ဖရဲသီးစိတ္ေတြကြ..ဖရဲသီးဆိုတာ အစိမ္းေရာ အနီပါ ပါတယ္..ဒါ မဲဆြယ္တာပဲ..မင္းမိန္းမပါ ေထာင္က်သြားမယ္''

ငမဲ က ခ်က္က်လက္က် ျပန္တြယ္ေတာ့ ေ႐ြးေကာက္ပြဲ အထူးလုံၿခဳံေရး သန္းၿမိဳင္ ဇက္ကေလး ပုသြားသည္။

ငမဲ ၏ ပုဆိုးခါးပုံစကို သန္းၿမိဳင္ မရိပ္မိတာျဖင့္ ေတာ္ေသး၏။

သန္းၿမိဳင္ ကို ျဖတ္ေက်ာ္ၿပီးေနာက္..မဲ႐ုံေရွ႕ တန္းစီေနေသာ လူတန္းေရွ႕သို႔ ငမဲ အသာေလး ဝင္ရပ္လိုက္သည္။လူတန္းထဲ အလိုက္သင့္ ေရာလိုက္သြားရင္း ဆရာမေလးမ်ားဆီ ေရာက္လာသည္။

ဒါက ဒီလိုထု  ဟိုဟာက ဟိုလိုထု။ဆရာမေလးမ်ားကား မဲကဒ္မ်ား ထုတ္ေပးရင္း ရွင္းျပေနသည္။ေမာင္မဲ စိတ္မဝင္စား။ဒါေတြကို ေမာင္မဲ ေလ့လာၿပီးသား။မဲေပးရမည့္ ပါတီကိုလဲ ဆုံးျဖတ္ၿပီးသား။
ေမာင္မဲ မဲေပးရၿပီ။မဲျပား သုံးျပားကို တုံးထုၿပီး မဲပုံး သုံးပုံးထဲသို႔ ထည့္လိုက္သည္။ထို႔ေနာက္ ခါးပုံစထဲ လွ်ိဳ႕ဝွက္အရာကို ထုတ္သည္။
မဲေပးရမည့္ အခန္း၏ အျပင္ဘက္ကို လွည့္ၿပီးအကဲခတ္လိုက္သည္။
အားလုံး သူ႔အလုပ္ႏွင့္ သူ ရႈပ္ေနၿပီ။အိုေက။

လွ်ိဳ႕ဝွက္ပစၥည္းကို မဲပုံးတစ္ပုံးထဲ ထိုးထည့္ၿပီး ေမာင္မဲ မဲ႐ုံထဲမွ ျပန္ထြက္လာခဲ့၏။ေမာင္မဲ ရင္ဘတ္ထဲက အလုံးႀကီးက်သံ ၾကားရသည္။

ဟူး……………….။ေအာ္ပေရးရွင္းေတာ့………….ေအာင္ျမင္ခဲ့ၿပီ။

ဝုန္း…….။

မႏိုင္တႏိုင္ မလာေသာ သန္းၿမိဳင္ လက္ထဲမွ ျပည္သူ႔လႊတ္ေတာ္ မဲပုံးႀကီး လြတ္က်သြားသည္။မဲေရတြက္ရန္အတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ားႏွင့္ မဲ႐ုံမႉး ဆရာမ မသက္ႏွင္း တို႔ ေနရာယူလိုက္ၾကသည္။

မဲကဒ္ျပားမ်ားၾကားတြင္ ရွိေသာ ပန္းေရာင္စာ႐ြက္ေခါက္ကို ရပ္ကြက္လူႀကီး ဦးျမင့္ က သတိထားမိသြားသည္။

''အားလုံး..ခဏရပ္အုံး''

ဦးျမင့္ လက္ညႇိဳးထိုးျပသည့္ ပန္းေရာင္စာ႐ြက္ေခါက္ကို အားလုံးအာ႐ုံေရာက္သြားၾကသည္။

''ဒါ..ဘာလဲ..ေတာ္ၾကာ စာအိတ္ဗုံးေတြ ဘာေတြ ျဖစ္ေနမယ္..စခန္းကို အေၾကာင္းၾကားမွ ျဖစ္မယ္''

''ခဏေနၾကပါအုံး….ေတာ္ၾကာ ဘာမွမဟုတ္ပဲ ဒီကာလႀကီးမွာ အားလုံးအလန႔္တၾကား ျဖစ္ကုန္မယ္''

လက္ရဲဇက္ရဲရွိလွသည့္ သန္းၿမိဳင္ က မဲစာ႐ြက္ေတြၾကားမွ ပန္းေရာင္စာ႐ြက္ေခါက္ကို လွမ္းယူၿပီး ၾကည့္လိုက္သည္။

''သို႔ ဆရာမ မသက္ေဝ''

မသက္ေ၀ တြန႔္ခနဲ ျဖစ္သြားသည္။ဘယ့္ႏွယ့္..သူ႔နာမည္ပါတဲ့ စာက မဲပုံးထဲ ေရာက္ေနပါလိမ့္။စာတိုက္က စာပို႔သမားမ်ား သူမသိေအာင္ မဲပုံးထဲ ထည့္သြားတာလား။အဲဒါလဲမဟုတ္ႏိုင္ပါဘူးေလ။

သန္းၿမိဳင္ က အသံက်ယ္က်ယ္ ဆက္ဖတ္သည္။

''ေငြေသာ္တာေရာင္နီ ထိန္လင္းေတာ့မဒီ ဆိုတဲ့ ဆရာမ မသက္ေ၀ ကို ကြၽန္ေတာ္ ခ်စ္မိခဲ့တာ ၾကာပါၿပီ။ဆရာမက ကြၽန္ေတာ့္ကို ငယ္သူမို႔ မသိေပမယ့္ ကြၽန္ေတာ္ကေတာ့ ခ်စ္အားငယ္ရသူပါ ဆရာမ။ဒီေလွ ဒီေျမ မုန္တိုင္းက ၾကမ္းလြန္းတဲ့ ကြၽန္ေတာ့္ဘဝထဲ ဆရာမကို ျမင္တိုင္း ဖုတ္လိုက္ဖုတ္လိုက္ ျဖစ္ေနပါတယ္''

ခြိ

လူႀကီးေတြဆီကပါ ရယ္သံထြက္လာသည္။

ဆရာမ မသက္ေ၀ ကေတာ့ မ်က္ႏွာႀကီး နီျမန္းလ်က္။

''အျပင္မွာ စာလိုက္ေပးရင္ ဆရာမမို႔ မေပးရဲဘူး။ဒါေၾကာင့္ အခုလို ေအာင္သြယ္ေတာ္ မဲ႐ုံေတာ္ႀကီးကတဆင့္ ခ်စ္ခြင့္ပန္လိုက္တာပါ ဆရာမ။အေျဖကို ေမွ်ာ္လင့္ေနမယ့္..။

ေမာင္မဲ''

ထိုေန႔က အပ်ိဳႀကီး ဆရာမ မသက္ေ၀ အရွက္လြန္သျဖင့္ မဲစာရင္းပင္ ၿပီးေအာင္မလုပ္ႏိုင္ပဲ အိမ္ျပန္သြားရသည္။

ငမဲ ကိုေတာ့ ရပ္ကြက္လူႀကီးမ်ားက ရပ္ကြက္႐ုံးတြင္ ခံဝန္ထိုးခိုင္းလိုက္သည္။

ေအာင္သြယ္ေတာ္ မဲ႐ုံႀကီးတြင္ေတာ့ ဘယ္ပါတီ အႏိုင္ရမလဲဆိုသည္ကို လူေတြက ေမွ်ာ္တလင့္လင့္.....။

ၿဗိတိသွ်ကိုကိုေမာင္
ႏိုဝင္ဘာ - ၂၅