【 သရော်စာ 】 “ မဏ္ဍိုင် ”

【 သရော်စာ 】 “ မဏ္ဍိုင် ”

"ကိုဗြိ..ကိုဗြိ''

ဒါ ကုလားပိန် အသံ။ကျွန်တော် မကြားချင်ယောင် ဆောင်နေလိုက်သည်။ဆိုင်ထဲ ဝင်လာကတည်းက ဒီအကောင် သတင်းစာငုံ့ဖတ်နေတာ တွေ့ပြီးသား။သောက်စကားများလွန်းလို့ တမင်နှုတ်မဆက်ခဲ့ခြင်းပင်။

"ချိုမရေ...ပေါ့ဆိမ့်..တစ်ခွက်ဟေ့''

မကြားချင်ယောင်ဆောင်ပြီး လက်ဖက်ရည်မှာသည်။မရ။

လဒကလေးက...ကျွန်တော့်စားပွဲရှိရာ တည့်တည့်ကြီး ထလာသည်။

"ကိုဗြိ က နားတယ်လေးသကိုးဗျ''

"နားမလေးဘူးကွ။မနက်စောစောစီးစီး မင်းလေပေါတာ မခံနိုင်လို့..မသိချင်ယောင်ဆောင်နေတာ''

"သြော် ကိုဗြိ ရယ်...ကျွန်တော်က မသိတာလေး မေးချင်လို့ပါ''

"မေးစမ်းကွာ''

"မဏ္ဍိုင်ကြီး သုံးရပ်ဆိုတာ ဘာလဲ''

"ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တွေကို ပြောတာကွာ''

"အဲ့ဒါ ဘာတွေလဲဗျ..နားမလည်ဘူး''

"မဏ္ဍိုင်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် ဒေါက်တိုင်တွေကို ပြောတာ။လွှတ်တော်ရယ်၊ အစိုးရရယ်၊ တရားရုံးရယ်ကွာ..ရှင်းလား''

"မီဒီယာကရော..စတုတ္ထမဏ္ဍိုင် ဆို''

"အေး''

"ဒါဆို..စစ်တပ်ကရော...သူလည်း မရှိမဖြစ်ဆိုတော့..ဘယ်မဏ္ဍိုင်လဲ''

"ပဉ္စမ ဖြစ်မှာပေါ့ကွာ''

"ဟာ..ဘုန်းကြီးတွေလည်း မရှိလို့ မဖြစ်ဘူးနော်..သူတို့မရှိရင် ကထိန်ခင်းတဲ့ ပဒေသာပင်တွေ ဘယ်သွားပို့ရမှန်းမသိ ဖြစ်မယ်..သူတို့လည်း မဏ္ဍိုင်တစ်ခု ပေးရမယ်''

"ဆဌမ မဏ္ဍိုင်ကွာ..ကဲ''

"ဒါဆို..ကျွန်တော်တို့ ပြည်သူတွေကရော..ဘယ်မဏ္ဍိုင်လဲ''

"ဟမ်''

ကဲ...လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတော့ ဒီကောင်ခေါ်တာကို ကျွန်တော် ဘာလို့မကြားချင်ယောင် ဆောင်နေလဲဆိုတာ..သိကြပြီလားဗျ။

"ဟေ့ကောင်..ကုလားပိန်...မင်း..ကိုဗြိ ကို ပေါက်ကရတွေ လျှောက်မေးမနေနဲ့...ငါပြောပြမယ်...ဟိုး ဆိုက်ကားဂိတ်ရှေ့က ကထိန်အလှူခံမဏ္ဍပ်ကို ကြည့်စမ်း''

တော်ပါသေးရဲ့..ဆိုက်ကားရပ်ပြီး ဝင်လာတဲ့ ကယ်တင်ရှင် ဦးမျိုးလင်း ခေါ် မိုက်ကယ်လင်းကြီး ရောက်လာပေလို့။

"ကထိန်အလှူခံမဏ္ဍပ် ဘာဖြစ်လဲဗျ။အထဲမှာ ဦးဇိုးစံဝင်းကြီး မူးပြီး တရားတွေဟောနေတာလေ''

"ဟိတ်ကောင်..အဲ့ဒါကိုပြောတာ မဟုတ်ဘူး...အလှူခံမဏ္ဍပ်က မဏ္ဍိုင်လုပ်ထားတဲ့ ဝါးဘယ်နှစ်ချောင်းရှိလဲ။အေး..ဘယ်နှစ်ချောင်းရှိရှိ..အကုန်..မြေကြီးကို စိုက်ထားရတာပဲကွ..ဒါပဲကွ..ပြည်သူဟာ..မြေကြီးပဲကွ''

အယ်လဲ...မိုက်ကယ်လင်းကြီး ကလည်း ခေသူမဟုတ်။

"ခင်ဗျားပြောသလိုဆို..ပြည်သူကို ဟိုမဏ္ဍိုင်က ကျင်းတူးပြီး ထိုးလိုက်၊ ဒီမဏ္ဍိုင်က ကျင်းတူးပြီး ထောက်လိုက်၊ ငုတ်ရိုက်လိုက်၊ မြေဖို့လိုက် လုပ်နေတာပေါ့လေ..အောင်မယ်....အလှူမဏ္ဍပ်သိမ်းပွဲပြီးလို့ မူးပြီဆို..သေးတောင် ကပ်ပေါက်လိုက်သေး''

"ဟုတ်တယ်..ဦးမျိုးလင်း..ကုလားပိန် ပြောတာမှန်တယ်...''

အဲ..အီကြာကွေးတစ်ချောင်း ကိုင်ထားတဲ့..မောင်သန်းမြိုင် ရောက်လာပါပြီ။

"စဉ်းစားကြည့်လေ....ကျုပ် လူမှန်းသိကတည်းက...ထောက်ခံပွဲတွေ၊ မဲဆွယ်ပွဲတွေ လိုက်ခဲ့ရတယ်။ညီလာခံထောက်ခံပွဲ၊ ဖွဲ့စည်းပုံထောက်ခံပွဲ၊ ပါတီမဲဆွယ်ပွဲ စုံနေတာပဲ။ပိုက်ဆံနဲ့ ဒန်ပေါက်မျက်နှာ ထောက်နေလို့သာ..မပြောတာ...တကယ်တမ်းက..ကျုပ်တို့ ပြည်သူကိုပဲ..သူတို့က ထောက်နေတာ မဟုတ်လား''

သန်းမြိုင် လက်သီးလက်မောင်းတန်းလာပြီ။ပစ္စည်းမဲ့ဒေါသတွေ ဆူဝေနေပြီ။တော်လှန်ရေး ဒီရေတွေ တက်လာပြီ။ဘဝဟစ်တိုင် လှုပ်ရှားမှု ပီပြင်လာပြီ။အခြေခံလူတန်းစား သန်းမြိုင် ကုန်ထမ်းသည့် သူ့လက်မောင်းကြောကြီးများ ထသည်အထိ အားစိုက်ကာ အီကြာကွေးကို ဆွဲဖြဲသည်။ရှေ့က ချက်နို့ဆီရောင် တောက်နေသည့် ကျောက်ပန်းတောင်း ဂိတ်ဆုံးလက်ဖက်ရည်ထဲ နှစ်ပြီး တစ်ကိုက် ကိုက်သည်။

"အဲ့ဒီတော့...ကျုပ်ပြောမယ်။ကိုဗြိရော၊ ဦးမျိုးလင်းရော၊ ကုလားပိန်ရော သေချာနားထောင်ပါ''

အလို..သန်းမြိုင် သည် မြယာပင်တောက ထလာလေသလား..တော်လှန်သွေးတို့ ဆူပွက်ချေပြီ။

"သင်းတို့ ဦးဆောင်တဲ့ ပွဲတွေကိုချည်း ကျုပ်တို့မှာ တသက်လုံး ထောက်ခံပွဲလုပ်လာတာ...အခု..ကျုပ်တို့ ဦးဆောင်တဲ့ ပြည်သူ့ထောက်ခံပွဲ လုပ်ရမယ်''

"အင်း.ငါတို့က.ဘယ်သူ့ကို ထောက်ခံရမလဲ''

"ပြည်သူကို အဲ့ဒီ မဏ္ဍိုင်တွေ၊ အဖွဲ့အစည်းတွေက ထောက်ခံတဲ့ပွဲ လုပ်ရမယ်ဗျ..ဘယ့်နှယ့်..ပြည်သူကချည်း ဒင်းတို့ကို ထောက်ခံလာတာများပြီ''

ဦးမျိုးလင်း က ခေါင်းကုတ်သည်။

"ဆိုက်ကား နင်းမကောင်းရတဲ့ အထဲကွာ'' ဆိုပြီး ထွက်သွားသည်။

"ကိုဗြိ..ညနေ ကိုးသုံးလုံးမှာ ငါးရှဉ့်ရမယ်တဲ့..ကျွန်တော် အပြာတစ်ပြား မှာထားမယ်..လာခဲ့နော်''

ဇာတ်လမ်းစထားတဲ့ ကုလားပိန်လည်း လစ်ပြီ။

ငမိုက်သား ကျွန်တော်သည်သာ..ရဲရဲတောက် သန်းမြိုင် ၏ ရှေ့တွင် မျက်လုံးလေး ပေကလပ်ဖြင့် ကျန်ရစ်သည်။

"ကဲ..ကိုဗြိ..ဟိုကောင်တွေ လစ်ပြီမဟုတ်လား။ကျွန်တော် တမင် ပေါက်ကရတွေ ပြောလွှတ်လိုက်တာ။ခဏနေ..ကျွန်တော်က ကထိန်ဝက်ဝံရုပ်ကြီးထဲ ဝင်ကပြီး အလှူခံရတော့မှာ...အထဲမှာ ပူတယ်ဗျ''

"အဲ့ဒီတော့..''

"ဟီး..အပူခံလေး တစ်ပိုင်းလောက်ဆွဲချင်လို့..ငါးရာလောက် ပေးပါလို့''

"လခွမ်း...ဒါများ..ပြည်သူ့ထောက်ခံပွဲတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတယ်''

"ဟီး..ကိုဗြိကလဲ..ဒီလိုပဲ..လူကြားကောင်းအောင် လျှောက်ပြောရတာပေါ့..ဟဲ..ဟဲ.ဒါမှ..ငွေတောင်းကောင်းတာကိုးဗျ''

မအေဘေး သန်းမြိုင်ကား ကျွန်တော်ပေးသည့် ငွေငါးရာကိုင်ပြီး ထွက်သွားလေပြီ။

ကျွန်တော်ကတော့...အလှူခံမဏ္ဍပ်မှ ဝါးလုံးတိုင်ကြီးများ ဝိုင်းထိုးစိုက်ခံထားရသော..သနားစရာ မြေကမ္ဗလာလေးကို ငေးကြည့်ရင်း..နှာခေါင်းထဲ...သေးစော်တောင်..နံလာသလိုလို။

ဗြိတိသျှကိုကိုမောင်
ဒီဇင်ဘာ - ၉

( Zawgyi )

"ကိုၿဗိ..ကိုၿဗိ''

ဒါ ကုလားပိန္ အသံ။ကြၽန္ေတာ္ မၾကားခ်င္ေယာင္ ေဆာင္ေနလိုက္သည္။ဆိုင္ထဲ ဝင္လာကတည္းက ဒီအေကာင္ သတင္းစာငုံ႔ဖတ္ေနတာ ေတြ႕ၿပီးသား။ေသာက္စကားမ်ားလြန္းလို႔ တမင္ႏႈတ္မဆက္ခဲ့ျခင္းပင္။

"ခ်ိဳမေရ...ေပါ့ဆိမ့္..တစ္ခြက္ေဟ့''

မၾကားခ်င္ေယာင္ေဆာင္ၿပီး လက္ဖက္ရည္မွာသည္။မရ။

လဒကေလးက...ကြၽန္ေတာ့္စားပြဲရွိရာ တည့္တည့္ႀကီး ထလာသည္။

"ကိုၿဗိ က နားတယ္ေလးသကိုးဗ်''

"နားမေလးဘူးကြ။မနက္ေစာေစာစီးစီး မင္းေလေပါတာ မခံႏိုင္လို႔..မသိခ်င္ေယာင္ေဆာင္ေနတာ''

"ေၾသာ္ ကိုၿဗိ ရယ္...ကြၽန္ေတာ္က မသိတာေလး ေမးခ်င္လို႔ပါ''

"ေမးစမ္းကြာ''

"မ႑ိဳင္ႀကီး သုံးရပ္ဆိုတာ ဘာလဲ''

"ဥပေဒျပဳေရးမ႑ိဳင္၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္၊ တရားစီရင္ေရးမ႑ိဳင္ေတြကို ေျပာတာကြာ''

"အဲ့ဒါ ဘာေတြလဲဗ်..နားမလည္ဘူး''

"မ႑ိဳင္ဆိုတာ ႏိုင္ငံတစ္ႏိုင္ငံအတြက္ မရွိမျဖစ္ ေဒါက္တိုင္ေတြကို ေျပာတာ။လႊတ္ေတာ္ရယ္၊ အစိုးရရယ္၊ တရား႐ုံးရယ္ကြာ..ရွင္းလား''

"မီဒီယာကေရာ..စတုတၳမ႑ိဳင္ ဆို''

"ေအး''

"ဒါဆို..စစ္တပ္ကေရာ...သူလည္း မရွိမျဖစ္ဆိုေတာ့..ဘယ္မ႑ိဳင္လဲ''

"ပၪၥမ ျဖစ္မွာေပါ့ကြာ''

"ဟာ..ဘုန္းႀကီးေတြလည္း မရွိလို႔ မျဖစ္ဘူးေနာ္..သူတို႔မရွိရင္ ကထိန္ခင္းတဲ့ ပေဒသာပင္ေတြ ဘယ္သြားပို႔ရမွန္းမသိ ျဖစ္မယ္..သူတို႔လည္း မ႑ိဳင္တစ္ခု ေပးရမယ္''

"ဆဌမ မ႑ိဳင္ကြာ..ကဲ''

"ဒါဆို..ကြၽန္ေတာ္တို႔ ျပည္သူေတြကေရာ..ဘယ္မ႑ိဳင္လဲ''

"ဟမ္''

ကဲ...လက္ဖက္ရည္ဆိုင္ထဲ ဝင္လာေတာ့ ဒီေကာင္ေခၚတာကို ကြၽန္ေတာ္ ဘာလို႔မၾကားခ်င္ေယာင္ ေဆာင္ေနလဲဆိုတာ..သိၾကၿပီလားဗ်။

"ေဟ့ေကာင္..ကုလားပိန္...မင္း..ကိုၿဗိ ကို ေပါက္ကရေတြ ေလွ်ာက္ေမးမေနနဲ႔...ငါေျပာျပမယ္...ဟိုး ဆိုက္ကားဂိတ္ေရွ႕က ကထိန္အလႉခံမ႑ပ္ကို ၾကည့္စမ္း''

ေတာ္ပါေသးရဲ႕..ဆိုက္ကားရပ္ၿပီး ဝင္လာတဲ့ ကယ္တင္ရွင္ ဦးမ်ိဳးလင္း ေခၚ မိုက္ကယ္လင္းႀကီး ေရာက္လာေပလို႔။

"ကထိန္အလႉခံမ႑ပ္ ဘာျဖစ္လဲဗ်။အထဲမွာ ဦးဇိုးစံဝင္းႀကီး မူးၿပီး တရားေတြေဟာေနတာေလ''

"ဟိတ္ေကာင္..အဲ့ဒါကိုေျပာတာ မဟုတ္ဘူး...အလႉခံမ႑ပ္က မ႑ိဳင္လုပ္ထားတဲ့ ဝါးဘယ္ႏွစ္ေခ်ာင္းရွိလဲ။ေအး..ဘယ္ႏွစ္ေခ်ာင္းရွိရွိ..အကုန္..ေျမႀကီးကို စိုက္ထားရတာပဲကြ..ဒါပဲကြ..ျပည္သူဟာ..ေျမႀကီးပဲကြ''

အယ္လဲ...မိုက္ကယ္လင္းႀကီး ကလည္း ေခသူမဟုတ္။

"ခင္ဗ်ားေျပာသလိုဆို..ျပည္သူကို ဟိုမ႑ိဳင္က က်င္းတူးၿပီး ထိုးလိုက္၊ ဒီမ႑ိဳင္က က်င္းတူးၿပီး ေထာက္လိုက္၊ ငုတ္႐ိုက္လိုက္၊ ေျမဖို႔လိုက္ လုပ္ေနတာေပါ့ေလ..ေအာင္မယ္....အလႉမ႑ပ္သိမ္းပြဲၿပီးလို႔ မူးၿပီဆို..ေသးေတာင္ ကပ္ေပါက္လိုက္ေသး''

"ဟုတ္တယ္..ဦးမ်ိဳးလင္း..ကုလားပိန္ ေျပာတာမွန္တယ္...''

အဲ..အီၾကာေကြးတစ္ေခ်ာင္း ကိုင္ထားတဲ့..ေမာင္သန္းၿမိဳင္ ေရာက္လာပါၿပီ။

"စဥ္းစားၾကည့္ေလ....က်ဳပ္ လူမွန္းသိကတည္းက...ေထာက္ခံပြဲေတြ၊ မဲဆြယ္ပြဲေတြ လိုက္ခဲ့ရတယ္။ညီလာခံေထာက္ခံပြဲ၊ ဖြဲ႕စည္းပုံေထာက္ခံပြဲ၊ ပါတီမဲဆြယ္ပြဲ စုံေနတာပဲ။ပိုက္ဆံနဲ႔ ဒန္ေပါက္မ်က္ႏွာ ေထာက္ေနလို႔သာ..မေျပာတာ...တကယ္တမ္းက..က်ဳပ္တို႔ ျပည္သူကိုပဲ..သူတို႔က ေထာက္ေနတာ မဟုတ္လား''

သန္းၿမိဳင္ လက္သီးလက္ေမာင္းတန္းလာၿပီ။ပစၥည္းမဲ့ေဒါသေတြ ဆူေဝေနၿပီ။ေတာ္လွန္ေရး ဒီေရေတြ တက္လာၿပီ။ဘဝဟစ္တိုင္ လႈပ္ရွားမႈ ပီျပင္လာၿပီ။အေျခခံလူတန္းစား သန္းၿမိဳင္ ကုန္ထမ္းသည့္ သူ႔လက္ေမာင္းေၾကာႀကီးမ်ား ထသည္အထိ အားစိုက္ကာ အီၾကာေကြးကို ဆြဲၿဖဲသည္။ေရွ႕က ခ်က္ႏို႔ဆီေရာင္ ေတာက္ေနသည့္ ေက်ာက္ပန္းေတာင္း ဂိတ္ဆုံးလက္ဖက္ရည္ထဲ ႏွစ္ၿပီး တစ္ကိုက္ ကိုက္သည္။

"အဲ့ဒီေတာ့...က်ဳပ္ေျပာမယ္။ကိုၿဗိေရာ၊ ဦးမ်ိဳးလင္းေရာ၊ ကုလားပိန္ေရာ ေသခ်ာနားေထာင္ပါ''

အလို..သန္းၿမိဳင္ သည္ ျမယာပင္ေတာက ထလာေလသလား..ေတာ္လွန္ေသြးတို႔ ဆူပြက္ေခ်ၿပီ။

"သင္းတို႔ ဦးေဆာင္တဲ့ ပြဲေတြကိုခ်ည္း က်ဳပ္တို႔မွာ တသက္လုံး ေထာက္ခံပြဲလုပ္လာတာ...အခု..က်ဳပ္တို႔ ဦးေဆာင္တဲ့ ျပည္သူ႔ေထာက္ခံပြဲ လုပ္ရမယ္''

"အင္း.ငါတို႔က.ဘယ္သူ႔ကို ေထာက္ခံရမလဲ''

"ျပည္သူကို အဲ့ဒီ မ႑ိဳင္ေတြ၊ အဖြဲ႕အစည္းေတြက ေထာက္ခံတဲ့ပြဲ လုပ္ရမယ္ဗ်..ဘယ့္ႏွယ့္..ျပည္သူကခ်ည္း ဒင္းတို႔ကို ေထာက္ခံလာတာမ်ားၿပီ''

ဦးမ်ိဳးလင္း က ေခါင္းကုတ္သည္။

"ဆိုက္ကား နင္းမေကာင္းရတဲ့ အထဲကြာ'' ဆိုၿပီး ထြက္သြားသည္။

"ကိုၿဗိ..ညေန ကိုးသုံးလုံးမွာ ငါးရွဥ့္ရမယ္တဲ့..ကြၽန္ေတာ္ အျပာတစ္ျပား မွာထားမယ္..လာခဲ့ေနာ္''

ဇာတ္လမ္းစထားတဲ့ ကုလားပိန္လည္း လစ္ၿပီ။

ငမိုက္သား ကြၽန္ေတာ္သည္သာ..ရဲရဲေတာက္ သန္းၿမိဳင္ ၏ ေရွ႕တြင္ မ်က္လုံးေလး ေပကလပ္ျဖင့္ က်န္ရစ္သည္။

"ကဲ..ကိုၿဗိ..ဟိုေကာင္ေတြ လစ္ၿပီမဟုတ္လား။ကြၽန္ေတာ္ တမင္ ေပါက္ကရေတြ ေျပာလႊတ္လိုက္တာ။ခဏေန..ကြၽန္ေတာ္က ကထိန္ဝက္ဝံ႐ုပ္ႀကီးထဲ ဝင္ကၿပီး အလႉခံရေတာ့မွာ...အထဲမွာ ပူတယ္ဗ်''

"အဲ့ဒီေတာ့..''

"ဟီး..အပူခံေလး တစ္ပိုင္းေလာက္ဆြဲခ်င္လို႔..ငါးရာေလာက္ ေပးပါလို႔''

"လခြမ္း...ဒါမ်ား..ျပည္သူ႔ေထာက္ခံပြဲေတြ ဘာေတြ ႀကီးႀကီးက်ယ္က်ယ္ ေလွ်ာက္ေျပာေနတယ္''

"ဟီး..ကိုၿဗိကလဲ..ဒီလိုပဲ..လူၾကားေကာင္းေအာင္ ေလွ်ာက္ေျပာရတာေပါ့..ဟဲ..ဟဲ.ဒါမွ..ေငြေတာင္းေကာင္းတာကိုးဗ်''

မေအေဘး သန္းၿမိဳင္ကား ကြၽန္ေတာ္ေပးသည့္ ေငြငါးရာကိုင္ၿပီး ထြက္သြားေလၿပီ။

ကြၽန္ေတာ္ကေတာ့...အလႉခံမ႑ပ္မွ ဝါးလုံးတိုင္ႀကီးမ်ား ဝိုင္းထိုးစိုက္ခံထားရေသာ..သနားစရာ ေျမကမၺလာေလးကို ေငးၾကည့္ရင္း..ႏွာေခါင္းထဲ...ေသးေစာ္ေတာင္..နံလာသလိုလို။

ၿဗိတိသွ်ကိုကိုေမာင္
ဒီဇင္ဘာ - ၉