သရုပ်ဆောင်အသစ်အဖြစ် ခံယူကာ ကြိုးစားနေရတယ်လို့ ခရစ္စတီးနားက ပြောကြား

 သရုပ်ဆောင်အသစ်အဖြစ် ခံယူကာ ကြိုးစားနေရတယ်လို့ ခရစ္စတီးနားက ပြောကြား

သူမအနေနဲ့ သရုပ်ဆောင်သစ် တစ်ယောက်လို ခံယူကာ ကြိုးပမ်းလုပ်ဆောင်နေရတယ်လို့ သရုပ်ဆောင် ခရစ္စတီးနားက ပြောပါတယ်။သူဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေမှာ ရိုက်ကူးလာရသလို သူပါဝင်ထားတဲ့ ဇာတ်ကားကြီးတွေလည်း မကြာခင်မှာ ရုံတင်ဖို့ရှိတယ်လို့ ပြောပါတယ်။ “ရုပ်ရှင်ကားသစ်ကြီးတွေ ဆက်ပြီးတော့ ထွက်လာဖို့ ရှိပါတယ်၊ လာမယ့် သြင်္ကန်မှာလည်း သီချင်းတွေ ဆိုဖို့ရှိပါတယ်၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့လည်း ရှိပါသေးတယ်၊ သီချင်း အပိုင်းကတော့ ပွဲတွေမှာတော့ ဆိုဖြစ်မှာပါ၊ အယ်လ်ဘမ်လိုမျိုးတော့ လုပ်ဖို့မဖြစ်သေးဘူး၊ နောက်ထပ် ထွက်လာမယ့် ညီမရဲ့ဇာတ်ကားတွေကိုလည်း အားပေးပါဦး”လို့ သရုပ်ဆောင် ခရစ္စတီးနားက ပြောပါတယ်။

ဇာတ်ရုပ်မျိုးစုံကို ရိုက်ကူးနေပေမယ့် သရဲကားတွေလည်း ရိုက်ဖို့စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ “ညီမရိုက်ချင်တဲ့ ကာရိုက်တာမျိုးက သရဲကားတွေ၊ ရူးတာမျိုးတွေ အဲ့ဒီလို ကာရိုက်တာတွေတော့ မလုပ်ဖူး သေးဘူး၊ ကာရိုက်တာစုံအောင်လို့တော့ ညီမက ရိုက်ဖူးချင်ပါတယ်၊ လာငှားလို့ အခွင့်သင့်ရင်တော့ ရိုက်မှာပါ”လို့ သူက ရှင်းပြပါတယ်။

ဇာတ်ကားတွေမှာ ဇာတ်ရုပ်မျိုးစုံကို မငြင်းဘဲ ရိုက်ကူးရင်း ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတယ်လို့ ဆိုပါတယ်၊ အဲ့ဒီလို ရိုက်ကူးနေတဲ့ ရက်တွေများတာကြောင့်လည်း ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းဖို့ အချိန်မရအောင် ဖြစ်နေရတယ်လို့ သိရပါတယ်။

“ခန္ဓာကိုယ်ထိန်းသိမ်းတာကိုတော့ ညီမ လုပ်သွားမှာပါ၊ ဒါပေမဲ့ လောလောဆယ်တော့ မထိန်းနိုင်သေးဘူး၊ ညီမက Slim Body ဖြစ်ချင်တာပါ၊ ဒါမှလည်း ကာရိုက်တာမျိုးစုံကို ပေါ့ပေါ့ပါးပါးနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်မယ်လို့ မြင်မိပါတယ်”လို့လည်း သူက ပြောပါတယ်။ လာမယ့် သြင်္ကန်ပွဲတော်မှာလည်း တေးသီချင်းများကိုသီဆိုကာ ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁၃ 

(  Zawgyi  )

 သူမအေနနဲ႔ သ႐ုပ္ေဆာင္သစ္ တစ္ေယာက္လို ခံယူကာ ႀကိဳးပမ္းလုပ္ေဆာင္ေနရတယ္လို႔ သ႐ုပ္ေဆာင္ ခရစၥတီးနားက ေျပာပါတယ္။သူဟာ အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ႐ိုက္ကူးလာရသလို သူပါဝင္ထားတဲ့ ဇာတ္ကားႀကီးေတြလည္း မၾကာခင္မွာ ႐ုံတင္ဖို႔ရွိတယ္လို႔ ေျပာပါတယ္။ “႐ုပ္ရွင္ကားသစ္ႀကီးေတြ ဆက္ၿပီးေတာ့ ထြက္လာဖို႔ ရွိပါတယ္၊ လာမယ့္ ၾသကၤန္မွာလည္း သီခ်င္းေတြ ဆိုဖို႔ရွိပါတယ္၊ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ဖို႔လည္း ရွိပါေသးတယ္၊ သီခ်င္း အပိုင္းကေတာ့ ပြဲေတြမွာေတာ့ ဆိုျဖစ္မွာပါ၊ အယ္လ္ဘမ္လိုမ်ိဳးေတာ့ လုပ္ဖို႔မျဖစ္ေသးဘူး၊ ေနာက္ထပ္ ထြက္လာမယ့္ ညီမရဲ႕ဇာတ္ကားေတြကိုလည္း အားေပးပါဦး”လို႔ သ႐ုပ္ေဆာင္ ခရစၥတီးနားက ေျပာပါတယ္။

ဇာတ္႐ုပ္မ်ိဳးစုံကို ႐ိုက္ကူးေနေပမယ့္ သရဲကားေတြလည္း ႐ိုက္ဖို႔စိတ္ဝင္စားတယ္လို႔ ဆိုပါတယ္။ “ညီမ႐ိုက္ခ်င္တဲ့ ကာ႐ိုက္တာမ်ိဳးက သရဲကားေတြ၊ ႐ူးတာမ်ိဳးေတြ အဲ့ဒီလို ကာ႐ိုက္တာေတြေတာ့ မလုပ္ဖူး ေသးဘူး၊ ကာ႐ိုက္တာစုံေအာင္လို႔ေတာ့ ညီမက ႐ိုက္ဖူးခ်င္ပါတယ္၊ လာငွားလို႔ အခြင့္သင့္ရင္ေတာ့ ႐ိုက္မွာပါ”လို႔ သူက ရွင္းျပပါတယ္။

ဇာတ္ကားေတြမွာ ဇာတ္႐ုပ္မ်ိဳးစုံကို မျငင္းဘဲ ႐ိုက္ကူးရင္း ေၾကာ္ျငာေတြကိုလည္း ႐ိုက္ကူးေနတယ္လို႔ ဆိုပါတယ္၊ အဲ့ဒီလို ႐ိုက္ကူးေနတဲ့ ရက္ေတြမ်ားတာေၾကာင့္လည္း ခႏၶာကိုယ္အလွအပကို ထိန္းသိမ္းဖို႔ အခ်ိန္မရေအာင္ ျဖစ္ေနရတယ္လို႔ သိရပါတယ္။

“ခႏၶာကိုယ္ထိန္းသိမ္းတာကိုေတာ့ ညီမ လုပ္သြားမွာပါ၊ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ မထိန္းႏိုင္ေသးဘူး၊ ညီမက Slim Body ျဖစ္ခ်င္တာပါ၊ ဒါမွလည္း ကာ႐ိုက္တာမ်ိဳးစုံကို ေပါ့ေပါ့ပါးပါးနဲ႔ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္မယ္လို႔ ျမင္မိပါတယ္”လို႔လည္း သူက ေျပာပါတယ္။ လာမယ့္ ၾသကၤန္ပြဲေတာ္မွာလည္း ေတးသီခ်င္းမ်ားကိုသီဆိုကာ ေဖ်ာ္ေျဖဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁၃