【နိုင်ငံတကာ】တရုတ်နိုင်ငံက သန့်ရှင်းသောစွမ်းအင်ဖြင့် ကမ္ဘာကို ဦးဆောင်နေဟုဆို

【နိုင်ငံတကာ】တရုတ်နိုင်ငံက သန့်ရှင်းသောစွမ်းအင်ဖြင့် ကမ္ဘာကို ဦးဆောင်နေဟုဆို

တရုတ်နိုင်ငံအနေဖြင့် သန့်ရှင်းသော စွမ်းအင်ဖြင့် ကမ္ဘာကိုဦးဆောင်နေလျက်ရှိကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ Inger Andersen က ပြောကြားပါတယ်။

China Media Group က ၎င်းနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ပြင်းထန်သောရာသီဥတုများက ယခုနွေရာသီတွင် ကမ္ဘာတစ်ဝှမ်းရှိ နေရာအများအပြားကို သက်ရောက်မှုရှိနေပြီး ကမ္ဘာ့နေရာအတော်များများ၌ အပူရှိန်ပြင်းထန်မှု၊ ရေကြီးမှု၊ တောမီးလောင်မှုများ ကြုံတွေ့ ခဲ့ရကြောင်း သိရပါတယ်။ ထိုသို့ သော ဘေးအန္တရာယ်များမှ သင်ခန်းစာယူ၍ ပြင်ဆင်လုပ်ဆောင်နိုင်မည့် အခြေအနေများကိုလည်း အင်တာဗျူးလုပ်ဆောင်သည့်အခါ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။

လက်ရှိတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် သော့ချက်ဖြစ်ကြောင်းကို Andersen က ထောက်ပြခဲ့သလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာကို ဦးဆောင်နေသူဖြစ်ကြောင်းကိုလည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပေကျင်း ၊ စက်တင်ဘာ ၂၀