【နိုင်ငံတကာ】Heilongjiang အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို ကြိုးပမ်းဖန်တီးရမည်ဟု ရှီကျင့်ဖျင် ပြောကြား

【နိုင်ငံတကာ】Heilongjiang အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို ကြိုးပမ်းဖန်တီးရမည်ဟု ရှီကျင့်ဖျင် ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် Heilongjiangပြည်နယ်တွင် ကြည်ရှုလေ့လာခဲ့ရာ၌ Heilongjiang အရည်အသွေး မြင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို ကြိုးပမ်းဖန်တီးရမည်ဟု အလေးပေး ပြောကြားခဲ့တယ်လို့ China Media Group သတင်းမှာ စက်တင်ဘာ ၉ရက်က ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် မကြာခင်က Heilongjiang ပြည်နယ်တွင် ကြည့်ရှုလေ့လာခဲ့ရာ၌ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အလုံးစုံ အခြေအနေတွင် ဗျူဟာမြောက် အနေအထားကို အခိုင်အမာ ဆုပ်ကိုင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်ရေးဟူသော အဓိကတာဝန်ကို တွန်းအားပေးရန်၊ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဒေသ ဘက်စုံ ပြန်လည်ရှင်သန်အောင် မြှင့်တင်ရေးဆိုင်ရာ ပါတီဗဟိုကော်မတီ၏ မူဝါဒ ဆုံးဖြတ်ချက်များ နှင့် စီမံချက်များကို အကောင်အထည်ဖော်ဆောင်ပြီး Heilongjiang အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်ကို ကြိုးပမ်းဖန်တီးသွားရမည်ဖြစ်ကြောင်း အလေးထား ပြေားကြားခဲ့သည်ဟု သတင်းမှာဖော်ပြထားသည်။

ပေကျင်း၊ စက်တင်ဘာ ၉