【 နိုင်ငံတကာ 】ထိုင်ဝမ် ခွဲထွက်ရေးသမားများရဲ့ လစ်သူယေးနီးယား ခရီးစဉ်ကို တရုတ် အပြင်းအထန် ကန့်ကွက်

【 နိုင်ငံတကာ 】ထိုင်ဝမ် ခွဲထွက်ရေးသမားများရဲ့ လစ်သူယေးနီးယား ခရီးစဉ်ကို တရုတ် အပြင်းအထန် ကန့်ကွက်

လစ်သူယေးနီးယားနိုင်ငံမှ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်ဝမ်ခွဲထွက်ရေးသမားဖြစ်သူ You Si-kun ကို နိုင်ငံအတွင်းသို့ လည်ပတ်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်နိုင်ငံမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ဒေသရဲ့ ဥပဒေပြုအဖွဲ့ အကြီးအကဲဟာ လစ်သူယေးနီးယား ပါလီမန် Seimas ရဲ့ ဖိတ်ခေါ်မှုအရ ဇူလိုင် ၂၁ မှ ၂၁ ရက်နေ့အထိ လာရောက်လည်ပတ်လျက်ရှိတာဖြစ်ပါတယ်။

လစ်သူယေးနီးယားရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ တာဝန်ခံရုံးမှ ကြေညာချက်တစ်ခုကို ၎င်းရဲ့ ရုံးဝဘ်ဆိုက်ပေါ် လွှင့်တင်ခဲ့ရာမှာ "လစ်သူယေးနီးယားရဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်နဲ့ လစ်သူယေးနီးယား ဆက်ဆံရေးရဲ့ အလုံးစုံသော အကျိုးစီးပွားများကို လစ်လျူရှုခြင်းဖြစ်ကြောင်း" ဖော်ပြထားပါတယ်။

ထို့အပြင် ကြေညာချက်အတွင်း "လစ်သူယေးနီးယားရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု ခိုင်မာမှုအပေါ် ပြင်းပြင်းထန်ထန် စွက်ဖက်ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက်ခြင်းဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အခြေခံစံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း" ဖော်ပြခဲ့ပါတယ်။

တရုတ်တစ်နိုင်ငံတည်း မူဘောင်ဟာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းရဲ့ သဘောတူညီမှုကို ရရှိထားပြီး၊ နိုင်ငံတကာ ဆက်ဆံရေးများကို အုပ်ချုပ်တဲ့ စံနှုန်းတစ်ခုအဖြစ် ကုလသမဂ္ဂ အထွေထွေစည်းဝေးပွဲ ဆုံးဖြတ်ချက် ၂၇၅၈ မှာ အတည်ပြုခဲ့ပြီဖြစ်ပါတယ်၊ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံရဲ့ အခြားနိုင်ငံများရဲ့ အခြေခံအုတ်မြစ် ဆက်ဆံရေးများကို မနင်းခြေသင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် ကမ္ဘာပေါ်မှာ တရုတ် တစ်နိုင်ငံတည်းသာရှိပြီး၊ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း တာဝန်ခံရုံးမှ ဆက်လက်ပြောကြားပါတယ်။

တရုတ်နိုင်ငံနဲ့ မိတ်ဖက်နိုင်ငံဆိုင်ရာ အဖွဲ့ဝင်တစ်ခုအနေနဲ့ လစ်သူယေးနီးယားနိုင်ငံဟာ အခြေခံစံနှုန်းများကို ထိန်းသိမ်းပြီး၊ မှန်ကန်တဲ့ တာဝန်များကို လက်ခံရန်‌လိုအပ်တဲ့အပြင် နိုင်ငံတကာဆက်ဆံ‌ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးတို့ကို မြှင့်တင်ရန် လိုအပ်ကြောင်းလည်း တာဝန်ခံရုံးမှ မှတ်ချက်ပြုခဲ့ပါတယ်။

လစ်သူယေးနီးယားနိုင်ငံဘက်ကတော့ တရုတ်ရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုများကို လစ်လျူရှုခဲ့ပြီး၊ ထိုင်ဝမ် အာဏာပိုင်များကို အသိအမှတ်ပြုခဲ့ကာ တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်နှိမ့်ချရန် ဆုံးဖြတ်ခဲ့ပါတယ်။ထို့‌နောက်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို နိုင်ငံအတွင်း ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။

Linko

Ref - CMG

ပေကျင်း၊ ဇူလိုင် ၂၃