【 နိုင်ငံတကာ 】မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှု ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြအနေအဖြစ် WHO ကြေညာ

【 နိုင်ငံတကာ 】မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှု ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြအနေအဖြစ် WHO ကြေညာ 

ကူးစက်မှုမြင့်တက်လာတဲ့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) မှ စနေနေ့မှာပဲ အမြင့်ဆုံးသတိပေးမှုအဆင့်ကို စတင်ခဲ့ပြီး၊ နိုင်ငံတကာဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus မှ ပြောကြားခဲ့ပါတယ်။ အရေးပေါ်ကော်မတီရဲ့ သဘောတူညီမှုကို မရရှိခဲ့ပေမယ့် (WHO) ရဲ့ ကျွမ်းကျင်သူများအဖွဲ့မှ ရောဂါအခြေအနေကို ဆွေးနွေးရန် ဒုတိယအကြိမ် အစည်းအဝေးကျင်းပပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

"အတိုချုံးပြောရမယ်ဆိုရင် ကျနော်တို့အနေနဲ့ နားလည်နိုင်စွမ်း နည်းနေသေးပြီး ကူးစက်မှုပုံစံသစ်တွေကနေတစ်ဆင့် ကမ္ဘာကို ပျံ့နှံ့လာတဲ့ ကူးစက်ရောဂါတစ်ခုရှိနေပါတယ်" ဟု Tedros မှ ပြောကြားခဲ့ပါတယ်။ "အမျိုးသားများ အချင်းချင်း လိင်ဆက်ဆံသူများနဲ့ လိင်ဆက်ဆံဖော် အများအပြားရှိတဲ့ အမျိုးသားတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိနေပါတယ်" ဟု Tedros မှ ရှင်းလင်းခဲ့ပါတယ်။

Tedros မှ "လိင်တူဆက်ဆံတဲ့ အမျိုးသားအသိုင်းအဝိုင်းများနဲ့ ရောဂါတိုက်ဖျက်ရေး နီးကပ်စွာလုပ်ဆောင်ရန်နဲ့ ထိခိုက်နစ်နာနေတဲ့ လူမှုအသိုင်းအဝိုင်းများရဲ့ ဂုဏ်သိက္ခာ၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးတို့ကို ကာကွယ်ပေးရန်" ကမ္ဘာ့နိုင်ငံများအားလုံးကို တောင်းဆိုခဲ့ပါတယ်။ HIV ပိုးရှိသူများနဲ့ လက်တွဲ‌လုပ်ဆောင်ခဲ့ဖူးတဲ့ အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ရန်နဲ့ ရောဂါကို ရပ်တန့်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ Tedros မှ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် (WHO) မှ ကြေညာချက် ထုတ်ပြန်ခဲ့ဖူးတဲ့ ရောဂါများကတော့ ကိုဗစ်-၁၉ (၂၀၂၀ ခုနှစ်)၊ Kivu Ebola (၂၀၁၉ ခုနှစ်)၊ ဇီကာဗိုင်းရပ်စ် (၂၀၁၆ ခုနှစ်)၊ (၂၀၁၄ ခုနှစ်) အီဘိုလာနဲ့ (၂၀၀၉ ခုနှစ်) H1N1 တို့ဖြစ်ပါတယ်။

Linko

Ref - CGTN

ဂျနီဗာ၊ ဇူလိုင် ၂၄