【 နိုင်ငံတကာ 】ဥရောပငါးနိုင်ငံအပေါ် ရုရှားမှ ပိတ်ဆို့မှုများ ချမှတ်

【 နိုင်ငံတကာ 】ဥရောပငါးနိုင်ငံအပေါ် ရုရှားမှ ပိတ်ဆို့မှုများ ချမှတ်

ရုရှားနိုင်ငံမှ နှစ်မြို့ခြင်းမရှိတဲ့ နိုင်ငံများစာရင်းမှာ ဂရိ၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ခရိုအေးရှားနဲ့ ဆလိုဗက်ကီးယားတို့ပါဝင်ကြောင်း ရုရှား အစိုးရမှ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ ရုရှားမှ နှစ်မြို့ခြင်းမရှိတဲ့ နိုင်ငံများကို အမည်ပျက်စာရင်း သွင်းထားခြင်းဖြစ်ပြီး၊ အဆိုပါနိုင်ငံများမှ ရုရှားနိုင်ငံသို့ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများနဲ့ အစိုးရအဖွဲ့အစည်းများကို နေရာချထားလိုတဲ့အခါမှာ ခွဲတမ်း သို့မဟုတ် တားမြစ်ချက်ကိုသာ ရရှိမှာဖြစ်ပါတယ်။

ယခုအခါမှာတော့ ခွဲတမ်းအဖြစ် ဂရိမှ ၃၄ ဦး၊ ဒိန်းမတ်မှ ၂၀ ဦး၊ ဆလိုဗက်ကီးယားမှ ၁၆ ဦးသာ ရုရှားနိုင်ငံအတွင်း ခန့်အပ်နိုင်မှာဖြစ်ပြီး၊ ဆလို‌ဗေးနီးယားနဲ့ ခရိုအေးရှားတို့ကတော့ သံတမန်တာဝန်များနဲ့ ကောင်စစ်ဝန်ရုံးများမှာ ဝန်ထမ်းများကို ခန့်အပ်နိုင်မှာမဟုတ်ကြောင်း ရုရှား အစိုးရမှ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ "ပုံမှန်အနေနဲ့ ရုရှားရဲ့ နှစ်မြို့ခြင်းမရှိတဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းခံရပါက ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးအဆင့်ကို ကျဆင်းစေမှာဖြစ်တယ်" လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်မှ အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းတဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံအတွင်း ဝန်ထမ်းခန့်အပ်မှု ကန့်သတ်ချက်များ ချမှတ်ခံရတဲ့ နိုင်ငံများမှာ အခြားအကျိုးဆက်များ ကြုံတွေ့လာနိုင်မှု ရှိ၊ မရှိကိုတော့ ပက်စ်ကော့ဗ်မှ ဖြေရှင်းမှုမရှိခဲ့ပါဘူး။

Linko

Ref - CMG

ပေကျင်း၊ ဇူလိုင် ၂၃