【 နိုင်ငံတကာ 】 ခွဲထွက်ရေးသမားများ ‘လက်နက်ချ’ မည်ဆိုပါက စစ်ရေးဆောင်ရွက်မှု အဆုံးသတ်မည်ဟု အဇာဘိုင်ဂျန်သမ္မတ ဆို

【 နိုင်ငံတကာ 】 ခွဲထွက်ရေးသမားများ ‘လက်နက်ချ’ မည်ဆိုပါက စစ်ရေးဆောင်ရွက်မှု အဆုံးသတ်မည်ဟု အဇာဘိုင်ဂျန်သမ္မတ ဆို

ဘာကူး၊ စက်တင်ဘာ - ၂၀

အဇာဘိုင်ဂျန်သမ္မတက ၎င်းတိုင်းပြည်ရဲ့ နာဂိုနို-ကာရာဘတ် စစ်ဆင်ရေးဟာ အာမေးနီးယန်း ခွဲထွက်ရေးသူပုန်တွေ လက်နက်ချလိုက်ရင် ပြီးဆုံးသွားမယ်လို့ ပြောလိုက်ပါတယ်။

“လက်နက်ချပြီး လက်နက်ဖြုတ်သိမ်းလိုက်တာနဲ့ အကြမ်းဖက်နှိမ်နင်းရေးအစီအမံတွေ ရပ်တန့်သွားမှာပါလို့ နိုင်ငံတော်အကြီးအကဲက ပြောပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းခေါ်ဆိုမှုတွင် အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ်က ပြောကြောင်း သမ္မတရုံးကထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

အင်္ဂါနေ့က အဇာဘိုင်ဂျန်သည် တိုက်ခိုက်ရေးအမြှောက်များ တပ်ဆင်ထားသည့် တပ်ဖွဲ့များကို အာမေးနီးယန်း အုပ်ချုပ်သည့် နာဂေါနို-ကာရာဘတ်ဒေသသို့ ဖြန့်ကြက်ချထားခဲ့ပါတယ်။

ထိုလုပ်ဆောင်ချက်သည် ခွဲထွက်ဧရိယာကို အင်အားသုံး၍ ထိန်းချုပ်ရန် ကြိုးပမ်းမှုကို ကိုယ်စားပြုနေရာ အိမ်နီးချင်း အာမေးနီးယားနှင့် ပဋိပက္ခအသစ်အတွက် အလားအလာကို တိုးမြင့်လာစေပါတယ်။

နာဂေါနို-ကာရာဘတ်ဒေသသည် တောင်ထူထပ်သော တောင်ကော့ကေးဆပ်ဒေသတွင် တည်ရှိပြီး နိုင်ငံတကာဥပဒေအရ အဇာဘိုင်ဂျန်နယ်မြေအဖြစ် တရားဝင်အသိအမှတ်ပြုထားပါတယ်။

သို့သော်လည်း ယင်းဒေသ၏ အစိတ်အပိုင်းအချို့မှာ ၎င်းတို့၏ ဘိုးဘွားမွေးရပ်မြေအဖြစ် ယင်းဒေသနှင့် သမိုင်းဝင်ဆက်စပ်သည်ရှိသည်ဟုဆိုထားသော ခွဲထွက် အာမေးနီးယန်းအာဏာပိုင်များ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပါတယ်။

အလီယက်ဗ်က “အဇာဘိုင်ဂျန်နိုင်ငံ၊ ကာရာဘတ်ဒေသရှိ  အာမေးနီးယန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ကင်းထောက်-အဖျက်အမှောင့်အဖွဲ့များက ဒေသတွင်းအကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် မိုင်းများထောင်ခြင်းကြောင့် ရလဒ်အနေနဲ့ အရပ်သားတွေနဲ့ ရဲအရာရှိတွေ သေဆုံးခဲ့ရပြီး အဇာဘိုင်ဂျန်တပ်ဖွဲ့ တပ်စိတ်တွေကို မော်တာတွေ၊ အရည်အသွေးမျိုးစုံရှိတဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

အဇာဘိုင်ဂျန်သမ္မတက “ဒီလိုရန်စလှုံ့ဆော်တဲ့ လုပ်ရပ်တွေကို တားဆီးဖို့၊ အဇာဘိုင်ဂျန်ဟာ ဒေသတွင်း အကြမ်းဖက်မှုဆန့်ကျင်ရေး အစီအမံတွေကို စတင်လုပ်ဆောင်ဖို့ လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

ဘလင်ကန်က နာဂေါနို-ကာရာတွင် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ချက်ချင်းရပ်ရန်နှင့် တင်းမာမှုအခြေအနေကို အရှိန်‌လျှော့ချရန် အဇာဘိုင်ဂျန်ကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဘလင်ကန်က နာဂေါနို-ကာရာရှိ အာမေနီးယန်းလူမျိုးစုများနှင့် ဘာကူးအကြား ထူးထူးခြားခြား ကွဲလွဲမှုများကို စစ်ရေးအရ ဖြေရှင်းလို့မရဘဲ  ပါဝင်ပတ်သက်သူများကြား တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရမည်ဟု အလေးပေးပြောကြားခဲ့တယ် ဆိုပါတယ်။

Linko
Ref - English-alarabiya