【 နိုင်ငံတကာ 】 ဂျိုးဘိုင်ဒင် ဗီယက်နမ်သို့ထွက်ခွာ

【 နိုင်ငံတကာ 】 ဂျိုးဘိုင်ဒင် ဗီယက်နမ်သို့ထွက်ခွာ

နယူးဒေလီ၊ စက်တင်ဘာ - ၁၀ 
 
စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တနင်္ဂနွေနေ့တွင် ဗီယက်နမ်သို့ထွက်ခွာသွားပါတယ်။ 
 
သူ၏ခရီးစဉ်အတွင်း ဘိုင်ဒင်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရေး ဆွေးနွေးရန် ဗီယက်နမ်အတွင်းရေးမှူးချုပ် ငုယင် ဖူ ထရောင်နှင့် အခြားထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားပါတယ်။ 
 
ဗီယက်နမ်ရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးက စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် “သမ္မတ ဂျိုးဆက် အာ ဘိုင်ဒင်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းသို့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး ဟနွိုင်းတွင်ရှိနေစဉ် သမ္မတ ဘိုင်ဒင်သည် အတွင်းရေးမှူးချုပ် ငုယင် ဖူထရောင်နှင့် အခြားအဓိက ခေါင်းဆောင်များနှင့် အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဆွေးနွေးမည်ဖြစ်သည်” ဟု ဖော်ပြထားပါတယ်။
 
Linko
Ref - ANI