【 နိုင်ငံတကာ 】 နိုင်ငံတစ်ဝန်း မီးပျက်ခဲ့သည့် နိုင်ဂျီးရီးယားတွင် လျှပ်စစ်မီး ပြန်လည်ရရှိ

【 နိုင်ငံတကာ 】 နိုင်ငံတစ်ဝန်း မီးပျက်ခဲ့သည့် နိုင်ဂျီးရီးယားတွင် လျှပ်စစ်မီး ပြန်လည်ရရှိ

ဂျိုဟန်နက်စ်ဘာ့ဂ်၊ စက်တင်ဘာ - ၁၅     

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံတွေ့ခဲ့ရပြီးနောက် ကြာသပတေးနေ့နှောင်းပိုင်းတွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ကြောင်း နိုင်ဂျီးရီးယားအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

နိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးသော Eko Electricity Distribution ကုမ္ပဏီက တွစ်တာတွင် ဓာတ်အားလိုင်းမှ ဓာတ်အားပြန်လည်ရရှိပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

နိုင်ဂျီးရီးယား၏ Transmission Company (TCN) မှ အစောပိုင်းထုတ်ပြန်ချက်တစ်ခုတွင် “ကန်ဂျီ /ဂျီဘာ 330kv လိုင်း ၂ တွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ဓာတ်အားလိုင်း ပြိုလဲခဲ့ကြောင်း” ဖော်ပြထားပါတယ်။

နိုင်ဂျီးရီးယားသည် အခြားသော အာဖရိကနိုင်ငံများစွာကဲ့သို့ပင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ကြာသပတေးနေ့ကဲ့သို့ပင် နာရီပေါင်းများစွာ ပြတ်တောက်မှုမျိုး နိုင်ငံတစ်ခုလုံးကို ထိခိုက်ခြင်းမျိုးမရှိခဲ့ပေ။

အနောက်အာဖရိကနိုင်ငံရှိ လူအများအပြားသည် မကြာခဏဓာတ်အားပြတ်တောက်မှုကြောင့် ၎င်းတို့၏နေအိမ်များနှင့် လုပ်ငန်းများသို့  လျှပ်စစ်ဓာတ်အားပေးရန်အတွက် မီးစက်များကိုသာ  အသုံးပြုကြပါတယ်။

အာဖရိက၏ စက်မှုအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သည့် တောင်အာဖရိကသည်ပင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး လျှပ်စစ်အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နေအိမ်များနှင့် လုပ်ငန်းများ၏ ဝယ်လိုအားတိုးလာခြင်းကြောင့် သက်တမ်းရင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပါတယ်။

Linko
Ref - Anadolu Agency