【 နိုင်ငံတကာ 】 မြောက်ကိုရီးယားခေါင်းဆောင် နိုင်ငံတည်ထောင်သည့် နှစ်ပတ်လည်အခမ်းအနားတက်

【 နိုင်ငံတကာ 】 မြောက်ကိုရီးယားခေါင်းဆောင် နိုင်ငံတည်ထောင်သည့် နှစ်ပတ်လည်အခမ်းအနားတက်

ဆိုးလ်၊ စက်တင်ဘာ - ၁၀ 
 
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် နိုင်ငံတည်ထောင်သည့် ၇၅ နှစ်မြောက် အခမ်းအနားသို့ တက်ရောက်ပြီး အခြားတက်ရောက်သူများနှင့် ဓာတ်ပုံရိုက်ခံသော်လည်း သူ ရုရှားသို့သွားမည့် သတင်းများထွက်နေစဉ် အခြားအခမ်းအနားများသို့ တက်ရောက်ခြင်းမရှိပေ။
 
စနေနေ့ကပြုလုပ်သည့် ထိုအခမ်းအနားတွင် အတိတ်ခေါင်းဆောင်များအတွက် ပန်းခြင်းများ၊ စားသောက်ပွဲများ၊ တရုတ်ကိုယ်စားလှယ်အဖွဲ့အတွက် ကပွဲ၊ ရုရှားစစ်တပ်က သီဆိုကခုန်ခြင်း စသည်တို့ပါဝင်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 
 
ကင်သည် သူ့အဖိုးနှင့် အဖေ အလောင်းများထားသည့် ဗိမာန်သို့တက်ရောက် ဓာတ်ပုံရိုက်ခံသည့် အခမ်းအနားတက်သည်ကိုသာ KCNA က ဖော်ပြပြီး အခြားအခမ်းအနားများ တက်ရောက်သည်ဟု ဖော်ပြထားပါတယ်။ထိုဗိမာန်တွင် ကင်က ကောင်းမွန်သောနေ့များတွင်သာမက ဆိုးရွားသောနေ့များတွင်ပင် မိသားစုအရေးထက် နိုင်ငံ့အရေးကို ဦးစားပေးခဲ့သူများကို ထိုအခမ်းအနားတွင် ချီးကျူးခဲ့ပါတယ်။ 
 
“မျိုးချစ်တွေဟာ နိုင်ငံရဲ့အင်အားကို ကိုယ်စားပြုတဲ့ အကောင်းဆုံးပိုင်ဆိုင်မှုတွေဖြစ်တယ်။ကိုရီးယားအလုပ်သမားပါတီဟာ အဲဒီလိုလူတွေကို အားကိုးပြီး နိုင်ငံသမိုင်းမှာ မကြုံဖူးတဲ့ မဟာ အသွင်ကူးပြောင်းရေခေတ်ကို ကြိုဆိုနေတယ်” ဟု သူကပြောခဲ့ပါတယ်။ 
 
ကင်သည် လက်နက်ထောက်ပံ့ရေးနှင့် အခြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးရန် ပူတင်ကို ရုရှားအရှေ့ဖျားမြို့ ဗလာဒီဗော့စတော့တွင် တွေ့ဆုံမည်ဆိုသည့် သတင်းများထွက်နေပါတယ်။တနင်္ဂနွေနေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် သီးခြားတွေ့ဆုံမည်ဟုမျှော်လင့်ရပါတယ်။
 
Linko
Ref - Straitstimes