【 နိုင်ငံတကာ 】 ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိ လုံခြုံရေး အထောက်အပံ့သစ်အစီအစဉ် အမေရိကန်ကြေညာ

【 နိုင်ငံတကာ 】 ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိ လုံခြုံရေး အထောက်အပံ့သစ်အစီအစဉ် အမေရိကန်ကြေညာ 

ဝါရှင်တန်၊ စက်တင်ဘာ - ၈
 
ဖြိုခွဲရေး ခဲယမ်းမီးကျောက်များနှင့် မိုင်းရှင်းလင်းရေး ကိရိယာများအပြင် အမြောက်ကျည်ဆံများ ပါ၀င်သော ယူကရိန်းအတွက် ဒေါ်လာသန်း ၆၀၀ လုံခြုံရေးအထောက်အပံ့အသစ်ကို အမေရိကန်က ကြာသပတေးနေ့တွင် ကြေညာခဲ့ပါတယ်။
 
ယင်းအကူအညီတွေမှာ အမေရိကန်စစ်သိုလှောင်မှုများမှ ထုတ်ယူမည့်အစား ယူကရိန်းလုံခြုံရေးအထောက်အကူပြုမှု (USAI) လက်အောက်မှ သွားမည်ဖြစ်သဖြင့် ဝါရှင်တန်အနေဖြင့် ကာကွယ်ရေးစက်မှုလုပ်ငန်း (သို့မဟုတ်) မိတ်ဖက်များထံမှ ပစ္စည်းများကို ဝယ်ယူရမည်ဖြစ်ရာ စစ်မြေပြင်ကို ချက်ချင်းရောက်လာမှာမဟုတ်ကြောင်း သိရပါတယ်။
 
အဆိုပါပက်ကေ့ချ်သည် ယူကရိန်း၏ စစ်မြေပြင်လိုအပ်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး ယူကရိန်းအတွက် အမေရိကန်၏ မယိမ်းယိုင်သော ပံ့ပိုးကူညီမှုကို ပြသမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 
 
M1 Abrams တင့်ကားများအတွက် ၁၂၀ မီလီမီတာ ကုန်ဆုံးသွားသော ယူရေနီယံကျည်များ အပါအဝင် ယခုနှစ်မကုန်မီပို့ဆောင်ရန် မျှော်လင့်ထားသည့် ကိယက်ဗ်အတွက် စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၁ ဘီလီယံကျော်ကို ဝါရှင်တန်က ကတိပြုပြီးနောက် တစ်ရက်အကြာတွင် ယခုနောက်ဆုံးထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
 
Linko
Ref - english-alarabiya