【 နိုင်ငံတကာ 】 ယူကရိန်းအနောက်ပိုင်း လာဗက်ဗ်မြို့ကို ရုရှားက လေကြောင်းမှတိုက်ခိုက်

【 နိုင်ငံတကာ 】 ယူကရိန်းအနောက်ပိုင်း လာဗက်ဗ်မြို့ကို ရုရှားက လေကြောင်းမှတိုက်ခိုက်

ကိယက်ဗ်၊ စက်တင်ဘာ - ၁၉

ယူကရိန်းနိုင်ငံ အနောက်ပိုင်း လာဗက်ဗ်မြို့ကို ရုရှားက လှိုင်းလုံးသဖွယ် လေကြောင်းတိုက်ခိုက်မှု တွေလုပ်ဆောင်နေတာကို လေကြောင်းရန်တပ်ဖွဲ့က ကာကွယ်မှုတွေ လုပ်ဆောင်နေတာကြောင့် မနက်အစောပိုင်းက ပေါက်ကွဲသံတွေနဲ့ တုန်လှုပ်နေခဲ့ကြောင်း ဒေသတာဝန်ရှိသူများက ပြောပါတယ်။

မြို့တော်ဝန် အန်ဒရီရီဆာဒိုဗီက အင်္ဂါနေ့အစောပိုင်းမှာ တယ်လီဂရမ်ကနေ “ကျွန်ုပ်တို့၏ဒေသမှာ လေကြောင်းရန်ကာကွယ်ရေးများ လုပ်ဆောင်နေပါတယ်” လို့ ရေးသားခဲ့ပြီး ဒေသခံများကို အကာအကွယ်တွေမှာခိုလှုံဖို့  သတိပေးခဲ့ပါတယ်။

ယူကရိန်းလေတပ်က “ဆာဟက်ဒ် (Shahed) ဒရုန်းခြိမ်းခြောက်မှုက လာဗက်ဗ် (Lviv) ဒေသမှာ ကျန်နေသေးတယ်” လို့ တယ်လီဂရမ်မှာ ရေးခဲ့ပါတယ်။

ဒါ့အပြင် “လေကြောင်းရန်ကာကွယ်ရေးကို လုပ်ဆောင်နေပါတယ်” လို့ ရေးခဲ့ပါတယ်။

ယူကရိန်းအနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေးချက်ကို ဂရင်းနစ်စံချိန် ၀၀:၀၀ မှာ စတင်ခဲ့ပါတယ်။  

အစီရင်ခံချက်များအရ လာဗက်ဗ် (Lviv) မြို့ရှိ ပစ်မှတ်များကိုဦးတည်ပြီးဝင်လာတဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားခဲ့တဲအတွက် ဂရင်းနစ်စံတော်ချိန်  ၀၁ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ကွဲသံများကြားခဲ့ရပြီး လာဗက်ဗ်မြို့ရှိ ပစ်မှတ်များကို လှိုင်းလုံးများလို ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအရ သိရပါတယ်။

ဆာဒိုဗီ၏ နောက်ပိုင်းအစီရင်ခံဖော်ပြမှုအရ  စက်မှုကုန်လှောင်ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုဖြင့် မီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ကနဦးသတင်းများအရ လူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုပါတယ်။

“ယခုအချိန်အထိ တိုက်ခိုက်မှုအတွင်း လူတစ်ဦးသာ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု မြို့တော်ဝန်က တယ်လီဂရမ်မှာ ပြောကြားခဲ့ပြီး အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးကို ဂိုဒေါင်တစ်ခု၏ အပျက်အစီးများအောက် တွေ့ရှိခဲ့ရလို့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောခဲ့ပါတယ်။

တိုက်ခိုက်မှုအတိုင်းအတာနှင့် ပျက်စီးမှုအတိုင်းအတာ အပြည့်အစုံကို ချက်ချင်း မသိရသေးပေ။ယခုတိုက်ခိုက်မှုအပေါ် ရုရှားဘက်မှ ချက်ခြင်းမှတ်ချက်ပေးခြင်းမရှိခဲ့ပေ။

လာဗက်ဗ်ဒေသ၏ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ မတ်ခ်ဆမ်ကိုဇက်စကီးက လူနှစ်ဦး၊ ယောက်ျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြို့တော်ရှိ အပျက်အစီးများအောက်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ကနဦးအနေနဲ့ အမျိုးသမီးကတော့ ဒဏ်ရာမရှိဘူးလို့ ယူဆရပါတယ်။အဲဒီအမျိုးသားကတော့ အခြေအနေစိုးရိမ်ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

မြို့တော်တွင် ဂရင်းနစ်စံတော်ချိန် ၀၃:၀၀ ၌ လေကြောင်းတိုက်ခိုက်မှုအားလုံးကို အလုံးစုံရှင်းလင်းနိုင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

လာဗက်ဗ်ဒေသသည် ယူကရိန်းအရှေ့ဘက်နှင့် တောင်ဘက်ရှိ တိုက်ပွဲများဖြစ်ရာ ရှေ့တန်းမှ ဝေးကွာသော်လည်း အရပ်ဘက်အခြေခံအဆောက်အအုံများနှင့် လူနေအိမ်အဆောက်အအုံများကို သေစေနိုင်သည့် ရုရှားဒုံးကျည်နှင့် ဒရုန်းများ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် မြို့တွင်းနေထိုင်သူများအကြား ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံးခဲ့ရမှုများ သိသိသာသာဖြစ်ခဲ့ပါတယ်။

Linko
Ref - Aljazeera