【 နိုင်ငံတကာ 】 ရီယိုတွင် ကျင်းပမည့် G-20 အစည်းအဝေးကို ပူတင် တက်ရောက်မည်ဆိုပါက ဖမ်းဆီးမည်မဟုတ်ဟု ဘရာဇီးသမ္မတ အာမခံ

【 နိုင်ငံတကာ 】 ရီယိုတွင် ကျင်းပမည့် G-20 အစည်းအဝေးကို ပူတင် တက်ရောက်မည်ဆိုပါက ဖမ်းဆီးမည်မဟုတ်ဟု ဘရာဇီးသမ္မတ အာမခံ

နယူးဒေလီ၊ စက်တင်ဘာ - ၁၀ 
 
ဘရာဇီးသမ္မတ လူးဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗားက ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်ဟာ လာမယ့်နှစ် ရီယိုဒီဂျနေရိုးမှာ ကျင်းပမယ့် G-20  အစည်းအဝေးကို တက်ရောက်ခဲ့မယ်ဆိုရင် ဘရာဇီးမှာ ဖမ်းဆီးခံရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
 
နယူးဒေလီမှာ ကျင်းပတဲ့ G20 ဆွေးနွေးပွဲ ပြင်ပမှာ တွေ့ဆုံမေးမြန်းခန်းတွေမှာ Firstpost သတင်းဌာနကမေးရာမှာ လူလာက လာမည့်နှစ် အခမ်းအနားသို့ ပူတင်အား ဖိတ်ကြားသွားမည်ဖြစ်ပြီး ရီယိုအစည်းအဝေးမတိုင်မီ ရုရှားနိုင်ငံတွင် ကျင်းပမည့် BRICS ဖွံ့ဖြိုးဆဲနိုင်ငံများ အစုအဖွဲ့ အစည်းအဝေးသို့ သူကိုယ်တိုင်တက်ရောက်ရန် စီစဉ်ထားကြောင်းလည်း ၎င်းကပြောကြားခဲ့ပါတယ်။
 
“ဘရာဇီးကို လွယ်လွယ်ကူကူ ပူတင် သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု လူလာက ပြောကြားခဲ့ပါတယ်။ 
 
“ကျွန်တော် ခင်ဗျားကိုပြောနိုင်တာက ဘရာဇီးသမ္မတဖြစ်နေလို့ သူ ဘရာဇီးကိုရောက်ရင် သူ့ကို ဖမ်းဖို့ နည်းလမ်းမရှိဘူး” လို့ ပြောခဲ့ပါတယ်။ 
 
ပူတင်အား နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ယူကရိန်းမှ ကလေးရာပေါင်းများစွာကို တရားမ၀င် ပြည်နှင်ဒဏ်ပေးခဲ့သည့် စစ်ရာဇ၀တ်မှုဖြင့် မတ်လတွင် ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ 
 
ရုရှားက ၎င်း၏တပ်ဖွဲ့များသည် စစ်ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း (သို့မဟုတ်) ယူကရိန်းကလေးများကို အတင်းအကျပ် ခေါ်ဆောင်သွားကြောင်း ငြင်းဆိုထားပါတယ်။ 
 
ပူတင်သည် နိုင်ငံတကာစည်းဝေးပွဲများကို အကြိမ်ကြိမ်ကျော်ခဲ့ကာ နယူးဒေလီတွင် ကျင်းပသည့် G20 အစည်းဝေးပွဲသို့လည်း မတက်ရောက်ခဲ့ဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်း လာဗက်ဗော့ကိုသာ  စေလွှတ်ခဲ့ပါတယ်။ 
 
(ICC) ကို ထူထောင်ရန် ဦးတည်သည့် ရောမဥပဒေတွင် ဘရာဇီးနိုင်ငံမှာ လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်ပါတယ်။ယခုပြောဆိုချက်အတွက် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို လူလာ၏ရုံးက ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။
 
စနေနေ့တွင် G-20 နိုင်ငံများသည် ယူကရိန်းစစ်ပွဲအတွက် ရုရှားအား ရှုတ်ချခြင်းကို ရှောင်ရှားသည့် သဘောတူညီချက်တစ်ရပ်ကို လက်ခံခဲ့ကြသော်လည်း နယ်မြေသိမ်းပိုက်ရန် အင်အားအသုံးမပြုရန် နိုင်ငံအားလုံးကို တောင်းဆိုခဲ့ပါတယ်။ 
 
Linko
Ref - TRT