【 နိုင်ငံတကာ 】 သမ္မတ ဇီလင်စကီး မွေးရပ်မြေကို ရုရှားက ဒုံးကျည်ဖြင့်တိုက်ခိုက်သဖြင့် ရဲတစ်ဦးသေဆုံးကာ ၇၃ ဦးဒဏ်ရာရ

【 နိုင်ငံတကာ 】 သမ္မတ ဇီလင်စကီး မွေးရပ်မြေကို ရုရှားက ဒုံးကျည်ဖြင့်တိုက်ခိုက်သဖြင့် ရဲတစ်ဦးသေဆုံးကာ ၇၃ ဦးဒဏ်ရာရ

ကိယက်ဗ်၊ စက်တင်ဘာ - ၉

ယူကရိန်းသမ္မတ ဗလိုဒိုမာ ဇီလင်စကီး၏ မွေးရပ်မြေကို  သောကြာနေ့မှာ  ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်ကိုးဦးအပါအဝင် အနည်းဆုံး လူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

တောင်ပိုင်း ခါဆန်ဒေသမှာလည်း ရုရှား၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုများသည် ယူကရိန်းနိုင်ငံတစ်ဝန်း ညပိုင်းတွင် ရုရှား၏ တိုက်ခိုက်မှုအများအပြားထဲကဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်ချိန်တည်းတွင် မော်စကိုသည် ၎င်း၏တရားမဝင် ပေါင်းစည်းထားသော ဒေသလေးခုတွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲများနှင့်အတူ ၎င်း၏အနေအထားကို နိုင်ငံရေးအရ ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း ယင်းလေးခုစလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ပေ။

ယူကရိန်းနိုင်ငံခြားရေးဌာနက “ရွေးကောက်ပွဲအတု” ကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းရှိ စျေးတစ်ခုတွင် ရုရှားတိုက်ခိုက်ခံရမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး၊ ရိုမေးနီးယားတွင် ဒရုန်းအပျက်အစီးများကို တွေ့ရှိခဲ့သည့် ဖြစ်ရပ်ပြီးနောက် ရက်ပိုင်းအကြာ ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ဒေသခံတွေကြား ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံထဲကို စစ်ပွဲတွေ ပျံ့နှံ့လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။သောကြာနေ့က တိုက်ခိုက်မှုအတွင်း အဆောက်အဦ ၁၀ လုံး ပျက်စီးခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်ကိုးဦးပါဝင်တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီး အီဟောကလစ်မြန်ကိုက ပြောပါတယ်။

တယ်လီဂရမ်တွင် ကလစ်မြန်ကို တင်ထားသည့် ဓာတ်ပုံများတွင် မီးလောင်နေသော အဆောက်အအုံတစ်ခု၊ သစ်သားများ မီးလောင်နေမှုနှင့် ဒဏ်ရာရသူတွေကို အရေးပေါ်ကယ်ဆယ်ပေးနေတာကို ပြသခဲ့ပါတယ်။

ညနေပိုင်းအထိ ဒဏ်ရာရရှိသူ ၇၃ ဦးအထိ တိုးလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။

Linko
Ref - TRT