【 နိုင်ငံတကာ 】 အကျဉ်းသားလဲလှယ်မှု နီးကပ်နေစဉ် အမေရိကန်က အီရန်ကို အရေးယူပိတ်ဆို့မှုသစ် ကြေညာ

【 နိုင်ငံတကာ 】 အကျဉ်းသားလဲလှယ်မှု နီးကပ်နေစဉ် အမေရိကန်က အီရန်ကို အရေးယူပိတ်ဆို့မှုသစ် ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ - ၁၆

လွန်ခဲ့သောနှစ်က တီဟီရန်တွင် မာဆာအမ်မီနီကို ရဲကဖမ်းဆီးထားစဉ် သေဆုံးမှုကြောင့်ဖြစ်လာသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသည့် အီရန်အရာရှိနှင့် အဖွဲ့အစည်းဒါဇင်ပေါင်းများစွာကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပြီဖြစ်ပါတယ်။

သောကြာနေ့က ကြေညာသည့် ထိပ်တန်းလုံခြုံရေးအရာများနှင့် အစိုးရနှင့်ပတ်သက်သည့် မီဒီယာများကို ပစ်မှတ်ထားသည့် ထိုအရေးယူမှုများသည် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့ သဘောတူညီချက်အရ လာမည့်အပတ်တွင် အကျဉ်းသားလဲလှယ်မည်ဟု မျှော်လင့်နေချိန်တွင် ထိုသို့အရေးယူပိတ်ဆို့မှုများကို ကြေညာခြင်းဖြစ်ပါတယ်။

အမေရိကန်က ထိုသို့အရေးယူပိတ်ဆို့ခြင်းသည် ခေါင်းစည်း မစည်းသောကြောင့် အီရန်ရဲက ဖမ်းဆီးထားစဉ် သေဆုံးရသည့် အသက် ၂၂ နှစ်အရွယ် ကာ့ဒ်အမျိုးသမီး အမ်မီနီ၏ နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။

အီရန်ရဲလက်တွင် အမ်မီနီ သေဆုံးခြင်းကြောင့် အီရန်နိုင်ငံတစ်ဝှမ်း ရက်သတ္တပတ်များစွာကြာသည့် ဆန္ဒပြပွဲများဖြစ်ပြီး လုံခြုံရေးတပ်များက ကြမ်းတမ်းစွာ နှိမ်နင်းခဲ့ပါတယ်။

အမ်မီနီကို ဖမ်းထားစဉ် ရိုက်နှက်ညှင်းပမ်း နှိပ်စက်ခြင်းမရှိကြောင်း အီရန်က ပြောခဲ့ပါတယ်။

Linko
Ref - Al Jazeera