【 နိုင်ငံတကာ 】 အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို စည်းရုံးနေစဉ် ကမ္ဘာ့ခေါင်းဆောင်များ ကုလသမဂ္ဂတွင် တွေ့ဆုံမည်

【 နိုင်ငံတကာ 】 အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို စည်းရုံးနေစဉ် ကမ္ဘာ့ခေါင်းဆောင်များ ကုလသမဂ္ဂတွင် တွေ့ဆုံမည်

နယူးယောက်၊ စက်တင်ဘာ - ၁၆

ဖွံ့ဖြိုးဆဲနိုင်ငံများကို စည်းရုံးရန် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပကတစ်ဘက်၊ တရုတ်နှင့် ရုရှားကတစ်ဘက် အပြိုင်လုပ်ဆောင်နေစဉ်နှင့် ယူကရိန်းစစ်ပွဲကြောင့် အဓိကအားဖြင့် ပထဝီနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်နေစဉ် ကမ္ဘာ့ခေါင်းဆောင်များသည် လာမည့်အပတ်တွင်  ကုလသမဂ္ဂတွင် တွေ့ဆုံမည်ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ပြီး ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးသည် ကုလသမဂ္ဂအစည်းအဝေးကို လူကိုယ်တိုင်တက်မည်ဖြစ်သောကြောင့် ရုရှား၏ နှစ်နှစ်ကြာပြီဖြစ်သော ယူကရိန်းစစ်သည် နှစ်ပတ်လည်အထွေထွေညီလာခံတွင် အဓိကဆွေးနွေးမည့်ကိစ္စ ဖြစ်နိုင်ပါတယ်။

အစည်းအဝေးအစီအစဉ်တွင် ထိပ်တန်းမှပါဝင်မည့် ကိစ္စများတွင် ကမ္ဘာ့တောင်ပိုင်း၏ စိုးရိမ်ပူပန်မှုများလည်း ပါဝင်မည်ဖြစ်ပါတယ်။အနောက်နိုင်ငံများသည် ရုရှားကို အထီးကျန်စေရန် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ခံမှုရရန် စိတ်အားထက်သန်ပြီး ပိုမိုအာရုံစိုက်လာခြင်း၏ ထင်ဟပ်ချက်ဖြစ်ပါတယ်။

အထွေထွေညီလာခံအတွင်း ကျင်းပသည့် ထိပ်တန်းအစည်းအဝေးအများအပြားသည် အာဖရိက၊ လက်တင်အမေရိကနှင့် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဦးစားပေးများ၊ ရာသီဥတု၊ ကျန်းမာရေး၊ ဖွံဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့ရေးနှင့် ၂၀၁၅ ခုနှစ်က ဖန်တီးခဲ့သည့် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုပန်းတိုင်များကို မည်သို့အကောင်အထည်ဖော်မည်ကို ဆွေးနွေးကြမည်ဖြစ်ပါတယ်။

Linko
Ref - Reuters