【 နိုင်ငံတကာ 】 G-20 ကြေညာချက် သဘောတူညီချက်ရခြင်းတွင် အိန္ဒိယ၏ ခေါင်းဆောင်မှု အဓိကကျ

【 နိုင်ငံတကာ 】 G-20 ကြေညာချက် သဘောတူညီချက်ရခြင်းတွင် အိန္ဒိယ၏ ခေါင်းဆောင်မှု အဓိကကျ

နယူးဒေလီ၊ စက်တင်ဘာ - ၁၀ 
 
နယ်နိမိတ်အငြင်းပွားမှုတွင် အင်အားအသုံးပြုမှု ရှောင်ရှားရန် နိုင်ငံများကို တိုက်တွန်းသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) ထိပ်သီးဆွေးနွေးပွဲမှကြေညာချက်ကို အပြင်းအထန်ဆွေးနွေးပြီ သဘောတူညီရရှိခြင်းသည် အိန္ဒိယ၏ ခိုင်မာသော ခေါင်းဆောင်မှုကြောင့်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ထိပ်တန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောလိုက်ပါတယ်။ 
 
နယူးဒေလီတွင် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ ရက်သတ္တပတ်အတန်ကြာအောင် ယူကရိန်းပဋိပက္ခကို ကိုးကားပြောဆိုခြင်းအတွက် သဘောတူညီမှုရရှိရန် G-20 ရုန်းကန်နေရပါတယ်။ထိုကျူးကျော်မှုအတွက် အနောက်နိုင်ငံများက မော်စကိုကို ပြစ်တင်ရှုတ်ချရန် ဖိအားပေးနေစဉ် ရုရှားကလည်း ၎င်းတို့အမြင်ကို မထင်ဟပ်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ပိတ်ပင်မည်ဖြစ်ကြောင်း ပြောနေပါတယ်။
 
“အိန္ဒိယနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူတာဟာ အရမ်းခိုင်မာပြီး အပြင်းအထန်ညှိနှိုင်းပြီးနောက် ကန့်ကွက်သူမရှိတဲ့ ရလဒ်ဖြစ်လာတာ လုံးဝအပြုသဘောဆောင်တယ်” ဟု ထိပ်သီးဆွေးနွေးအကြောင်းသိသည့် အမည်မဖော်လိုသော အထက်ပါ အရာရှိ ပြောခဲ့ပါတယ်။
 
“အိန္ဒိယရဲ့ဦးဆောင်မှုမပါရင် ဒီလိုမဖြစ်နိုင်ဘူး” ဟုလည်း ကြေညာချက်ကို ရည်ညွှန်းပြီး သူက ပြောခဲ့ပါတယ်။
 
G-20 ခေါင်းဆောင်များ စနေနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယူကရိန်းစစ်အတွက် ရုရှားကို ရှုတ်ချခြင်း မပါဝင်သော်လည်း ပိုင်နက်နယ်မြေသိမ်းပိုက်ရန် အင်အားသုံးခြင်းမပြုရေးအတွက် နိုင်ငံများကို တိုက်တွန်းထားပါတယ်။
 
Linko
Ref - Malay mail