ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် ပဉ္စမအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့၌ လုပ်ဆောင်မည်

ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် ပဉ္စမအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့၌ လုပ်ဆောင်မည်

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ယခုမေလ ၆ ရက်မှ ၁၂ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် 5th UN Global Road Safety Week ကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ရက်သတ္တပတ် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီရဲ့ ဦးဆောင်မှုဖြင့် စီစဉ်တာဖြစ်သလို မေလ ၆ ရက်မှ မေလ ၈ ရက်အထိ ပထမ သုံးရက်အတွင်းမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ပညာပေးဆောင်ရွက်ခြင်း၊ လက်ကမ်းစာရွက်များ ကပ်ခြင်း၊ ပညာပေး စတစ်ကာများ ကပ်ခြင်း အစီအစဉ်တွေအပြင် စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်းများကို လက်ဆောင်အဖြစ် ဆုချီးမြှင့်တဲ့ အစီအစဉ်တွေနဲ့ မေလ  ၉ ရက်မှ ၁၂ ရက်အထိ ကာလအတွင်းမှာတော့ ယာဉ်စည်းကမ်း ချိုးဖောက်မှုများအတွက် မော်တော်ယာဉ်ဥပဒေဖြင့် တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူတာတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

ထိုသို့စစ်ဆေးအရေးယူတဲ့အခါ ထိုင်ခုံခါးပတ် မပတ်တာတွေ၊ အရက်သေစာ သောက်စားမောင်းနှင်တာတွေ၊ လုမောင်း၊ ပြိုင်မောင်းတာတွေ၊ အရှိန်ပြင်းမောင်းနှင်တာတွေ၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း ပြောဆိုတာတွေ အပါအဝင် လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးတာတွေ၊ ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ မြို့နယ်တွေမှာ မော်တော်ဆိုင်ကယ် ဘေးတွဲတပ်ဆင် မောင်းနှင်တာတွေ၊ နှစ်ယောက်ထက် ပိုမိုစီးနင်းတာတွေ၊ ဦးထုပ်မဆောင်းဘဲ စီးနင်းတာတွေကိုလည်း စစ်ဆေးကြပ်မတ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ မေ - ၃

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ယခုေမလ ၆ ရက္မွ ၁၂ ရက္အထိ ကမာၻလုံးဆိုင္ရာ ယာဥ္အႏၲရာယ္ လမ္းအႏၲရာယ္ ကင္းရွင္းေရး ရက္သတၱပတ္ 5th UN Global Road Safety Week ကို လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အဆိုပါ ရက္သတၱပတ္ အစီအစဥ္ကို ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရး ေကာင္စီရဲ႕ ဦးေဆာင္မႈျဖင့္ စီစဥ္တာျဖစ္သလို ေမလ ၆ ရက္မွ ေမလ ၈ ရက္အထိ ပထမ သုံးရက္အတြင္းမွာ ယာဥ္စည္းကမ္း လမ္းစည္းကမ္းဆိုင္ရာ ပညာေပးေဆာင္႐ြက္ျခင္း၊ လက္ကမ္းစာ႐ြက္မ်ား ကပ္ျခင္း၊ ပညာေပး စတစ္ကာမ်ား ကပ္ျခင္း အစီအစဥ္ေတြအျပင္ စည္းကမ္းလိုက္နာတဲ့ ယာဥ္ေမာင္းမ်ားကို လက္ေဆာင္အျဖစ္ ဆုခ်ီးျမႇင့္တဲ့ အစီအစဥ္ေတြနဲ႔ ေမလ  ၉ ရက္မွ ၁၂ ရက္အထိ ကာလအတြင္းမွာေတာ့ ယာဥ္စည္းကမ္း ခ်ိဳးေဖာက္မႈမ်ားအတြက္ ေမာ္ေတာ္ယာဥ္ဥပေဒျဖင့္ တင္းတင္းၾကပ္ၾကပ္ ဖမ္းဆီးအေရးယူတာေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ထားၾကတာ ျဖစ္ပါတယ္။

ထိုသို႔စစ္ေဆးအေရးယူတဲ့အခါ ထိုင္ခုံခါးပတ္ မပတ္တာေတြ၊ အရက္ေသစာ ေသာက္စားေမာင္းႏွင္တာေတြ၊ လုေမာင္း၊ ၿပိဳင္ေမာင္းတာေတြ၊ အရွိန္ျပင္းေမာင္းႏွင္တာေတြ၊ ယာဥ္ေမာင္းစဥ္ လက္ကိုင္ဖုန္း ေျပာဆိုတာေတြ အပါအဝင္ လိုင္စင္မဲ့ယာဥ္ေတြကို စစ္ေဆးဖမ္းဆီးတာေတြ၊ ဆိုင္ကယ္စီးနင္းခြင့္ရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ေမာ္ေတာ္ဆိုင္ကယ္ ေဘးတြဲတပ္ဆင္ ေမာင္းႏွင္တာေတြ၊ ႏွစ္ေယာက္ထက္ ပိုမိုစီးနင္းတာေတြ၊ ဦးထုပ္မေဆာင္းဘဲ စီးနင္းတာေတြကိုလည္း စစ္ေဆးၾကပ္မတ္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေမ - ၃