ခန္တီးမြို့အနီး ဗဟိုပြုကာ အင်အား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

 
ခန္တီးမြို့အနီး ဗဟိုပြုကာ အင်အား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်းက မြန်မာနိုင်ငံအထက်ပိုင်း ခန္တီးမြို့အနီးကိုဗဟိုပြုကာ ရစ်(ခ်)တာစကေး ၅ အထက်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ မြေငလျင်မှာ ခန္တီးမြို့ မြောက်ဘက်(၁၄)မိုင် ခန့်အကွာ မြေအောက်အနက် ၉၁ မီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့စံတော်ချိန်  ညနေ ၅ နာရီ ၃၄ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ မိုင်၁၂၀ ခန့်ကွာဝေးသည့် မြစ်ကြီးနားမြေငလျင်စခန်းမှ တိုင်းတာသိရှိခဲ့ ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ်အတွင်း နေ့အပူချိန် မြင့်တက်ခြင်းနှင့် အတူ ပြည်တွင်းကို ဗဟိုပြုကာ မြေငလျင် လှုပ်ခတ် မှုများနေ့စဉ်နီးပါးလှုပ်ခတ်နေတာကို တွေ့ရပါတယ်။

KZ
နေပြည်တော် ၊ မေ ၄

(  Zawgyi  )

 မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန သတင္းထုတ္ျပန္ခ်က္အရ ယေန႔ညေနပိုင္းက ျမန္မာႏိုင္ငံအထက္ပိုင္း ခႏၲီးၿမိဳ႕အနီးကိုဗဟိုျပဳကာ ရစ္(ခ္)တာစေကး ၅ အထက္ရွိ ငလ်င္ တစ္ခု လႈပ္ခတ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ေျမငလ်င္မွာ ခႏၲီးၿမိဳ႕ ေျမာက္ဘက္(၁၄)မိုင္ ခန႔္အကြာ ေျမေအာက္အနက္ ၉၁ မီတာကို ဗဟိုျပဳကာ လႈပ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ယေန႔စံေတာ္ခ်ိန္  ညေန ၅ နာရီ ၃၄ မိနစ္တြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ကာ မိုင္၁၂၀ ခန႔္ကြာေဝးသည့္ ျမစ္ႀကီးနားေျမငလ်င္စခန္းမွ တိုင္းတာသိရွိခဲ့ ရတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ယခုႏွစ္အတြင္း ေန႔အပူခ်ိန္ ျမင့္တက္ျခင္းႏွင့္ အတူ ျပည္တြင္းကို ဗဟိုျပဳကာ ေျမငလ်င္ လႈပ္ခတ္ မႈမ်ားေန႔စဥ္နီးပါးလႈပ္ခတ္ေနတာကို ေတြ႕ရပါတယ္။

KZ
ေနျပည္ေတာ္ ၊ ေမ ၄