စင်ကာပူမှ FDI ဝင်ရောက်မှုပမာဏ မေလတွင် ကန်ဒေါ်လာ သန်း ၃၀ ခန့်သာရှိ

စင်ကာပူမှ FDI ဝင်ရောက်မှုပမာဏ မေလတွင် ကန်ဒေါ်လာ သန်း ၃၀ ခန့်သာရှိ

စင်ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ မေလအတွင်း ကန်ဒေါ်လာ သန်း ၃၀ ခန့်သာ ရှိခဲ့သဖြင့် ဧပြီလအတွင်း ရင်းနှီးမြုပ်နှံသည့် ပမာဏ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်နှင့် နိူင်းယှဉ်ပါက အဆများ စွာ လျော့ကျခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန(DICA) ကထုတ်ပြန်သည့် အဆိုပါ စာ ရင်းအချက်အလက်အရ မေလအတွင်း ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံမှုကိုဖော်ပြသည့်  Yearly Approved amount of Foreign investment (By Country) စာရင်းအရ စင်ကာပူမှ ကန်ဒေါ်လာ ၂၈ ဒသမ ၆၂ သန်းဝင် ရောက် ရင်းနှီးမြုပ်နှံခဲ့ကာ ထိုပမာဏမှာ  ဧပြီလအတွင်း ဝင်ရောက်သည့် FDI စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၈၆ ဒသမ၁၂၈ သန်း၏ ရာခိုင်နူန်း ၃၀ ကျော်ရှိကြောင်း သိရပါ တယ်။

စင်ကာပူမှ ဝင်ရောက်သည့် FDI ပမာဏကို လအလိုက် ကြည့်ပါက ဖေဖေါ်ဝါရီလတွင် အမေရိကန် ဒေါ်လာ ၁၅၄  ဒသမ ၆၅သန်း၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၅၇ သန်း၊ဧပြီလတွင် ကန်ဒေါ် လာ ၄၆၂ ဒသမ ၀၉၆ သန်း၊ မေလတွင် ကန်ဒေါ်လာ ၂၈ ဒသမ ၆၂ သန်း ရှိခဲ့ကာ ယခု ဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း စင်ကာပူမှ လာရောက် ရင်းနှီးမြုပ် နှံသည့် ပမာဏမှာ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ( ၁၆၀၀ ဒသမ ၀၅၃ သန်း)ထိ ရှိလာပြီ ုဖြစ်ကြောင်းသိရပါတယ်။

လက်ရှိဘဏ္ဍာရေးနှစ်သစ်တွင် မြန်မာနိုင်ငံသို့ စင်ကာပူအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံခဲ့ပြီး ထို ၁၆ နိုင်ငံထဲတွင် စင်ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာ အများ ဆုံးဖြစ်ကာ တရုတ်နှင့် ဟောင်ကောင်မှာ ဒုတိယနှင့် တတိယ အများဆုံး လာရောက် ရင်းနှီးမြုပ်နှံ သည့် နိုင်ငံများဖြစ်ပြီး အရပ်သားအစိုးရ စတင်တာဝန်ယူသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၅၁ ဒသမ ၂၂၃သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈၂၀ ဒသမ ၇၆၄ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၂၁၆၃ ဒသမ ၉၆၃ သန်း၊ ကာလတိုဘတ်ဂျက်ကာလတွင်ကန်ဒေါ်လာ ၇၂၄ဒသမ ၄၂၄ သန်းရှိခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇွန် ၃၀

(  Zawgyi  )

 စင္ကာပူႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏမွာ ေမလအတြင္း ကန္ေဒၚလာ သန္း ၃၀ ခန႔္သာ ရွိခဲ့သျဖင့္ ဧၿပီလအတြင္း ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏ ကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ႏွင့္ ႏိူင္းယွဥ္ပါက အဆမ်ား စြာ ေလ်ာ့က်ခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကား မႈဦးစီးဌာန(DICA) ကထုတ္ျပန္သည့္ အဆိုပါ စာ ရင္းအခ်က္အလက္အရ ေမလအတြင္း ျပည္ပမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈကိုေဖာ္ျပသည့္  Yearly Approved amount of Foreign investment (By Country) စာရင္းအရ စင္ကာပူမွ ကန္ေဒၚလာ ၂၈ ဒသမ ၆၂ သန္းဝင္ ေရာက္ ရင္းႏွီးျမဳပ္ႏွံခဲ့ကာ ထိုပမာဏမွာ  ဧၿပီလအတြင္း ဝင္ေရာက္သည့္ FDI စုစုေပါင္းပမာဏ ကန္ေဒၚလာ ၈၆ ဒသမ၁၂၈ သန္း၏ ရာခိုင္ႏူန္း ၃၀ ေက်ာ္ရွိေၾကာင္း သိရပါ တယ္။

စင္ကာပူမွ ဝင္ေရာက္သည့္ FDI ပမာဏကို လအလိုက္ ၾကည့္ပါက ေဖေဖၚဝါရီလတြင္ အေမရိကန္ ေဒၚလာ ၁၅၄  ဒသမ ၆၅သန္း၊ မတ္လတြင္ အေမရိကန္ေဒၚလာ ၁၁ ဒသမ ၆၅၇ သန္း၊ဧၿပီလတြင္ ကန္ေဒၚ လာ ၄၆၂ ဒသမ ၀၉၆ သန္း၊ ေမလတြင္ ကန္ေဒၚလာ ၂၈ ဒသမ ၆၂ သန္း ရွိခဲ့ကာ ယခု ဘ႑ာႏွစ္ ခုႏွစ္လတာအတြင္း စင္ကာပူမွ လာေရာက္ ရင္းႏွီးျမဳပ္ ႏွံသည့္ ပမာဏမွာ ကန္ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ ( ၁၆၀၀ ဒသမ ၀၅၃ သန္း)ထိ ရွိလာၿပီ ုျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိဘ႑ာေရးႏွစ္သစ္တြင္ ျမန္မာႏိုင္ငံသို႔ စင္ကာပူအပါအဝင္ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံမွာ လာေရာက္ ရင္းႏွီးျမဳပ္ႏွံခဲ့ၿပီး ထို ၁၆ ႏိုင္ငံထဲတြင္ စင္ကာပူႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈမွာ အမ်ား ဆုံးျဖစ္ကာ တ႐ုတ္ႏွင့္ ေဟာင္ေကာင္မွာ ဒုတိယႏွင့္ တတိယ အမ်ားဆုံး လာေရာက္ ရင္းႏွီးျမဳပ္ႏွံ သည့္ ႏိုင္ငံမ်ားျဖစ္ၿပီး အရပ္သားအစိုးရ စတင္တာဝန္ယူသည့္ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၂၅၁ ဒသမ ၂၂၃သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၃၈၂၀ ဒသမ ၇၆၄ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိ ကန္ေဒၚလာ ၂၁၆၃ ဒသမ ၉၆၃ သန္း၊ ကာလတိုဘတ္ဂ်က္ကာလတြင္ကန္ေဒၚလာ ၇၂၄ဒသမ ၄၂၄ သန္းရွိခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇြန္ ၃၀