တစ်လကျော်ကာလအတွင်း ပြည်ပသို့ ကုန်တင်ပို့မှု ကန်ဒေါ်လာ ၂ ဘီလျံခန့် ရှိ

တစ်လကျော်ကာလအတွင်း ပြည်ပသို့ ကုန်တင်ပို့မှု ကန်ဒေါ်လာ ၂ ဘီလျံခန့် ရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အောက်တိုဘာလမှ ဇွန် ၂၁ ရက်အထိ ရှစ်လကျော် ကာလအတွင်း ပြည်ပသို့ တင်ပု့ိသည့် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ဆယ်နှစ်ဘီလျံကျော် ရှိပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလျံခန့် ပိုခဲ့ပြီး ပြီးခဲ့သည့် တစ်လကျော် ကာလအတွင်း ကန်ဒေါ်လာ နှစ်ဘီလျံခန့် ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ပသို့ ပို့ကုန်ပစ္စည်းကို အုပ်စု ၇ စုဖြင့် အမေရိကန်ဒေါ်လာ ၁၂၁၀၉ ဒသမ ၅၀၁  သန်း ပမာဏဖိုး တင်ပို့ခဲ့ပြီး အဆိုပါ ပမာဏတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သုံးဘီလျံခန့်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ရှစ်ဘီလျံကျော် တင်ပို့ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာလမှ ဇွန် ၂၁ ရက်အထိ ရှစ်လကျော် ကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅၀၉ ဒသမ ၅၃၂ သန်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၆ ဒသမ ၉၁၀ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၉၄ ဒသမ ၁၃၁ သန်း၊ သတ္တုတွင်းထက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၈၃ ဒသမ ၄၂၂ သန်း၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၉၀၀ သန်း၊ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆၇၇ ဒသမ ၆၈၁ သန်း၊ အခြားပစ္စည်း တင်ပို့်မှုမှ အမေရိကန်ဒေါ်လာ ၇၁၁ ဒသမ ၉၂၅ သန်း ရရှိခဲ့ကာ စက်မှုကုန်ချော ထုတ်လုပ်မှုမှ ရရှိသည့် ဝင်ငွေမှာ ပြည်ပပို့ကုန်မှရရှိသည့် ပမာဏအားလုံး၏ ထက်ဝက်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

မေ ၁၁ ရက်မှ ဇွန် ၂၁ ရက်အထိ တစ်လကျော်ကာလအတွင်း ပြည်ပသို့ တင်ပို့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၆၃ သန်းရှိပြီး  ယခုဘဏ္ဍာနှစ် ခုနှစ်လကျော် ကာလအတွင်း ပြည်ပသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးပမာဏမှာ ယခင်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၁၉၉ ဒသမ ၈၇၂ သန်း ပိုမိုကုန်သွယ်ခဲ့နိုင်ပြီး နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၂၆၆ ဒသမ ၈၁၄ သန်းနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၉၃၃ ဒသမ ၀၅၈ သန်း ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။      

PWA
ရန်ကုန်၊ ဇွန် - ၂၉

( Zawgyi )

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ေအာက္တိုဘာလမွ ဇြန္ ၂၁ ရက္အထိ ရွစ္လေက်ာ္ ကာလအတြင္း ျပည္ပသို႔ တင္ပု႔ိသည့္ ပို႔ကုန္ပမာဏမွာ အေမရိကန္ေဒၚလာ ဆယ္ႏွစ္ဘီလ်ံေက်ာ္ ရွိၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ တစ္ဘီလ်ံခန႔္ ပိုခဲ့ၿပီး ၿပီးခဲ့သည့္ တစ္လေက်ာ္ ကာလအတြင္း ကန္ေဒၚလာ ႏွစ္ဘီလ်ံခန႔္ ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ျပည္ပသို႔ ပို႔ကုန္ပစၥည္းကို အုပ္စု ၇ စုျဖင့္ အေမရိကန္ေဒၚလာ ၁၂၁၀၉ ဒသမ ၅၀၁  သန္း ပမာဏဖိုး တင္ပို႔ခဲ့ၿပီး အဆိုပါ ပမာဏတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ သုံးဘီလ်ံခန႔္ႏွင့္ ပုဂၢလိကပိုင္က႑မွ ရွစ္ဘီလ်ံေက်ာ္ တင္ပို႔ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အစ ေအာက္တိုဘာလမွ ဇြန္ ၂၁ ရက္အထိ ရွစ္လေက်ာ္ ကာလအတြင္း လယ္ယာထြက္ကုန္ပစၥည္း တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၂၅၀၉ ဒသမ ၅၃၂ သန္း၊ တိရိစာၦန္ထြက္ပစၥည္း တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၃၀၆ ဒသမ ၉၁၀ သန္း၊ ေရထြက္ပစၥည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၅၉၄ ဒသမ ၁၃၁ သန္း၊ သတၱဳတြင္းထက္ ပစၥည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၁၈၃ ဒသမ ၄၂၂ သန္း၊ သစ္ေတာထြက္ပစၥည္း တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၂၅ ဒသမ ၉၀၀ သန္း၊ စက္မႈကုန္ေခ်ာပစၥည္း တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၆၆၇၇ ဒသမ ၆၈၁ သန္း၊ အျခားပစၥည္း တင္ပို႔္မႈမွ အေမရိကန္ေဒၚလာ ၇၁၁ ဒသမ ၉၂၅ သန္း ရရွိခဲ့ကာ စက္မႈကုန္ေခ်ာ ထုတ္လုပ္မႈမွ ရရွိသည့္ ဝင္ေငြမွာ ျပည္ပပို႔ကုန္မွရရွိသည့္ ပမာဏအားလုံး၏ ထက္ဝက္ေက်ာ္ခန႔္ ရွိတယ္လို႔ သိရပါတယ္။

ေမ ၁၁ ရက္မွ ဇြန္ ၂၁ ရက္အထိ တစ္လေက်ာ္ကာလအတြင္း ျပည္ပသို႔ တင္ပို႔သည့္ ပမာဏမွာ အေမရိကန္ေဒၚလာ ၁၉၆၃ သန္းရွိၿပီး  ယခုဘ႑ာႏွစ္ ခုႏွစ္လေက်ာ္ ကာလအတြင္း ျပည္ပသို႔ တင္ပို႔သည့္ ပို႔ကုန္တန္ဖိုးပမာဏမွာ ယခင္ကာလတူထက္ အေမရိကန္ေဒၚလာ ၁၁၉၉ ဒသမ ၈၇၂ သန္း ပိုမိုကုန္သြယ္ခဲ့ႏိုင္ၿပီး ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၂၆၆ ဒသမ ၈၁၄ သန္းႏွင့္ ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ ၉၃၃ ဒသမ ၀၅၈ သန္း ပိုမိုတင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။      

PWA
ရန္ကုန္၊ ဇြန္ - ၂၉