ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမယ့် စကျင် ဗုဒ္ဓရုပ်ပွားတော နှစ်ဆူ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ မန္တလေး မဟာမုနိဘုရားကြီး၌ ၅ ရက်ကြာအပူဇော်ခံမည်

ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမယ့်   စကျင် ဗုဒ္ဓရုပ်ပွားတော နှစ်ဆူ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ မန္တလေး မဟာမုနိဘုရားကြီး၌ ၅ ရက်ကြာအပူဇော်ခံမည်

ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူမယ့်  စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တွေဟာ မန္တလေး မဟာမုနိဘုရားကြီးမှာ ၅ ရက် တာ ယာယီ ကိန်းဝပ်အပူဇော်ခံဖို့ မေ ၂ ရက်ညနေပိုင်း ကရောက်ည ရှိလို့လာပြီဖြစ်တယ်။

ဘယ်သူမဆိုလာရောက်ကြည်ညိုပူဇော်နိုင်တယ်လို့ ဘုရားကြီးဂေါကပအဖွဲ့ကဖိတ်ခေါ်ထားပြီး အနယ်နယ်အရပ်ရပ်က ကုသိုလ်ရှင်တွေ အတွက်ကို လည်း အလှူခံဌာနဖွင့်လှစ်ပေးထားပါတယ်။ယာယီကိန်းဝပ်အပူဇော်ခံသွား မယ့်ဒီ စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အစဉ်ထာဝရငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်စေဖို့ရည်သန်လျက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်ပြီး နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူနိုင်ငံသားများ စုပေါင်း အင်အားနဲ့ တည်ထားကိုးကွယ်လျက်ရှိတဲ့ ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူမှာဖြစ်ပါတယ်။ထာဝရငြိမ်းချမ်းရေးစေတီတော် ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်  ကံ့ကော် ပန်း အဝိုင်းအနီးမှာ တည်ထားကိုးကွယ်မှာဖြစ်ပြီး လာမယ့် မေလ ၁၈ရက်နေ့မှာ ရွှေထီးတော်ငှက်မြတ်နား တော်နဲ့ ရတနာစိန်ဖူးတော်တွေ တင်လှူပူဇော်မှာဖြစ် တယ်လို့သိရ ပါတယ်။

ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူမယ့် အမြင့် ၆ပေ၊ အကျယ် ၅ပေရှိတဲ့စကျင် ရုပ်ပွားတော် နှစ်ဆူတို့ကို မန္တလေး တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူများ  ကုသိုလ်ယူပူဇော်နိုင်ဖို့အတွက်  ဧပြီလ ၂၉ ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်း ဝေဇယန္တာဗိမာန်တော် ညောင်ဦးမြို့မှာလည်းကောင်း၊ ဒီနေ့မေလ ၂ရက်နေ့က မုံရွာမြို့မှတဆင့်စစ်ကိုင်းကောင်းမှုတော ်ဘုရားမှာ လည်ူကောင်း အပူဇော်ခံခဲ့ပြီး ဒီနေ့ညနေပိုင်းကစလို့ မေလ၇ရက်နေ့ အထိ မန္တလေး မဟာမုနိ ဘုရားကြီး မှာ အပူဇော်ခံသွားမှာဖြစ်တယ်လို့ဂေါပကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
     
KT
မန္တလေး၊ မေ ၃

(   Zawgyi  )

 ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္မွာ ကိန္းဝပ္စံပယ္ေတာ္မူမယ့္  စက်င္ဗုဒၶ႐ုပ္ပြားေတာ္ႏွစ္ဆူ၊ ေ႐ႊထီးေတာ္၊ ေ႐ႊငွက္ျမတ္နားေတာ္၊ ရတနာစိန္ဖူးေတာ္ေတြဟာ မႏၲေလး မဟာမုနိဘုရားႀကီးမွာ ၅ ရက္ တာ ယာယီ ကိန္းဝပ္အပူေဇာ္ခံဖို႔ ေမ ၂ ရက္ညေနပိုင္း ကေရာက္ည ရွိလို႔လာၿပီျဖစ္တယ္။

ဘယ္သူမဆိုလာေရာက္ၾကည္ညိဳပူေဇာ္ႏိုင္တယ္လို႔ ဘုရားႀကီးေဂါကပအဖြဲ႕ကဖိတ္ေခၚထားၿပီး အနယ္နယ္အရပ္ရပ္က ကုသိုလ္ရွင္ေတြ အတြက္ကို လည္း အလႉခံဌာနဖြင့္လွစ္ေပးထားပါတယ္။ယာယီကိန္းဝပ္အပူေဇာ္ခံသြား မယ့္ဒီ စက်င္ဗုဒၶ႐ုပ္ပြားေတာ္ႏွစ္ဆူ၊ ေ႐ႊထီးေတာ္၊ ေ႐ႊငွက္ျမတ္နားေတာ္၊ ရတနာစိန္ဖူးေတာ္ေတြဟာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ အစဥ္ထာဝရၿငိမ္းခ်မ္း သာယာ ဖြံ႕ၿဖိဳး တိုးတက္ေစဖို႔ရည္သန္လ်က္ ေ႐ႊပါရမီေတာရဆရာေတာ္ အရွင္ဆႏၵာဓိက ဦးေဆာင္ၿပီး ႏိုင္ငံေတာ္အႀကီးအကဲမ်ား၊ ႏိုင္ငံသူႏိုင္ငံသားမ်ား စုေပါင္း အင္အားနဲ႔ တည္ထားကိုးကြယ္လ်က္ရွိတဲ့ ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္မွာ ကိန္းဝပ္စံပယ္ေတာ္မူမွာျဖစ္ပါတယ္။ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္ကို ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္  ကံ့ေကာ္ ပန္း အဝိုင္းအနီးမွာ တည္ထားကိုးကြယ္မွာျဖစ္ၿပီး လာမယ့္ ေမလ ၁၈ရက္ေန႔မွာ ေ႐ႊထီးေတာ္ငွက္ျမတ္နား ေတာ္နဲ႔ ရတနာစိန္ဖူးေတာ္ေတြ တင္လႉပူေဇာ္မွာျဖစ္ တယ္လို႔သိရ ပါတယ္။

ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္မွာ ကိန္းဝပ္စံပယ္ေတာ္မူမယ့္ အျမင့္ ၆ေပ၊ အက်ယ္ ၅ေပရွိတဲ့စက်င္ ႐ုပ္ပြားေတာ္ ႏွစ္ဆူတို႔ကို မႏၲေလး တိုင္းေဒသႀကီးအတြင္း မွီတင္းေနထိုင္ၾကတဲ့ ရဟန္းရွင္လူျပည္သူမ်ား  ကုသိုလ္ယူပူေဇာ္ႏိုင္ဖို႔အတြက္  ဧၿပီလ ၂၉ ရက္ေန႔မွ ဧၿပီလ ၃၀ရက္ေန႔အထိ ေ႐ႊစည္းခုံေစတီေတာ္ ပရိဝုဏ္အတြင္း ေဝဇယႏၲာဗိမာန္ေတာ္ ေညာင္ဦးၿမိဳ႕မွာလည္းေကာင္း၊ ဒီေန႔ေမလ ၂ရက္ေန႔က မုံ႐ြာၿမိဳ႕မွတဆင့္စစ္ကိုင္းေကာင္းမႈေတာ ္ဘုရားမွာ လည္ူေကာင္း အပူေဇာ္ခံခဲ့ၿပီး ဒီေန႔ညေနပိုင္းကစလို႔ ေမလ၇ရက္ေန႔ အထိ မႏၲေလး မဟာမုနိ ဘုရားႀကီး မွာ အပူေဇာ္ခံသြားမွာျဖစ္တယ္လို႔ေဂါပကတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။
     
KT
မႏၲေလး၊ ေမ ၃