ဖန်နီမုန်တိုင်း အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်

ဖန်နီမုန်တိုင်း အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသည့် ဖန်နီမုန်တိုင်းသည် အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေ၊ ပူရီ မြို့အနီးမှ စတင်ဖြတ်ကျော် ဝင်ရောက်လျှက်ရှိတယ်လို့ မိုး/ဇလ မှ ယနေ့ မေလ ၃ ရက် မွန်းတည့် ၁၂ နာရီအချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလ ၃ ရက်၊ နံနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဖန်နီမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျှားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေ၊ ပူရီမြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျှားကာ နောက် (၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ဆက်လက်ရွေ့လျှားပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" အဖြစ်သို့ တစ်ဖြည်းဖြည်း အားလျော့ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျှားနိုင်တယ်လို့ ဆိုပါတယ်။

 

ဖန်နီမုန်တိုင်း အရှိန်ကြောင့် မေလ ၃ ရက်နေ့ မှ ၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်၊ တနင်္သာရီ ၊ ကချင်၊ ချင်း၊ ကရင်နဲ့ မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်နဲ့ ကယား ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၁၀) ပေမှ (၁၃) ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မင်းထွန်း (အုတ်ကျင်း)
ရန်ကုန်၊ မေ - ၃

( Zawgyi )

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနသည့္ အလြန႔္အလြန္အားေကာင္းသည့္ ဖန္နီမုန္တိုင္းသည္ အိႏၵိယႏိုင္ငံ ၾသရိႆကမ္းေျခ၊ ပူရီ ၿမိဳ႕အနီးမွ စတင္ျဖတ္ေက်ာ္ ဝင္ေရာက္လွ်က္ရွိတယ္လို႔ မိုး/ဇလ မွ ယေန႔ ေမလ ၃ ရက္ မြန္းတည့္ ၁၂ နာရီအခ်ိန္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေမလ ၃ ရက္၊ နံနက္ ၁၁ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဖန္နီမုန္တိုင္းသည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လွ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ဩရိႆကမ္းေျခ၊ ပူရီၿမိဳ႕အနီးမွ စတင္ျဖတ္ေက်ာ္လ်က္ရွိၿပီး ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လွ်ားကာ ေနာက္ (၂၄) နာရီအတြင္း အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္သို႔ ဆက္လက္ေ႐ြ႕လွ်ားၿပီး၊ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း "ဖန္နီ" အျဖစ္သို႔ တစ္ျဖည္းျဖည္း အားေလ်ာ့ကာ၊ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လွ်ားႏိုင္တယ္လို႔ ဆိုပါတယ္။

ဖန္နီမုန္တိုင္း အရွိန္ေၾကာင့္ ေမလ ၃ ရက္ေန႔ မွ ၅ ရက္ေန႔အတြင္း စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ရန္ကုန္၊ တနသၤာရီ ၊ ကခ်င္၊ ခ်င္း၊ ကရင္နဲ႔ မြန္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ဧရာဝတီ၊ ရွမ္း၊ ရခိုင္နဲ႔ ကယား ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္တယ္လို႔ ဆိုပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ မိုင္ (၄၀) မွ (၄၅) မိုင္အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ (၁၀) ေပမွ (၁၃) ေပခန႔္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း (အုတ္က်င္း)
ရန္ကုန္၊ ေမ - ၃